Students' Voice of SGU

Students' Voice of SGU စစ်ကိုင်းတက္ကသိုလ်ကျောင်းသားထုအသံက?

အဆောင်အခက်အခဲကြောင့် တက္ကသိုလ်များ မဖွင့်နိုင်သေးရန်ကုန်၊ ဇူလိုင် ၂  ကိုဗစ် - ၁၉ ထိန်းချုပ်နိုင်မှုအခြေအနေပေါ် မူတည်ကာ အြေ...
06/07/2020

အဆောင်အခက်အခဲကြောင့် တက္ကသိုလ်များ မဖွင့်နိုင်သေး
ရန်ကုန်၊ ဇူလိုင် ၂

ကိုဗစ် - ၁၉ ထိန်းချုပ်နိုင်မှုအခြေအနေပေါ် မူတည်ကာ အခြေခံ
အထက်တန်းကျောင်းများ ပြန်ဖွင့်နိုင်သော်လည်း အဆောင်နေ
ထိုင်ရေးအခက်အခဲများကြောင့် တက္ကသိုလ်ကျောင်းများ မဖွင့်နိုင်
သေးကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာ သိန်းဝင်း က ပြောကြားသည်။

တက္ကသိုလ်ကျောင်းများ ပြန်ဖွင့်ပါက အဆောင်များစီစဉ်ပေးရပြီး ပုံမှန် ကျောင်းဖွင့်ချိန်မှာပင် အဆောင်မလုံ လောက်မှုကြောင့် ပြင်ပအဆောင်များတွင် နေထိုင်ရသူပိုများသဖြင့် တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေထိုင်ရ၍မရကြောင်း ၎င်းကဆိုသည်။
“အတွင်းဆောင်တွေကတော့ ကိုဗစ် - ၁၉ ရဲ့ သတ်မှတ်ချက်နဲ့
ကိုက်ညီအောင် ထားလို့ရပေမယ့် အပြင်ဆောင် တွေက တအား
ကျပ်တယ်။ အဲဒါကြောင့်မလို့ မဖြစ်သေးဘူး။ အပြင်ဆောင်မှာနေတဲ့ လူဦးရေက ပိုများတယ်” ဟု အဆင့်မြင့် ပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြောကြားသည်။
လက်ရှိတွင် ကိုဗစ် - ၁၉ ရောဂါပိုး ရှိသူများ တွေ့ရှိနေရဆဲဖြစ်
သောကြောင့် တက္ကသိုလ်ကျောင်းများ ပြန်ဖွင့်ရန် မလွယ်ကူသေး
ကြောင်း၊ ကျောင်းသားများသည် မြို့နယ်စုံမှ တက်ရောက်သူများ
သောကြောင့် တစ်ဦးနှင့် တစ်ဦး ကူးစက်မှုများ ဖြစ်နိုင်ကြောင်း
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက သုံးသပ်သည်။

ထိုသို့အခြေအနေများကြောင့် တက္ကသိုလ်ကျောင်းများတွင်
အွန်လိုင်းစနစ်ဖြင့် သင်ကြားနိုင်ရန် ပြင်ဆင်နေ ကြောင်း
အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာ သိန်းဝင်း က ပြောကြားသည်။
လာမည့် ဇူလိုင် ၂၁ ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်မည်ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်အချို့တွင် အသွားအလာ ကန့်သတ်ထားခြင်း (Quarantine) ပြုလုပ်ထားသည့်ကျောင်းဆောင်များ ရှိကြောင်း၊ မြန်မာနိုင်ငံတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်အပါအဝင် သက်မွေးပညာ ကျောင်းပေါင်း ၁၃၃ ကျောင်းရှိကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

Crd.


သတင်းကောင်းပါ
03/07/2020

သတင်းကောင်းပါ

ဘွဲ့ နှင်းအမြန်ဆုံးရရှိရေးနှင့်ကျောင်းသားထုအခွင့်အရေးကော်မတီ
အားဖွဲ့ စည်းကြောင်း ကြေငြာခြင်း
•••••••••••••••••••••••••••••••••••••••••••••••••••

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ကျွန်တော်တို့
စစ်ကိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဘွဲ့ နှင်းသဘင်ခန်းမအမြန်ဆုံးရရှိရန်နှင့် ကျောင်းသားထုအခွင့်အရေးနှင့်သက်ဆိုင်
သည့်ကိစ္စများအတွက် အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် အဆိုပါကော်မတီတစ်ရပ်အား ဖွဲ့ စည်းလိုက်ပါသည်။

ယင်းကော်မတီမှ မကြာမီကာလများအတွင်း ဘွဲ့ နှင်းသဘင်ခန်းမ
အမြန်ဆုံးရရှိရေးနှင့် ကန်တင်း၊သန့် စင်ခန်းသုံးရေအခက်အခဲများ၊
တက္ကသိုလ်ဆေးပေးခန်း စသည့်ကျောင်းသားထုအခွင့်အရေး
ဆိုင်ရာကိစ္စများအတွက် အစွမ်းကုန်အမြန်ဆုံးဖြစ်မြောက်အောင်
ကျောင်းအုပ်ချုပ်ရေးနှင့်အတူ ဆွေးနွေးတိုင်ပင်ညှိနှိုင်း၍
မကြာမီကာလများအတွင်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်
ကြောင်း စစ်ကိုင်းတက္ကသိုလ်ကျောင်းသား/သူများသိစေရန်အလို့ ငှါ သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။

မှတ်ချက်။ ။ စီမံကိန်းတစ်ခုအတွက် ဘတ်ဂျက်တစ်ခုကျလာရန်
အချိန်အတိုင်းအတာတစ်ခုအထိစောင့်ဆိုင်းရပါသည်။သို့ သော်
အမြန်ဆုံးရရှိအောင် အတတ်နိုင်ဆုံးကြိုးပမ်းသွားမည်ဖြစ်လို့
စိတ်ရှည်သည်းခံ၍ စောင့်ဆိုင်းပေးကြရန် အထူးမေတ္တာရပ်ခံအပ်ပါ
သည်ခင်ဗျာ။

ကျောင်းနှင့်ကျောင်းသားထုအတွက် အစဉ်ကြိုးပမ်းလျက်....

စစ်ကိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

#ဘွဲ့နှင်းရရှိရေးနှင့်ကျောင်းသားထုအခွင့်အရေးကော်မတီ
#ဗဟိုအလုပ်အမှုဆောင်အဖွဲ့ 
#ပြန်ကြားရေးကော်မတီ
#စစ်ကိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

02/07/2020

သတင်းစဉ်
=================

စစ်ကိုင်းတက္ကသိုလ် အားကစားပွဲကြည့်စင်နှင့်
၁၆၀ဦးဆံ့ ကျောင်းသူဆောင် တည်ဆောက်နေမှုအနေအထားအား
တင်ပြလိုက်ရပါသည်။

သတင်းထောက် - ကိုဟိန်းထက်အောင်


သတင်းစဉ်===============စစ်ကိုင်းတက္ကသိုလ် အားကစားပွဲကြည့်စင်အပြီးအစီးအားနောက် ဇူလိုင်လကုန်တွင်ဆောက်လုပ်ပြီးစီးမည်ဟု ခန့် ...
30/06/2020

