Reaction to Flims by ZUL

Reaction to Flims by ZUL "စိတ်တိုင်းကျ ဝေဖန်နိုင်ပါသည်။"🤗
📚 အပိုင်းသစ်တွေ စောင့်ရတာ ပျင်းနေကြပီလား
စာစဥ်လိုမျိုး facts တွေကို ရေးသား ရှင်းလင်း တင်ဆက်ထားပါတယ်နော် 📚

03/07/2025

****အဘွားစစ်ရဲ့ အကြောင်းတွေကို Facts & Explaining အနေနဲ့ နား‌ထောင်ကြရအောင်ဗျာ ****

💯 #စာစဉ် 🔥

*****အားလုံးပဲ စောင့်မျှော်နေကြရတဲ့ fan တွေအတွက် တောင်းပန်ပါတယ်ဗျာ။-Page messenger မှာ လာလာမေးနေကြတာ အရမ်းများလာလို့ခင်ဗ...
12/06/2025

*****အားလုံးပဲ စောင့်မျှော်နေကြရတဲ့ fan တွေအတွက် တောင်းပန်ပါတယ်ဗျာ။
-Page messenger မှာ လာလာမေးနေကြတာ အရမ်းများလာလို့ခင်ဗျာ။
-Zul ရဲ့ page မှာ တင်ခဲ့သမျှ post တွေအကုန် ဖျက်သိမ်းလိုက်ရပါတယ်။
-အဆင်မပြေတာလေးတွေရှိခဲ့လို့ပါဗျာ။
-ခုရက်ပိုင်း fan တွေကို မပျင်းရအောင် ဘယ်လိုတင်ဆက်ပေးရမလဲ မသိသေးဘူးဗျာ။
-ZUL ရဲ့ reaction video တွေကို အားပေးကြတဲ့ ချစ်ညီကိုတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါသည်။
-ဖြစ်နိုင်ရင် စာတွေ facts တွေလဲဆက်လက် တင်ဆက်ချင်ပါသေးတယ်ဗျာ။
-ကြိုးစားပြီးတင်ဆက်ပေးခဲ့သမျှ အကုန်နီးပါးပြန်ဖျက်ခဲ့ရပီမို့ ခုရက်ပိုင်းမှာ စောင့်မျှော်နေတဲ့ ချစ်ညီအကိုတွေကို အားနာပါတယ်ဗျာ။
-မြန်မာပြည်မှာ Donghua(animation ) ကို ပထမဆုံး reaction လုက်ခဲ့ရတဲ့အတွက် အရမ်းပျော်ခဲ့ရပါတယ်ဗျာ။ ☺

တာ့လိန်ယင်ဂိုဏ်း (မဟာမိုးခြိမ်းသံကျောင်းတော်)📚  လက်တစ်ဖက်မပါတဲ့ ချင်မူရဲ့ ဘိုးဘိုးမာ အကြောင်းကိုတော့ ရေးသားဖော်ပြခဲ့ပါပြ...
09/06/2025

တာ့လိန်ယင်ဂိုဏ်း
(မဟာမိုးခြိမ်းသံကျောင်းတော်)📚

လက်တစ်ဖက်မပါတဲ့ ချင်မူရဲ့ ဘိုးဘိုးမာ အကြောင်းကိုတော့ ရေးသားဖော်ပြခဲ့ပါပြီ။အခုကတော့ ဘိုးဘိုးမာရဲ့ ဂိုဏ်းကြီးအကြောင်းပါ။
ရန်ခန်းနဲ့ အပြိုင် ဂိုဏ်းကြီးသုံးဂိုဏ်းထဲက တာ့လိန်ယင်ဂိုဏ်း(မဟာမိုးခြိမ်းသံကျောင်းတော်)ဟာဆိုရင်တော့ နတ်ဘုရားလမ်းစဉ် ဒါမှမဟုတ် မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံတာမဟုတ်ပဲ ဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံတာပါ။ တရုတ်သိုင်းပညာတွေရဲ့ ထုံးစံအတိုင်း မဟာယနဝါဒဆန်တဲ့ အယူဖြစ်ပြီးတော့ ကိုယ် နဲ့ စိတ်ကို ကျမ်းဂန် သုတ္တန်တွေ သုံးပြီး ကျင့်ကြံကြတာဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ ဘုန်းကြီးတွေပေါ့။ လူ့လောကကိစ္စတွေကို ဝင်မနှောက်ယှက်ပေမဲ့လည်း ရန်ခန်းရဲ့ ပြောင်းလဲမှုတွေကို လက်ခံတဲ့ ထဲမှာတော့ မပါဝင်ပါဘူး။ ဗုဒ္ဓလမ်းစဉ်ဟာ ဆုတ်ယုတ်နေတဲ့ အနေအထားမှာရှိတယ်လို့ ပြောလို့ရပြီး အယူဝါဒကြီးတဲ့ လူတစ်စုလို့ ပြောရင် ပိုမှန်နိုင်ပါ့လိမ်မယ်။ ဘိုးဘိုးမာ ရဲ့ အတိတ်မှာဖြစ်ခဲ့တာတွေကိုကြည့်ရင် တကယ့် ဗုဒ္ဓလမ်းစဉ်ကို ကျင့်သုံးသူတွေဟာ လူနည်းစုပဲ ရှိတယ်ဆိုတာကို သဘောပေါက်‌နိုင်ပါတယ်။

