
26/09/2024
🥀
ဘဝကနာကျင်စရာ များလေလေ
တိတ်တိတ်ဆိတ်ဆိတ် နေတတ်လာလေပါပဲ. . .
🥀
လုပ်ယူလို့မရတဲ့အရာတွေထဲမှာ
ခံစားချက်တွေရယ် အပြုံးရယ်
ပျော်ရွှင်မှုရယ် ပါတယ် ။
🥀
ပျော်ရွှင်မှုတွေကိုလဲ တကူးတက
မတောင်းတတတ်တော့သလို ကိုယ်လဲ
မပျော်ရွှင်တတ်တော့ဘူး ။
နာကျင်စရာတွေနဲ့ပဲ အဖော်ပြုတယ်
🥀
တိတ်ဆိတ်ခြင်းတွေကို နှစ်ခြိုက်လာတယ်
လူတွေအကြောင်းပိုပိုသိလာလေ ကျွန်မပိုပြီး
တိတ်ဆိတ်လာလေပါပဲ . . .
🥀
အခုနောက်ပိုင်းမှာ . . .
ဘယ်သူတွေက ဘာပြောပြော
ပတ်ဝန်းကျင်က ဘာပဲထင်ထင်
မရှင်းပြတတ်တဲ့ ကျင့်သားရလာတယ် ။
🥀
တဖြည်းဖြည်းနဲ့ ပြောစရာစကားတွေက
နည်းလာခဲ့တယ် လောကမှာ မရယ်မပြုံးတတ်တဲ့
လူတစ်ယောက်ဖြစ်လာတယ် . . .
နာကျင်လေလေ တိတ်ဆိတ်လေ ။
Credit
Via -