သတင်းစဉ်
===============
စစ်ကိုင်းတက္ကသိုလ် အားကစားပွဲကြည့်စင်အပြီးအစီးအား
နောက် ဇူလိုင်လကုန်တွင်ဆောက်လုပ်ပြီးစီးမည်ဟု
ခန့် မှန်းထားရပြီး
ကနဦးအနေဖြင့် ဘောလုံးကွင်း(ကွင်းကြမ်း)ကိုလည်း
ထည့်သွင်းဆောက်ထားမည်ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းထောက် - ကိုဟိန်းထက်အောင်


သတင်းစဉ်===============စစ်ကိုင်းတက္ကသိုလ် ကျောင်းစာကြည့်တိုက်၆၅%ခန့် ဆောက်လုပ်ပြီးစီး။အထပ်နှစ်ထပ်ပါ ၎င်းအဆောက်အဦးတွင်မြေညီထ...
30/06/2020

သတင်းစဉ်
===============
စစ်ကိုင်းတက္ကသိုလ် ကျောင်းစာကြည့်တိုက်
၆၅%ခန့် ဆောက်လုပ်ပြီးစီး။

အထပ်နှစ်ထပ်ပါ ၎င်းအဆောက်အဦးတွင်
မြေညီထပ်၌ စာကြည့်တိုက်ဖွင့်လှစ်မည်ဖြစ်၍
ပထမထပ်တွင် ပြတိုက်အဖြစ် ခင်းလင်းပြသထားရှိမည်ဖြစ်ကြောင်း
လည်း ကနဦးကြိုသိထားရသည်။

ခန့် မှန်းချက်အနေဖြင့် ဇူလိုင်လအကုန်တွင် ရာခိုင်နှုန်းပြည့်ဆောက်လုပ်ပြီးစီးမည်ဟု ခန့် မှန်းထားကြောင်း သိရှိရပါသည်။

သတင်းထောက် - ကိုဟိန်းထက်အောင်


ဩစတေးလျအဆင့်မြင့်ပညာရေးမှ သင်တန်းများကို အွန်လိုင်းမှ အခမဲ့လေ့လာနိုင်ဩစတေးလျအဆင့်မြင့်ပညာရေးမှ သင်တန်းများကို အွန်လိုင်း...
28/06/2020

ဩစတေးလျအဆင့်မြင့်ပညာရေးမှ သင်တန်းများကို အွန်လိုင်းမှ အခမဲ့လေ့လာနိုင်

ဩစတေးလျအဆင့်မြင့်ပညာရေးမှ သင်တန်းများကို အွန်လိုင်းမှ အခမဲ့လေ့လာနိုင်သည့် အခွင့်အလမ်းကို မြှင့်တင်ရန်အတွက် ဩစတြေးလျကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကော်မရှင် (Austrade)က "Study with Australia " ကမ်ပိန်းအား ဆောင်ရွက်ထားပါသည်။ စီးပွားရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ STEM ပညာရေး၊ ကျန်းမာရေး စသည့် ပညာရပ်ဆိုင်ရာ သင်တန်းများအား ဩစတြေးလျ တက္ကသိုလ်များက အွန်လိုင်းမှ အခမဲ့ သင်ကြားပို့ချပေးမည့် အစီအစဉ် ဖြစ်ပြီး ၃၀-၆-၂၀၂၀ ရက်နေ့ နောက်ဆုံးထား စာရင်းသွင်းခြင်းဖြင့် သက်ဆိုင်ရာ တက္ကသိုလ်များက ပေးအပ်သည့် Ditigal Certificate အား အခမဲ့ ရရှိမည် ဖြစ်ပါသည်။ အသေးစိတ်အား အောက်ပါ Link များတွင် လေ့လာနိုင်ပါသည်။

www.futurelearn.com/courses/collections/study-australia

www.facebook.com/FutureLearn/posts/3713896025352362

www.facebook.com/AusEmbMyr/photos/a.1637873829762262/2657994707750164/
ပညာရေးအခွင့်အလမ်း



ကျောင်းသားအခွင့်​​ရေး စာတမ်း~~~~~~~~~~~~~~~~~            2014 ခုနှစ်ရဲ့တခုသောရက်မှာပါ။ကျောင်းသားတယောက် လွယ်အိတ်တလုံးလွ...
23/06/2020