အခုချိန်ထိ
အင်အားကြီးနေရခြင်းရဲ့ အကြောင်းကတော့ အထွဋ်အမြတ်ကျမ်းစာဖြစ်တဲ့ မဟာယနသုတ္တန် ကျင့်ကြံမှုအရင်းအမြစ်တွေဖြစ်တဲ့ ဗုဒ္ဓတစ်ထောင်စေတီ အက္ခရာတောင်ဝှေး စတဲ့ရတနာ‌တွေကြောင့် ဖြစ်ပါတယ်။ဒါ့အပြင် တာ့လိန်ယင်ဂိုဏ်းဟာ ရန်ခန်းအင်ပါယာရယ်လို့ ဖြစ်မလာခင် ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး ထူးဆန်းတဲ့ နောက်ခံလည်းရှိနေတာဖြစ်ပါတယ်။ မဟာယနသုတ္တန်ကျမ်းစာကို ကျင့်ကြံတဲ့နေရာမှာ ဘုံအဆင့် နှစ်ဆယ်ရှိပြီး ‌အဆုံးထိကျင့်ကြံပြီးတဲ့လူတွေဟာ တထာဂတဖြစ်နိုင်ခြေရှိပါတယ်။ အဆင့်နှစ်ဆယ်ကို စိတ်အခြေနေတွေအရသတ်မှတ်ထားတာဖြစ်ပြီး ယမမင်းဘုံ၊ သာဂရနဂါးမင်းဘုံ၊ စန္ဒရဘုံ၊ သူရိယဘုံ ကနေ နောက်ဆုံး သိကြားဘုံ နဲ့ ဗြဟ္မာဘုံ ဆိုပြီး စိတ်အခြေ‌အနေ အဆင့် နှစ်ဆယ်ထိ သတ်မှတ်ထားတာဖြစ်ပါတယ်။ ဘိုးဘိုးမာက အဆင့်နှစ်ဆယ်ဖြစ်တဲ့ ဗြဟ္မာဘုံထိ ရောက်ရှိနေတာမလို့ လက်ရှိတထာဂတက ရာထူးလွဲပြောင်းပေးချင်တာဖြစ်ပါတယ်။

ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ပတ်သတ်မှုမှာတော့ တင်းမာမှုတွေရှိကြပြီး လောကီရေးရာတွေမှာ သိပ်မပါတဲ့အတွက်ကြောင့် ကြားနေဂိုဏ်းတစ်ခုဖြစ်တယ်လို့ ဆိုရမှာပါ။ ရန်ခန်းရဲ့ ပြောင်းလဲမှုတွေကို လက်မခံတဲ့အတွက်ကြောင့် အားပြိုင်မှုတွေရှိနေပြီး နောက်ပိုင်း အခန်းတွေမှာ များစွာ မြင်လာရမယ့် ဂိုဏ်းတစ်ခုဖြစ်ပါတယ်။

ဒါကတော့ တာ့လိန်ယင်ဂိုဏ်းရဲ့ သိထားသင့်တဲ့ အကြောင်းတွေဖြစ်ပါတယ်ဗျ။နောက်ထပ်လဲ သိသင့်တဲ့အကြောင်းအရာတွေကို ရေးသားတင်ဆက်သွားမာမို့ အပိုင်းသစ်လေးတွေစောင့်မျှော်ရင်း စာလေးလဲ လာရောက်ဖတ်ရှုနိုင်အောင် Page လေးကို Follow လုက်ခဲ့ဖို့မမေ့နဲ့ဉီးဗျာ။

