The Loneliness Within

The Loneliness Within "Even after knowing for sure that you’re no longer mine, I’m still in love with you."

နှလုံးသားရဲ့ တစ်ထောင့်တစ်နေရာမှာမင်းအတွက် နေရာလွတ်တစ်ခုကို အမြဲသက်မှတ်ပြီးငါဟာ "မေ့လျော့ခြင်း" ဆိုတဲ့ စကားလုံးကို အဘိဓာန...
05/07/2026

နှလုံးသားရဲ့ တစ်ထောင့်တစ်နေရာမှာ
မင်းအတွက် နေရာလွတ်တစ်ခုကို အမြဲသက်မှတ်ပြီး
ငါဟာ "မေ့လျော့ခြင်း" ဆိုတဲ့ စကားလုံးကို
အဘိဓာန်ထဲက ပယ်ဖျက်ခဲ့သူပါ။
မင်းကိုချစ်ဖို့ ငါ့ဘက်က ဘယ်တုန်းကမှ မမေ့ခဲ့သလို
သစ္စာတရားကိုလည်း ငါ့အသက်ထက် ပိုမြတ်နိုးခဲ့ပါတယ်။

ဒါပေမဲ့... ကံကြမ္မာရဲ့ ပြက်လုံးတွေက သိပ်ဆန်းကြယ်တာပဲ။
ငါက မင်းအပေါ်မှာ သစ္စာရှိခဲ့သလို
မင်းကလည်း မင်းချစ်ရတဲ့ "သူ့" အပေါ်မှာ
ဝတ္တရားကျေပွန်ဖို့ ဘယ်တုန်းကမှ မပျက်ကွက်ခဲ့ဘူးနော်။
ငါတို့နှစ်ယောက်လုံးဟာ "သစ္စာ" ဆိုတဲ့ လမ်းပေါ်မှာ
ကိုယ်စီဦးတည်ချက်တွေလွဲပြီး
လျှောက်လှမ်းနေကြသူတွေပေါ့။

လှလိုက်တဲ့ သံသရာကြိုးလေးတွေပါလား...။
ခိုင်မြဲသလိုလိုနဲ့ ရစ်ပတ်နှောင်ဖွဲ့တတ်ပြီး
ရုန်းထွက်ဖို့ ကြိုးစားလေလေ...
ပိုပြီး တင်းကျပ်လာလေလေပဲ။
အဲဒီသံသရာကြိုးတွေကြားထဲမှာ
အဆုံးသတ်ကို မတွေးဘဲ အရှိန်အဟုန်ပြင်းပြင်းနဲ့
မင်းရှိရာကို ပြေးဝင်လာမိတဲ့ ငါ့ရဲ့ အချစ်တွေကသာ
တိုက်ခတ်လာတဲ့ လေပြင်းမှာ အပိုင်းပိုင်းပြတ်လို့
လမ်းတစ်ဝက်မှာတင် ကျန်ရစ်ခဲ့ရတယ်။

မင်းကတော့... သူ့လက်ကိုတွဲပြီး
ဝတ္တရားကျေပွန်စွာနဲ့ ရှေ့ကို ဆက်လှမ်းသွားနိုင်ဦးမှာပါ။
ငါကတော့... ပြတ်တောက်သွားတဲ့
သံသရာအမျှင်တန်းလေးတွေကို ကြည့်ပြီး
ငါ့ရဲ့ အပိုင်းပိုင်းပြတ်နေတဲ့ နှလုံးသားကို
ငါ့ဘာသာ ပြန်ကောက်သိမ်းရင်း
မင်းကိုချစ်ခဲ့တဲ့ "မေ့လျော့ခြင်းမရှိတဲ့ အပြစ်" အတွက်
ဒီသံသရာမှာပဲ တိတ်တဆိတ် နာကျင်နေရတော့မှာပေါ့...။ ။

နှစ်ယောက်တည်း ပိုင်ဆိုင်ခဲ့တဲ့ အတိတ်ကို တစ်ယောက်တည်းကပဲ ပွေ့ပိုက်ထားရတာဟာ... ရင်ဘတ်ထဲက အက်ကြောင်းတွေကို ပိုပြီး ထင်ရှားစ...
05/07/2026

