
12/07/2025
အစမှာတော့ ချစ်ခြင်းမေတ္တာတွေနဲ့ လှပခဲ့တယ်၊တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေနဲ့ တည်ဆောက်ခဲ့ကြတယ် ....အားနည်းချက်တွေကို ဖုံးကွယ်စရာမလိုဘဲ
ပွင့်လင်းစွာ ပြောပြနိုင်ခဲ့တယ်....
ဒါပေမဲ့ အဆုံးမှာတော့ နာကျင်ခြင်းတွေနဲ့ ပြည့်နှက်လို့၊
အကြောင်းပြချက်မရှိဘဲ ထွက်ခွာသွားတဲ့ မင်းကြောင့်
ငါ့ရဲ့အားနည်းချက်တွေဟာ....
မင်းအတွက် လက်နက်တစ်ခုလို ဖြစ်သွားခဲ့တယ်
အခုတော့ ငါတစ်ယောက်တည်း အထီးကျန်စွာ၊
မင်းမရှိတော့တဲ့ ဘဝမှာ အလွမ်းတွေနဲ့ ရင်ဆိုင်နေရတယ်
တစ်ချိန်က ပျော်ရွှင်ခဲ့တဲ့ အတိတ်တွေကို ပြန်တမ်းတရင်း
နာကျင်မှုတွေနဲ့ နေ့ရက်တွေကို ကုန်ဆုံးစေချင်မိတယ်.....
အညတရ(zero)