အညတရ-zero

အညတရ-zero "Even after knowing for sure that you’re no longer mine, I’m still in love with you."

ကိုယ့်အိမ်မှာ မိုးယိုနေတာကိုတောင် မေ့ထားပြီးသူတစ်ပါးအမိုးကို လိုက်ပြင်ပေးခဲ့တဲ့ ငါ့စေတနာဟာတကယ်တော့... အားလုံးအတွက် လှေကာ...
09/05/2026

ကိုယ့်အိမ်မှာ မိုးယိုနေတာကိုတောင် မေ့ထားပြီး
သူတစ်ပါးအမိုးကို လိုက်ပြင်ပေးခဲ့တဲ့ ငါ့စေတနာဟာ
တကယ်တော့... အားလုံးအတွက် လှေကားထစ်တစ်ခုသက်သက်ပါပဲ......။

ငါ့အနာကို ဆေးထည့်ပေးမယ့်သူ ဝေးစွ...
ငါ့ရဲ့ နာကျင်မှုကိုတောင် မြင်အောင်ကြည့်ပေးမယ့်သူ
မရှိခဲ့ဘူး......။

သြော်... လူတွေဟာ
"ကိုယ့်အတွက်ကိုယ်" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
တစ်ဖက်လူရဲ့ နှလုံးသားကို နင်းခြေဖို့
ဝန်မလေးကြသူတွေပါလား.....။

သည်းခံခြင်းဆိုတာအက်ကြောင်းထပ်နေတဲ့ ဖန်ခွက်တစ်ခုလိုပဲ....ငါကတော့ ပြည့်လျှံလာမယ့် ရေစက်တွေကိုမေတ္တာနဲ့ အသာအယာ ထိန်းထားခဲ့တ...
08/05/2026

သည်းခံခြင်းဆိုတာ
အက်ကြောင်းထပ်နေတဲ့ ဖန်ခွက်တစ်ခုလိုပဲ....
ငါကတော့ ပြည့်လျှံလာမယ့် ရေစက်တွေကို
မေတ္တာနဲ့ အသာအယာ ထိန်းထားခဲ့တာ....။

အခုတော့ အဲဒီဖန်ခွက်က အပိုင်းပိုင်းကွဲသွားပြီ
ကောက်သိမ်းဖို့တောင် လက်ရှမှာ ကြောက်ရတဲ့အထိပဲ။

မေတ္တာတွေက အငွေ့ပျံသွားတာ
မင်း သတိမထားမိလိုက်တဲ့ အချိန်မှာပေါ့....။
နေပူထဲ ချထားတဲ့ ရေတစ်ခွက်လိုပဲ
တဖြည်းဖြည်းနဲ့ ခမ်းခြောက်
နောက်ဆုံးတော့ ဖုန်မှုန့်တွေပဲ ကျန်ခဲ့တယ်။

ငါတို့ကြားက ရေစက်ဆိုတာကြီးကို
ငါ အတော်လေး ငြီးငွေ့နေပြီ။

ဒါဟာ ဝဋ်ကြွေးဆိုရင်လည်း
အတိုးရော အရင်းရော အကုန်ပေးဆပ်ပြီး
ဒီဇာတ်လမ်းကို အမြန်ဆုံး အဆုံးသတ်ချင်ပြီ....။

မင်းနဲ့ ဆုံတွေ့ရမယ့် နောက်ထပ် ဘဝတွေရှိရင်တောင်
ငါကတော့ တခြားလမ်းက ကွေ့ပတ်သွားမှာ။

နာကျင်ရတာတွေက
နေ့တိုင်းသောက်နေကျ ဆေးခါးကြီးလိုပဲ.....။
မြိုသိပ်ရလွန်းလို့ ရင်ဘတ်ထဲမှာ
ခဲဆွဲထားသလို လေးလံနေပြီ.....။
ပင်ပန်းတယ်ဆိုတာထက်
ငါ့ကိုယ်ငါ သနားဖို့တောင် အချိန်မရှိတော့တဲ့အထိပဲ....။

