Yekyi Media

Yekyi Media ရေကြည်မြို့နယ်အတွင်းရှိထူးခြားမှုသတင်းစုံကိုဖော်ပြပေးသွားမည့်mediaဖြစ်ပြီးအခြားသတင်းများပါတင်ပြပေးမည်

အထက ရေကြည် ကျောင်းသား/ကျောင်းသူများ၏ စုပေါင်းမဟာဘုံကထိန်၂၉.၁၀.၂၀၂၅ဓာတ်ပုံ:ဇော်မျိုးလွင်
29/10/2025

အထက ရေကြည် ကျောင်းသား/ကျောင်းသူများ၏ စုပေါင်းမဟာဘုံကထိန်

၂၉.၁၀.၂၀၂၅

ဓာတ်ပုံ:ဇော်မျိုးလွင်

မနက်ဖြန် နံနက် ၁၀နါရီ မှ ၁၂ နာရီအချိန် အထိ စတင်၍ ရေကြည်ဆေးရုံ၏ သံဃာဆောင်နေရာတွင် ပြင်ပလူနာကြည့်ရှုရာတွင် လူနာများကို ဆေး...
06/07/2025

မနက်ဖြန် နံနက် ၁၀နါရီ မှ ၁၂ နာရီအချိန် အထိ စတင်၍
ရေကြည်ဆေးရုံ၏ သံဃာဆောင်နေရာတွင် ပြင်ပလူနာကြည့်ရှုရာတွင် လူနာများကို ဆေးဘိုးဝါးခ လုံးဝ ယူမည်မဟုတ်ပါကြောင်း......
ဆေးရုံတွင် ရှိသော ဆေးဝါးများကို အခမဲ့ ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း နှင့် မရှိသော ဆေးဝါးများကို မိမိကြိုက်နှစ်သက်ရာ ဆေးဆိုင်တွင် ဝယ်ယူနိုင်ရန် ဆေးညွှန်းရေးပေးမည်ဖြစ်ကြောင်း......
လူနာများသက်သာစေရန် ဆေးရုံ၌မရှိသော ဆေးဝါးများကို သက်သာသော စျေးနှုန်ရောင်းချနိုင်ရေးကို ဆေးရုံကော်မတီ နှင့် တိုင်ပင်မည် ဖြစ်ပါကြောင်း.....
ဆေးဆိုင်ဖွင့်ဖြစ်ခဲ့လျှင်လည်း ကြိုက်နှစ်သက်ရာဆေးဆိုင်တွင် ဝယ်ယူနိုင်ရေး ဆောင်ရွက်မည်ဖြစ်ပါကြောင်းသိရပါသည်။

Credit.Dr Tin Htun Aung

စွန့်ဦးတီထွင်ခြင်းဆိုင်ရာစီးပွားရေးအထောက်အကူပြုသင်တန်းလေးအောင်မြင်စွာပြုလုပ်ပေးနိုင်ခဲ့ပါပြီဧရာဝတီတိုင်းဒေသကြီးမသန်စွမ်...
06/07/2025

စွန့်ဦးတီထွင်ခြင်းဆိုင်ရာစီးပွားရေးအထောက်အကူပြုသင်တန်းလေးအောင်မြင်စွာပြုလုပ်ပေးနိုင်ခဲ့ပါပြီ

ဧရာဝတီတိုင်းဒေသကြီးမသန်စွမ်းသူများအသင်း
#ဧရာဝတီတိုင်း
#ပုသိမ်မြို့


မနက်ဖန်(7.7.2025)မှ စတင်၍ ရေကြည်ဆေးရုံ သင်္ဃါဆောင်နေရာတွင် ပြင်ပလူနာဆေးခန်းကိုစတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။(နံနက် ၁၀ နာရီ ...
06/07/2025

မနက်ဖန်(7.7.2025)

မှ စတင်၍ ရေကြည်ဆေးရုံ သင်္ဃါဆောင်နေရာတွင် ပြင်ပလူနာဆေးခန်းကိုစတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။

(နံနက် ၁၀ နာရီ မှ နေ့လည် ၁၂နာရီ )
(နေ့လည် ၂ နာရီ မှ ညနေ ၄ နာရီ အထိ)
ကြည့်ရှုပေးမှာ ဖြစ်ပါသည်။

ရေကြည်မြို့သူ မြို့သားများ ခင်ဗျာ......ရေကြည်မြို့နယ် ဆရာဝန်ကြီးအဖြစ် ဦးတင်ထွန်းအောင်မှာရာထူးတိုးမြှင့်ခံရပြီး ယာယီပြော...
06/07/2025

ရေကြည်မြို့သူ မြို့သားများ ခင်ဗျာ......
ရေကြည်မြို့နယ် ဆရာဝန်ကြီးအဖြစ် ဦးတင်ထွန်းအောင်မှာရာထူးတိုးမြှင့်ခံရပြီး ယာယီပြောင်းရွှေ့လာရသဖြင့်ရေကြည်ဆေးရုံ ၏ ကုသရေး တာဝန်များကို အချိန်အတိုင်းအတာ တစ်ခု အထိ တာဝန်ယူတော့မှာဖြစ်ပါတယ်။

