MPV News

MPV News တရားဝင်သတင်းမီဒီယာမဟုတါ MPV_မြန်မာ့လူထုအသံကို၂၀၂၁ခုနှစ်ဇွန်လ၂၄ရက်တွင်တည်ထောင်ခဲ့သည်။
တိကျမှန်ကန်သောသတင်းများကိုအချိန်နှင့်တပြေးညီတင်ဆက်ပေးသွားမည်ဖြစ်သည်။

ရွှေမန်း မိုးထဲလေထဲ ကြွေးကြော်နေဆဲမဟာမိတ်တပ်ပေါင်းစု ရဲ့ ညသပိတ်အောင်ပွဲ2 , August ,2021 #အရေးတော်ပုံ_အောင်ရမည်  #လုံးဝအု...
02/08/2021

ရွှေမန်း မိုးထဲလေထဲ ကြွေးကြော်နေဆဲ

မဟာမိတ်တပ်ပေါင်းစု ရဲ့ ညသပိတ်အောင်ပွဲ

2 , August ,2021

#အရေးတော်ပုံ_အောင်ရမည်

#လုံးဝအုပ်ချုပ်ခွင့်မရစေရ

#စစ်အာဏာရှင်မုချကျရှုံးရမည်

Revolution by Heros

ခလရ(၆၀)မှ ဘောမူတံတားပေါ်တွင် ဂိတ်ချထားပြီး ကျေးရွာသူ/ရွာသားများ လယ်ထဲဆင်းခြင်းနှင့် နွားစာသွားရိတ်ခြင်းတိုကို ပိတ်ပင်ထား...
02/08/2021

ခလရ(၆၀)မှ ဘောမူတံတားပေါ်တွင် ဂိတ်ချထားပြီး ကျေးရွာသူ/ရွာသားများ လယ်ထဲဆင်းခြင်းနှင့် နွားစာသွားရိတ်ခြင်းတိုကို ပိတ်ပင်ထား
=============
ဩဂုတ်လ(၂)ရက်၊ ၂၀၂၁ ခုနှစ်။ သူးလေသတင်းစဉ်။

ဩဂုတ်လ(၁)ရက်နေ့တွင် စစ်ကောင်စီတပ်၏ ခလရ(၆၀)မှ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်း ဦးဆောင်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြိုနယ်၊ လယ်ဝိုင်းကြီးကျေးရွာ အနီးရှိ ဘောမူတံတားပေါ်တွင် ဂိတ်ချထားပြီး လယ်ထဲဆင်းခြင်းနှင့် နွားစာသွားရိတ်ခြင်း တိုကို ပိတ်ပင်တားမြစ်ခဲ့သည်။ သွားလာမှုတွေ့ရှိပါက သေနတ်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ကျေးရွာသူ/ရွာသားများက ၎င်းတံတားကို ဖြတ်ပြီး လယ်ထဲသိုဆင်းရသောကြောင့် ကျေးရွာသူ/ရွာသားများ၏ စားဝတ်နေရေးနှင့် အိမ်မွေးတိရိစ္ဆာန်များအတွက် များစွာအခက်အခဲဖြစ်စေသည်။

၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့တွင် စစ်ကောင်စီအဖွဲမှ ကျောက်ကြီးမြိုနယ်ရှိ ကျေးရွာအုပ်စု ခေါင်းဆောင်များကို အင်းလေလံဆွဲရန်အတွက် တစ်ကြိမ် ခေါ်တွေ့ခဲ့ပြီးဖြစ်သည်။ ဇူလိုင်လ(၂၆)ရက်နေ့တွင် စစ်ကောင်စီ၏ ခလရ(၆၀)မှ ဗိုလ်ကြီးအဆင်းရှိသူ ဇေယျာလင်းသည် လယ်ဝိုင်းကြီးကျေးရွာအုပ်စု၊ လယ်ဝိုင်းကြီးကျေးရွာရှိ တီးရွှေမိုးနှင့် မုန်းမြိုနယ်ရှိ တပ်ကုန်းကျေးရွာအုပ်စု၊ ရွာဟောင်းကျေးရွာရှိ တီးလားဆဲတိုကို စစ်ကောင်စီမှ လေလံပစ်သည့် အင်းများကို လုပ်ကိုင်စေရန်အတွက် ခေါ်ယူတွေ့ဆုံခဲ့သည်။ သိုသော် ကျေးရွာသူ/ရွာသားများမှ စစ်ကောင်စီ၏ အုပ်ချုပ်မှုကို လက်မခံသည့်အတွက် စစ်ကောင်စီမှ လေလံပစ်မည့် အင်းများကို မဆွဲခဲ့ခြင်းဖြစ်သည်။ ကျေးရွာသူ/ရွာသားများမှ ယခုလို ပြုလုပ်ခြင်းကြောင့် စစ်ကောင်စီမှ မကျေမနပ်ဖြစ်ကာ ခြိမ်းခြောက်ကြိမ်းမောင်းခြင်းနှင့် ပိတ်ပင်ခြင်းများကို ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