နှစ်ယောက်တည်း ပိုင်ဆိုင်ခဲ့တဲ့ အတိတ်ကို
တစ်ယောက်တည်းကပဲ ပွေ့ပိုက်ထားရတာဟာ...
ရင်ဘတ်ထဲက အက်ကြောင်းတွေကို
ပိုပြီး ထင်ရှားစေပါတယ်။

ချန်ရစ်ခဲ့တဲ့သူထက် ချန်ရစ်ခံရသူရဲ့ ခြေလှမ်းတွေက ပိုလေးလံတတ်တာ... မင်းမသိခဲ့ဘူး။

ငါ့ရဲ့ ဆုတောင်းတွေဟာ
ဘုရားသခင် နားမညည်းအောင်
ခပ်တိုးတိုးပဲ ဆိုခဲ့လို့လားမသိ...
တကယ်ပဲ မပြည့်ဝခဲ့ဘူး.....။

ဘုရားပန်းတွေ ခြောက်ကုန်ပြီဆုတောင်းမပြည့်တာလည်း ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူး။ရေကုန်သွားတဲ့ အိုးထဲမှာမျှော်လင့်ချက်တွေက သူ့အလိ...
05/07/2026

ဘုရားပန်းတွေ ခြောက်ကုန်ပြီ
ဆုတောင်းမပြည့်တာလည်း ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူး။
ရေကုန်သွားတဲ့ အိုးထဲမှာ
မျှော်လင့်ချက်တွေက သူ့အလိုလို ရပ်တန့်သွားတာ။

မေတ္တာမမျှတော့တဲ့အခါ
"သူငယ်ချင်း" ဆိုတဲ့ စကားလုံးနဲ့ ငါ့ကို မသိမ်းဆည်းပါနဲ့။
အဲဒါဟာ မင်းကို ချစ်ခဲ့တဲ့ ငါ့နှလုံးသားအတွက်
သိပ်ပြီး ဟန်ဆောင်ရာ ကျလွန်းလို့ပါ။

မင်းကို မုန်းလို့ မဟုတ်ဘူး...
ငါတို့ရဲ့ အတိတ်ကို လေးစားတဲ့အနေနဲ့
သူစိမ်းတွေလိုပဲ အေးဆေးစွာ ဝေးကြရအောင်။

အနီးမှာရှိနေပြီး သူငယ်ချင်းလို သရုပ်ဆောင်နေတာထက်
အဝေးကနေပဲ တစ်ယောက်ကိုတစ်ယောက်
ကောင်းစေချင်တာက ပိုပြီး ရိုးသားပါတယ်...။ ။

နှလုံးသားရဲ့ အလိုကို လိုက်မိလို့ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူမင်းရှေ့မှာ ငါ ဒူးထောက်ခဲ့ဖူးတယ်။ရင်ထဲက လှိုက်တက်လာတဲ့ သ...
05/07/2026

နှလုံးသားရဲ့ အလိုကို လိုက်မိလို့
ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ
မင်းရှေ့မှာ ငါ ဒူးထောက်ခဲ့ဖူးတယ်။
ရင်ထဲက လှိုက်တက်လာတဲ့ သံယောဇဉ်ကို
'ချစ်တယ်' ဆိုတဲ့ စကားလုံး နှစ်လုံးထဲမှာ
ကျစ်ကျစ်ပါအောင်ထုပ်ပြီး
မင်းဆီကို ငါ ကမ်းလင့်ခဲ့တာပေါ့။

ဒါပေမဲ့ ...
မင်းရဲ့ အဖြေက လေပြေလေးလို အေးမြပေမဲ့
ငါ့အတွက်တော့ ဆီးနှင်းတွေလို
အေးစက်ခဲပစ်လိုက်သလိုပဲ။
"မဖြစ်နိုင်ပါဘူး အစ်ကိုရယ်" တဲ့ ...
အဲဒီစကားလေးတစ်ခွန်းက
ငါ့ရဲ့ မျှော်လင့်ချက် မျှော်စင်လေးကို
အမြစ်ကနေ ဆွဲနုတ်ပစ်လိုက်သလိုပါပဲ။

