San Thit Media

San Thit Media Media News@ General Knowlege

မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအားညနေခင်းချိန်၌ လှူဒါန်းပူဇော်သော💐ရေတော်ပန်းကလာပ်တော်များ💐               8.    1.    2023
08/01/2023

မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား
ညနေခင်းချိန်၌ လှူဒါန်းပူဇော်သော
💐ရေတော်ပန်းကလာပ်တော်များ💐
8. 1. 2023

🍱 ထမင်းကြော်နည်းလျို့ဝှက်ချက် ထမင်းကြော်ဖို့ဆို ပေါင်းအိုးထမင်းထက် ရေငဲ့ချက်ထားတဲ့ထမင်းက ပိုစားလို့ကောင်းပါတယ်။ ချက်ထားတ...
06/01/2023

🍱 ထမင်းကြော်နည်းလျို့ဝှက်ချက်

ထမင်းကြော်ဖို့ဆို ပေါင်းအိုးထမင်းထက် ရေငဲ့ချက်ထားတဲ့ထမင်းက ပိုစားလို့ကောင်းပါတယ်။ ချက်ထားတဲ့ထမင်းအိုးကို ယူ၊ ထမင်းကို လက်နဲ့အသာဖွဖွလေး ကျေအောင်ချေ၊ ခရုဆီ သကြား ဆား ပဲငံပြာရည်လေးထည့် ပြီး အသာလေးထပ်နယ်၊ ကြက်သွန်နီပါးပါးလှီးထားတာကို ဆီပူပူမှာဆီသတ်၊ ဘဲဥထည့်ကြော်ပြီး နှံစပ်အောင်မွှေ၊ အရွက်တွေထည့်၊ နွမ်းပြီဆိုမှ ထမင်းထည့်ပြီးကြော်၊ အဆက်မပြတ် အထက်အောက်နှံအောင် မျှတစွာကြော်ပေးမှ တူးနံ့မထွက်တဲ့ထမင်းကြော်အိအိလေးရမှာပါ။ အသားနဲ့ဘဲကြော်ကြော် ငပိထမင်းဘဲကြေည်ကြော် အသားချောင်းတွေနဲ့ဘဲ ကြော်ကြော် ထမင်းကြော်ဖို့အတွက် အဓိကကျတာ ထမင်းရယ် ထမင်းနယ်တဲ့အခါ အသာယာလေးနယ်ပေးခြင်းရယ် မီးအပူရှိန်ညှိတက်ဖို့ရယ်က အဓိကမို့ သိသလောက်လေးရေးပေးလိုက်ပါတယ်နော်။

C. R. D T၀
May Moe Phyu

မုံညှင်းဖူးသုပ်************        အဆာပြေစားမလား ထမင်းဖြူလေးနဲ့စွဲမလားအဟာရဓာတ်အပြည့်အဝပါတဲ့ မုံညှင်းဖူးသုပ်လေးကရှယ်ပဲဗျာ...
02/01/2023

မုံညှင်းဖူးသုပ်
************
အဆာပြေစားမလား ထမင်းဖြူလေးနဲ့စွဲမလား
အဟာရဓာတ်အပြည့်အဝပါတဲ့ မုံညှင်းဖူးသုပ်လေးက
ရှယ်ပဲဗျာ

အစားတစ်လိုင်းကွီး
credit Ko Aung Aung

အကြော်စုံ ကြော်ကြမယ်ဟေ့  ကောင်း...ကောင်း 😍😍 #အကြော်ကြော်နည်းအလွယ်နည်းလမ်းလေးပဲမို့ မုံမုံ လိုစားလဲစားချင်တယ် အပျင်းလဲတစ်...
21/12/2022

အကြော်စုံ ကြော်ကြမယ်ဟေ့ ကောင်း...ကောင်း 😍😍
#အကြော်ကြော်နည်း

အလွယ်နည်းလမ်းလေးပဲမို့ မုံမုံ လိုစားလဲစားချင်တယ် အပျင်းလဲတစ်တယ်ဆို ဒီနည်းလေးက အ၇မ်းအဆင်ပြေပါတယ်

