
30/10/2023
" ကိုယ့်ကိုယ်ကိုယ်ချစ်ရင် "
“If you love yourself....”
၁) မနက်အိပ်ယာနိုးတိုင်း ငါအသက်ရှင်နေပါသေးလားလို့
ဘုရားကို ကျေးဇူးတင်ပါ။
When you wake up every morning, be grateful that you are alive.
၂) ရင်ထဲဘာတွေခံစားနေရပါစေ အိပ်ယာကထ
အ၀တ်အစားသပ်သပ်ရပ်ရပ်၀တ် သွားဖို့တာ၀န်ရှိတဲ့ နေရာကို
ရောက်အောင်သွားပါ။
Regardless of how you’re feeling in your heart, get up, dress up, and show up.
၃) သူများနဲ့မနှိုင်းယှဉ်ပဲ ကိုယ့်အားသာချက်ကို ကိုယ်ရှာဖွေပါ
အသုံးချပါ။
Without comparing yourself with others, find out your trump card, and use it to your advantage.
၄) အားကစားကို ဆယ်မိနစ်ကနေ မိနစ်သုံးဆယ်လောက်လုပ်ပေးပါ။
Work out for about ten to thirty minutes a day.
၅) ရေ နှစ်လီတာတော့ သောက်ဖြစ်အောင်သောက်ပါ။
Make sure to drink about two liters of water per day.
၆) ဆယ်မိနစ်လောက် ငြိမ်သက်စွာ လေရှုသွင်း ရှုထုတ်လုပ်ပေးပါ။
Breathe quietly: inhale and exhale for about ten minutes a day.
ရ) မနက်စာကို ဘုရင်လို အားရပါးရ စားပါ။ နေ့လည်စာကို
လျော့စားပါ။ ညစာကို နည်းနည်းလေးပဲစားပါ။
Have a hearty breakfast early in the morning. Have a light lunch. Eat very little for dinner.
(Eat breakfast like a King, lunch like a prince, and dinner like a pauper. မနက်စာကို ဘုရင်ကြီးလိုစား၊ နေ့လည်စာကို မင်းသားလိုစားပြီး ညစာကိုတော့ လူမွဲလိုစားပါဆိုတဲ့ အဂ်လိပ် ဆိုရိုးစကားရှိပါတယ်။)
၈) အားအင်အပြည့်ထည့်ပြီး စိတ်ပါလက်ပါနဲ့ သူတပါးကို စာနာတဲ့စိတ်နဲ့တကိုယ်ကောင်းမဆန်ပဲ အလုပ်လုပ်ပါ။
Do your work energetically, willingly, sympathetically and selflessly.
၉) အားပါးတရ ပြုံးပါ ရယ်လိုက်ပါ။
Smile broadly. Laugh heartily.
၁၀) အသစ်အဆန်းတွေကို အမြဲလေ့လာနေပါ။
Always try to learn something new.
၁၁) အသက်အရွယ်က အရေးမကြီးပါဘူး။ပျော်ပျော်ပါးပါးနေပါ။
Age is just a number. Enjoy your life.
၁၂) ကိုယ့် ပျော်ရွှင်မှုကို ကိုယ်ပဲပိုင်ပါတယ်။
သူများ နှောက်ယှက်လည်း ကိုယ့်ခံယူမှုသာအဓိကပါ။
You own your life and your happiness.
Even if someone disturbs you, your conviction is what matters.
၁၃) နေ့စဉ် အနည်းဆုံး တွေ့တဲ့ လူသုံးယောက်ကို ပြုံးပြီး ချီးကျူးစကားပြောပေးပါ။
Every day, smile and say a few words of praise to at least three people you meet.
၁၄) မလိုတော့တဲ့ ပိုလျံနေတဲ့ ပစ္စည်းတခုခုကို နေ့စဉ် လှူပေးပါ။
Give away some extra stuff every day.