စိတ်နာတယ်လို့တော့ ငါ မပြောပါဘူး....။
ဘာလို့လဲဆိုတော့...
စိတ်နာဖို့အတွက်တောင် အချစ်ဆိုတဲ့
လောင်စာက လိုသေးတာကိုး.....။
ငါ့ဆီမှာက ပြာတောင် မကျန်တော့တဲ့ မီးလောင်ပြင်ပဲ။

စိတ်ကုန်သွားပြီ ဆိုတာ...
လမ်းဆုံးမှာ ရှိတဲ့ တံတိုင်းကြီးတစ်ခုလိုပဲ
တိုးလို့လည်း မရတော့ဘူး၊ ကျော်လို့လည်း မရတော့ဘူး။
ငါကတော့ အဲဒီတံတိုင်းရှေ့မှာ
နောက်လှည့်ပြန်ဖို့ ပြင်နေပြီ.....။

သူ သိပါတယ် ...ငါ့ရဲ့ ညတွေဟာ သူ့နာမည်နဲ့ပဲ မိုးလင်းတတ်တာကိုငါ့ရဲ့ နာရီလက်တံတွေက သူ့ဆီမှာပဲ ရပ်တန့်နေတာကိုဒါတွေကို သူ အကုန...
08/05/2026

သူ သိပါတယ် ...
ငါ့ရဲ့ ညတွေဟာ သူ့နာမည်နဲ့ပဲ မိုးလင်းတတ်တာကို
ငါ့ရဲ့ နာရီလက်တံတွေက သူ့ဆီမှာပဲ
ရပ်တန့်နေတာကိုဒါတွေကို သူ အကုန်သိပါတယ်...။

မေ့ပစ်ဖို့ ကြိုးစားတိုင်း
ပိုပိုပြီး သတိရနေရတဲ့ ငါ့ရဲ့ ဒုက္ခတွေကိုလည်း
သူ အလွတ်ရနေမှာပါ......။

ဖုန်းမျက်နှာပြင်လေး လင်းလာနိုးနဲ့
ငါ့လက်ချောင်းတွေ တုန်ယင်နေတာကအစ
သူ သိနေမှာပါ ... သူ သိနေမှာပါ....။

ခက်တာက ...
သူ သိနေလို့ပဲ ငါ့ကို အဖက်မလုပ်တော့တာလား....။

ငါ့ရဲ့ အချစ်တွေက သူ့အတွက်တော့
လမ်းဘေးက ကျောက်ခဲတစ်လုံးလို
တန်ဖိုးမရှိတာမျိုး ဖြစ်နေပြီလား......။

ငါကတော့ ...
သူ့ဆီက စကားတစ်ခွန်း၊ စာတစ်ကြောင်းကို
ငတ်မွတ်နေတဲ့ လူတစ်ယောက်လို
တမျှော်မျှော်နဲ့ စောင့်နေမိတုန်းပဲ.....။

ဒီလောက်ထိ ပုံအပ်ထားတဲ့ ငါ့နှလုံးသားကို
သူကတော့ အမှိုက်ပုံးဘေးက အရုပ်ဟောင်းတစ်ခုလို
လှည့်တောင် မကြည့်တော့ဘူး......။

သိနေတာက ခံရခက်တယ် ...
မသိချင်ယောင်ဆောင်နေတာက ပိုပြီး နာကျင်ရတယ်။

ငါ့ရဲ့ လွမ်းဆွတ်မှုတွေဟာ
သူ့အတွက်တော့ နေ့စဉ်ဖတ်နေကျ
ငြီးငွေ့စရာ သတင်းစာဟောင်းတစ်စောင် ဖြစ်နေခဲ့ပြီ။

ဒါပေမဲ့လည်း ...
သူ သိနေတာကိုပဲ ငါက ကျေနပ်နေမိသလိုလို။
အဖက်မလုပ်လည်း ထားလိုက်ပါတော့
ငါ့ရဲ့ ရူးသွပ်မှုတွေကို သူ မြင်နေရရင်ပဲ
ငါ့အချစ်က တစ်ဝက်တစ်ပျက်
အောင်မြင်နေတာပဲ မဟုတ်လား....။

