
31/07/2025
နိုင်ငံခြားမှာလား
နုပျိုခြင်းတွေ ရောင်းတယ်
လွတ်လပ်မှု့တွေ ရောင်းတယ်
မိသားစုနဲ့ပျော်ရွှင်ချိန်တွေ ရောင်းတယ်
အိပ်ချိန်တွေ ရောင်းတယ်
အရည်အချင်းတွေ ရောင်းတယ်
မာနတွေ ရောင်းတယ်
တချို့တွေက တခါတလေ စျေးဆစ်တယ်
တချို့တွေက တခါတလေ စျေးနှိမ်တယ်
ခိုင်းတာလုပ်ပေး ရတယ်
ဟန်ဆောင်ပြုံး ရတယ်
သူတို့ဖြူချင်ရင် ဖြူပေးရတယ်
သူတို့ဝါချင်ရင် ဝါပေးရတယ်
သူတို့နီချင်ရင် နီပေးရတယ်
ကိုယ်စိတ်တိုင်းကျ ဆေးချယ်ပိုင်ခွင့်မရှိဘူးလေ
မိသားစုရဲ့ အားကိုးရာသူရဲကောင်း
စျေးခင်းထဲရောက်ရင် သူတို့ကိုယ်တိုင်ရောင်းကုန်ဖြစ်လို့
တဖြည်းဖြည်း ဆံပင်တွေဖြူလို့
တဖြည်းဖြည်း အမြင်တွေဝေဝါးလို့
တဖြည်းဖြည်း သွက်လက်မှု့တွေနှေးလာလို့
တဖြည်းဖြည်း လုပ်အားတွေရောင်းရင်း အိုမင်းလာလို့
တဖြည်းဖြည်း
တဖြည်းဖြည်း
တဖြည်းဖြည်း
လူတချို့က လိုရာခရီးကိုရောက်တယ်
လူတချို့က လျောက်ရင်းနဲ့လမ်းပျောက်တယ်
လူတချို့က ချမ်းမြေ့မှု့ကိုပိုင်ဆိုင်ရတယ်
လူတချို့က ပြန်မရနိုင်တော့တဲ့ဆုံးရှုံးမှု့တွေလက်ခံရတယ်
မိသားစု အတွက်တော့
ရှေတန်းထွက် စစ်သူကြီး တစ်ဦး
#ကိုရီးယား #နိုင်ငံခြား