ကျောင်းသားအခွင့်​​ရေး စာတမ်း
~~~~~~~~~~~~~~~~~
2014 ခုနှစ်ရဲ့တခုသောရက်မှာပါ။
ကျောင်းသားတယောက် လွယ်အိတ်တလုံးလွယ်ပြီးကျူရှင်
လာတက်ပါတယ်။

သူ့လွယ်အိတ်မှာ
`We are students
Respect our rights ´ဆိုပြီး ရေးထားပါတယ်။သူ့ကို` student rights ´ တွေ သိသလားမေးတော့ မသိပါဘူးလို့
ပြန်ဖြေတယ်။

ဆရာသိရင်ပြောပြပါဆိုတော့ကိုယ်ပြန်
ဒုက္ခရောက်ပါလေရော။
ဒီလိုနဲ့ google အားကိုးနဲ့နိုင်ငံတကာကstudent rights တွေ ရှာဖတ်ဖြစ်ခဲ့တယ်။

ဖတ်ရင်းနဲ့ သတိပြုမိတာကတော့
student rights ဟာ ကျောင်းတိုင်းမှာ
ကိုယ်ပိုင်ရေးဆွဲအတည်ပြုလေ့ရှိတာကိုပါ။

တကျောင်းနဲ့တကျောင်း
rights မတူကြပါဘူး။
မူလတန်းကျောင်းကနေ
တက္ကသိုလ်အထိကျောင်းတိုင်း
rights တွေသီးသန့်ရှိနေကြပါတယ်။

student rights အပြင်
teacher rights လည်းရှိကြပါတယ်။
အခြေခံပညာအဆင့်ကျောင်းတွေမှာ
မိဘအခွင့်အရေးပါ ရေးဆွဲသတ်မှတ်
ထားလေ့ရှိပါတယ်။

ဒီ​စာတမ်းမှာတော့ တက္ကသိုလ်အဆင့်
student rights တွေကိုဆွေးနွေးချင်ပါတယ်။

ပြည်ပတက္ကသိုလ်အတော်များများမှာ
ပါဝင်လေ့ရှိတဲ့rights တွေကို
ဦးစားပေးဖော်ပြပါမယ်။

မြန်မာပြည်နဲ့ကိုက်ညီခြင်းရှိမရှိ
/မိမိကျောင်းနဲ့ကိုက်ညီခြင်းရှိမရှိ
ဘေးထွက်ဆိုးကျိုး ရှိမရှိ အားလုံးက
ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါတယ်။

တနိုင်ငံလုံး သဘောတူညီတဲ့
rights တွေ ပေါ်ပေါက်လာဖို့ အတွက်
အခြေခံမူကြမ်း တခုအဖြစ်
စဉ်းစားနိုင်ပါတယ်။

မိမိကျောင်းအတွက်လည်း
သဘောထားတူလျင်ယူငင်သုံးစွဲနိုင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး - 1

ကျောင်းသားတိုင်းဟာလုံခြုံစိတ်ချ
ရသောပတ်ဝန်းကျင် တွင်
ပညာသင်ကြားခွင့် ရရှိရပါမည်။

ကျောင်းသွား/ကျောင်းပြန်ခရီး
ကျောင်းပရဝဏ် ကျောင်းဆောင်တည်ရှိရာနေရာတွေဟာလုံခြုံစိတ်ချရတဲ့နေရာဖြစ်ရပါမယ်။
ခိုးမှု လုယက်မှု နဲ့အခြားမှုခင်းတွေ
အင်မတန်နည်းပါးတဲ့​နေရာဖြစ်ရပါမယ်။

~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး -2

ကျောင်းသားကျောင်းသူတိုင်းသည်
ဖြစ်နိုင်သော အရည်အသွေးမီ
ပညာရေးကို သင်ယူနိုင်ခွင့်ရှိရမည်။

အရည်အသွေးမီပညာရေး(quality
education) တွင်
အရည်အချင်းပြည့်မီသော
ဆရာ/ဆရာမ များ
ပြည့်စုံ၍ အဆင့်မီသော
သင်ထောက်ကူ ပစ္စည်းများ
ခေတ်နှင့်လိုက်လျောညီထွေဖြစ်သည့် သင်ရိုး ၊ သင့်တော်သော အရည်အချင်းစစ်ဆေးမှုစနစ် (စာမေးပွဲစနစ်/စာတမ်း/ကျမ်း/Project)
ထိရောက်သော သင်ကြားမှုစနစ်
စသည်တို့ပါဝင်ပါတယ်။

အရည်အချင်းပြည့်မီတဲ့
ဆရာ/ဆရာမတွေရရှိဖို့အတွက်
လစာဟာ လူနေမှုစရိတ်ထက်
မြင့်မားဖို့လိုအပ်ပါတယ်။

ပညာရပ်လေ့လာဖို့အချိန်ပိုမိုရရှိအောင်
ဝန်ထမ်းအိမ်ရာတွေစီစဉ်ပေးဖို့လိုပါတယ်။

မွမ်းမံသင်တန်းတွေလည်းမကြာမကြာ
စီစဉ်ပေးဖို့လိုပါတယ်။

ဒါ့အပြင် မိမိဘာသာရပ်နဲ့
ဆက်နွယ်နေတဲ့ လုပ်ငန်းခွင်တွေကို
မကြာခဏ လေ့လာရေးခရီးတွေ
စီစဉ်ပေးဖို့လိုပါတယ်။

(ဥပမာ စက်မှုအင်ဂျင်နီယာဌာနက
ဆရာ/ဆရာမ တွေကို
စက်မှုဇုန်ကစက်ရုံတွေဆီ
လေ့လာရေးခရီးစီစဉ်ပေးတာမျိုး ၊
စီးပွားရေးတက္ကသိုလ်က
ဆရာ/ဆရာမတွေကို Stock exchangeဆီသွားရောက်လေ့လာစေတာမျိုး
သမိုင်းဌာနက ဆရာ/ဆရာမ တွေကို
မြို့ဟောင်းတွေဆီ လေ့လာရေးခရီ
းစေလွှတ်တာမျိုး လိုအပ်ပါတယ်။

( နောက်ဆုံးတချက်ကတော့
ဆရာ/ဆရာမတွေကိုကျောင်းနဲ့
industry တလှည့်စီ ခန့်ထားပေးဖို့ပါပဲ။)

အခုလက်ရှိစနစ်အရ
ဆရာ/ဆရာမတွေဟာ လုပ်ငန်း
အတွေ့အကြုံ လုံးဝမရှိတဲ့သူ ၉၀%
ကျော်လောက်ဖြစ်နေပါတယ်။
ဒီအတွက်ကျောင်းသားတွေကိုသင်ကြား
ပို့ချရာမှာအရေးပါတဲ့
အချက်အလက်တွေ
အလေးပေး လေ့လာရမည့်
ကဏ္ဍ တွေ ကိုလမ်းညွှန်ပေးနိုင်ခြင်းမရှိပါဘူး။

ဒါဟာမြန်မာပြည်ပညာရေးအတွက်
အသေအချာစဉ်းစားဆုံးဖြတ်ရမည့်
အချက်တခုလို့ထင်ပါတယ်။

လက်ရှိမှာဆေးတက္ကသိုလ်က
ဆရာ/ဆရာမတွေ ဟာ ပြင်ပမှာလည်း
ဆရာဝန်အလုပ်လုပ်ပါတယ်။
သူတို့ဟာ Theory နဲ့လက်တွေ့
ကောင်းကောင်းပေါင်းစပ်မိတဲ့
အတွက် ပြန်လည်သင်ကြားပို့ချရာမှာ
ထိရောက်မှုရှိပါတယ်။
အခြားတက္ကသိုလ်က
ဆရာ/ဆရာမတွေကတော့
ဒီလိုအခွင့်အရေးမျိုးမရကြပါဘူး။


သင်ထောက်ကူပစ္စည်းတွေ
ပြည့်စုံဖို့ကတော့ငွေကြေး​ပေါ်မူတည်ပါတယ်။
ပညာရေးBudget များများသုံးမှ
အဆင်ပြေပါမယ်။

သင်ရိုးခေတ်မှီဖို့အတွက်ကတော့
ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့လိုအပ်ပါတယ်။

အပြင်လောကမှာဘယ်လိုပညာရပ်တွေ
အသုံးများနေတယ် ဆိုတာ
လက်ရှိလုပ်ကိုင်နေသူတွေနဲ့​ဆွေးနွေးပြီး
သင်ရိုးကို ၅နှစ်တကြိမ်လောက်
ပြင်ဆင်မွမ်းမံရမှာဖြစ်ပါတယ်။

ဒီနေရာမှာ သင်ရိုးကို100%
ပြောင်းလဲခြင်းဟာ အကျိုးထက်
အပြစ်များပါတယ်။

20%-30% လောက်ပြောင်းလဲခြင်း
ကသာ ပိုမိုအကျိုးရှိပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး - 3

ကျောင်းသားကျောင်းသူတိုင်းသည်ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်ဖြင့်သင်ယူခွင့်ရရှိရန် အခွင့်အရေးရှိသည်။


အငြင်းပွားဖွယ်သိပ်များတဲ့right ပါ။အခုနောက်ပိုင်းကာလတွေမှာ ကျောင်းသားဗဟိုပြုအသံသိပ်ကျယ်