အေးစက်စက် လျစ်လျူရှုမှုတွေကြားမှာ
ငါကတော့ ငါ့ကိုယ်ငါ ပြန်ချစ်ဖို့တောင် မေ့ပြီး
သူ့ကိုပဲ ... ဆက်ပြီး သတိရနေဦးမှာပါပဲ.....။
သူ သိသိကြီးနဲ့ ...
ငါကလည်း သိသိကြီးနဲ့ပဲ။ ။

လွမ်းတယ်" ဆိုတဲ့ စကားလုံးကို အကြိမ်ကြိမ် ရွတ်ဆိုနေမိပေမယ့်ရင်ထဲက ဟာတာတာ ခံစားချက်ကတော့ ပြည့်လျှံမလာခဲ့ဘူး.....။မျက်တောင်...
07/05/2026

လွမ်းတယ်" ဆိုတဲ့ စကားလုံးကို
အကြိမ်ကြိမ် ရွတ်ဆိုနေမိပေမယ့်
ရင်ထဲက ဟာတာတာ ခံစားချက်ကတော့
ပြည့်လျှံမလာခဲ့ဘူး.....။

မျက်တောင်တစ်ခတ်စာတောင် အလွတ်မပေးဘဲ
မင်းကို စိုက်ကြည့်နေရင်း... ငါ့ရဲ့ လွမ်းရက်တွေကို အဆုံးသတ်ချင်မိတာ....။

​အတိတ်ဆိုတာ... ပြန်ပြင်လို့မရတဲ့
စာအုပ်အဟောင်းတစ်အုပ်ပါ.....။
အဲဒီထဲမှာ ဘယ်လို နာကျင်စရာတွေပဲ ရှိခဲ့ရှိခဲ့...
အခုချိန်မှာ မင်းက ငါ့အပိုင်" ဖြစ်နေတယ်ဆိုတဲ့
အသိလေးနဲ့တင် ငါ့ဘဝက ပြီးပြည့်စုံနေပါပြီ.....။

"​ငါ့အနားမှာ အကြာကြီး ရှိနေပေးပါနော်..."

ငါ့အနာဂတ်ရဲ့ လမ်းမထက်မှာ မင်းရဲ့
ခြေရာလေးတွေ အမြဲရှိနေဖို့က
ငါ့ဘဝရဲ့ တစ်ခုတည်းသော ဆန္ဒပါ....။

​မင်းကို ပိုင်ဆိုင်ရခြင်းဟာ...
ကံကြမ္မာက ငါ့အတွက် သီးသန့်ပေးတဲ့
အလှပဆုံး ဆုလာဘ်တစ်ခုပါပဲ...✨❤️

မှောင်မိုက်လွန်းတဲ့ ညတွေကို ကိုယ့်နှလုံးသားကို မီးအိမ်လုပ်လို့ လမ်းရှာခဲ့ဖူးတယ်....။မျက်ရည်တွေကို ကိုယ်တိုင်သုတ်ပြီး ပြု...
07/05/2026

မှောင်မိုက်လွန်းတဲ့ ညတွေကို
ကိုယ့်နှလုံးသားကို မီးအိမ်လုပ်လို့
လမ်းရှာခဲ့ဖူးတယ်....။

မျက်ရည်တွေကို ကိုယ်တိုင်သုတ်ပြီး ပြုံးပြခဲ့ဖူးတယ်။

သူစိမ်းတွေကြားမှာ ယိမ်းယိုင်ခဲ့ပေမဲ့
အလဲမခံခဲ့တဲ့ မာန်တွေက
ဒီနေ့အတွက် အကောင်းဆုံး ခွန်အားတွေပေါ့...။

ရှေ့မှာ ဘာတွေပဲရှိနေပါစေ...
ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ မကယ်နိုင်တဲ့
အခြေအနေတွေကို ကျော်ဖြတ်ခဲ့ပြီးပြီမို့...
နောက်ထပ် လာမယ့် လှိုင်းလုံးတွေကို
ပြုံးပြုံးလေးပဲ ရင်ဆိုင်လိုက်ပါတော့....။

