All Things All May

All Things All May All Things All May

15/03/2026

🏃🏻‍♀️‍➡️ဝါသနာပါလို့ ပြေးတာမဟုတ်ဘဲ ပြေးပြီးတဲ့အခါဖြစ်လာတဲ့ “ငါလုပ်နိုင်တယ်” ဆိုတဲ့ ခံစားချက်ကိုကြိုက်လို့ အကျိုးအကြောင်းသင့်တဲ့အခါ ရံဖန်ရံခါ ပြေးဖြစ်ပါတယ် 😁 အသံလေးတော့သည်းခံပြီးနားထောင်ပေးကြပါနော် ❤️

19/02/2026

လမ်းလျှောက်ပါ 💛

17/02/2026

ရန်ကုန်မနက်ခင်းတွေဆို ကိုယ်ကဘဲမနိုးတာလား ဆောင်းကဘဲမပီပြင်တော့လားဘဲ😄

အခုလိုနယ်မြို့လေးမှာကျတော့ ဆောင်းအကုန်နွေအကူးမရောက်တစ်ရောက်လေးမှာတောင် အေးစိမ့်နေတုန်း ❤️❄️

#ကော်ဖီ

16/02/2026

ဧရာဝတီတိုင်းရဲ့တစ်နေရာမှာတော့
အုန်းသီးစျေးကပိုပြီးနက်နဲလာပြီ 🤔

တစ်လုံး ၅၀၀၀ တဲ့😬😅

အရင်ကဆို အုန်းသီးတစ်လုံးမှ ၁၀၀၀ ၁၂၀၀ အခုတော့ တစ်လုံး ၃၀၀၀ ဖြစ်သွားပြီ 😄 ဩတော့ ဒီရက်ပိုင်း အုန်းရည်ကို နေ့တိုင်းနီးပါးသော...
15/02/2026

အရင်ကဆို အုန်းသီးတစ်လုံးမှ ၁၀၀၀ ၁၂၀၀ အခုတော့ တစ်လုံး ၃၀၀၀ ဖြစ်သွားပြီ 😄

ဩတော့ ဒီရက်ပိုင်း အုန်းရည်ကို နေ့တိုင်းနီးပါးသောက်ဖြစ်နေတာ တစ်ခါတစ်လေ Chia Seeds လေးနဲ့ရောသောက်😁

13/02/2026

ဘယ်ကစရမှန်းမသိရင် လမ်းလျှောက်ပါ

ဒီနေ့ပိတ်ရက်ဆိုတော့ဘာလုပ်ကြမှာလဲ ဩတော့အခုမှထပြီး အိမ်မှာချက်တဲ့မုန့်ဟင်းခါးပေါ့ပေါ့လေးရယ် ကော်ဖီမဲမဲလေးရယ်သောက်ပါမယ် 🥰 မ...
12/02/2026

ဒီနေ့ပိတ်ရက်ဆိုတော့ဘာလုပ်ကြမှာလဲ

ဩတော့အခုမှထပြီး အိမ်မှာချက်တဲ့မုန့်ဟင်းခါးပေါ့ပေါ့လေးရယ် ကော်ဖီမဲမဲလေးရယ်သောက်ပါမယ် 🥰

မုန့်ဟင်းခါးကိုအရမ်းကြိုက်တဲ့အထဲမပါပေမယ့် အိမ်ကချက်ထားရင်တော့စားလိုက်ပါတယ် အပြင်ဆိုင်တွေမှာ စားလေ့မရှိပါဘူး စားဖြစ်ရင်တောင်ဆိုင်တော်တော်ရွေးပါတယ် အဓိကကတော့အရသာအရမ်းပြင်းတာတွေမစားနိုင်တာပါ

ဩတို့မြန်မာလူမျိုးအများစုက အရသာပိုင်းမှာ ထိထိမိမိလေးတွေမှစားချင်ကြတာလေနော် ချဉ်ချဉ်ငံငံစပ်စပ်လေးဆိုတာမျိုးပေါ့

ဒါတွေက မြန်မာပြည်မှာနေရင်တော့မထူးဆန်းပါဘူး ဒါပေမယ့် တစ်သက်လုံးစားလာတဲ့အခါ ကာလအပိုင်းအခြားတစ်ခုရောက်လာရင် အစာကဆေးမဟုတ်တော့ဘဲ ဘေးဖြစ်လာပါတယ်