မင်းရဲ့ မျက်ဝန်းတွေက ငါ့ကို မုန်းလို့မဟုတ်ဘဲ
ကြည်လင်လွန်းတဲ့ ရိုးသားမှုတွေနဲ့
ငါ့ကို တောင်းပန်တိုးလျှိုးနေခဲ့တာ။
"ကျွန်မက ဟိုအစ်ကိုမှ အစ်ကိုပါ" လို့
မင်း ခပ်တိုးတိုးလေး ပြောလိုက်တဲ့အချိန်မှာ
ငါ့ရင်ထဲမှာ မနာလိုစိတ်ထက် ...
ကြည်ညိုစိတ်က ပိုပြီး အမြစ်တွယ်သွားခဲ့တယ်။

မင်းဟာ ...
ကိုယ်ချင်းစာတရားကို ရှေ့တန်းတင်တတ်ပြီး
သစ္စာတရားကို အသက်ထက်တန်ဖိုးထားတဲ့
တကယ့်ကို မိန်းမသားပီသတဲ့ မိန်းခလေးပါ။
ကိုယ့်ကို အခွင့်အရေးမပေးခဲ့တာထက်
မင်းချစ်တဲ့သူအပေါ် မင်းဖောက်ပြန်မှု မရှိတာကိုပဲ
ငါက ပိုပြီး ဂုဏ်ယူနေမိပြန်ရော။

လူတွေက ပြောကြတယ် ...
မိန်းမသားဆိုတာ စိတ်ကူးယဉ်တတ်တယ်၊
ယိမ်းယိုင်တတ်တယ်တဲ့။
ဒါပေမဲ့ မင်းကတော့ ...
မင်းရဲ့ အချစ်ကို ကျောက်စာတစ်ချပ်လို ခိုင်မြဲစေခဲ့တယ်။
ငါ့ရဲ့ အချစ်ကို ငြင်းပယ်ခြင်းဟာ
ငါ့ကို ရိုက်နှက်တာမဟုတ်ဘဲ
မင်းရဲ့ မြင့်မြတ်တဲ့ ဂုဏ်သိက္ခာကို
ပြသလိုက်တာပဲ မဟုတ်လား။

ချစ်ရပါသော မိန်းမသားလေးရယ် ...
မင်းရဲ့ 'ဟိုအစ်ကို' ဆိုတဲ့ လူသားဟာ
ကမ္ဘာပေါ်မှာ အကံကောင်းဆုံးလူသား ဖြစ်မှာပါ။
ဘာလို့လဲဆိုတော့ ...
မင်းလို သစ္စာတရားကို လက်ကိုင်ထားတဲ့
မိန်းမပီသတဲ့ နှလုံးသားပိုင်ရှင်ကို ပိုင်ဆိုင်ထားလို့ပေါ့။

ငါ့အတွက်တော့ ...
မင်းဆီက အချစ်ကို မရရှိခဲ့ပေမဲ့
လှပတဲ့ ငြင်းပယ်ခြင်းတစ်ခုနဲ့အတူ
လေးစားထိုက်တဲ့ မိန်းမသားတစ်ယောက်ကို
သိခွင့်ရလိုက်တာဟာ
ဒီဘဝအတွက်တော့ နာကျင်စရာကောင်းတဲ့
ဂုဏ်ယူမှု တစ်ခုပါပဲလေ ...။ ။

"ဟုတ်တယ်... ငါ နာကျင်ခဲ့ရတာ အမှန်ပဲ'အိပ်မက်တွေ တစစီ ပြိုကျသွားတဲ့ အသံကိုငါ့နှလုံးသားထဲမှာ အကျယ်လောင်ဆုံး ကြားခဲ့ရတာ။မျက်...
04/07/2026

"ဟုတ်တယ်... ငါ နာကျင်ခဲ့ရတာ အမှန်ပဲ'
အိပ်မက်တွေ တစစီ ပြိုကျသွားတဲ့ အသံကို
ငါ့နှလုံးသားထဲမှာ အကျယ်လောင်ဆုံး ကြားခဲ့ရတာ။
မျက်ရည်တွေကြားမှာ လမ်းပျောက်ခဲ့ဖူးသလို
မင်းမရှိတဲ့ နောက်ရက်တွေကိုလည်း
ငါ... ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရတာ ဝန်ခံပါတယ်။