💯

ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ လူငယ်ပုံစံဘိုးဘေး ကျွန်တော်တို့ မြင်ရတဲ့ အသက်ငယ်ငယ်ပုံစံနဲ့ ဂိုဏ်းအကြီးအကဲဟာ ဆိုရင်တော့ ကေ...
06/06/2025

ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ လူငယ်ပုံစံဘိုးဘေး

ကျွန်တော်တို့ မြင်ရတဲ့ အသက်ငယ်ငယ်ပုံစံနဲ့ ဂိုဏ်းအကြီးအကဲဟာ ဆိုရင်တော့ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ဂိုဏ်းချုပ်လေး‌ဆက်နီးပါ အပြောင်းအလဲ ဖြစ်တာကို ကြုံခဲ့ရသူပါ။ အသက်အင်မတန်ကြီးပြီဖြစ်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အထွဋ်အမြတ်ကျမ်းစာအစွမ်းကြောင့် နုပျိုနေတဲ့ ရုပ်ရည်အတိုင်းအမြဲရှိနေတာဖြစ်ပါတယ်။ နာမည်ကတော့ ဝမ်ယွင်ဖြစ်ပြီး အရင်ဂိုဏ်းချုပ် (လီထျန်ရှင်း) မတိုင်ခင် သုံးယောက်မြောက် ဂိုဏ်းချုပ်ရဲ့ တပည့်အဖြစ် လက်ခံခြင်းကို ခံခဲ့ရတာပါ။
ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ထုံးတမ်းအစဉ်အလာလို့ ဆိုနိုင်တဲ့ အရာတစ်ခုရှိပါတယ်။ အဲ့တာကတော့ တပည့်က ဆရာကို ပြန်လုပ်ကြံပြီး ဂိုဏ်းချုပ်ရာထူးကို ရယူတာဖြစ်ပါတယ်။ လူငယ်ပုံစံအကြီးအကဲရဲ့ ဆရာဟာလည်း သူ့ဆရာတူအစ်ကိုရဲ့ လုပ်ကြံခြင်းကိုခံခဲ့ရတာပါ။ ဝမ်ယွင်အနေနဲ့ ဆရာတူအစ်ကိုကို အပစ်တင်ခဲ့ပေမဲ့လည်း အသတ်ခံရမယ့် ဘေးကတော့ လွတ်မြောက်ခဲ့ပါတယ်။ ဂိုဏ်းမှာမရှိတဲ့ အကြီးအကဲရာထူးပေးအပ်ပြီး ဂိုဏ်းကိစ္စတွေနဲ့ အဝေးမှာ ထားခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဂိုဏ်းချုပ်သုံးယောက်ပြောင်းလဲခဲ့ပြီး လက်ရှိ ဂိုဏ်းချုပ်မရှိတဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို သူက ထိန်းချုပ်စီမံပေးနေတာဖြစ်ပါတယ်။ ကောင်းကင်နတ်ဆိုးဂိုဏ်း အထွဋ်အမြတ်ကျမ်းစာရဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို လက်ခံရယူထားပြီး ကျင့်သုံးနေသူတစ်ယောက်ပါ။ ရန်ခန်းရဲ့ ပြောင်းလဲမှုတွေကို ဦးဆောင်တဲ့ ဧကရာဇ် နဲ့ မင်းဆရာ တို့မှာလည်း သူ့လွမ်းမိုးမှု‌တွေ