လာပါတယ်။ ကန့်ကွက်သူလည်းမရှိသလောက်ပါပဲ။ဒါပေမယ့်လက်တွေ့မှာဖြစ်မလာသေးပါဘူး။ ဒီစနစ်မှာကန့်သတ်ချက်တွေအများအပြားရှိနေပါတယ်။


ဒီစနစ်အရဆိုရင် ဆရာတဦးမှာကျောင်းသား၁၅ ဦးထက်မပိုရပါဘူး။ တတန်းကို၆ဘာသာ နှုန်းနဲ့တွက်ရင်
ဆရာ ၆ဦး တပည့် ၁၅ဦးပါ။ဒီအချိုးအစားအရဆိုရင်
ကျောင်းတွေမှာလက်ရှိဆရာဦးရေထက် ၄ ဆလောက်ပိုများလာပါလိမ့်မယ်။ ဒါကိုအစိုးရအနေနဲ့ လတ်တလောဖြည့်ဆည်းပေးဖို့ခက်ခဲလွန်းပါတယ်။

ကျောင်းသားတဦးနဲ့တဦးမတူညီတဲ့assignment/thesis တွေနဲ့သင်ကြားပြသရတဲ့အတွက် ဆရာတွေရဲ့ qualityသိပ်မြင့်ဖို့လိုပါတယ်။ဒါကိုဖြည့်ဆည်းပေးဖို့လည်းခက်ပါတယ်။

ဒီစနစ်ကိုကျင့်သုံးခဲ့ရင်တကျောင်းနဲ့တကျောင်းမေးခွန်းကွာခြားတဲ့အတွက်အောင်မြင်သူတွေရဲ့အရည်အသွေးကိုတူညီတယ်လို့မသတ်မှတ်နိုင်ပါဘူး။

လက်ရှိဆရာတွေရဲ့လုပ်ခလစာနဲ့ဒီစနစ်ကိုကျင့်သုံးရင်
လာဘ်ပေးလာဘ်ယူဖြစ်ဖို့ ၉၅%လောက်သေချာနေပါတယ်။

အချုပ်ပြောရရင်ဒီစနစ်ဟာ ပြည်ပနိုင်ငံများစွာမှာ
အောင်မြင်နေပေမယ့် မြန်မာပြည်က ချက်ချင်းလိုက်လုပ်ဖို့အဆင်သင့်မဖြစ်သေးပါဘူး။
ဒါ့ကြောင့် ဒီright ကိုခဏ လောက် ဆိုင်ငံ့ထားသင့်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး - 4

ကျောင်းသားကျောင်းသူတိုင်းသည်တက္ကသိုလ် ဝင်ခွင့်အတွက် အရည်အချင်းသတ်မှတ်ရာတွင်တူညီသောအခွင့်အရေး ရရှိရမည်။


(a) ကျောင်းသားအတွက် တမျိုး ကျောင်းသူအတွက်တမျိုး ခွဲခြားသတ်မှတ်ခြင်းမပြုရ။


ဆေးတက္ကသိုလ်တွေရဲ့ အနိမ့်ဆုံးဝင်ခွင့်အမှတ်မှာ ကျောင်းသူတွေက ကျောင်းသားတွေထက်အမှတ်
၂၀ လောက်နှစ်တိုင်းလိုလိုမြင့်ပါတယ်။ ပညာရေးတက္ကသိုလ်ဝင်ခွင့်မှာလည်း ဒီအတိုင်းပါပဲ။နည်းပညာတက္ကသိုလ်တွေမှာလည်း မိန်းကလေးတွေက ပိုမြင့်
နေပါတယ်။ဒါဟာ မိန်းကလေးတွေရဲ့ အခွင့်အရေးတွေကို ထိခိုက်စေပါတယ်။Gender အရေးလှုပ်ရှားသူများအနေနင့် လည်းလွှတ်တော်ထဲမှာအမျိုးသမီးအရည်အတွက် ၃၀ %တောင်းဆိုနေတာထက်ဒီ issue ကိုပို
အာရုံစိုက်သင့်ပါတယ်။


(b) ဒေသအလိုက်ခွဲခြားသတ်မှတ်ခြင်းမပြုရ။

လက်ရှိမှာနည်းပညာ တက္ကသိုလ်တွေရဲ့ကျောင်းဝင်ခွင့်အမှတ်ဟာ တကျောင်းနဲ့တကျောင်းကွာခြားမှုတွေရှိနေပါတယ်။ အခြားအမှတ်ကွဲတဲ့
တက္ကသိုလ်တွေလည်းရှိနေပါတယ်။
ဒါဟာနယ်မြေအလိုက်ခွဲခြားဆက်ဆံတာဖြစ်ပြီး ဒီကိစ္စမှာအနစ်နာဆုံးကတော့ ရန်ကုန် ကျောင်းသားတွေပါပဲ။နယ်စပ်ဒေသကကျောင်းတွေကတော့ အမှတ်နိမ့်တာများပါတယ်။

(c) လူမျိုးအလိုက်ခွဲခြားသတ်မှတ်ခြင်း ဘာသာအလိုက်ခွဲခြားသတ်မှတ်ခြင်း မပြုရ။


ဒီအပိုင်းမှာတော့ မြန်မာပြည်အနေနဲ့ခွဲခြားမှု ပြုလုပ်တာမတွေ့ရသေးပါဘူး။ဒါပေမယ့်တက္ကသိုလ်ဝင်ခွင့်ကို လူတွေ့စစ်ဆေးမှုတွေနဲ့ပြောင်းလဲဆုံးဖြတ်ရင်
ဖြစ်ပေါ်လာနိုင်ပါတယ်။

(d) အသက် အရွယ်အလိုက်ခွဲခြားသတ်မှတ်ခြင်း မပြုရ။

ဝင်ခွင့်စာမေးပွဲတွေမှာ အသက်ကန့်သတ်ခြင်းဟာ
လူလတ်ပိုင်းတွေ/လူကြီးပိုင်းတွေအနေနဲ့နစ်နာဆုံးရှုံးမှု ဖြစ်စေပါတယ်။ ၂၀၀၂ ခုနှစ်မှာ B.Techပြီးပြီး B.E မပါခဲ့တဲ့ အသုတ်ဟာ ၂၀၁၄ ကျမှ B.Eentrance ဖြေခွင့် ရခဲ့ ကြတာဟာ ကြီးမားတဲ့နစ်နာမှုကြီးပါပဲ။ ဒီကြားထဲမှာ entrance (4 )ကြိမ်လောက်ခေါ်ခဲ့ပေမယ့် အသက်ကန့်သတ်ချက်တွေပါလို့ဖြေခွင့်မရခဲ့ကြပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး - 5

ကျောင်းသားကျောင်းသူတိုင်းသည်ပုဂ္ဂိုလ်ရေးနှင့် လူမှုရေးဆိုင်ရာ များဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျောင်းတွင်းကျောင်းပြင်အဖွဲ့အစည်းများတွင်ပါဝင်ဆောင်ရွက်ရန်အခွင့်အရေးရှိရမည်​။

ကျောင်းသားကျောင်းသူတိုင်းဟာသူတို့ရထားတဲ့ဘွဲ့နဲ့အသက်မွေးကြတာမဟုတ်ပါဘူး။

စာရေးဆရာဖြစ်သွားတဲ့ ဆရာဝန်ဘွဲ့ရတွေနဲ့ ရုပ်ရှင်နယ်ထဲရောက်သွားတဲ့ အင်ဂျင်နီယာ ကျောင်းဆင်းတွေ
စသည်ဖြင့်အများကြီးရှိပါတယ်။


သူတို့ရဲ့ ဝါသနာ ကိုအကောင်အထည်ဖော်ဖို့အတွက် ကျောင်သားဘဝကတည်းကသက်ဆိုင်ရာအသင်းအဖွဲ့
တွေမှာပါဝင်လှုပ်ရှားဖို့လိုအပ်နေပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး - 6

ကျောင်းသားကျောင်းသူတိုင်းသည်ပြင်ပလုပ်ငန်းခွင်နှင့် ကိုက်ညီသော ပညာရေးကိုသင်ယူခွင့်ရရှိ ရမည်။


အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေဟာ ပြင်ပလုပ်ငန်းခွင်မှာ အသုံးပြုဖို့ပညာရပ်တွေသင်ကြားပေးကြပါတယ်။
ဒါပေမယ့် ပြင်ပပညာရှင်တွေနဲ့ချိတ်ဆက်မှုအားနည်းတာရော ပညာရေးအသုံးစားရိတ်နည်းပါးတာရော အခြား လိုအပ်ချက်တွေရော ပေါင်းဆုံလာတဲ့အခါ ဘွဲ့ရတွေဟာ လုပ်ငန်းခွင်ထဲမှာ ကသောင်းကနင်း ဖြစ်ကြပါတယ်။
ဒါကို ကုစားဖို့အတွက် သင်ရိုးတွေသင်ကြားမှု စနစ်တွေကို ပြင်ရပါမယ်။

(အထူးသဖြင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေကသင်ရိုးတွေကို ပြင်ပလုပ်ငန်းခွင်နဲ့ချိတ်ဆက်ပြီး ၃ နှစ်တကြိမ်လောက်မွမ်းမံပြင်ဆင်ပေးရပါမယ်)


ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်တွေဟာ ဒီrightနဲ့ အကျုံးမဝင်ဘူးလို့ ထင်ရပါတယ်။ အသေအချာသုံးသပ် ရင်တော့ အပြင်လုပ်ငန်းခွင်နဲ့ ပတ်သက်တာ တွေရှိပါတယ်။ ဥပမာ Physics မှာ theoreticalphysics ကိုလျော့ပြီး applied physics ကို တိုးသင်လို့ရပါတယ်။ ဒါမှမဟုတ် engineering physicsကိုသင်ရိုးထဲ ထည့်သင်လို့ရပါတယ်။ Chemistryဆိုရင်လည်း industrial chemistry ကိုဇောင်းပေးသင်လို့ရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး - 7