ဒါပေမဲ့လေ...
အဲ့ဒီနာကျင်မှုတွေဟာ နာကြည်းခြင်းအဖြစ်တော့
အသွင်မပြောင်းသွားခဲ့ဘူး။
မင်းကို ပြန်ပြီး တိုက်ခိုက်ဖို့၊ဒါမှမဟုတ်
တစ်ချိန်က အမှတ်တရတွေကို ဖျက်ဆီးပစ်ဖို့
ငါ့မှာ အမုန်းတရားတွေ စုဆောင်းမထားခဲ့ပါဘူး။
ဘာလို့လဲဆိုတော့...
အမုန်းဆိုတာ ကိုယ့်ကိုယ်ကိုယ်
ပြန်လောင်ကျွမ်းစေတဲ့ မီးပဲ မဟုတ်လား။

စာတစ်ပုဒ်ထဲမှာ ဖတ်ဖူးတယ်...
"တို့တွေ လမ်းခွဲခဲ့ကြလို့ ထိခိုက်ခဲ့ကြတာ မှန်ပေမဲ့
အဲ့ဒီမတိုင်ခင် အချိန်တွေတုန်းကတော့
တစ်ယောက်ကိုတစ်ယောက် အစွမ်းကုန်
မြတ်နိုးခဲ့ဖူးကြတာပဲ" တဲ့။

"အဲ့ဒီ "မြတ်နိုးခြင်း" တွေကိုပဲ ငါ အမှတ်ရနေချင်တယ်'

တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းမှာ အနိမ့်အမြင့်တွေ ရှိခဲ့ပေမဲ့
မင်းပေးခဲ့တဲ့ အပြုံးတွေဟာ တစ်ခါတုန်းကတော့
ငါ့ဘဝအတွက် အလင်းရောင် အစစ်အမှန်တွေ ဖြစ်ခဲ့တာပဲ။

ရန်သူဆန်စရာ မလိုပါဘူး အချစ်ရဲ့...
အချစ်နဲ့ စခဲ့တဲ့ ဇာတ်လမ်းကို အမုန်းနဲ့
အဆုံးသတ်လိုက်ရင်ငါတို့ ကုန်ဆုံးခဲ့တဲ့
အချိန်တွေဟာ သိပ်ကို နှမြောဖို့ကောင်းမှာပေါ့။

တို့နှစ်ယောက်ကြားမှာ တည်ရှိခဲ့တဲ့ သံယောဇဉ်ကို
အခုတော့ "စေတနာ" အဖြစ် နာမည်ပြောင်းလိုက်ရအောင်။

နာကျင်မှုဆိုတာ အချိန်တန်ရင် အနာဖေးတက်သွားမှာပါ...
ဒါပေမဲ့ မင်းအပေါ် ထားခဲ့ဖူးတဲ့ မြတ်နိုးမှုကတော့
ငါ့ရင်ဘတ်ထဲမှာ ရင့်ကျက်တဲ့
သင်ခန်းစာတစ်ခုအဖြစ် ထာဝရ ရှိနေမှာ။
ငါတို့ဟာ ရန်သူတွေ မဟုတ်ကြဘူး...
တစ်ချိန်က ဘဝတစ်ခုထဲမှာ အတူတူ ခိုလှုံခဲ့ဖူးတဲ့
ခရီးဖော်ဟောင်းတွေ အဖြစ်ပဲ အသိအမှတ်ပြုထားပါရစေ။

လမ်းခွဲခြင်းက နာကျင်ပေမဲ့
မြတ်နိုးခဲ့ဖူးတာကတော့ လှပခဲ့ပါတယ် အချစ်ရဲ့...။

သတိရတယ်လို့... မပြောဖြစ်ခဲ့တာဟာနှုတ်ခမ်းထက် အလွမ်းတွေက ပိုလေးလံနေလို့ပါ။ချစ်ပြဖို့ထက်... မင်းမသိတဲ့ နေရာမှာပဲကိုယ့်ကမ္ဘာ...
04/07/2026