ပါ၀င်ပစ္စည်းများ

ယိုးဒယားမယ် ၃ထုပ်
ကြက်သွန်နီအလုံးကြီး ၂လုံး
အားလူးအလုံးကြီး ၁လုံး
ဘူးသီး ၁စိတ်
ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်း

ယိုးဒယားမယ် အမှုန့်ထဲကို အရင်ဆုံးဆားထည့်ပါ ပြီးလျှင် ေ၇ အနည်းထည့်ရ်ျ သမအောင်မွှေပါ မုန့်နှစ်ရည်ကို မပစ်မကျဲလေးဖျော်ပါ

ကြက်သွန်ကို ပါးပါးလှီးပာ ပြီးလျှင် လက်ဖြင့် မွနေအောင် ခြေပေးပာ
အားလူးကို ခွာပြီးရင် ဆား၇ည် ခန စိမ်ထားလိုက်ပါ
နှစ်သက်သလိုလှီးပါ
ဘူးသီးကို မထူမပါးလေးတွေ လှီးပါ

ဆီအိုးကိုပူလာအောင်တည်ပြီးလျှင် မီးအေးအေးဖြင့် ဟိုဘက် ဒီဘက် လှန့်ရ်ျ ကြော်ပေးပါ

အချဉ်ဖျော်နည်း

ready made အချဉ်ထုပ်ကို ရေထည့် ဆားအနည်းငယ် သကြားအနည်းငယ် ထညက်အနည်းငယ်ဖြင့် ကြိုပါ မိမိနှစ်သက်ရာ အပစ်အကျဲရောက်လျှင် အအေးခံပြီး ငရုတ်သီးစိမ်း ညှက်ထည့် နံနံပင်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ

ကျေးဇူးပါ
လွယ်ကူလျှင်မြန် အရသာရှိပါစေ

Crd
Credit All photos

သကြားကြိုက်သူများသတိ။     တရက်လျှင် သကြား တစ်ဇွန်းကို လိုအပ်သည်ထက် ပို၍စားလျှင် တစ်နှစ်ပြည့်သောအခါ သင်၏ ခန္ဓာကိုယ်ထဲတွင်...
14/12/2022

သကြားကြိုက်သူများသတိ။
တရက်လျှင် သကြား တစ်ဇွန်းကို လိုအပ်သည်ထက်
ပို၍စားလျှင် တစ်နှစ်ပြည့်သောအခါ သင်၏ ခန္ဓာကိုယ်
ထဲတွင် ၃၆၅ ဇွန်းစာမျှသော သကြားများစုမိသွားပါ
မည်။
ဒီသကြားတွေက အခြားအစားအစာတွေလို ကိုယ်ထဲကပြန်ထွက်မသွားပါ။
ထရိုင်ဂလစ်စရိုက် ဆိုသော အဆီတစ်မျိုးအဖြစ် ကိုယ်ခန္ဓာထဲတွင် ကိန်းအောင်းနေတတ်တဲ့အနေအထားတစ်ခုဖြစ်ပါတယ်
ကိုယ်ခန္ဓာ နေရာတကာတွင် စုနေပါတယ်။
သွေးကြော နှလုံး စတဲ့နေရာတွေရဲ့ နံယံတွေမှာလဲ
တဖြည်းဖြည်း စုပုံလာပါတော့တယ်။
အဲဒီအခါ သွေးကြော ကျဉ်းခြင်း၊ ပိတ်ခြင်း၊ သွေကြောမှ
သွေးခဲများ ဖြစ်စေခြင်းတွေ ဖြစ်နိုင်ပါတယ်။ သွေးခဲဟာ
သွေးစီးကြောင်းမှာ ပါသွားပြီး ဦးနှောက် တွင်းသို့
ရောက်လျှင် သွေးကြောပိတ်တတ်ပါတယ်။ လေဖြတ်တယ်လို့ ခေါ်ကြပါတယ်။
သွေးကြောဆိုတာ ကိုယ်ခန္ဓာ နေရာတကာမှာ ရှိလို့
ခန္ဓကိုယ် နေရာတကာမှာ ဖြစ်နိုင်ပါတယ်။
သွေးကြောကိုလဲ ကျဉ်းစေပါတယ်
ခြေထောက်မှာ သွေးကြောပိတ်ရင် ခြေထောက် ပုတ်ပါ
တယ်။
နှလုံးမှာ ပိတ်ရင် နှလုံး ရောဂါရပါတယ်။
အဲဒီ အဆီတွေကို ခန္ဓာကိုယ်ထဲက ထုတ်ချင်ရင်
လမ်းလျှောက်ခြင်း ရေကူးခြင်း စက်ဘီးစီးခြင်း စတဲ့
ချွေးထွက်စေမဲ့ ကိုယ်ကာယ လေ့ကျင်းခန်း တခုခု
သော်၎င်း ကာယခွန်အားစိုက်ထုတ်ရတဲ့ အလုပ်ကြမ်းကို
သော်၎င်း လုပ်ရပါတယ်။
အချိုရည်သံဘူး (330ml) တစ်ဘူးလျှင် သကြား ၁၀ ဇွန်းစာမျှ ပါဝင်ပါသည်။

ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

++++++++++++
ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

ခုရက်ထဲ ဓာတ်ကြနေပါသောဇီးဖြူသီးထောင်းလေးပါရှင့်...ဇီးဖြူသီးဖုတ် ငရုပ်သီးစိမ်းလှော် ငပိလေးနည်းနည်းမီးကင်..ဆားလေးထည့် အချို...
31/10/2022

ခုရက်ထဲ ဓာတ်ကြနေပါသော
ဇီးဖြူသီးထောင်းလေးပါရှင့်...

ဇီးဖြူသီးဖုတ် ငရုပ်သီးစိမ်းလှော် ငပိလေးနည်းနည်းမီးကင်..

ဆားလေးထည့် အချိုမှုန့်စားရင်နည်းနည်းထည့်
အကုန်ရောပြီးထောင်းတာပါ လိုက်လုပ်ကြည့်နော်
ခံတွင်းတွေ့စေရမယ်...

Credit .....

💎 မုန့်ဟင်းခါး ချက်နည်းတစ်နည်း 💎************************************မုန့်ဟင်းခါး ချက်နည်းများစွာရှိတဲ့အထဲက ပထမဆုံးကုလားပ...
26/10/2022

💎 မုန့်ဟင်းခါး ချက်နည်းတစ်နည်း 💎
************************************
မုန့်ဟင်းခါး ချက်နည်းများစွာရှိတဲ့အထဲက ပထမဆုံး
ကုလားပဲဆန်နဲ့ မုန့်ဟင်းခါး ချက်နည်းတစ်မျိုးကိုရေးပေးပါ့မယ်။

ဒီ မုန့်ဟင်းခါး ချက်နည်းကတော့
ဆန်လှော်, ရွှေကြည်, မြေပဲဆန်မပါပါဘူး။
ကုလားပဲဆန်သီးသန့်တစ်မျိုးတည်းနဲ့ ချက်ပြထားပါတယ်။
ကျမ ဒီချက်နည်းအတိုင်း စားချင်စိတ်ဖြစ်နေလို့ပါ။