ကရင်ပြည်နယ်တွင် မိုးသည်းထန်ရေကြီးပြီး မိုးစပါးဧက ၇၀၀၀ ခန့် ရေနစ်မြုပ် “အခုက မျိုးကြဲပြီးတာနဲ့ရေမြုပ်တာ။ ပျက်ကုန်ပြီး။ အခ...
02/08/2021

ကရင်ပြည်နယ်တွင် မိုးသည်းထန်ရေကြီးပြီး မိုးစပါးဧက ၇၀၀၀ ခန့် ရေနစ်မြုပ်

“အခုက မျိုးကြဲပြီးတာနဲ့ရေမြုပ်တာ။ ပျက်ကုန်ပြီး။ အခုက ခေတ်ကမကောင်း။ အဆင်ကမပြေ။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ အရင်အစိုးရတုန်းက ထောက်ပံ့တာရှိတယ်။ စကစပေးတာကို မမျှော်လင့်ဘူး”

ဟားခါး CDFအဖွဲ့က ဆူရ်ခွာမြို့၏ကက်သလစ်ဘုန်းတော်ကြီးနှင့်ကက်သလစ်ပါစတာတို့ကိုဖမ်းဆီးထားရခြင်းအကြောင်းအရင်း စွပ်စွဲချက် ၃ ခု...
02/08/2021

ဟားခါး CDFအဖွဲ့က ဆူရ်ခွာမြို့၏ကက်သလစ်ဘုန်းတော်ကြီးနှင့်ကက်သလစ်ပါစတာတို့ကိုဖမ်းဆီးထားရခြင်းအကြောင်းအရင်း စွပ်စွဲချက် ၃ ခု ကို အများပြည်သူသိရှိနိုင်ရန်အသိပေးဖြေရှင်းစာ
===============

ဖမ်းဆီးခံ ဟားခါးနှင့်ဖလမ်းမြို့ကလူငယ် ၅ ယောက်ပြန်လွတ်လာ==============စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် စစ်အာဏာသိ...
02/08/2021

ဖမ်းဆီးခံ ဟားခါးနှင့်ဖလမ်းမြို့ကလူငယ် ၅ ယောက်ပြန်လွတ်လာ
==============
စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် စစ်အာဏာသိမ်းခြင်းကိုဆန့်ကျင်သည့်သပိတ်များတွင်ပါ၀င်ခြင်းကြောင့်ဖမ်းဆီးခံခဲ့ရသည့်မှာ ၅ လ ၀န်းကျင်ကြာပြီဖြစ်သည့် ဟားခါးမြို့ရဲစခန်းအချုပ်မှ လူငယ် ၄ ဦး ဖလမ်းမြို့ရဲစခန်းအချုပ်ခန်းမှ လူငယ် ၁ ဦးတို့ကို အမှုမှပိတ်သိမ်းကာ ယနေ့ သြဂုတ်လ ၂ ရက်နေ့တွင်ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရသည်။

ဖလမ်းမြို့တွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ=======ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် လူဦးရေ ၂၅၀ အတွက် စစ်ကောင်စီထံက ကိုဗစ်ကာကွယ...
02/08/2021

ဖလမ်းမြို့တွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ
=======
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် လူဦးရေ ၂၅၀ အတွက် စစ်ကောင်စီထံက ကိုဗစ်ကာကွယ်ဆေးရောက်လာရာ ယနေ့ဩဂုတ်လ ၂ ရက်ကစပြီး ပညာရေးရုံးဝန်ထမ်းများ၊ သင်းအုပ်ဆရာတော်များ၊ ကိုဗစ်စေတနာ့ဝန်ထမ်းများကို ဦးစားပေးကာ စတင်ထိုးနှံကြတယ်လို့သတင်းရရှိပါတယ်။

ဝန်ခြုံးရွာ အနောက်ဘက် တောင်ကုန်းပေါ်တလျောက်ကို စစ်ကောင်စီ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီများက လက်နက်ကြီးတွေ လှမ်းပစ်=====...
02/08/2021

ဝန်ခြုံးရွာ အနောက်ဘက် တောင်ကုန်းပေါ်တလျောက်ကို စစ်ကောင်စီ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီများက လက်နက်ကြီးတွေ လှမ်းပစ်
=========================
ဩဂုတ်လ ၂ရက်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ဝန်ခြုံးရွာ အနောက်ဘက်အထိ တောင်ကုန်းတိုင်းကို စစ်ကောင်စီ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက ဒီနေ့ ည ၇နာရီဝန်းကျင်ခန့်က လက်နက်ကြီးတွေနဲ့ လှန်းပစ်နေပါတယ်လို့ ဒေသခံတစ်ဦးက ပြောသည်။