သတိရတယ်လို့... မပြောဖြစ်ခဲ့တာဟာ
နှုတ်ခမ်းထက် အလွမ်းတွေက ပိုလေးလံနေလို့ပါ။
ချစ်ပြဖို့ထက်... မင်းမသိတဲ့ နေရာမှာပဲ
ကိုယ့်ကမ္ဘာလေးကို မင်းအတွက် ခင်းကျင်းထားခဲ့တယ်။

သစ္စာရှိပါတယ်လို့... အခါခါ မဆိုပေမယ့်
မင်းကလွဲရင် ဘယ်သူ့ကိုမှ မမြင်မိတာဟာ
ငါ့ရဲ့ အားနည်းချက်လား...
ဒါပေမဲ့လေ...
ဘာကိုမှ ရှင်းပြလို့မရတဲ့ ဝေဒနာတွေကြားမှာ
ငါကိုယ်တိုင်လည်း လမ်းပျောက်နေသူမို့...

အရာရာကို...
နှုတ်ဆိတ်ခြင်းနဲ့ပဲ သိမ်းဆည်းလိုက်ရပါတယ်...။ ။

ချစ်ခြင်းဆိုတဲ့ ပန်းချီကားဟာကြည့်ဖူးသူတိုင်းအတွက် လှပတယ် ထင်ရပေမယ့်ရေးဆွဲသူ ငါ့အတွက်တော့စုတ်ချက်တိုင်းမှာ သံယောဇဉ်ဆိုတဲ့...
04/07/2026

ချစ်ခြင်းဆိုတဲ့ ပန်းချီကားဟာ
ကြည့်ဖူးသူတိုင်းအတွက် လှပတယ် ထင်ရပေမယ့်
ရေးဆွဲသူ ငါ့အတွက်တော့
စုတ်ချက်တိုင်းမှာ သံယောဇဉ်ဆိုတဲ့ အဆိပ်တွေပါတယ်။

နောင်... ဘဝဆက်ဆက်မှာ
ငါဟာ ရေလိုလည်း မဖြစ်ချင်ဘူး
စီးဆင်းရာမှာ တွယ်ကပ်စရာ မြေသားကို ရှာရတတ်လို့။
ငါဟာ လေလိုလည်း မဖြစ်ချင်ဘူး
တိုက်ခတ်ရာမှာ မှီတွယ်စရာ သစ်ရွက်တွေကို
လိုချင်မိတတ်လို့။

ငါ့ရဲ့ ဆုတောင်းက ခပ်ဆန်းဆန်းပဲ...
ဘယ်သူ့ကိုမှ မချစ်နိုင်တဲ့ "နှလုံးသားမဲ့သူ" တစ်ယောက်
ဘယ်သူ့ကိုမှ မတွယ်တာတတ်တဲ့ "အေးစက်သူ" တစ်ယောက် ဒီလိုပဲ ဖြစ်ခွင့်ပေးပါ...။

သံယောဇဉ်ဆိုတာ
နူးညံ့တဲ့ ပိုးချည်မျှင်လေးတွေနဲ့ ရက်လုပ်ထားပေမယ့်
ရုန်းလေ... တင်းလေ... နာကျင်ရလေပဲ မဟုတ်လား။
အချစ်ဆိုတာလည်း
ပူလောင်ခြင်းရဲ့ အစ၊ ငိုကြွေးခြင်းရဲ့ နိဒါန်း
ဒါကို သိသိကြီးနဲ့ ငါ့လက်တွေကို မကမ်းချင်တော့ဘူး။

ငါဟာ...
ပြာကျသွားတဲ့ မီးတောင်ဟောင်းတစ်ခုလို
ဘာအပူဓာတ်မှ မရှိတဲ့ ကျောက်ဆောင်တစ်ခု ဖြစ်ချင်တယ်။
နေပူလည်း မလောင်၊ မိုးရွာလည်း မစို
လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားမှာ
"ဥပေက္ခာ" ဆိုတဲ့ အကာအကွယ်ကို ဝတ်ဆင်ပြီး
ငြိမ်သက်နေချင်ယုံသက်သက်ပါ။

