Yedashe PDF

Yedashe PDF Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yedashe PDF, Digital creator, Yedashe.

20/01/2025

မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရလိမ့်မည်ဟု AA က သတိပေး

ရန်ကုန်၊ ဇန်နဝါရီ ၂၀

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရမည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနမှတစ်ဆင့် သတိပေး ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ မြောက်ဦးမြို့ရှိ စစ်သုံ့ပန်းများ ထားရှိနေရာနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချမှုကြောင့် အမျိုးသမီးများ၊ ကလေးများ အပါအဝင် ၂၈ ဦး သေဆုံးပြီး သေဆုံးသူများတွင် စစ်သုံ့ပန်းများလည်းပါဝင်ခဲ့ရာ ယင်းလုပ်ရပ်မှာ စစ်ရာဇဝတ်မှု မြောက်ကြောင်း၊ ဂျနီဗာကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်ရာရောက်ကြောင်း၊ ထို့ကြောင့် စစ်ခေါင်းဆောင်များအနေဖြင့် ယင်းလုပ်ရပ်အတွက် တာဝန်ယူ တာဝန်ခံရလိမ့်မည်ဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆိုသည်။

"လူနေထူထပ်တဲ့မြို့တွေ ရွာတွေ အဲဒီနေရာတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်လာတာတွေတွေ့ ရပါတယ်။ ဒီဟာကတော့ ပြောမယ်ဆိုလို့ရှိရင် စစ်ကောင်စီအနေနဲ့ စစ်ပွဲအတွင်းမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေအားလုံး ကို ချိုးဖောက်ပြီးတော့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတိုက်ခိုက်လာတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါဟာ စစ်ရာဇဝတ်မှုဖြစ်ပါတယ်။ စစ်ကောင်စီခေါင်းဆောင်တွေအနေနဲ့ သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်" ဟု ခိုင်သုခက ဆိုသည်။

မြောက်ဦးရှိ စစ်သုံ့ပန်းများ ထားရှိနေရာကို ရည်ရွယ်ချက်ရှိရှိ စစ်လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်မှုမှာလည်း စစ်ရာဇဝတ်မှု ကျူးလွန်မှုဖြစ်သဖြင့် မှတ်တမ်းတင်ထားရှိကြောင်း၊ ယခုအခါ စစ်တပ်က ပြည်သူများကို ပိုမို၍ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာကြောင်း၊ ပြည်သူလူထုအနေဖြင့် လေကြောင်းအန္တရာယ်ကို ယခင်ထက် ပိုမို၍ သတိထားရမည့် အချိန်ရောက်ရှိလာပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

"ဒီအကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဘက်က စစ်သုံ့ပန်းတွေ ယာယီထိန်းသိမ်းထားတဲ့နေရာတွေ၊ စစ်သုံ့ပန်း မိသားစုတွေကို ယာယီ ထားထားတဲ့နေရာတွေကို ပစ်မှတ်ထားပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဒီတိုက်ခိုက်တယ်ဆိုတာကတော့ ဒါဟာ ဂျနီဗာကွန်းဗန်းရှင်းကို ပြောင်ပြောင်တင်းတင်းချိုးဖောက် တာဖြစ်သလို စစ်ရာဇဝတ်မှုကို ကျူးလွန်တာလည်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ဒီလပိုင်းတွေမှာ စာသင်ကျောင်းတွေ ဆေးရုံဆေးခန်းတွေ စျေးတွေ ဘာသာရေးအဆောက်အအုံတွေလမ်းတံတားတွေ၊ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထားလာတာရှိတယ်။ ပြည်သူလူထုတွေကို ကျနော်တို့ ပြောလိုတာကတော့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက ပြည်သူတွေ ရှိတဲ့နေရာတွေကို ပစ်မှတ်ထားပြီးတော့ တရားလက်လွတ် လူမဆန်တဲ့ တိုက်ခိုက်မှုတွေကို တောက်လျှောက်ကြီး လုပ်လာတဲ့အတွက်ကြောင့်မို့လို့ လေကြောင်းရန်နဲ့ လေကြောင်းအန္တရာယ်ကို အရင်ကထက်ပိုပြီးတော့ သတိထားကြဖို့။ ပြီးလို့ရှိရင် အင်တာနက်သုံးစွဲတာ ဖုန်းသုံးစွဲတာတွေကို သတိထားသုံးစွဲကြဖို့ တိုက်တွန်းချင်တာရှိပါတယ်။ ဒါက အများပြည်သူ လုံခြုံရေးအတွက် အားလုံးက လိုက်နာလုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပါတယ်" ဟု ခိုင်သုခက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ်တစ်ဦး။