" ရွာအနောက်ဘက်အထိတော့ အင်အား ၁၀လောက် ရှိတယ်။ ရွာသူရွာသားများလည်း ဘေးလွတ်ရာသို့ ထပ်ဆင့်ရှောင်ပြေးနေပါတယ်ခင်ဗျ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေါပုံမြို့နယ် နွယ်အေး စွန္နီဂျာမေ့အ်ဗလီ လူမှုကူညီရေးအသင်းက အောက်ဆီဂျင်တိုင်းကိရိယာ Oximeter တွေကို တစ်လုံး ကျပ် ၆၀၀၀ နှ...
02/08/2021

ဒေါပုံမြို့နယ် နွယ်အေး စွန္နီဂျာမေ့အ်ဗလီ လူမှုကူညီရေးအသင်းက အောက်ဆီဂျင်တိုင်းကိရိယာ Oximeter တွေကို တစ်လုံး ကျပ် ၆၀၀၀ နှုန်းနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာ အရင်းတိုင်း ရောင်းချပေးနေပါတယ်။

လက်ရှိမှာတော့ ရန်ကုန်၊ပဲခူး၊ မန္တလေး၊ဧရာဝတီနဲ့ ကချင်ပြည်နယ်က နေရာအနည်းငယ်မှာသာ ရောင်းချပေးနိုင်ပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအထိ နေရာစုံအောင်လုပ်ဆောင်သွားဖို့ စီစဉ်နေတဲ့အပြင် တခြားအသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ကာ အရင်းအတိုင်းပြန်လည် ရောင်းချပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ ဒါ့အပြင် အောက်ဆီဂျင်ဆက်စပ်ပစ္စည်းတွေနဲ့ အောက်ဆီဂျင်အိုးတွေကိုလည်း ဈေးနှုန်းသက်သာစွာ ရောင်းချပေးဖို့ ပြင်ဆင်နေပြီလို့လည်း သိရပါတယ်

ကျောင်းအုပ်ဆရာမကြီးတဦး သာယာဝတီထောင်မှ ဒီကနေ့လွတ်မြောက်=============သာယာဝတီ၊ ဩဂုတ် ၂၊ ၂၀၁။ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီ...
02/08/2021

ကျောင်းအုပ်ဆရာမကြီးတဦး သာယာဝတီထောင်မှ ဒီကနေ့လွတ်မြောက်
=============
သာယာဝတီ၊ ဩဂုတ် ၂၊ ၂၀၁။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ပေပင်ကုန်းကျေးရွာမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိဖြိုးပိုင်အေးမှာ သာယာဝတီထောင်မှ ဒီကနေ လွတ်မြောက်လာကြောင်း ပညာရေးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

ပေပင်ကုန်းကျေးရွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိဖြိုးပိုင်အေးကို မေလ ၁၀ ရက်နေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ဘုရားကြီးလမ်းရှိ ဆရာမကြီး၏ နေအိမ်တွင် စစ်သားနှင့် ရဲတပ်ဖွဲဝင်များက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သာယာဝတီထောင်အတွင်း ပုဒ်မ ၅၀၅(က) ဖြင့် တရားရင်ဆိုင်နေရကာ ၃ လနီးပါး ထိမ်းသိမ်းခံရပြီး ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကြောရေးတွင် မတရားဖမ်းဆီးခံထားရသူ ထက်ကိုဦး၏ ရုပ်အလောင်းအား ယနေ့လာရောက်ထုတ်ယူရန်စစ်ကောင်စီမှ မိသားစုဝင်အား အသိပေး....ပ...
02/08/2021

စစ်ကြောရေးတွင် မတရားဖမ်းဆီးခံထားရသူ
ထက်ကိုဦး၏ ရုပ်အလောင်းအား ယနေ့လာရောက်ထုတ်ယူရန်စစ်ကောင်စီမှ မိသားစုဝင်အား အသိပေး....
ပြည်သူများ သွေးအေးနေကြပြီလား?
===========

ပျူစောထီးတွေ စခတွေ ဝန်ခြုံးရွာရဲ့ အနောက်ဘက်အထိ တောင်ကုန်းတိုင်းကို လှန်းပစ်နေပါတယ် ရွာအနောက်ဘက်အထိတော့ အင်အား ၁၀လောက် ရှ...
02/08/2021

ပျူစောထီးတွေ စခတွေ ဝန်ခြုံးရွာရဲ့ အနောက်ဘက်အထိ တောင်ကုန်းတိုင်းကို လှန်းပစ်နေပါတယ် ရွာအနောက်ဘက်အထိတော့ အင်အား ၁၀လောက် ရှိပါတယ် ရွာသူရွာသားများလည်း လွတ်ရာသို့ ထပ်ဆင့်ရှောင်ပြေးနေပါတယ်ခင်ဗျ။
====

Address

Main Road
Yatsauk

Alerts

Be the first to know and let us send you an email when MPV News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MPV News:

Share