"အစွဲအလန်း" ဆိုတဲ့ စကားလုံးကို
ငါ့ရဲ့ အဘိဓာန်ထဲကနေ ထာဝရ ဖျက်ထုတ်ပစ်မယ်။
လူတစ်ယောက်ရဲ့ ကျောပြင်ကို ကြည့်ပြီးလည်း
မလွမ်းချင်ဘူး
အသံတစ်သံကြောင့်လည်း ရင်မခုန်ချင်ဘူး
အမှတ်တရတွေကြောင့်လည်း မျက်ရည်မဝဲချင်ဘူး။

ဖြစ်နိုင်ရင်...
ငါဟာ ကောင်းကင်မှာ လွင့်နေတဲ့ တိမ်တိုက်ကလေးလို
ဘယ်သူ့ပိုင်ဆိုင်မှုမှ မဟုတ်ဘဲ
ဘယ်သူ့ကိုမှလည်း ပိုင်ဆိုင်ဖို့ မကြိုးစားဘဲ
လွတ်လပ်စွာ... ခရီးနှင်ခွင့် ရချင်တယ်။

အချစ်ကြောင့် မပူလောင်ဘဲ
သံယောဇဉ်ကြောင့် မတွန့်ဆုတ်ဘဲ
ဥပေက္ခာတရားရဲ့ အရိပ်အောက်မှာ
အေးချမ်းစွာ ရပ်တည်နိုင်တဲ့သူ...
အဲဒီလို လူမျိုးပဲ ဘဝဆက်ဆက် ဖြစ်ပါရစေ။

နှောင်ကြိုးမရှိတဲ့ လမ်းဟာ... အဖြောင့်ဆုံးပဲ
တွယ်တာမှုမရှိတဲ့ ရင်ခွင်ဟာ... အအေးမြဆုံးပဲ။
ဒါဟာ... ငါ့ဘဝအတွက်
အလှပဆုံးနဲ့ အမြင့်မြတ်ဆုံးသော ဆုတောင်းပါပဲ။ ။

မင်းရဲ့ မျက်ဝန်းအိမ်ထဲမှာငါ့ရဲ့ ပုံရိပ်တွေ ခိုနားခွင့်မရှိတာကို...ငါ သိတာပေါ့......။ငါ့ရဲ့ လက်ဖဝါးတွေနဲ့ မင်းလက်ကို ဆုပ်...
03/07/2026

မင်းရဲ့ မျက်ဝန်းအိမ်ထဲမှာ
ငါ့ရဲ့ ပုံရိပ်တွေ ခိုနားခွင့်မရှိတာကို...
ငါ သိတာပေါ့......။

ငါ့ရဲ့ လက်ဖဝါးတွေနဲ့ မင်းလက်ကို ဆုပ်ကိုင်ထားပေမယ့်
မင်းရဲ့ ကမ္ဘာငယ်လေးထဲမှာ
နွေးထွေးမှုဆိုတာ ပျောက်ဆုံးနေတာကိုလည်း...
ငါ နားလည်ပြီးသားပါ.....။

ကိုယ်သိပ်ချစ်ရတဲ့သူဆီက
တုံ့ပြန်မှုမဲ့နေတဲ့ "လျစ်လျူရှုခြင်း" ဆိုတာ
အဆိပ်မပါပေမယ့် သေစေနိုင်လောက်တဲ့
ဝေဒနာတစ်မျိုးဆိုတာ မင်းသိရဲ့လား...?

ငါ့ရဲ့ တိတ်ဆိတ်တဲ့ အချစ်တွေနဲ့
တစ်ဖက်သတ် ပူလောင်နေရတဲ့ ဒီဒဏ်ရာတွေကို
မင်း ခံစားကြည့်နိုင်ဖို့...
ငါ့နေရာမှာ ခဏလောက် ဝင်ရပ်ကြည့်မလား?