များစွာပါဝင်နေတာကို မြင်ရမှာပါ။ ဒါကြောင့် ဧကရာဇ်နဲ့ မင်းဆရာကို နောက်ကွယ်က မသိမသာ ထိန်းချုပ်မှုတွေလုပ်နေတဲ့ လူလို့တောင်ပြောလို့ရပြီး ဧကရာဇ်နဲ့မင်းဆရာတင်မကပဲ တာ့လိန်ယင်ဂိုဏ်းရဲ့ တထဂတ၊ တာအိုဂိုဏ်း ရဲ့ တာအိုသခင်တို့‌ကတောင် ဖြောင့်မတ်တဲ့ သူ့စိတ်ထားကြောင့် လေးစားပြီး ယုံကြည်ကြပါတယ်။(ရန်ခန်းနဲ့ အပြိုင် ဂိုဏ်းကြီးသုံးဂိုဏ်းရှိပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း ၊ တာ့လိန်ယင်ဂိုဏ်းနဲ့ တာအိုဂိုဏ်းတို့ဖြစ်ကြပါတယ်။ ကောင်းကင်နတ်ဆိုးဂိုဏ်းအကြောင်းကိုတော့ ရေးသားပြီးသားဖြစ်လို့ တင်ထားတဲ့ post မှာ သွားဖတ်ရှုလို့ရပါတယ်။ ကျန်တဲ့ ဂို‌ဏ်းနှစ်ဂိုဏ်းကိုတော့ နောက်မှ ရှင်းပြရေးသားပေးပါ့မယ်ဗျ)
မင်းဆရာက လူငယ်ပုံစံအကြီးအကဲကို နန်းတွင်းတက္ကသိုလ်ရဲ့ ပါမောက္ခရာထူးကို ကမ်းလှမ်းခဲ့ပါတယ်။ လူငယ်အကြီးအကဲကလည်း လက်ခံထားပြီး ပညာတွေ ဖြန့်ဝေ‌ပေးခဲ့ပါတယ် ။ လက်ရှိမှာတော့ သူ့သက်တမ်းက ၇ နှစ်ပဲ ကျန်တော့တာဖြစ်ပါတယ်။ ချင်မူအား ရန်ခန်းကို ဝင်ရောက်ပညာစည်းပူးခိုင်းရတာဟာလည်း သူ့သက်တမ်းသိပ်မကျန်တော့တာကြောင့် လိုအပ်တာတွေ ညွှန်ကြားပြီး အသိပညာတွေ ဝေမျှပေးချင်လို့ဖြစ်ပါတယ်။ ချင်မူကို ကောင်းကင်နတ်ဆိုးဂိုဏ်းကို လွဲပြောင်းပေးခဲ့ပြီး အတွေ့အကြုံများစွာလည်း သင်ကြားပေးမယ့်သူဖြစ်ပါတယ်။ ရွာလူကြီးနဲ့ တန်းတူ အဆင့်ရှိပြီး မျိုးဆက်တစ်ခုထဲလို ဆိုနိုင်ပါတယ်။ နောက်လာမယ့်အပိုင်းတွေမှာ တွေ့ရမယ့် ဇာတ်ကောင်တစ်ကောင် ဖြစ်တာကြောင့် သူ့အကြောင်း သဘောပေါက်နားလည်အောင် ရေးသားပေးလိုက်ပါတယ်ဗျ။နောက်ထပ်လဲစိတ်ဝင်စားစရာ ဇာတ်လမ်းထဲက အကြောင်းတွေကို ရေးသားတင်ဆက်ပေးမှာဖြစ်လို့ follow လုက်ထားလိုက်တော့ဗျာ။ကောင်းကင်နတ်ဆိုးဂိုဏ်းအကြောင်းရေးပေးထားတဲ့ လင့်လေးပါဗျာ ကွန်းမန့်မှာ ချပေးထားပါမယ်ဗျာ။