တကယ်တော့ ဗျာ...ကျုပ်ရဲ့ သွေးတွေကို ခွက်ထဲထည့်ပြီး တိုက်ရင်တောင်ခင်ဗျားတို့က "အရသာရှိတဲ့ ဝိုင်" လို့ပဲ အရသာခံသောက်ကြမှာ.....
07/05/2026

တကယ်တော့ ဗျာ...
ကျုပ်ရဲ့ သွေးတွေကို ခွက်ထဲထည့်ပြီး
တိုက်ရင်တောင်ခင်ဗျားတို့က "
အရသာရှိတဲ့ ဝိုင်" လို့ပဲ အရသာခံသောက်ကြမှာ....။

အဲဒီလောက်ထိကို ကျုပ်တို့က လွဲချော်နေကြတာဗျာ။

ခင်ဗျားတို့ "နားလည်ပါတယ်" ဆိုတဲ့
စကားလုံးကို သုံးလိုက်တိုင်း
ကျုပ် ရင်ဘတ်ထဲက အထီးကျန်ခြင်းက
ဆေးလိပ်မီးခိုးလို ပိုပြီး ခါးသက်လာတော့တာပဲ။

အဲဒါပါပဲ...
နားမလည်ခြင်းတွေနဲ့ တည်ဆောက်ထားတဲ့
ဒီမြို့ပြမှာ ကျုပ်ကတော့ ကျုပ်ဒဏ်ရာကိုပဲ
ကျုပ် ပြန်သောက်သုံးနေရဦးမှာပဲ....။
အထီးကျန်တာထက်...
လွဲချော်နေရတာက ပိုပြီး
နာကျင်ဖို့ကောင်းတယ် မဟုတ်လား။ ။

ကိုယ့်ကိုယ်ကိုယ် ပြန်သတ်ဖို့သူ့ကို လက်နက်မပေးလိုက်နဲ့....။သူက...မင်းအသက်ရှူဖို့ လိုအပ်တဲ့ အောက်ဆီဂျင် မဟုတ်ဘူး.....။မိုး...
07/05/2026

ကိုယ့်ကိုယ်ကိုယ် ပြန်သတ်ဖို့
သူ့ကို လက်နက်မပေးလိုက်နဲ့....။

သူက...
မင်းအသက်ရှူဖို့ လိုအပ်တဲ့ အောက်ဆီဂျင် မဟုတ်ဘူး.....။

မိုးရွာရင် ထီးဆောင်း၊
နေပူရင် အရိပ်ရှာ၊
သူသွားချင်ရင်... လမ်းဖွင့်ပေးလိုက်....။

ကိုယ့်ကိုယ်ကိုယ် ပြန်ပွေ့ဖက်ထားစမ်းပါ
မင်းဘဝမှာ
မင်းကလွဲလို့ ဘယ်သူမှ
အစစ်အမှန် မဟုတ်ဘူး...။

ငါ တိတ်ဆိတ်ခြင်းကို ခုံမင်လာတာမဟုတ်ဘူးလို့ပဲ ဖြေပါရစေ.....။တကယ်တော့ ငါဟာစကားလုံးတွေနဲ့ ကမ္ဘာပတ်ချင်ခဲ့တဲ့ကောင်ပါကိုယ့်ရဲ...
06/05/2026

ငါ တိတ်ဆိတ်ခြင်းကို ခုံမင်လာတာ
မဟုတ်ဘူးလို့ပဲ ဖြေပါရစေ.....။

တကယ်တော့ ငါဟာ
စကားလုံးတွေနဲ့ ကမ္ဘာပတ်ချင်ခဲ့တဲ့ကောင်ပါ
ကိုယ့်ရဲ့ ဝမ်းနည်းမှုတွေ၊ ပျော်ရွှင်မှုတွေကို
လမ်းဘေးက လူစိမ်းတစ်ယောက်အထိ
သိစေချင်ခဲ့ဖူးတယ်......။

