29/11/2025
ခင်ဦးတိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ စစ်တပ်က လာမကောက်ဘဲ စွန့်ပစ်ထားသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်း မီးသဂြိုလ်ပေးရ
နိုဝင်ဘာ ၂၉၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ စစ် တပ်က လာမကောက်ဘဲ စွန့်ပစ်ထားသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်း မီးသဂြိုလ်ပေးရကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ခင်ဦးပကဖ)မှ တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအတွင်း ၄ ရက်အကြာ ယာယီ တပ်စွဲ အထိုင်ချထာသော အကြမ်းဖက် စစ်တပ်သည် ပျဥ်ထောင်ပျူစောထီးရွာသို့ အင်အား ၁၈၀ ခန့်ဖြင့် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ် စစ်ကြောင်းတစ်ခုလုံး ပျက်သွားပြီး စစ်သား ၈၀ ဝန်းကျင်သေဆုံးကာ လက်နက် ၂၉ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
#ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့