ကျောင်းသားကျောင်းသူတိုင်းသည်တက္ကသိုလ် နယ်မြေတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန် အခွင့်အရေးရှိသည်။


ဒီright နဲ့ ပတ်သက်ပြီးပြောရင်တက္ကသိုလ် ဆေးရုံ (သို့မဟုတ်) အနိမ့်ဆုံးအဆင့်ဆေးပေးခန်း တခုတော့ ကျောင်းဝန်းထဲမှာ ရှိရပါမယ်။

အနည်းဆုံးဆရာဝန် ၂ ဦးတော့ ရှိရပါမယ်။ဆေးပစ္စည်းတွေလည်း ပြည့်ပြည့်စုံစုံ ရှိရပါမယ်။လူနာတင်ကားတစီးstand by ရှိရပါမယ်။ဆေးကုသမှုဟာ အခမဲ့ သိုမဟုတ်သက်သာတဲ့နှုန်းထားဖြစ်ရပါမယ်။

(တချို့နိုင်ငံတွေမှာတော့ တက္ကသိုလ်ဆေးရုံတွေက ခမ်းခမ်းနားနား ရှိတတ်ကြပါတယ်)


~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး - 8

ကျောင်းသားကျောင်းသူတိုင်းသည်ပြည်သူ့ဘဏ္ဍာငွေ ဖြင့်တည်ဆောက်ထားသော အဆောင်များတွင်နေထိုင်၍ ပညာသင်ကြားနိုင်ရန်အခွင့်အရေးရှိသည်။


အစိုးရ အဆောင်တွေ မှာနေထိုင်ခွင့်ရရင် ကျောင်းသားကျောင်းသူတွေအတွက် ကုန်ကျစားရိတ်သက်သာပါတယ်။ အချိန်ကုန်သက်သာပါတယ်။ လုံခြုံစိတ်ချရပါတယ်။
ကျောင်းသားကျောင်းသူအချင်းချင်း ပိုပြီးရင်းနှီး စေပါတယ်။

တဖက်ကလည်း အစိုးရအနေနဲ့အဆောင်လခ ရှိတဲ့အတွက်ဝင်ငွေရပါတယ်။
စားရေးသောက်ရေး စီစဉ်ပေးနိုင်ရင်ပိုပြီးတွက်ခြေကိုက်ပါတယ်။
win-win အခြေအနေဖြစ်တဲ့အတွက် ဒီright ကိုမဖြစ်မနေ အမြန်ဆုံးဖြည့်ဆည်းပေးသင့်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး - 9

ကျောင်းသားကျောင်းသူတိုင်းသည်ပညာသင်ကြားရာတွင် အဆင်ပြေချောမွေ့သောသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်ရန် အခွင့်အရေးရှိသည်။

အားလုံးသိကြတဲ့အတိုင်းပါပဲ။မြန်မာပြည်ရဲ့တက္ကသိုလ် ကောလိပ်အများစုဟာ မြို့ပြင်တွေမှာရှိပါတယ်။
ဒါ့ကြောင့်ကျောင်းသားအများစုဟာ မြို့ထဲကနေ မြို့ပြင်ကိုကျောင်းသွားတက်ကြရပါတယ်။ တချို့မြို့တွေက
လမ်းပန်ဆက်သွယ်ရေးကောင်းပါတယ်။
တချို့ကတော့မကောင်းပါ။ ယာဉ်လိုင်းတွေ အဆင့်မမှီရင်ဖြစ်စေ၊အစီးရေနည်းပါးရင်ဖြစ်စေ ၊ယာဉ်စီးခများပြားရင်ဖြစ်စေ၊ကားလမ်း အဆင့်နိမ့်ရင်ဖြစ်စေ ၊ကျောင်းသားတွေ ဒုက္ခ များကြပါတယ်။ ယာဉ်လိုင်းအတော်များများကညဘက်မဆွဲတဲ့အတွက် ကျောင်းသားတွေအချိန်လု အလုပ်လုပ်ကြရပါတယ်။

အချိန်ပိုင်းအလုပ်လုပ်တဲ့ကျောင်းသားတွေအတွက် ယာဉ်လိုင်းတွေဟာ တနေ့၁၅ နာရီလောက်ပြေးဆွဲပေးသင့်ပါတယ်။ ဒေသအာဏာပိုင်တွေက မစီစဉ်ပေးနိုင်ဘူးဆိုရင် ကျောင်းအာဏာပိုင်အဖွဲ့က စီစဉ်ပေး
ရမှာဖြစ်ပါတယ်​။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး - 10

ကျောင်းသားကျောင်းသူတိုင်းသည်ကောင်းမွန်သောပတ်ဝန်းကျင်တွင် ပညာသင်ကြားခွင့်ရရှိ ရမည်။

ကျောင်း အနီးတဝိုက် နှင့်ကျောင်းဆောင်များအနီးတဝိုက် (1000 m အတွင်း)တွင်

(a) အရက်ဆိုင် ဘီယာဆိုင် ထန်းရည်ဆိုင် နှင့် အရက် ရောင်းချသော စတိုးဆိုင်များ ကင်းရှင်းရမည်။

(b) မူးယစ်ဆေးဝါး သုံးစွဲခြင်း ရောင်းချခြင်း များ ကင်းရှင်းရမည်။

(c) လောင်းကစားမှုများ(Game ဆိုင်များအပါအဝင်) ကင်းရှင်းရမည်။

(d) ရာဇဝတ်မှုများ အလွန်နည်းပါးရမည်။

(e) အနှိပ်ခန်း KTV နှင့်ဂုဏ်သိက္ခာမဲ့ တည်းခိုခန်းများ
အလုံပိတ် အအေးဆိုင် ကော်ဖီဆိုင်များ၊ day club . night club များ ကင်းစင်ရမည်။

(f) ကျောင်းပရဝဏ် နှင့် ကျောင်းဆောင်များ အနီးတဝိုက် (100 m အတွင်း) သည် ဆေးလိပ်ကင်းစင် ဒေသဖြစ်ရမည်။

(g) ကျောင်းပရဝဏ်နှင့် ကျောင်းဆောင်များအနီးတဝိုက် (300 m အတွင်း) သည် ၂၄ နာရီ လုံခြုံစိတ်ချစွာ သွားလာနိုင်သော ဒေသဖြစ်ရမည်။

ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ တယောက်နဲ့ တယောက်ကွဲပြားနိုင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး - 11

ကျောင်းသားကျောင်းသူတိုင်းသည် တက္ကသိုလ်နယ်မြေတွင် အားကစား ဝန်ဆောင်မှု ရယူခံစားနိုင်ရန်
အခွင့်အရေးရှိသည်။

တက္ကသိုလ်နယ်မြေတွင်

(a) လေးဘက်လေးတန်ပွဲကြည့်စင်များပါရှိသောအဆင့်အတန်းမှီဘောလုံးကွင်း တကွင်းရှိရမည်။

(လမ်းလျောက်ခြင်း ပြေးခြင်း နှင့်အခြားအားကစားလှုပ်ရှားမှုများပြုလုပ်ရန်အတွက် ဘောလုံးကွင်းပတ်လည်တွင် လုံလောက်သော မြေနေရာ ရှိရမည်)

(b) မိုးလုံ လေလုံ အားကစားရုံ တရုံရှိရမည်။

(c) ပြိုင်ပွဲများကျင်းပနိုင်သော ရေကူးကန် တခုရှိရမည်။

(d) ပစ္စည်း အစုံအလင်ပါဝင်သော Fitness Centre တခုရှိရမည်။

(e) ကျောင်းသား/ကျောင်းသူများ နှစ်သက်သည့်အားကစားနည်းများ (အနည်းဆုံး ၅ မျိုး)အတွက် သီးသန့် အားကစားခန်းမများ ရှိရမည်။

(f) အားကစားနည်းပြများ အလုံအလောက်ရှိရမည်။

(g) အားကစား ပစ္စည်းများ အလုံအလောက် ရှိရမည်။

(h)အားကစားပြိုင်ပွဲများ အချိန်မှန်မှန် ကျင်းပရမည်။


အားကစား ဝန်ဆောင်မှုဟာတက္ကသိုလ်တွေအတွက်
သိပ်အရေးမကြီးဘူးလို့ထင်စရာရှိပါတယ်။
ဒါပေမယ့် အားကစားလှုပ်ရှားမှုမရှိတဲ့ ကျောင်းတွေမှာ ကျောင်းသားတွေဟာ အခြားအကျိုးမဲ့တဲ့ကိစ္စရပ်တွေအပေါ် စိတ်ယိုင်သွားလေ့ရှိ ပါတယ်။