နောက်တစ်ခါ တော့
ဆန်လှော်ငရုတ်ကောင်းမုန့်ဟင်းခါးချက်နည်း တင်ပေးပါ့မယ်။

ကဲ ခုစချက်ပါတော့မယ်။
ခုစားမယ့်မုန့်ဟင်းခါးချက်တဲ့အခါ လိုအပ်တာတွေက

၁။ ငါးဆီသတ်
၂။ ကုလားပဲဆန်ပြုတ်ထောင်းပါ။

______________________________________________________

၁။ ငါးဆီသတ်ဖို့ အရင်ဦးဆုံး ငါးပြုတ်ကြရအောင်။

ငါး ငါးဆယ်သားကို ( မိမိ နှစ်သက်ရာ ငါး သုံးပါ )
👉 မုန့်လုပ်ထညက်အသေး ၂ ခဲ,
👉 စပါးလင် ၅ ပင် ထုထောင်းခွေထည့်
👉 ငရုတ်ပွ ၅ တောင့်,
👉 ငံပြာရည်ထည့်နယ်ပီး နူးအောင်ပြုတ်၍ အသားနွှင်ထားပါ။
ငါးပြုတ်ရည်နဲ့ စပါးလင်ခွေကို ချက်မည့်အိုးထဲ စစ်ထည့်ထားပါ။

ကြက်သွန်ဖြူ, နီ , ဂျင်းထောင်း၍ ငရုတ်သီးအစိမ်းမှုန့်နဲ့
ရွနေအောင်ဆီသတ်ပီး နွှင်ထားတဲ့ငါးအသားကို ထည့်မွှေပါ။

ငါးအသားနဲ့ ဆီသတ်များရောသွားလျှင်
ငါးပြုတ်ရည် ရေတစ်ဖန်ခွက်ခန့် တစ်ခွက်ထည့်ပါ။

ငါးကို ပျော့ပျော့အိအိ အနေအထားလေးမှာချထားပါ။
မကြွတ်ပါစေနှင့်။

_____________________________________________________

၂။ ကုလားပဲဆန် ငါးဆယ်သားကို
( ဆီ၁ ဇွန်း, နနွင်းအနဲငယ်, ဂျင်းလက်ငါးလုံးခန့် ) နဲ့
နူးအိနေအောင်ပြုတ်ပီး ညက်နေအောင်ထောင်းပါ။

_____________________________________________________

ကဲ မုန့်ဟင်းခါး စ ချက်ပါတော့မယ်။
ကုလားပဲဆန် ပြုတ်ရည်ကိုတော့ ငါးပြုတ်ရည်ထဲ ရောထည့်ပါ။
ကျမကတော့ စပါးလင်အရသာကြိုက်တာမို့
စပါးလင်ထုခွေပီး ၂ ပင် ထပ်ထည့်ပါတယ်။

ထိုအရည်ထဲကို ငါးဆီသတ်နှင့် ပဲထောင်းထည့်၍ မီးဖိုပေါ်တင်မွှေပါ။
ဘဲဥပြုတ်ကို အိုးဘဲဥလုပ်ရန်ထည့်ပါ။

ဟင်းရည်ပေါ် ဆီများ ဝေ့လာသည်အထိတည်ပါ။

အရသာကို
ထညက်ရည်, အချိုမှုန့်, ငံပြာရည် မိမိလိုသလို ကြည့်ထည့်ပါ။

ရေ အပျစ် အကျဲကို မိမိစိတ်ကြိုက် ကြည့်၍ ချိန်ပါ။
အချို့က အပျစ်ကြိုက်၍ အချို့က အကျဲကြိုက်သောကြောင့်ပါ။

ငပျောအူထည့်ပါ။
( ငပျောအူကတော့ လှီးပီး မချက်ခင် ရေထဲ နနွင်းထည့်၍
အနည်းဆုံး တစ်နာရီခန့် စိမ်ထားရပါမယ်။ )

ကြက်သွန်နီဥလေးများထည့်ပါ။

ချခါနီး ငရုတ်ကောင်း အနည်းငယ်ခတ်ပေးပါ။

_____________________________________________________

မုန့်ဟင်းခါးကျက်လျှင်တော့ မိမိ နှစ်သက်ရာ
နံနံပင်, သံပုရာသီး , ပဲသီး,
အကြော်, ငါးဖယ် , ငရုတ်သီးမှုန့်ပြင်ပီး စားသုံးနိုင်ပါပြီရှင်။