၁၅) ဒဏ်ရာဟောင်းတွေကို မစဉ်းစားဘဲ လက်ရှိဘ၀ကို ပျော်အောင်နေပါ။
Live in the moment without dwelling on the old wounds.
၁၆) ဖြစ်လာတဲ့ပြဿနာတွေကို သေချာစဉ်းစားပြီးဖြေရှင်းပါ။
၀မ်းနည်းအားငယ်ရှက်ရွံ့မနေပါနဲ့။
Solve any problem that arises carefully. Don’t feel sad or depressed.
၁၇) အတင်းအဖျင်းပြောတဲ့သူတွေနဲ့ပေါင်းပြီး အချိန်ကုန်မခံပါနဲ့။
Don’t waste your time with gossip-mongers.
၁၈) အလုပ်နဲ့သူငယ်ချင်းကြား အလုပ်နဲ့ကျန်းမာရေးကြားမျှတအောင်နေပါ။
Maintain a good balance between work and friends, work and health.
၁၉) အလုပ်ဘယ်လောက်များများ မိဘမောင်နှမတွေကို
မကြာခဏ ဆက်သွယ်ပေးပါ။
No matter how busy you are, keep in touch with your parents and siblings.
၂၀) အသက် ၇၀ ကျော်တွေ အသက် ၆ နှစ်အောက်တွေနဲ့
အချိန်ပေး စကားပြောပေးပါ။
Spend some time talking with those who are above 70 years and below 6 years old.
၂၁) စိတ်ရှုပ်စေမဲ့ ပစ္စည်းတွေ မလှတော့တဲ့ ကွဲသွားပဲ့သွားတဲ့
အသုံးအဆောင်တွေ ကို ရှင်းပေးပါ။
Declutter your home and your life.
၂၂) ကျက်သရေမရှိတဲ့အတွေးအခေါ်တွေ ကို ချက်ခြင်းထုတ်လိုက်ပါ။ ကောင်းတာပဲ စဉ်းစားပါ။
Banish those negative thoughts at once, and keep your mind busy with positive thoughts.
၂၃) လူမှုကွန်ယက်မှာကျက်သရေ ရှိတာပဲ Share ပါ။
Share only what is pleasant on social networking sites.
၂၄) သူများတွေ ငါ့ဘာထင်မလဲ ဆိုတာ အရေးမကြီးဘူး။
မထိခိုက်သမျှ လုပ်စရာရှိတာလုပ်ပါ။
It doesn’t matter what others think of you.
Do what you’ve got to do as long as it doesn’t harm anyone.
၂၅) အနိုင်ဆိုတာ အမြဲမရဘူး။ ညှိနှိုင်းယူတတ်အောင်လေ့ကျင့်ပါ။
You don’t always win. Learn to negotiate.
၂၆) မရှိတာအတွက် စိတ်ဆင်းရဲမနေပါနဲ့။ ရှိနေတာကိုပဲ တန်ဖိုးထားပါ။
Don’t feel despair for the thing you don’t have. Try to appreciate what you do have.
၂၇) ည ၁၁ နာရီနောက်ဆုံးထားအိပ်ပေးပါ။
Go to bed by 11 p.m. at the latest.
၂၈) ဘုရားရှိခိုးပါ။ ဘုရားက ခွန်အားကိုပေးပါတယ်။
Say your prayers. Prayers bring you strength.
၂၉) အိမ်ကို ရှင်းနေအောင်ထားပါ။ အိမ်အလုပ်ကူလုပ်ပေးပါ။
Keep your house clean. Help with household chores.
၃၀) ထမင်းကို သေချာခူးခပ်စားပါ။ပြီးပြီးရော ဇလုံနဲ့ထည့်မစားပါနဲ့။
Eat your meals properly at the dining table. Do not fill a bowl with food and eat out of it.
မြန်မာ စာသား - Credit to the original uploader
English Translation by Dr.Soe Than
With love,
Dr.Soe Than