အထူးသဖြင့် အသောက်အစား၊ မူးယစ်ဆေးဝါး၊Game နဲ့ လောင်းကစား ကိစ္စ တွေကိုပါ။

အားကစားကိုစိတ်ပါဝင်စားမှုများတဲ့ကျောင်းတွေဟာ အဲဒီ့ကိစ္စရပ်တွေမှာသိသိသာသာ လျော့နည်းသွားကြောင်း စစ်တမ်းအတော် များများမှာ တွေ့ရပါတယ်။

ဒါကြောင့် အားကစားကွင်း/ရုံတည်ဆောက်လို့ကုန်ကျငွေဟာ ဖြုန်းတီးမှုမဟုတ်ပဲမဖြစ်မနေ ဖြည့်ဆည်းပေးသင့်တဲ့ သုံးစွဲမှုလို့ မြင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး - 12

ကျောင်းသားကျောင်းသူတိုင်းသည်တက္ကသိုလ်ဝင်ခွင့် ရရှိစဉ်က စည်းမျဉ်းကန့်သတ်ချက်အာမခံချက်များအတိုင်း ပညာသင်ကြားခွင့်ရရှိရမည်။

(a) ပညာသင်နှစ်တိုးခြင်း/လျှော့ခြင်းမပြုရ။

2014 လောက်က ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်တွေမှာ စာသင်နှစ်ကို ၃ နှစ်ကနေ ၄ နှစ်တိုးလိုက်ပါတယ်။

2017 မှာလည်း ၅နှစ် နဲ့ ဘွဲ့ပေးမယ်ဆိုပြီးခေါ်ယူထားတဲ့ အင်ဂျင်နီယာ ကျောင်းသားတွေဟာ
တနှစ်ထပ်တိုးခဲ့ပါပြီ။(2018 အကုန်မှာတော့ ပြန်လျော့မလိုလို ပြောနေပြန်ပါပြီ)
ငွေကြေးပြည့်စုံတဲ့ မိဘတွေ အနေနဲ့ မထောင်းတာပေမယ့် ချို့တဲ့သူတွေအတွက်ကတော့ စာသင်နှစ်တိုးလိုက်တာအခက်အခဲဖြစ်စေပါတယ်။

(b) ပညာသင်ကြားရာကျောင်းကို ခိုင်လုံသောအကြောင်း ပြချက်မရှိပဲ ပြောင်းရွှေ့ခြင်းမပြုရ။

တက်လက်စကျောင်းကိုပိတ်ပြီးဝေးလံတဲ့တနေရာကို ရွှေ့လိုက်တာမျိုးဟာ တချိန်က မြန်မာပြည်မှာ အတော်ခေတ်စားခဲ့ပါတယ်။
အဲဒီ့လိုအချိန်မျိုးမှာ ကျောင်းသားအတော်များများ ဒုက္ခရောက်ကြရပါတယ်။

(c) ရရှိမည့် ဘွဲ့/ဒီပလိုမာ ကို ပြောင်းလဲခြင်းမပြုရ။

၂၀၁၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ပြန်ဖွင့်ပါတယ်။
အမေရိကန်က နာမည်ကျော်
ဂျွန်ဟော့ကင်း တက္ကသိုလ် နဲ့ချိတ်ဆက်ထားပြီး ဂျွန်ဟော့ကင်း အသိအမှတ်ပြု ဘွဲ့ တွေရမည်လို့ မီဒီယာတွေမှာ အကျယ်တဝင့် ပါရှိခဲ့ပါတယ်။

အခု ဂျွန်ဟော့ကင်းက professor တွေပြန်သွား ကြပါပြီ။(အကြောင်းရင်း တော့ရေရေရာရာ မသိရပါဘူး)

ကျောင်းသားတွေကလည်းပြည်တွင်းက အသိအမှတ် ပြုတယ်ဆိုတဲ့ အဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါပြီ။

(d)ပညာသင်စားရိတ် အပြောင်းအလဲမပြုရ။

ဒီ right ကတော့ အစိုးရ ကျောင်းတွေနဲ့သိပ်မပတ်သက်လှပဲ ပုဂ္ဂလိကကျောင်းတွေနဲ့ပဲ အဓိက သက်ဆိုင်ပါတယ်။

(e)သင်ကြားရေးစနစ်တွင်ကြီးမားသောပြောင်းလဲမှုများမပြုရ။

ဆရာ/ကျောင်းသားအချိုး သိသာစွာပြောင်းလဲခြင်း၊
စာမေးပွဲစနစ်ပြောင်းလဲခြင်း၊ စာတွေ့/လက်တွေ့ အချိုးသိသာစွာ ပြောင်းလဲခြင်း ၊ သင်ရိုးညွှန်းတမ်းသိသာစွာ ပြောင်းလဲခြင်း မပြုရ။

(f) အလုပ်အကိုင် တိုက်ရိုက်ခန့်အပ်သော တက္ကသိုလ်များတွင် ရရှိမည့်အလုပ်အကိုင် ရာထူးကို ပြောင်းလဲခြင်းမပြုရ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး -13

ကျောင်းသားကျောင်းသူတိုင်းသည်၎င်းတို့ကိုယ်တိုင်ရေးဆွဲ အတည်ပြုထားသည့်စည်းမျဉ်းစည်းကမ်း များဖြင့်အဖွဲ့အစည်းများထူထောင်ခွင့် နှင့်လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ခွင့်ရှိသည်။


တက္ကသိုလ်တခုသည်ဒီမိုကရေစီနိုင်ငံငယ်လေးတခုပင်ဖြစ်သည်။
ဒီမိုကရေစီ နိုင်ငံများရှိတက္ကသိုလ်များတွင်ကျောင်းသားလွှတ်တော်၊ ကျောင်းသားသမဂ္ဂ၊စာပေအသင်း၊အနုပညာအသင်း၊ အားကစားအသင်း၊ပရဟိတအသင်း၊ သွေးလှုရှင်အသင်း စသည်ဖြင့်အသင်းအဖွဲ့ပေါင်းစုံရှိကြသည်။
ကျောင်းသားများအနေဖြင့်မိမိနှစ်သက်ရာအသင်းများတွင် ပါဝင်လှုပ်ရှားရင်းအတွေ့အကြုံများ ရင့်ကျက်၍
အရည်အချင်းတိုးတက်မြင့်မားလာကြစမြဲဖြစ်သည်။

ကျောင်းသားဘဝကုန်ဆုံး၍ပြင်ပကမ္ဘာသို့ခြေချသောအခါတွင် အဖွဲ့အစည်းများတွင်ပါဝင်ခဲ့သောအကျိုးကျေးဇူးမှာ ပိုမိုထင်ရှားထိရောက်လာစမြဲပင်ဖြစ်သည်။

ထို့ကြောင့် အဖွဲ့အစည်းများဖွဲ့စည်းခြင်းခွင့်နှင့် ပါဝင်လှုပ်ရှား ဆောင်ရွက်နိုင်ခွင့်တို့မှာ ကျောင်းသားကျောင်းသူတို့အတွက်အခြေခံ လိုအပ်ချက် သို့မဟုတ်
မရှိမဖြစ်အခွင့်အရေးတခုပင်ဖြစ်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး -14

ကျာင်းသားကျောင်းသူတိုင်းသည်အဆင့်အတန်းမီ​သော တက္ကသိုလ်စာကြည့်တိုက်တခုသုံးစွဲခွင့်ရှိရမည်။


ဒီနေ့ခေတ်မှာ ဆရာဗဟိုပြုသင်ကြားရေးစနစ်ကနေ ကျောင်းသားဗဟိုပြုစနစ်ကိုသွားနေပါတယ်။
ဒီစနစ်မှာ ကျောင်းသားကစာအများကြီးဖတ်ရပါတယ်။
ဒီအတွက် တက္ကသိုလ်တွေမှာ စာကြည့်တိုက်ဟာပိုပြီးအရေးပါလာပါတယ်။

နိုင်ငံတကာမှာတော့ တက္ကသိုလ်တွေမှာဌာနတခုချင်းစီအလိုက် စာကြည့်တိုက်တွေရှိပါတယ်။

ဗဟိုစာကြည့်တိုက်လည်းရှိပါတယ်။ တက္ကသိုလ်စာကြည့်တိုက်စနစ်တခုမှာ စာအုပ်/စာစောင် သန်းချီရှိကြပါတယ်။e-book တွေ e-journal တွေလည်းအများအပြားရှိကြပါတယ်။

တချို့တက္ကသိုလ်စာကြည့်တိုက်တွေက၂၄ နာရီဖွင့်ပါတယ်။စာဖတ်ခန်းတွေအပြင် အုပ်စုလိုက်ဆွေးနွေးတိုင်ပင်ဖို့အတွက် သီးသန့်ခန်းတွေလည်း ရှိကြပါတယ်။
Wifi အသုံးပြုနိုင်အောင်လည်းစီစဉ်ပေးထားကြပါတယ်။

မြန်မာပြည်မှာတော့ စာကြည့်တိုက်အဆောက်အအုံ သီးသန့်ရှိတဲ့ တက္ကသိုလ်ရှားပါတယ်။