____________________________________________________

တစ်ကယ်လို့ မိသားစု လေးငါး ယောက်စာပဲချက်မယ်ဆိုရင်တော့
ကုလားပဲဆန် ၁၀ သား
ငါး ၁၅ ကျပ်သား
စပါးလင် ၂ပင် ( သို့ ) ၃ ပင်
ဂျင်း လက် ၂ ဆစ်ခန့်
မုန့်လုပ် ထညက်အသေး ၁ ခဲ
ငရုတ်ပွ ၂ ခုဆိုရင် ရပါပြီ။

_______________________________________________________________

" နာမည်ကြီး ဝက်ထမင်းပေါင်း ချက်နည်း "ဝက်သားအတုံးလိုက်ကို ရေနွေးဆူဆူမှာ ၄မိနစ်လောက်ပြုတ်ပြီး ပြန်ဆယ်ထား ခရင်းနဲ့ နေရာအနှံ...
25/10/2022

" နာမည်ကြီး ဝက်ထမင်းပေါင်း ချက်နည်း "

ဝက်သားအတုံးလိုက်ကို ရေနွေးဆူဆူမှာ ၄မိနစ်လောက်ပြုတ်ပြီး ပြန်ဆယ်ထား ခရင်းနဲ့ နေရာအနှံအပေါက်ဖြစ်အောင်လိုက်ထိုး ဆား သကြား ပဲငံပြာရည် အရသာမှုန့် ငရုတ်ကောင်း ( မဖြစ်မနေမထည့်ပစ္စည်းများမဟုတ်ပါ 👉 ဟင်းချက်ဝိုင် ပျားရည် red food colour ) တို့ဖြင့်နယ်ကာ ရေခဲသေတ္တာထဲမှာ ၅နာရီလောက်ကြာအောင် အသားနှပ်ပေးထားပါ။

အသားနှပ်ပြီးရင် ပေါင်းမှာလား oven ထဲထည့်ကင်မလား လှီးပြီးထည့်ကြော်မလား ကိုယ့်ဘာသာအဆင်ပြေရာလုပ်ပါ။ ပေါင်းမယ်ဆို ပေါင်းအိုးအလယ်ကန့်သုံးပြီး အသားကျက်တဲ့ထိပေါင်းပြီး အပြားလေးတွေလှီးပြီးစားလို့ရပြီ။ ထွက်လာတဲ့ အရည်ကိုမလွင့်ပစ်နဲ့ အောက်မှာသုံးရမယ့်နေရာတွေပေါ်လာလိမ့်မယ်။ ကင်မယ်ဆိုသေချာကျက်အောင်ကင်ပြီး စားလို့ရပြီ။ ခုကတော့ လှီးပြီး ချက်မယ်။

{ မူရင်းစာသားများအားမိမိဘာသာပြုပြင်ခြင်း Copyယူ Linkပြုလုပ်စီးပွားရှာခြင်းသည်းခံပါ }

ဘဲဥ ငုံးဥ ဝက်ဥချောင်းကြော် သခွားသီး နံနံပင် အသင့်ပြင်ထားပါ။

ကြက်သွန်ဖြူ တစ်ဥကိုအခွံခွာ ဓားပြားရိုက်ပြီး ဆီသပ် အရောင်ပြောင်းသွားရင် ပဲငပိအချိုထည့်ပြီးမွှေ ရေ ပဲငံပြာရည်အကြည် အရသာမှုန့် ထည့် လှီးထားတဲ့ ဝက်သားပြားထည့်ပြီးချက်။ ရေခမ်းခြောက်နေအောင် မချက်ရ ရေကျန်နေရပါမယ်။ ကော်ရည်ကြိုက်တယ်ဆို ကော်ရည်လေးဖျော်ထည့်ပြီး ခဏလောက် မီးအပူပေးလိုက်ဦး။ ပြီးမှ ထမင်းပေါ်ကနေ ဆမ်းချလိုက်ပြီး အစာပလာတွေနဲ့ စားရုံပါဘဲ ☺ မုန်ညှင်းရွက်တွေ မှိုတွေ ဘာတွေထည့်ချင်လည်း ဝက်ပြုတ်ရည်ထဲ ခနထည့်ပြုတ်ပြီး ပြန်ဆယ်ပြီး တွဲစားလို့ရပါတယ်။