စစ်ကောင်စီက CDM များကို အမည်ပျက်စာရင်း မှ ပယ်ဖျက် ပေးမည်ဆိုသော ကြေညာချက်ကြောင့် သွားရောက် လျှောက် ထားခဲ့ သော်လည်းကို ပယ်...
19/01/2025

စစ်ကောင်စီက CDM များကို အမည်ပျက်စာရင်း မှ ပယ်ဖျက် ပေးမည်ဆိုသော ကြေညာချက်ကြောင့် သွားရောက် လျှောက် ထားခဲ့ သော်လည်းကို ပယ်ဖျက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်နှင့် ပြည်ပထွက်ခွင့် ဆက်ပိတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

အကြမ်းဖက် စစ်ကောင်စီက CDM များကို Blacklist မှ ပယ်ဖျက်ပေးမည်ဆိုသော ကြေညာချက်ကြောင့် သွားရောက် စာရင်းပေးခဲ့သူများကို အမည်စာရင်း ပယ်ဖျက်ပေးခြင်းမရှိဘဲ ပြည်ပထွက်ခွာခွင့် ဆက်လက် ပိတ်ပင်ထားကြောင်း လျှောက်ထားခဲ့သော CDM ဝန်ထမ်း တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီက နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး Blacklists တွင် ပါဝင်နေသူများအား ဖြေလျှော့ပေးမည်ဟုဆိုကာ ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း၊ ယင်း ထုတ်ပြန်ချက်ကြောင့် CDM ဝန်ထမ်း တချို့က သွားရောက်စာရင်းပေးသွင်းခဲ့ပြီး လက်ရှိချိန်ထိ Blacklists မှ ပယ်ဖျက်ပေးခြင်းမရှိသေးဘဲ ပြည်ပထွက်ခွာခွင့် ဆက်လက် ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီက Blacklists ပယ်ဖျက်ရန် လျှောက်ထားခဲ့သော CDM ဝန်ထမ်းများကို NLD အစိုးရ လက်ထက်က ထုတ်ချေးထားသော ချေးငွေများကို ပြန်ဆပ်ခိုင်းပြီး ကတိကဝတ်များဖြင့် အချက်အလက်များကို စုံလင်စွာ တောင်းခံခဲ့ပြီး ၎င်းတို့ တောင်းခံသော အချက်အလက်များ စုံလင်စွားပေးပို့ထားသော်လည်း လက်ရှိချိန်ထိ ပြည်တွင်းပြည်ပ အလုပ်လုပ်ကိုင်ခွင့်များကို တားဆီးပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

"စစ်ကောင်စီရဲ့ Blacklist ပယ်ဖျက်ပေးမယ်ဆိုတဲ့ ကြေညာချက်ချက်ကြောင့် ကျနော်နဲ့ နဲ့ကျနော် အသိမိတ်‌ဆွေတွေ စာရင်းပေးခဲ့ပါတယ်။ စာရင်းပေးခဲ့ပေမယ့်လည်း ၇ လ ကြာတဲ့အထိ Blacklist မပယ်ဖျက် ပေးသေးပါဘူး။ စာရင်းပေးတုန်းကလည်း စစ်ကောင်စီက NLD အစိုးရ လက်ထက်က ပေးထားတဲ့ ၂ လ ချေးငွေလည်း ပြန်တောင်းခံပါတယ်။ ကတိကဝတ် အချက်အလက်တွေလည်း စုံလင်စွာ‌ပေးခဲ့ရပါတယ်။ အခုထိ ဘာသတင်းမှ အကြောင်းမပြန်ပါဘူး။ နောက်လူတွေလည်း အယုံလွယ်ပြီး Blacklist စာရင်း ပယ်ဖျက်ဖို့ စာရင်းသွားပေးမယ်ဆိုရင် သေချာစဉ်းစားဖို့လိုပါတယ်" ဟု CDM ဝန်ထမ်း တစ်ဦးက ပြောဆိုသည်။