စာလာဖတ်တဲ့ ကျောင်းသား/ကျောင်းသူလည်း%အတော်နည်းပါတယ်(under 1%)စာအုပ်လည်ူအတော်နည်းပါတယ်။staff လည်း၁၀ ဦး ကျော်တဲ့
တက္ကသိုလ်ရှားပါတယ်။

လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်က ရန်ကုန်စက်မှုတက္ကသိုလ် စာကြည့်တိုက်မှာ ကျောင်းစာအုပ်ကလွဲရင်ဘာမှဌားခွင့်မရှိပါဘူး။
အခုလက်ရှိနည်းပညာတက္ကသိုလ်တွေမှာတော့အကုန်ပေးဌားပါတယ်။ဒါပေမယ့်ကျောင်းစာအုပ်ကလွဲရင်
ဘာမှမရှိပါဘူး။

လက်ရှိအခြေအနေအရတော့ပြည်ပနိုင်ငံတွေက ကျောင်းသားတွေဟာအဆင့်မီ စာကြည့်တိုက်တွေ
အသုံးပြုခွင့်ရနေပါတယ်။

မြန်မာကျောင်းသားတွေကတော့ ဒီအခွင့်အရေးမရ ကြပါဘူး။

ရန်ကုန်တက္ကသိုလ်မှာ အရင်ကဘွဲ့ကြိုကျောင်းသား စာအုပ်ဌားခွင့်မရှိပါ။ဘွဲ့လွန်နဲ့ ပါရဂူသင်တန်းသားတွေပဲ
ဌားခွင့်ရှိပါတယ်။(အခုတော့ မသိပါ)

တချို့ကျောင်းတွေကတော့ စာအုပ်ကောင်းတွေကို reference လို့ခေါင်းစဉ်တပ်ပြီး ဌားခွင့်မပေးပါဘူး။
သော့ခတ်ပြီးသိမ်းထားပါတယ်။

တချို့ကျောင်းတွေက စာကြည့်တိုက်တွေကတော့ လ္ဘက်ရည်ဆိုင်လောက်ပဲရှိပါတယ်။

တချို့စာကြည့်တိုက်တွေက စာအုပ်အသစ်ဝယ်ဖို့ ရန်ပုံငွေ တနှစ် တသိန်းလောက်ပဲရပါတယ်။

အစိုးရက ပံ့ပိုးမှု အားနည်းသလိုကျောင်းသားတွေဘက်က လည်းတောင်းဆိုမှုမရှိသလောက်ပါပဲ။

လက်ရှိစနစ်အရတော့ စာကြည့်တိုက်မရှိလည်းဘာမှ မဖြစ်ပါဘူး။

ဒါပေမယ့်ပညာရေးကိုနိုင်ငံတကာအဆင့်မီချင်တယ်ဆိုရင်တော့စာကြည့်တိုက်ကိုအဆင့်မီအောင်အရင်လုပ်ရပါမယ်။

အချုပ်ပြောရရင် ကျောင်းစာကြည့်တိုက်တွေဟာ

(a)ကျောင်းသားဦးရေ ရဲ့10% လောက်ဝင်ရောက်ဖတ်ရှု လေ့လာနိုင်မည့် အကျယ်အဝန်းရှိသင့်ပါတယ်။

(b) စာအုပ်အရည်အတွက် သောင်းဂဏန်းတော့ရှိသင့်ပါတယ်။

(c)ဌာနတခုစီမှာ စာကြည့်တိုက်တခုစီရှိသင့်ပါတယ်။

(d)Facility ပြည့်စုံရပါမယ်။

(e)ကျောင်းသားတိုင်းစာအုပ်ဌားရမ်းခွင့်ရှိရပါမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး - 15
ကျောင်းသား ကျောင်းသူတိုင်းသည် ဆရာ/ဆရာမ များ၏ သင်ကြားပြသမှု/ဆွေးနွေးလမ်းညွှန်မှု အရည်အသွေး နှင့် ကိုယ်ကျင့်တရား/အပြုအမူများ အပေါ်အကဲဖြတ် သုံးသပ်ရန် အခွင့်အရေးရှိသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး -16

ကျောင်းသားကျောင်းသူတိုင်းသည်ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများ/အခကြေးငွေများ/သင်ကြားမှု စနစ်များနှင့် စီမံခန့်ခွဲမှုများကိုဝေဖန်သုံးသပ်ရန် အခွင့်အရေးရှိသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး -17

ကျောင်းသား ကျောင်းသူတိုင်းသည်ကျောင်းစာသင်ခန်းများ/လက်တွေ့ခန်းများ/သင်ကြားမှုအထောက်အကူပြု ပစ္စည်းများ/ ကျောင်းသား/ကျောင်းသူအဆောင်များ/ စာကြည့်တိုက်/စားသောက်ဆိုင် နှင့်ကျောင်းတွင်း ကျောင်းပြင်ဝန်ဆောင်မှုလုပ်ငန်းများ၏ အခြေအနေနှင့်အဆင့်အတန်းအပေါ်အကဲဖြတ် သုံးသပ်ရန် အခွင့်အရေးရှိသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး - 18

ကျောင်းသားကျောင်းသူတိုင်း သည်ကျောင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံ လျင်မြန်စွာ ရရှိရန် အခွင့်အရေးရှိသည်။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များပြောင်းလဲခြင်း၊ပါမောက္ခနှင့် ဆရာ/ဆရာမများ အပြောင်းအရွေ့၊သင်ရိုးပြောင်းလဲခြင်း၊အချိန်ဇယားပြောင်းလဲခြင်း ၊​ကျောင်းဆောင်စည်းကမ်းများပြောင်းလဲခြင်း ၊စသည်တို့ကိုကျောင်းသားကျောင်းသူများ နှင့် ဝန်ထမ်းများကို ပြည့်စုံမြန်ဆန်စွာ အသိပေးရမည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး - 19

ကျောင်းသားကျောင်းသူတိုင်းသည် အချိန်ကာလတခုအတွင်း ကျောင်းရပ်နားခွင့်ရှိသည်။

စီးပွားရေးအခြေအနေအရလည်းကောင်း၊ကျန်းမာရေးအခြေအနေ အရလည်းကောင်း၊ ကျောင်းသားတဦးဟာကျောင်းရပ်နားခွင့် ရှိဖို့လိုအပ်ပါတယ်။
(ယခင်ကရှိပါတယ်။ယခုတော့မသိပါ)

ကျောင်းရပ်နားခွင့်ရှိတဲ့အချိန်ကာလကိုတော့ကျောင်းအလိုက် သတ်မှတ်သင့်ပါတယ်။

ပြည်ပတက္ကသိုလ်တွေက scholar ရတဲ့အခါ ပြည်တွင်းကတက်လက်စသင်တန်းကိုရပ်နားခွင့် ပြု/မပြုလည်းစဉ်းစားသင့်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားအခွင့်​အ​ရေး - 20

ကျောင်းသားကျောင်းသူတိုင်းသည် ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲတွင်လည်းကောင်း၊ ကျောင်းသားထု ဆန္ဒခံယူပွဲတွင်လည်းကောင်း ပါဝင်မဲပေးခွင့်ရှိသည်။

ရွေးကောက်ပွဲနဲ့ဆန္ဒခံယူပွဲတွေဟာအားလုံးပါဝင်နိုင်ဖို့လိုပါတယ်။ အချိန်ပိုင်း ကျောင်းသားတွေ ဘွဲ့လွန်ကျောင်းသားတွေ နဲ့နိုင်ငံခြားသားကျောင်းသားတွေကိုမချန်ထားသင့်ပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျောင်းသားအခွင့်​အ​ရေး - 21

ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွင် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြောက်ထားသော ကျောင်းသားသမဂ္ဂ မှ အနည်းဆုံး ကိုယ်စားလှယ်နှစ်ဦး (ကျောင်းသားတဦး ကျောင်းသူတဦး) ပါဝင်ရန်အခွင့်အရေးရှိသည်​။

ဒီ right ကတော့ ကျောင်းသားတဦးချင်းရဲ့အခွင့်အရေး မဟုတ်ပဲ ကျောင်းသားထုရဲ့အခွင့်အရေးပါ။

နိဂုံး
~~~