ဆော့ကတော့ ကြက်သွန်ဖြူ ဂျင်း ကိုထောင်းထား ပြီးတော့ ငရုတ်သီးစိမ်း ဝက်အသားပြုတ်ရည် အားလုံးကိုရောလိုက်ပါ။ ပဲငပိတစ်ဇွန်းစာထည့်ပါ။ သံပုရာရည်ညှစ်ပါ။

{ မူရင်းစာသားများအားမိမိဘာသာပြုပြင်ခြင်း Copyယူ Linkပြုလုပ်စီးပွားရှာခြင်းသည်းခံပါ }

Credit : Ma May Moe Phyu

PhotoCredit

ညီအကိုနှစ်ဦး ရန်ဖြစ်ပွားရာမှ တစ်ဦးသေဆုံး~~~~~~~~~~~~~~~မန္တလေးမြို့ မဟာအောင်မြေမြို့နယ် 36လမ်း/ 87×88လမ်းကြားတွင် နေထိုင...
25/10/2022

ညီအကိုနှစ်ဦး ရန်ဖြစ်ပွားရာမှ တစ်ဦးသေဆုံး
~~~~~~~~~~~~~~~

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် 36လမ်း/ 87×88လမ်းကြားတွင် နေထိုင်သော ညီအကိုနှစ်ဦးသည် 10:00AM အချိန်ခန့်က ရန်ဖြစ်ပွားခဲ့ရာ အကိုဖြစ်သူမှ ဓါးဖြင့်ထိုးလိုက်သဖြင့်-

အသက်27နှစ်အရွယ် ညီဖြစ်သူမှာ ထိုးသွင်းဒဏ်ရာဖြင့် ကွယ်လွန်သွားသောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဌာနသို့ ပို့ဆောင်ကူညီ‌‌ ပေးခဲ့ပါသည်။

"မဏီစလ"လူမှုကူညီရေးအသင်း(မန္တလေး)

#သတင်းနှင့်ပြန်ကြားရေး 24.10.2022

ပြည်သူ့အလှူငွေသည်ပြည်သူအားကူညီဖို့သာဖြစ်သည်

K Pay- 09402611166

⏰ 24 Hours
🚨 အရေးပေါ်ကြုံတွေ့လာပါက
🙏 သင့်ဖုန်း(1)Callဖြင့်ကူညီပါ။
☎️09.402611166 ၊ 36လမ်း ၊ 86လမ်းထောင့်၊
☎️09.402611177 ၊ မြတောင်ကျောင်းတိုက်၊
☎️09.402611188 ၊ မဟာအောင်မြေမြို့နယ်။

ဝက်ပင်စိမ်းကြော်==========ဝက်ကြိတ်သားကိုဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်နှယ်နှပ်ထားပါ။ပဲတောင့်ရှည်သီး၃တောင့်လှီးထ...
23/10/2022

ဝက်ပင်စိမ်းကြော်
==========

ဝက်ကြိတ်သားကို
ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်နှယ်နှပ်ထားပါ။
ပဲတောင့်ရှည်သီး၃တောင့်လှီးထား
ငရုတ်သီး စိမ်း၂တောင့်လှီးထား
ပင်စိမ်းရွက်သို့မဟုတ် ဖက်ကဖောင်းရွက်
အနည်းငယ်ကို ရေဆေးထား။
ကြက်သွန်နီ၊ ဖြူ အနည်းငယ်လှီးထား။
ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊
ကော်မှုန့်အနည်းငယ်စီကို ရေဖြင့်ဖျော်ထားပါ။
ကြက်သွန်နီ၊ ဖြူ ကိုအရင်ထည့်ကြော်
ဝက်ကြိတ်သားထည့်မွှေ၊
ပဲသီးနှင့်ငရုတ်သီးထည့်၊