ဒါပေမဲ့ မင်း သိလား ...
ဒီလောကကြီးမှာ အသံတွေက အရမ်းများလွန်းတယ်
လူတိုင်းက ကိုယ်ပြောချင်တာကိုပဲ
အော်ပြောနေကြပြီး ဘယ်သူကမှ
တစ်ဖက်လူရဲ့ အသက်ရှူသံကို
နားမထောင်ကြဘူး......။

ကိုယ့်စကားလုံးတွေက ရေထဲပစ်ချလိုက်တဲ့
ကျောက်ခဲလို လှိုင်းခွပ်လေးတောင် မထဘဲ
မြုပ်ဝင်သွားတဲ့အခါ
ကိုယ့်အသံတွေက နံရံကိုသွားရိုက်ပြီး
ကိုယ့်ဆီပဲ ပြန်လာတဲ့အခါ
အဲ့ဒီအခါမျိုးမှာ ...
ငါ့စကားလုံးတွေကို ငါ့အိတ်ကပ်ထဲပဲ
ပြန်ထည့်လိုက်တယ်....။

တကယ်တမ်းကျတော့
ကိုယ်ပြောလို့လည်း အရာမထင်တဲ့ နေရာမှာ
ပါးစပ်ပိတ်နေနေတာဟာ အကောင်းဆုံးပဲ....။
အဓိပ္ပာယ်မရှိတဲ့ ဝိုင်းတွေထဲမှာ
အပိုလူတစ်ယောက်လို အသံထွက်နေရမှာကို
ငါ ပျင်းတယ်....။

ငါ တိတ်ဆိတ်နေတာဟာ ငြိမ်းချမ်းလို့ မဟုတ်ဘူး
ငါ တိတ်ဆိတ်နေတာဟာ တရားရနေတာလည်း
မဟုတ်ဘူး ကိုယ့်စကားလုံးတွေကို
အဖတ်မလုပ်တဲ့ နေရာမျိုးမှာ
ကိုယ့်အသံကို အလဟဿ အကုန်မခံချင်တော့တာ။

အဲ့ဒါကို တိတ်ဆိတ်ခြင်းကို ခုံမင်တယ်လို့ မခေါ်ပါနဲ့
ဒါဟာ ... ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ကာကွယ်နေတာပါ။

အရာမထင်တဲ့ နေရာမှာ ပါးစပ်ပိတ်ထားလိုက်ရတာဟာ
တစ်ခါတလေကျတော့လည်း
အကျယ်လောင်ဆုံး အော်ဟစ်လိုက်တာထက်
ပိုပြီး ခရီးရောက်တယ်လို့
ငါ ယုံကြည်မိလို့ပါ။ ။

အချိန်တွေက...နှလုံးသားရဲ့ နာရီစည်းချက်တွေကို ညင်ညင်သာသာလေး ပြောင်းလဲပစ်ခဲ့တာ ဘယ်သူမှ သတိမထားမိလိုက်ဘူး။ဟိုးတစ်ချိန်က...အ...
06/05/2026

အချိန်တွေက...
နှလုံးသားရဲ့ နာရီစည်းချက်တွေကို ညင်ညင်သာသာလေး ပြောင်းလဲပစ်ခဲ့တာ ဘယ်သူမှ သတိမထားမိလိုက်ဘူး။

ဟိုးတစ်ချိန်က...အချစ်ဆိုတာ
နွေလယ်ခေါင်က လေပြင်းမုန်တိုင်းတစ်ခုလိုပဲ
ရူးသွပ်ခြင်းတွေနဲ့အတူ အရှိန်အဟုန်ပြင်းပြင်း
တိုက်ခတ်ခဲ့ကြတယ်၊ပိုင်ဆိုင်လိုစိတ်တွေနဲ့
တစ်ယောက်ကိုတစ်ယောက်
လောင်မြိုက်ခဲ့ကြတယ်၊"မင်းမရှိရင် မဖြစ်ဘူး"
ဆိုတဲ့ အစွန်းရောက် စွဲလမ်းမှုတွေကြားမှာ
ငါတို့ရဲ့ ငယ်ရွယ်ခြင်းတွေကို ခပ်ကြမ်းကြမ်း
အသုံးချခဲ့ဖူးတာပေါ့....။