အဆိုပါ စာရင်း သွားရောက်ပေးခဲ့သော CDM ဝန်ထမ်းသည် ၂၀၂၁ ခုနှစ်တွင် ခွင့်မဲ့ ပျက်ကွက်သည်ဟုဆိုကာ CDM စာရင်းသွင်းခံရသော ဝန်ထမ်းတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် Passport လုပ်ရန် ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနက အမည်ပျက်စာရင်းသွင်းထား၍ ပတ

ကြို့ပင်ကောက်၊ သင်္ခရိုင်ရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း စီးနင်း ပေါ်တာဆွဲ ဖမ်းဆီးနေ၊  လူငယ်များထွက်ပြေးသွား၍ ရွာလုံးကျွ...
19/01/2025

ကြို့ပင်ကောက်၊ သင်္ခရိုင်ရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း စီးနင်း ပေါ်တာဆွဲ ဖမ်းဆီးနေ၊ လူငယ်များထွက်ပြေးသွား၍ ရွာလုံးကျွတ် ပြည်သူများကို ဖမ်းဆီးထားကာ ရွာနှင့်လူများကို သတ်ဖြတ် မီးရှို့ မည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်း ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် လူငယ်များထွက်ပြေးသွား၍ ရွာလုံးကျွတ် ဖမ်းဆီးထားပြီး နေအိမ်များကို မီးရှို့၍ ပြည်သူမျာကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် လူငယ်များ ထွက်ပြေးသွား၍ ရွာလုံးကျွတ် ဖမ်းဆီးထားပြီး နေအိမ်များကို မီးရှို့၍ ပြည်သူမျာကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း သိရသည်။

လက်ရှိချိန်တွင် သင်္ခရိုင်ရွာထဲ၌ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီး အများစုကျန်ရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ခန့်က ရွာထဲ၌ ရှိနေကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သင်္ခရိုင်ရွာကို PDF တပ်ဖွဲ့များ လာရောက် တိုက်ခိုက်ရန် ဖုန်းဆက် ပြောဆိုပြီး တိုက်ခိုက်ခြင်းမရှိပါကာ ၎င်းတို့ ဖမ်းဆီးထားသော ပြည်သူများကို သတ်ဖြတ်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

"ကြို့ပင်ကောက်၊ သင်္ခရိုင်ရွာကို စစ်ခွေး ဒီနေ့ နံနက် ၁၀ နာရီလောက်က ရွာထဲဝင်ရောက်ပေါ်တာဆွဲတာ သူတို့လာဆွဲတော့ ရွာထဲက လူငယ်တွေ အကုန်လုံးထွက်ပြေးလို့ဆိုပြီး ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ ကလေးတွေ နဲ့ မိန်းကလေးတွေ တစ်ရွာလုံးကို ဖမ်းဆီးထားတာ တော်လှန်ရေးအဖွဲ့တွေကိုလည်း လာတိုက်ရင်တိုက် မတိုက်ရင် ရွာကို မီးရှို့မယ်လို့ စစ်ခွေးတွေက ဖုန်းဆက်ပြီး ခြိမ်းခြာက်ပြောဆိုတယ်" ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက မြို့ပေါ်တွင်ပေါ်တာဆွဲ ဖမ်းဆီးရုံတင်မကတော့ဘဲ စစ်ကြောင်းထိုး၍ ကျေးရွာများကို စီးနင်းကာ လူငယ်များကို လိုက်လံ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ပဲခူးတိုင်းအတွင်းရှိ ကင်းထောက်သတင်းရင်းမြစ်များက ပြောဆိုကြသည်။