ကျက်ခါနီး ဖျော်ထားသောကော်ရည်လောင်းထည့်၊
ပင်စိမ်းရွက်အုပ်ပြီး ချနိုင်ပါပြီ။သုံးဆောင်နိုင်ပါပြီ။

#ဖိုးသက်Kitchen

ဝက်ပင်စိမ်းကြော်
==========

ဝက်ကြိတ်သားကို
ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်နှယ်နှပ်ထားပါ။
ပဲတောင့်ရှည်သီး၃တောင့်လှီးထား
ငရုတ်သီး စိမ်း၂တောင့်လှီးထား
ပင်စိမ်းရွက်သို့မဟုတ် ဖက်ကဖောင်းရွက်
အနည်းငယ်ကို ရေဆေးထား။
ကြက်သွန်နီ၊ ဖြူ အနည်းငယ်လှီးထား။
ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊
ကော်မှုန့်အနည်းငယ်စီကို ရေဖြင့်ဖျော်ထားပါ။
ကြက်သွန်နီ၊ ဖြူ ကိုအရင်ထည့်ကြော်
ဝက်ကြိတ်သားထည့်မွှေ၊
ပဲသီးနှင့်ငရုတ်သီးထည့်၊
ကျက်ခါနီး ဖျော်ထားသောကော်ရည်လောင်းထည့်၊
ပင်စိမ်းရွက်အုပ်ပြီး ချနိုင်ပါပြီ။သုံးဆောင်နိုင်ပါပြီ။

Crd........

*** ကြာဇံကြော် ***ကြော်တတ်တဲ့သူတော့များမှာ မကြော်တတ်သူအတွက် တော့ အထောက်အကူ ဖြစ်အောင်ဖို့ပါဆီနည်းနည်းနဲ့ ဆိုင် ကြာဇံ ကြော...
23/10/2022

*** ကြာဇံကြော် ***

ကြော်တတ်တဲ့သူတော့များမှာ မကြော်တတ်သူအတွက် တော့ အထောက်အကူ ဖြစ်အောင်ဖို့ပါ
ဆီနည်းနည်းနဲ့ ဆိုင် ကြာဇံ ကြော် နည်း စား၇တာလဲမအီ ...ခုကြော်ထားတာ လူ၁၀ယောက်စာ ပါ
ပါ၀င်ပစ္စည်း
ဆန်ကြာဇံ
ဆန်အ၇က်
ခ၇ုဆီ
ကြက်သွန်ဖြူ
ကြက်ဥ
တ၇ုတ်ငံပြာ၇ည် အကြည်
Luncheon Meat
နှမ်းဆီ အနည်းငယ်
င၇ုတ်ကောင်း မှုန့်
၀က်သားသို့မဟုတ်ကြက်သား
ဆီ ထမင်းစားဇွန်း ၂ ဇွန်း သို့မဟုတ် ၃ဇွန်း
ဂေါ်ဖီ
ဗိုလ္​ စားပဲ
မုန်လာဥ နီ
(မိမိနစ်သက်၇ာအ၇ွက်ထည့်ပါ)

ပြုလုပ်နည်း
ဆန်ကြာဇံ ကို ၁နာ၇ီ ခန့် ေ၇စိမ်ထားပါ
ကြက်ဥ /Lunceon Meat ကို ဆီ အနယ်းငယ် ဖြင့်
ကြော်ပီး ပါးပါး လှီးထားပေးပါ ပီးလျှင်
မုန်လာဥ နီကို ေ၇နွေးဆူဆူထဲသို့ ဆားအနည်းငယ် ထည့်ပီး နူးသည့်ထိ ခန ပြုတ်လိုက်ပါ ပီးလျှင် ဗိုလ်စားပဲ
ထည့် ပီး သွန် ပြစ် ပါ ေ၇အေးဖြင့် ဆေးပီး ဇကာဖြင့်
ခန စစ်ထားပေးပါ

အိုးထဲ သို့ ဆီအနည်းငယ်ထည့်ပီး ကြက်သွန်ဖြူ
ဆီသတ် ၀က်သား သို့မဟုတ် ကြက်သား
ထည့် နှမ်းဆီ ဆန်အ၇က် အနည်းငယ် ထည့်
ေ၇အနည်းငယ် ထည့်ပီး ခန အုပ်ထားပေးပါ ပီးလျှင်
ကြာဇံ ထည့် ခ၇ုဆီ တ၇ုတ်ငံပြာ၇ည် ထည့်