ကျောင်းသားအခွင့်အရေး စာတမ်း (နမူနာ)ကိုဒီမှာအဆုံးသတ်ပါပြီ။

ထပ်မံဖြည့်စွက်စရာတွေအများအပြားရှိပါလိမ့်မယ်။

တချို့နိုင်ငံတွေက တက္ကသိုလ်တွေမှာ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကိုပါ ပြဌာန်းကြပါတယ်။

ဒီမှာလည်း တနေ့ဖြစ်လာမယ်လို့ယုံကြည်ပါတယ်။

အခုဖော်ပြခဲ့တာကတော့" ကျောင်းသား အခွင့်အရေး " ဖြစ်ပါတယ်။"ကျောင်းသားထု အခွင့်အရေး " မဟုတ်တာကိုသတိထားစေချင်ပါတယ်။

ကျောင်းသားထု အခွင့်အရေးဆိုတာ အစုအဖွဲ့လိုက်အခွင့်အရေးသာဖြစ်ပါတယ်။

တဦးချင်းအခွင့်အရေးတွေ မပါဝင်တဲ့အတွက်ကျောင်းသားအခွင့်အရေးလို့သုံးနှုန်းတာကသာပိုမိုသင့်တော်​ တယ်လို့ ယူဆမိပါတယ်။

ဒီစာတမ်းကိုရေးခဲ့ချိန်ဟာလွန်ခဲ့တဲ့ ၅ နှစ်ခန့်က ဖြစ်ပါတယ်။ဒီစာတမ်းမှာပါဝင်တဲ့ အခွင့်အရေး
အတော်များများ အဲဒီ့ကာလမှာမရရှိသေးပါဘူး။
၅ နှစ်တာကာလအတွင်းမှာ တချို့အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ဒါပေမယ့်အများစုကို ဆက်လက် ကြိုးပမ်းဆောင်ရွက်ဖို့လိုပါသေးတယ်။

Rights တွေရဲ့ အရေးပါမှုဟာ
(1)တက္ကသိုလ် အမျိုးအစား
(2) တက္ကသိုလ်တည်ရှိရာဒေသ
(3) အချိန်ကာလ
အပေါ်လိုက်ပြီးပြောင်းလဲနိုင်ပါတယ်။

***************************************

right တခုချင်းစီအပေါ် မိမိအမြင်ကို
ဆွေးနွေးနိုင်ပါတယ်။

ဖြည့်စွက်စရာရှိတာတွေကိုလည်းဖြည့်စွက်နိုင်ပါတယ်။

အချိန်ပေးဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Credit to original

21/06/2020

ဒီနေ့ အခက်အခဲလေးရှိလို့
သီချင်းတောင်းလို့ ရတဲ့Radio အစီအစဉ်လေး
မလွှင့်ဖြစ်ပါဘူးနော်😢



Address

Mandalay/Monywa Road
Ye-U

Website

Alerts

Be the first to know and let us send you an email when Students' Voice of SGU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category