အဲဒီအခါကျမှ...
ငါ့ရင်ဘတ်ထဲက လောင်မြိုက်နေတဲ့ မီးတောက်တွေက
မင်းကို တစ်စစီ ဝါးမြိုသွားပြီး
စက္ကန့်ပိုင်းအတွင်းမှာပဲ...
မင်းဆိုတဲ့ ဖြစ်တည်မှုဟာ "ပြာ" အဖြစ်ကို
ပြောင်းလဲသွားရပါလိမ့်မယ်... ချစ်သူ။

လောကဆိုတဲ့ စာမျက်နှာပေါ်မှာ"တန်ဖိုး" ဆိုတဲ့ စကားလုံးကို အနက်ဖွင့်ကြည့်တဲ့အခါအဘိဓာန်ထဲက အဓိပ္ပာယ်တွေက မှေးမှိန်လို့ငွေစက္...
03/07/2026

လောကဆိုတဲ့ စာမျက်နှာပေါ်မှာ
"တန်ဖိုး" ဆိုတဲ့ စကားလုံးကို အနက်ဖွင့်ကြည့်တဲ့အခါ
အဘိဓာန်ထဲက အဓိပ္ပာယ်တွေက မှေးမှိန်လို့
ငွေစက္ကူတွေရဲ့ တဖျတ်ဖျတ်မြည်သံကပဲ
အဖြေမှန်ဖြစ်နေခဲ့တာ ကြာပေါ့ ...။

မင်းရဲ့ ရင်ဘတ်ကို ခွဲထုတ်ပြီး
အမှန်တရားတွေကို သက်သေထူပြပါစေဦး၊
မင်းရဲ့ လက်ထဲမှာ ငွေမရှိဘူးဆိုရင်
အဲဒီ အမှန်တရားတွေဟာ "တန်ဖိုးနည်းအမှား" တွေအဖြစ်
ကမ္ဘာကြီးက ကင်ပွန်းတပ် စွန့်ပစ်လိုက်ကြလိမ့်မယ်။

ဆင်ခြင်တုံတရားဆိုတာ ဉာဏ်ကြီးသူတွေရဲ့
လက်နက်ပေမယ့်
ငွေမရှိတဲ့အခါ အဲဒီလက်နက်က
သံချေးတက်နေသလိုပဲ၊ဘယ်သူ့ကိုမှ
မထိုးဖောက်နိုင်၊ ဘယ်သူ့ကိုမှ
မယုံကြည်စေနိုင်ဘဲကိုယ့်နှလုံးသားကိုပဲ
ပြန်လည် နာကျင်စေတတ်တာမျိုး။

အမှန်တရားဆိုတာ နေမင်းကြီးလို
တောက်ပတယ်လို့ ဆိုကြပေမယ့်
ငွေကြေးဆိုတဲ့ တိမ်တိုက်မည်းကြီးတွေက
အဲဒီနေမင်းကို အချိန်မရွေး ဖုံးလွှမ်းသွားနိုင်တယ်၊
ပြီးရင်တော့ ... မင်းရဲ့ ဖြူစင်ခြင်းတွေကို
အသုံးမကျတဲ့ အမှိုက်သရိုက်တွေလို သဘောထားပြီး
အမှိုက်ပုံးထဲကို မညှာမတာ ကန်ထုတ်လိုက်ကြလိမ့်မယ်။

ငွေသံက ကျယ်လောင်လွန်းတော့
နှလုံးသားသံတွေက တိုးတိတ်သွားရတယ်၊
အိတ်ကပ်ထဲမှာ အလေးချိန်မရှိတဲ့အခါ
မင်းရဲ့ စကားလုံးတွေကလည်း
လေထဲမှာပဲ ပျောက်ကွယ်ရတာပေါ့၊
ဒါဟာ ... တို့တစ်တွေ ရှင်သန်နေရတဲ့
လက်တွေ့ဆန်လွန်းတဲ့ လောကရဲ့
နိယာမ အလှည့်အပြောင်းပါပဲ ။ ။

လူတွေက ပြောကြတယ်..."ဒဏ်ရာရရင် ရင်ဖွင့်လိုက်ပါ၊ ပေါ့သွားလိမ့်မယ်" တဲ့။ဒါပေမဲ့ ငါ့မှာတော့...ဒဏ်ရာတွေကို သိမ်းဆည်းရတာကိုပဲ ...
03/07/2026