ရန်ကုန်နှင့် ပဲခူးတွင် လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေပြီး လှိုင်မြို့နယ်မှ ကိုထက်လင်းသော်ကို လူတချို့က ခေါ်ဆောင် သွားပြ...
17/01/2025

ရန်ကုန်နှင့် ပဲခူးတွင် လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေပြီး လှိုင်မြို့နယ်မှ ကိုထက်လင်းသော်ကို လူတချို့က ခေါ်ဆောင် သွားပြီးနောက် ရှာမတွေ့တော့

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်း ၊လှိုင်မြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်နှင့် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တို့တွင် လူငယ်များ ဆက်တိုက်ပျောက် ဆုံးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်အချိန် မြောက်ဥက္ကလာမြို့နယ်၊ ဝေဘာဂီရပ်ကွက်တွင် နေထိုင်သော ကိုဖိုးပြည့်သည် နေအိမ်မှ ကျူရှင်ကိုသွားရောက်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ၎င်းသွားရောက်တတ်သော နေရာများတွင်လည်း မတွေ့ရှိကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း လှိုင်မြို့နယ် ၆ ရပ်ကွက်တွင် နေထိုင်သော ကိုထက်လင်းသော်သည် နေအိမ်မှ နေ၍ ဘောလုံးသွားကန်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ ကိုထက်လင်းသော်ကို အမည်မသိ လူတချို့က လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်း သိရှိရသည်။

ထို့အတူ ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ လှပခြင်းကျေးရွာအုပ်စု၊ သရက်ကုန်းရွာမှ ကိုကောင်းကောင်းသည် ဆိုင်ကယ်ဖြင့် တာပွန်မြို့ပေါ်ကို စိုက်ပျိုးရေးဆေး သွားဝယ်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ဖုန်းအဆက်အသွယ်လည်း ပြတ်တောက်‌သွားခြင်းဖြစ်ကြောင်း သိရသည်။

"ကိုကောင်းကောင်းက တာပွန်မြို့ကို စိုက်ပျိုးရေးဆေး သွားဝယ်မယ်ဆိုပြီး တစ်ယောက်တည်း ထွက်သွားတာ ဖုန်းအဆက်အသွယ်လည်း အခုထိမရှိသေးဘူးပြောတယ်။ ဆိုင်ကယ်ကော လူကောပျောက်သွားတာ" ဟု ပျောက်ဆုံးနေသူ၏ မိတ်ဆွေက ပြောဆိုသည်။

ထို့ပြင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇန ဥယာဉ် အိမ်ရာတွင်လည်း ယမန်နေ့ညပိုင်း အကြမ်းဖက် စစ်တပ်က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ ညပိုင်းတွင် ယုဇနဥယျာဉ် အိမ်ရာကို အကြမ်းဖက် စစ်တပ်နှင့် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင် ဦးဆောင်သော ပျူစောထီးများက နေအိမ်များကို ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခဲ့ပြီး လူငယ်အများအပြားကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"လူငယ် ဘယ်နှစ်ဦး ဖမ်းဆီးခံရလည်းတော့ အတိအကျတော့ မသိရသေးဘူး။ ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်နဲ့ စစ်ခွေးတွေ ဧည့်စာရင်း ဝ

အိမ်ပြန်ရောက်ဖို့နီးလာပါပြီ☺️☺️ fighting 💪💪
15/01/2025

အိမ်ပြန်ရောက်ဖို့နီးလာပါပြီ☺️☺️ fighting 💪💪

ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာ တိုက်ပွဲတွင် စစ်တပ်နှင့် PNO ဘက်မှ စစ်ကြောင်းမှူး အပါအဝင် ၂၀ ထက်မနည်း သေဆုံး၊ တိုက်ပွဲအတွင...
14/01/2025

ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာ တိုက်ပွဲတွင် စစ်တပ်နှင့် PNO ဘက်မှ စစ်ကြောင်းမှူး အပါအဝင် ၂၀ ထက်မနည်း သေဆုံး၊ တိုက်ပွဲအတွင်း ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ ဦးကို စစ်တပ် လက်အောက်ခံ PNO အဖွဲ့က နှိပ်စက် သတ်ဖြတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာတိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်နှင့် PNO ဘက်မှ စစ်ကြောင်းမှူး အပါအဝင် ၂၀ ထက်မနည်း သေဆုံးပြီး တိုက်ပွဲအတွင်း ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ ဦးကို စစ်တပ် လက်အောက်ခံ PNO အဖွဲ့က နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း PNLA သတင်းနှင့် ပြန် ကြားရေးဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာဘက်ကို အကြမ်းဖက် စစ်တပ်နှင့် PNO ပူးပေါင်း စစ်ကြောင်းက အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA တပ်ဖွဲ့ဝင်များနှင့် တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး PNLA တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးကာ ၅ ဦးအရှင် ဖမ်းဆီး ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို တိုက်ပွဲအတွင်း ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အသက်ရှင်လျက် ဖမ်းဆီးထားသည်ဟု ထုတ်ပြန်ခဲ့သော်လည်း နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဖမ်းမိထားသည့် PNLA ရဲဘော် ၅ ဦးကို နှိပ်စက်သတ် ဖြတ်ထားသည့် ဓာတ်ပုံများ ထပ်မံ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ထီစုံကျေးရွာအနီးမှာ တိုက်ပွဲတနေကုန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ တိုက်ပွဲမှာတော့ ရန်သူဘက်က စစ်ကြောင်းမှူး တစ်ဦးအပါအဝင် ၂၀ ဦးထက်မနည်းကျဆုံးသွားတယ်။ ပြီးတော့ ကျနော်တို့ PNLA ရဲဘော်တစ်ဦးလည်း ကျသွားတယ်။ ရဲဘော် ၅ ဦးလည်း အဖမ်းခံခဲ့ ရပါတယ်။ တိုက်ပွဲအတွင်းမှာ အဖမ်းခံခဲ့ရတာပေါ့။ အဲဒီအဖမ်းခံရတဲ့ ရဲဘော် ၅ ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့ ၁၀ နာရီ ၁၅ မိနစ်လောက်မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က သတ်ဖြတ် လိုက်တာဖြစ်ပါတယ်” ဟု PNLA သတင်းနှင့်ပြန် ကြားရေး ဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA တပ်

အသက်ကလေးကို အချစ်နဲ့ ရှည်ချင်တယ်ကော်ဖီ ဖြစ်ဖြစ် , ဘဝ ဖြစ်ဖြစ်တစ်ခွက်တည်း နှစ်ယောက်သောက်တော့မယ့် အခါအခက်အခဲတွေလည်း မကြောက...
14/01/2025

အသက်ကလေးကို
အချစ်နဲ့ ရှည်ချင်တယ်

ကော်ဖီ ဖြစ်ဖြစ် , ဘဝ ဖြစ်ဖြစ်

တစ်ခွက်တည်း နှစ်ယောက်
သောက်တော့မယ့် အခါ
အခက်အခဲတွေလည်း
မကြောက်ပါနဲ့

ရော့ ဒီမှာ အနွေးဓာတ် ဆိုပြီး
ပါးကို ရင်ဘတ်နဲ့ ပြေးကပ်ထားပေးဖို့
ဝေးအရပ်က ပြန်လာမယ်

ဆောင်း မနက် မှာ
ပေါင်းဖက် ဖို့ အသင့် ... ။

#ရဲဘော်ဖြိုးလေး

လူငယ်တဲ့တက္ကသိုလ်မှာမဆုံကြပဲစစ်ပွဲထဲမှာလာဆုံကြရတယ်လို့ဗျာ☺️☺️
14/01/2025

လူငယ်တဲ့တက္ကသိုလ်မှာမဆုံကြပဲစစ်ပွဲထဲမှာလာဆုံကြရတယ်လို့ဗျာ☺️☺️

 #ရဲဘော်ဖြိုးလေး
14/01/2025

#ရဲဘော်ဖြိုးလေး

Address

Yedashe

Website

Alerts

Be the first to know and let us send you an email when Yedashe PDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share