စားချင်တာရှိရင်တော့စားမယ် သို့သော် ကိုယ့်အတွက်ဘေးမဖြစ်အောင်စားတတ်မယ်ဆို ဩတို့တွေအချိန်ကြာကြာကျန်းကျန်းမာမာနေကြရမှာပါ

🥳 ဥပမာ ဒီနေ့ကစပြီး အရသာလေးလေးမှစားတတ်တာ စားနေကြဆိုတဲ့သူတွေ နည်းနည်းလေးအငံလျှော့စားကြည့်ကြရအောင်

🥳 မုန့်ဟင်းခါးစားရင် ဟင်းရည်အရသာပေါ့လို့ဆိုပြီး ငံပြာရည်ထပ်မထည့် ငရုတ်သီးမှုန့်လေးလဲနည်းနည်းလျှော့ပြီး စားကြည့်ကြရအောင်

ကြီးကြီးမားမားမဟုတ်ပါဘူး တစ်နေ့ချင်းဆီ သေးသေးလေးတွေပြောင်းလဲသွားကြမယ်နော် ❤️

#မုန့်ဟင်းခါး #မနက်စာ

10/02/2026

ကစားမလား နားမလား 💛

ကော်ဖီခါးခါးမဲမဲလေးကို ဘယ်လိုသောက်ရပါ့မလဲဆိုတဲ့သူတွေအတွက် ☕️တစ်ကျိုက်ထဲသာမော့ချလိုက်ပါလို့ပြောချင်ပေမယ့် 😜🤭 ကော်ဖီဆိုတာ ...
02/02/2026

ကော်ဖီခါးခါးမဲမဲလေးကို ဘယ်လိုသောက်ရပါ့မလဲဆိုတဲ့သူတွေအတွက် ☕️

တစ်ကျိုက်ထဲသာမော့ချလိုက်ပါလို့ပြောချင်ပေမယ့် 😜🤭 ကော်ဖီဆိုတာ အရသာခံသောက်မှပိုကောင်းတာမဟုတ်ဘူးလားနော် 🥰

ဩကိုယ်တိုင်လဲ

အသင့်ဖျော်ကော်ဖီထုတ်တွေအပြင် Nescafe Red Cup အမှုန့် + Coffee Mate + သကြား - ကို နှစ်ပေါင်းများစွာသောက်ခဲ့ပါတယ်

နေ့စဉ်နေ့တိုင်း ၂ခွက် ၃ ခွက်သောက်တဲ့ အကျင့်ကို တဖြေးဖြေးချင်းစီ ပြင်ကြည့်မယ်လို့စိတ်ကူးရမှ ကော်ဖီနဲ့ ဆေးဖြစ်ဝါးဖြစ်ဘယ်လိုယှဉ်တွဲနေထိုင်လို့ရမလဲဆိုတာ ရှာဖွေရင်း အခုလို အဆင့်ဆင့်ပြောင်းလဲဖြစ်ခဲ့တာပါ

☕️ ကော်ဖီကြမ်း (ကော်ဖီမှုန့်ကို နှပ်ထားတာပါ) + နွားနို့ (coffee mate အစားထိုး) + White Sugar

☕️ကော်ဖီကြမ်း + နွားနို့ + Brown Sugar

☕️ကော်ဖီကြမ်း + နွားနို့

☕️ကော်ဖီကြမ်း

ရက်ပိုင်းလေးမဟုတ်ဘဲ အဆင့် တစ်ဆင့်နဲ့တစ်ဆင့်ကြားလချီကြာရာကနေ အခုဆိုရင် ကော်ဖီကြမ်းတစ်မျိုးတည်းသောက်နိုင်သွားတာ 📆 ၃နှစ်ရှိပြီဆိုတော့ သူ့ကိုအရသာခံပြီးသောက်နိုင်တဲ့အခြေအနေရောက်သွားပါပြီ

ဝိတ်ချချင်တာဘဲဖြစ်ဖြစ် ကျန်းမာရေးအတွက် Lifestyle ပြောင်းချင်လို့ဘဲဖြစ်ဖြစ် ကော်ဖီကြမ်းသောက်ကြည့်မယ်ဆိုသူများ ဩလိုဘဲ တစ်ဆင့်ပြီးတစ်ဆင့်ဖြေးဖြေးချင်း ပြောင်းလဲကြည့်ကြပါနော် ❤️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when All Things All May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share