လူတွေက ပြောကြတယ်...
"ဒဏ်ရာရရင် ရင်ဖွင့်လိုက်ပါ၊ ပေါ့သွားလိမ့်မယ်" တဲ့။
ဒါပေမဲ့ ငါ့မှာတော့...
ဒဏ်ရာတွေကို သိမ်းဆည်းရတာကိုပဲ အသားကျနေတဲ့
ထူးဆန်းတဲ့ အကျင့်ဆိုးတစ်ခု ရှိနေခဲ့တယ်။

ရင်ဘတ်ကြီးကို အခန်းတစ်ခန်းလို သဘောထားပြီး
နာကျင်သမျှကို အထဲမှာပဲ စနစ်တကျ စီထပ်ခဲ့မိတာ...
ဘယ်သူ့ကိုမှ မမြင်စေချင်ဘူး၊
ဘယ်သူ့ကိုမှလည်း မသိစေချင်ဘူး၊
အထူးသဖြင့်... ကိုယ့်ကြောင့် သူတပါး
စိတ်အနှောင့်အယှက် ဖြစ်မှာကို
အကြောက်ဆုံးမို့ ကိုယ့်ဘာကိုယ်ပဲ မြိုသိပ်ခဲ့ရတာ။

ဒါကြောင့်လည်း...
မတော်တဆ အစွန်းအထွက်လေးတစ်ခုနဲ့ ထိမိရုံနဲ့တင်
ငါ့မှာတော့ အသက်ရှူရတာ ခက်ခဲတဲ့အထိ စူးရှသွားရတယ်။
ရင်ထဲမှာ စုပုံနေတဲ့ အနာဟောင်းတွေက
အသစ်တိုးလာတဲ့ ဒဏ်ရာကို ဆီးကြိုပြီး
ဝိုင်းဝန်း ထိုးဆွနေကြသလိုမျိုး...

တစ်ခါတစ်လေကျတော့လည်း
အိပ်မပျော်တဲ့ ညတွေမှာ
ကိုယ့်ဒဏ်ရာတွေကို ပြန်ထုတ်ကြည့်ရင်း
ကိုယ့်ဘာကိုယ် ဝေခွဲမရဖြစ်နေတတ်တယ်...။
ဟိုး... အရင်က စွဲထင်ကျန်ခဲ့တဲ့ အမာရွတ်က
ပိုနာသလား၊အခု လတ်လတ်ဆတ်ဆတ်
ရလိုက်တဲ့ အနာက ပိုကျိန်းသလား၊
ဒါမှမဟုတ်... ဘာမှ မပြောဘဲ သိမ်းထားရတဲ့ ဒီတိတ်ဆိတ်ခြင်းက ပိုပြီး ခါးသီးသလား။

တွေးရင်း... တွေးရင်းနဲ့ပဲ
ရင်ဘတ်တစ်ခုလုံး လေးလံထိုင်းမှိုင်းလာပြီး
ဘယ်ဒဏ်ရာက ပိုနာသလဲဆိုတာထက်
နာကျင်နေရတဲ့ ကိုယ့်ရဲ့နှလုံးသားကိုပဲ ပြန်သနားမိတယ်။
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်၊
ဘာလို့ ဒီလောက်တောင် ခံနိုင်ရည်ရှိအောင်
ကြိုးစားနေရတာလဲလို့ပေါ့။

တကယ်တော့...
ဒဏ်ရာတွေကို သိမ်းထားတတ်သူတွေရဲ့ ရင်ထဲမှာ
ဘယ်သူမှ မမြင်နိုင်တဲ့ သွေးစိမ်းရှင်ရှင် ကမ္ဘာတစ်ခု ရှိတယ်။
အပြင်မှာတော့ အေးဆေးတည်ငြိမ်နေပေမယ့်
အတွင်းထဲမှာတော့ ပဲ့တင်ထပ်နေတဲ့ ငိုသံတွေကို
အပြုံးတစ်ခုနဲ့ပဲ အမြဲတမ်း ဖုံးကွယ်ထားရတဲ့...
ငါတို့လို လူတွေရဲ့ နာကျင်မှုဟာ
တကယ်တော့... အရမ်းကို ဝန်ပိုးကြီးလှပါတယ်။ ။

Address

George Town

Website

Alerts

Be the first to know and let us send you an email when The Loneliness Within posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Loneliness Within:

Shortcuts

Share