ေ၇ အနည်းငယ် ထည့်ပီး ခနအုပ်ထား ကြက်ဥ အသားချောင်း ကြော် ထားတာ ထည့် ဂေါ်ဖီ ထည့်ပီး
လိမ့်ပေး ပါ ကြာဇံ ဂေါ်ဘီ အိသွားပီးဆိုလျှင် ေ၇နွေးဖျော ထားသော မုန်လာဥ နီ ဗိုလ်စားပဲ ထည့် င၇ုတ်ကောင်း အဖြူ မှုန့် ထည့်ပီး အဖုံး အုပ် မီးပိတ်၇ပီ

ဒီနည်းဖြင့် ကြော်ကြည့်ပါနော အ၇ွက်အေ၇ာင်အထားခံပီး လူအများစာ အတွက် အဆင်ပြေပါတယ်
ဆီလဲ မများ တော့ ကြာဇံ ကမအီ ပဲ အိအိလေးနဲ့ စားကောင်းတယ် ရှင့် အဓိကအိုးအပူ ငွေ့ နဲ့ ေ၇ကို လိမ့်
ပီး ကြော်ထားတာပါ
အများစာ အလှူ အတွက် တကယ်သင့်တော်ပါတယ် စားကောင်း ကြပါစေရှင့်
(ဂေါ်ဖီ ကိုလဲဆား၇ည်ဖြင့် တစ်နာ၇ီခန့် ေ၇စိမ်းထားပေးပါ)...

မူရင်းချက်ပြုတ်နည်းရေးသားသူ မနော်ဖြူဖြူ အား credit ပေးပါသည်။
လေးစားစွာဖြင့် မျှဝေသည်။

နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မှူးကြီး စောချစ်သူသမီးပိုင်ကုန်တိုက်မှာ မပေါက်ကွဲသေးတဲ့ ကားဗုံးတွေ့ရှိ+++++++++++++++++အော...
19/10/2022

နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မှူးကြီး စောချစ်သူသမီးပိုင်ကုန်တိုက်မှာ မပေါက်ကွဲသေးတဲ့ ကားဗုံးတွေ့ရှိ
+++++++++++++++++
အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)ရဲ့ ဗိုလ်မှူးကြီး စောချစ်သူသမီးပိုင် လင်းသီရိကုန်တိုက်(၁)အနီး မပေါက်ကွဲသေးတဲ့ ကားဗုံး ဒီနေ့အောက်တိုဘာလ ၁၈ ရက်နေ့၊ နေ့လည်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများဆီက သိရပါတယ်။

Pajero IO ကားပေါ်မှာ တပ်ဆင်ထားတဲ့ ဗုံးကို လင်းသီရိကုန်တိုက်ရှေ့အနီး ဘုရင့်နောင်လမ်းနဲ့ ဦးအောင်ဇေယျလမ်းထိပ်မှာ ရပ်ထားတာကို တွေ့ရှိပြီးနောက် စစ်ကောင်စီတပ်သားများက ညနေပိုင်းထိ ဖယ်ရှားရှင်းလင်းနေခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမိုင်းရှင်းလင်းချိန် စစ်ကောင်စီတပ်က ကားလမ်းများ ပိတ်ထားခဲ့ပြီး ဘယ်အဖွဲ့က မိုင်းထောင်ထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Address

George Town
11060

Telephone

+601139408719

Website

Alerts

Be the first to know and let us send you an email when San Thit Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to San Thit Media:

Share