အဲဒီတုန်းက အချစ်ဆိုတာ...
ရင်ဘတ်ထဲမှာ တဒုန်းဒုန်းနဲ့ ခုန်နေရမှ၊
မျက်ရည်တွေနဲ့ ပူလောင်နေရမှ အချစ်လို့ ထင်ခဲ့ကြတာ။

ဒါပေမဲ့...
အခုတော့လည်း ဆောင်းဦးပေါက်ရဲ့
နေရောင်ခြည်နွေးနွေးလေးလို
ငါ့ရဲ့ နှလုံးသားဟာ ငြိမ်သက်ခြင်းရဲ့
အရသာကို သိရှိခဲ့ပြီ.....။

အချစ်ဆိုတာကြီးက...
အရင်လို ဟုန်းဟုန်းတောက်နေတဲ့ မီးပုံကြီး
မဟုတ်တော့ဘူး.....။
သူဟာ... ညနေခင်းရဲ့ လေပြေအေးလေးလို
ငါ့ရဲ့ ပခုံးပေါ်ကို အသာအယာ နားခိုလာတတ်ပြီ။

အခု ငါ...
အချစ်ကို နူးနူးညံ့ညံ့လေး မြည်းစမ်းတတ်လာပြီ....။

အငမ်းမရ ဆာလောင်မှုတွေအစား
မင်းရဲ့ အကြည့်လေးတစ်ချက်ကို
ပန်းပွင့်လေးတစ်ပွင့်လို အမြတ်တနိုး
ကြည့်တတ်လာတယ်.....။

မင်းရဲ့ အသံချိုချိုလေးတွေကို
ဂီတသံစဉ်တစ်ခုလို ငြိမ်းငြိမ်းချမ်းချမ်း
နားထောင်တတ်လာတယ်....။
ပိုင်ဆိုင်ခြင်း" ထက် "တည်ရှိနေခြင်း" က
ပိုပြီး တန်ဖိုးရှိမှန်း သိလာတဲ့အရွယ်မှာ
အချစ်ဟာ ငါ့အတွက်တော့
အေးချမ်းတဲ့ ဘုရားကျောင်းကန်တစ်ခုလို
ခိုနားရာ ဖြစ်သွားခဲ့ပြီ....။

စွဲလမ်းမှုဆိုတာ...
အခုတော့ ရစ်ပတ်ထားတဲ့ ကြိုးမဟုတ်တော့ဘဲ
လွှတ်ထားပေးတဲ့ တိမ်တိုက်လေးတစ်ခုလို ဖြစ်သွားတာ။

ငါတို့ကြားမှာ...
အတင်းအကျပ်တွေ မရှိဘူး၊
ပူလောင်တဲ့ မျှော်လင့်ချက်တွေ မရှိဘူး။
ရှိနေတာကတော့...
ခွက်ကလေးထဲမှာ အငွေ့တထောင်းထောင်းနဲ့
လှပနေတဲ့ လက်ဖက်ရည်ကြမ်းလေးလို
နူးညံ့သိမ်မွေ့တဲ့ နားလည်မှုတွေရယ်
တစ်ယောက်လက်ကိုတစ်ယောက် ခပ်ဖွဖွ
ဆုပ်ကိုင်ထားတဲ့ နွေးထွေးမှုတွေရယ်ပါပဲ....။

ဘာလိုလိုနဲ့...
ငါဟာ အချစ်ကို ရူးရူးမူးမူး လိုက်ရှာတဲ့အရွယ်ကနေ
အချစ်ကို နူးနူးညံ့ညံ့ ခံစားတတ်တဲ့အရွယ်ကို
ရောက်လာခဲ့ပြီ.....။

ဒါဟာ...
အိုမင်းခြင်းရဲ့ လက္ခဏာမဟုတ်ပါဘူး
နှလုံးသားက ပိုပြီး လှပတဲ့ ဘဝရဲ့ "အရသာ" ကို
ရှာဖွေတွေ့ရှိသွားတာပဲ မဟုတ်လား...