လိုအပ်ချက်များရှိ နေသော ဆေးရုံ နှင့် လူနာ - လူနာစောင့်- ဝန်ထမ်းများ၏ ဆက်ဆံရေး ကို အတတ်နိုင်ဆုံးပြုပြင်၍ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပါတ်သက်၍ မြို့သူ/မြို့သားများ စိတ်ကျေနပ်မှုရှိ၍ အားကိုးရအောင်
ကြိုးစားမှာဖြစ်ကြောင်းလည်း ဆရာဝန်ကြီးမှ သူ့ရဲ့ facebook စာမျက်နှာမှာရေးထားပါတယ်။

​မြို့သူမြို့သားများမှလည်း အတတ်နိုင်ဆုံးကူညီ ပေးကြဘို့ နဲ့ သူနှင့် ဆေးရုံတာဝန်ကျများ၏ လိုအပ်ချက်များကို သူ့ facebook ၏ messenger တွင်ဖြစ်စေ ၊ မကြာမီ
ဖွင့်လှစ်မည့် ရေကြည်ဆေးရုံ face book page တွင် ဖြစ်စေ ဝေဖန်အကြံပြု ပေးစေလိုကြောင်း

ဆေးရုံ၏ လက်ရှိအခြေအနေ နှင့် ဆက်ဆံရေး၊ ကုသမှု ၊ ငွေကြေးကုန်ကျမှုများကို ယခု တလအတွင်း ပုံစံချ ပြုပြင်ဘို့ ကြိုးစားသွားမည်ဖြစ်ကြောင်းသိရပါတယ်။

(သတင်းကိုးကား)
Tin Tun Aung

🙏🙏🙏
29/10/2024

🙏🙏🙏

ရေကြည်မြို့နယ်အသင်း( ရန်ကုန် )၏( ၃၂ )ကြိမ်မြောက် ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲဧရာဝတီတိုင်းဒေသကြီးဓမ္မရုံ ရန်ကုန်မ...
15/09/2024

ရေကြည်မြို့နယ်အသင်း( ရန်ကုန် )၏
( ၃၂ )ကြိမ်မြောက် ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ

ဧရာဝတီတိုင်းဒေသကြီးဓမ္မရုံ ရန်ကုန်မြို့
၁၃၈၆ခုနှစ်၊တော်သလင်းလဆန်း၁၃ရက် ၁၅.၉.၂၀၂၄ ( တနင်္ဂနွေနေ့)

credit ကိုအေးထွန်း

ရေကြည်မြို့နယ်အသင်း(ရန်ကုန်)(၃၂)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ဖိတ်ကြားအပ်ပါသည်။
07/09/2024

ရေကြည်မြို့နယ်အသင်း(ရန်ကုန်)
(၃၂)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ဖိတ်ကြားအပ်ပါသည်။

မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန် ပြိုင်ဘက် အာဒိုဂန်ကို ဒုတိယအချီတွင် အလဲထိုးဖြင့် ရှုံးနိမ့်မြန်မာ့ စပါးအုံးမြွေဟု တင်စာ...
07/09/2024

မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန် ပြိုင်ဘက် အာဒိုဂန်ကို ဒုတိယအချီတွင် အလဲထိုးဖြင့် ရှုံးနိမ့်

မြန်မာ့ စပါးအုံးမြွေဟု တင်စားခေါ်ဝေါ်ခံရသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ယနေ့ နံနက်ပိုင်း (မြန်မာစံတော်ချိန်) တွင် ပြုလုပ်သည့် ONE 168 ပြိုင်ပွဲတွင် ပြိုင်ဘက် တူရဂီနိုင်ငံသား ဖိုက်တာ အာဒိုဂန်ကို ဒုတိယ အချီတွင် အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ပြိုင်ပွဲနှင့် တစ်နှစ်ကျော်ကြာ ဝေးကွာနေသည့် MMA ဖိုက်တာ အောင်လအန်ဆန်သည် အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့၌ ကျင်းပြုလုပ်သည့် ONE 168 ပြိုင်ပွဲတွင် အာဒိုဂန်နှင့် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ခြင်း ဖြစ်သည်။

အောင်လအနေဖြင့် ပြိုင်ပွဲတွင် အင်အားကြီးပြီး မာဂုဏ်မြင့်သည့် ပြိုင်ဘက်ဖြစ်သူ၏ ဖိအားပေးတိုက်ခိုက်မှုများကို ခုခံနေရသည့် အနေအထားတွေ့ရပြီး တန်ပြန်တိုက်စစ်ဆင်နိုင်ခြင်းမျိုး မတွေ့ရဘဲ ဒုတိယအချီတွင် အရှုံးပေးခဲ့ရသည့် အခြေအနေဖြစ်သည်။

ပြိုင်ဘက် တူရကီနိုင်ငံသား အာဒိုဂန်မှာအသက် (၃၃)နှစ်အရွယ်ရှိပြီး MMA ပြိုင်ပွဲ (၉)ပွဲတွင် (၈)ပွဲ အနိုင်ယူထားသူဖြစ်သည်။

အသက် (၃၉) နှစ်အရွယ် အောင်လအန်ဆန်သည်လည်း MMA ပြိုင်ပွဲ (၄၃) ပွဲထိုးသ-တ်ထားပြီး ပွဲ (၃၀) နိုင်၊ (၁၃) ပွဲရှုံးနိမ့်ထားသည့် မြန်မာနိုင်ငံဖွား ကချင်တိုင်းရင်းသား MMA ဖိုက်တာတစ်ဦးဖြစ်သည်။

Address

Yegyi
Yegyi
YEGYI,AYEYARWADY,BURMA

Website

Alerts

Be the first to know and let us send you an email when Yekyi Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yekyi Media:

Share