09/05/2026
ကိုယ့်အိမ်မှာ မိုးယိုနေတာကိုတောင် မေ့ထားပြီး
သူတစ်ပါးအမိုးကို လိုက်ပြင်ပေးခဲ့တဲ့ ငါ့စေတနာဟာ
တကယ်တော့... အားလုံးအတွက် လှေကားထစ်တစ်ခုသက်သက်ပါပဲ......။
ငါ့အနာကို ဆေးထည့်ပေးမယ့်သူ ဝေးစွ...
ငါ့ရဲ့ နာကျင်မှုကိုတောင် မြင်အောင်ကြည့်ပေးမယ့်သူ
မရှိခဲ့ဘူး......။
သြော်... လူတွေဟာ
"ကိုယ့်အတွက်ကိုယ်" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
တစ်ဖက်လူရဲ့ နှလုံးသားကို နင်းခြေဖို့
ဝန်မလေးကြသူတွေပါလား.....။