တစ်ဖက်ကို ငဲ့ကြည့်ရင်းငါ့လည်ပင်းပဲ လည်ထွက်သွားတယ်.....။သူတို့က ရင်ဖွင့်ဖို့လာတယ်ငါက အမှိုက်ပုံးလို ငြိမ်ခံပေးလိုက်ရုံပဲ....
05/05/2026

တစ်ဖက်ကို ငဲ့ကြည့်ရင်း
ငါ့လည်ပင်းပဲ လည်ထွက်သွားတယ်.....။

သူတို့က ရင်ဖွင့်ဖို့လာတယ်
ငါက အမှိုက်ပုံးလို ငြိမ်ခံပေးလိုက်ရုံပဲ....။
ငါ့အလှည့်ကျတော့...
စကားလုံးတွေက လည်ချောင်းမှာတင်
သေဆုံးကုန်ရော......။

ငါ့ကြောင့် သူတို့ မထိခိုက်ဖို့ဆိုတဲ့ အတွေးက
ငါ့ကို ငါ ပြန်သတ်နေတဲ့ လက်နက်.....။
ခေါင်းအုံးပေါ်က မျက်ရည်က
ဘယ်သူမှ မဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ပေါ့....။

အသုံးလိုရင် ရောက်လာပြီး
အသုံးမလိုရင် ပျောက်သွားတဲ့ လူရိပ်တွေကြား
"အဆင်ပြေရဲ့လား" ဆိုတဲ့ အမေးက
ငါ့အတွက်တော့ အဝေးသင်ဘာသာရပ်တစ်ခုပဲ....။

မေတ္တာတွေက ဖြူလွန်းတော့
ညတွေမှာ ငါတစ်ယောက်တည်း မည်းမှောင်နေရတာ
မဆန်းတော့ပါဘူးလေ...။

တကယ်တော့... မင်းကို ချစ်မိတဲ့နေ့ကစပြီးငါ့ရဲ့မာနကို ခေါက်သိမ်းလို့ မင်းခြေဖဝါးအောက်မှာ ခင်းပေးထားခဲ့တာ.......။မင်းရဲ့အမှာ...
05/05/2026

တကယ်တော့... မင်းကို ချစ်မိတဲ့နေ့ကစပြီး
ငါ့ရဲ့မာနကို ခေါက်သိမ်းလို့ မင်းခြေဖဝါးအောက်မှာ
ခင်းပေးထားခဲ့တာ.......။

မင်းရဲ့အမှားတွေကို ခွင့်လွှတ်ခြင်းနဲ့ ငါက
အကြိမ်ကြိမ် ဆေးကြောပေးတယ်
ငါ့ရဲ့နာကျင်မှုတွေကိုတော့ မင်းမမြင်အောင်
ကဗျာတွေနဲ့ပဲ ဖုံးအုပ်ထားလိုက်တယ်.....။

အနစ်နာခံရတာတွေက များပြားပေမဲ့
မင်းရဲ့အပြုံးလေး တစ်ချက်အတွက်ဆိုရင်
ငါဟာ အရာအားလုံးကို အရှုံးပေးဖို့ အမြဲတမ်း
အသင့်ရှိနေခဲ့တာ.......။

ပေးဆပ်ခြင်းဆိုတာ ငါ့အတွက်တော့
ဝတ္တရားမဟုတ်ဘူး၊မင်းရှိတဲ့ ကမ္ဘာမှာ
ငါအသက်ရှူနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်
ပြန်ပေးဆွဲခံလိုက်ရတဲ့ အနုပညာတစ်ခုပါပဲ။

ဒါပါပဲ... မင်းအတွက်ဆိုရင်
ငါဟာ အဆုံးမရှိတဲ့ အရှုံးတွေထဲမှာ
ဂုဏ်ယူစွာနဲ့ ပျော်မွေ့နေမယ့် သူတစ်ယောက်ပေါ့....။

Address

George Town

Website

Alerts

Be the first to know and let us send you an email when အညတရ-zero posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အညတရ-zero:

Share