💯 #စာစဉ် 🔥

လူသားဧကရာဇ် ရာထူးရဲ့ အဆင့်အတန်းနဲ့ တာဝန် ဝတ္တရားများ(ရွာလူကြီးဘိုးဘိုးရဲ့ဘွဲ့တံဆိပ်)  ချင်မူ အနေနဲ့ ရွာလူကြီးဆီက ဓားသိုင...
04/06/2025

လူသားဧကရာဇ် ရာထူးရဲ့ အဆင့်အတန်းနဲ့ တာဝန် ဝတ္တရားများ(ရွာလူကြီးဘိုးဘိုးရဲ့ဘွဲ့တံဆိပ်)

ချင်မူ အနေနဲ့ ရွာလူကြီးဆီက ဓားသိုင်းသင်ရမယ့် အချိန်မှာ ဆေးဆရာပြောတဲ့ ရွာလူကြီးအနေနဲ့ တာဝန်ဝတ္တရားတွေကော ပေးရမယ်လို့ပြောတဲ့ နောက်ကွယ်က အကြောင်းအရင်းက လူသားဧကရာဇ်ဆိုတဲ့ ရွာလူကြီး ရဲ့ ဘွဲ့ကြောင့်ဖြစ်ပါတယ်။ နွားကျောင်းသားလေးရဲ့ နတ်ဘုရားမှတ်တမ်းဇာတ်လမ်း ဖြစ်တည်နေတဲ့ Universe ဟာဆိုရင်တော့ နတ်ဘုရားတွေရဲ့ အင်အားတွေ ရှေး‌ဟောင်းစွမ်းအင်တွေ ပြင်ပအင်အားစုတွေ အစရှိတဲ့ အန္တရာယ်တွေ များစွာဟာ လူသားမျိုးနွယ် အပေါ်ကြီးစိုးနေတာဖြစ်ပါတယ်။ ဒီအန္တရာယ်တွေကြားမှာတော့ လူသားဧကရာဇ် ဆိုတဲ့ အဆင့်အတန်းက သေမျိုးလူသားတွေရဲ့ စည်းလုံးမှု နဲ့ စိတ်ဓာတ်ခိုင်ခံ့မှုတို့ရဲ့ အလင်းရောင်တစ်ခုအဖြစ် ကိုယ်စားပြုတည်ရှိနေခြင်းဖြစ်ပါတယ်။ လူသားဧကရာဇ်ဆိုတဲ့ ဘွဲ့ဟာ နိုင်ငံရေးအရ အုပ်ချုပ်မှုကို ကိုယ်စားပြုခြင်းမဟုတ်ပဲ ကောင်းကင်ဘုံရဲ့ ချုပ်ချယ်ဖိနှိပ်မှုတွေအပေါ် သေမျိုးလူသားတွေရဲ့ ကြံခိုင်မှု ၊ ဇွဲလုံလဝီရိယ ၊ စိတ်ခွန်အားနဲ့ ခေါင်းဆောင်ကောင်းပီသမှု စတာတွေရဲ့ ပြရုပ်ဖြစ်ပါတယ်။ လူသားဧကရာဇ်တွေရဲ့ အခြေခံကျဆုံး တာဝန်ကတော့ ‘’နတ်ဘုရားတွေနဲ့ ဆိုင်တာကို နတ်ဘုရားတွေ စီမံခန့်ခွဲ ၊ မိစ္ဆာနတ်ဆိုးတွေနဲ့ ဆိုင်တာကို မိစ္ဆာနတ်ဆိုးတွေ စီမံခန့်ခွဲ လူသားတွေနဲ့ ဆိုင်တာကို လူသားတွေ စီမံခန့်ခွဲမယ် ။ နတ်ဘုရားတွေဖြစ်ဖြစ် မိစ္ဆာနတ်ဆိုးတွေဖြစ်ဖြစ် လက်‌ရောက်ရင် လက်ဖြတ် ၊ ခေါင်းရောက်ရင် ခေါင်းဖြတ်’’ ဆိုတာဖြစ်ပြီး လူသားမျိုးနွယ်အတွက် စောင့်ရှောက်သူအဖြစ် တာဝန်ထမ်းဆောင်ရမှ ဖြစ်ပါတယ်။ ချင်မူ လူသားဧကရာဇ်ဘွဲ့ ကိုလက်ခံပြီး နောက်မှာတော့ လူသားဧကရာဇ်ရာထူးရဲ့ အနေထားဟာ ပိုပြီး ကျယ်ပြန့်လာမှာ ဖြစ်ပါတယ်။
ရှေးခေတ်အချိန်က နတ်ဘုရားတွေရဲ့ စွမ်းအားအောက်မှာ လူသားတွေ ခွန်အားမဲ့နေချိန် ခိုကိုးရာမဲ့နေချိန်ကို အမှီပြုပြီး လူသားဧကရာဇ်ရာထူးဟာ လူသားတွေရဲ့ အကာအကွယ် အစောင့်အရှောက် အနေနဲ့ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အဲ့အချိန်ကနေစပြီး ပေါ်ပေါက်လာတဲ့ လူသားဧကရာဇ်ဟာဆိုရင်တော့ လူသားတွေရဲ့ စိတ်ခွန်အားနဲ့ ခေါင်း‌ဆောင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ မြင်နေကြ ဧကရာဇ်တွေလိုမျိုး သွေးမျိုးဆက်အရ ဒါမှမဟုတ် အမွေဆက်ခံခြင်းမျိုး လုပ်ရတာမျိုးမဟုတ်ပါဘူး။ ထူးခြားမြင့်မြတ်တဲ့ ထူးချွန်မှု ၊ ကိုယ်ကျင့်တရား ၊ လူသားတွေကို စည်းလုံးစေပြီး စိတ်ခွန်အားမြှင့်တင်ပေးနိုင်ခြင်း စတာတွေကနေ တစ်ဆင့် ရွေးချယ်ခြင်းခံရတာဖြစ်ပါတယ်။ ဒါကြောင့် လူသားဧကရာဇ်ဆိုတာဟာ လူသားတွေရဲ့ အသက်ရှင်သန်လိုမှု အင်အားကြီးထွားလိုမှု နဲ့ စကြာဝဠာထဲက အကြီးမားဆုံး အန္တရာယ်ကို တွေ့ဆုံရချိန်မှာတောင် မားမားမတ်မတ်ရပ်တည်ချင်တဲ့ လူသားတွေရဲ့ ဆန္ဒကို ကိုယ်စားပြုပါတယ်။ အချုပ်အားဖြင့်ဆိုရရင်တော့ လူသားဧကရာဇ် ဟာ ကောင်းကင်ဘုံ နဲ့ လူသားတွေရဲ့ ကြားမှာ ရပ်တည်နေတဲ့လူတစ်ယောက်ဖြစ် ပြီး သတ္တဝါအလုံးစုံကို ထိန်းချုပ်နိုင်တဲ့အစွမ်းဟာ ကောင်းကင်ဘုံကပဲ ပိုင်ဆိုင်တယ်ဆိုတဲ့ အယူအဆကို စိန်ခေါ်နေရခြင်းဖြစ်ပါတယ်။ ဒီအယူအဆကို စိန်ခေါ်ခြင်းက စွမ်းအားကြီးနတ်ဘုရားတွေ လျစ်လျူရှု့လေ့ရှိတဲ့ သာမာန်လူတွေရဲ့ လုပ်နိုင်စွမ်းအား ၊ တီထွင်ကြံဆနိုင်မှု ၊ ခံနိုင်ရည်တို့ကို ကိုယ်စားပြုခြင်းဖြစ်ပါတယ် ။ ဒါကြောင့်မလို့ လူသားဧကရာဇ်ဆိုတာဟာ ဘွဲ့တစ်ခုမျှသာ မဟုတ်ပဲ လူလောကအထက်မှာ တည်ရှိနေတဲ့ ကောင်းကင်ဘုံ နဲ့ နတ်ဘုရားတွေရဲ့ တန်ခိုးအာဏာကို စိန်ခေါ်မှုတစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။
ခက်ခဲတဲ့တာဝန်ဝတ္တရားတွေအတွက် ကြီးမားတဲ့ အကျိုးအမြတ်တွေလည်းရှိနေပါသေးတယ် ။ ခေတ်ကာလ တစ်လျောက် လူပေါင်းများစွာက လူသားဧကရာဇ်အဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့ကြပြီး သူတို့နည်း သူတို့ဟန်နဲ့ လူ့အဖွဲ့အစည်းကို တိုးတက်စေရန် နှင့် ကာကွယ်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။ ထိပ်သီးပညာရှင်များဖြစ်တဲ့ အလျောက် လူသားဧကရာဇ်တွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ပညာရပ်တွေ အတွေ့အကြုံတွေ သမိုင်းဆိုင်ရာ အကြောင်းအရာတွေကို မှတ်တမ်းတင်ထိန်းသိမ်းထားလေ့ရှိပြီး အဲ့ဒီအရာတွေကို သိမ်းစည်းထားတဲ့ လူသားဧကရာဇ်ခန်းမဆိုတဲ့နေရာလည်းရှိပါသေးတယ်။ ရွာလူကြီးရဲ့ ဗဟုသုတကြွယ်ဝမှုဟာလည်း ဒီအချက်ကြောင့်ပဲဖြစ်ပါတယ် ပထမဆုံး လူသားဧကရာဇ်ဟာ ဂိုဏ်းတွေနဲ့ မျိုးနွယ်စုပေါင်းများစွာကို နတ်ဘုရားတွေလက်က ကယ်တင်ခဲ့တာကြောင့် အဲ့ဒီမျိုးနွယ်စုတွေ နဲ့ ဂိုဏ်းတွေရဲ့ ကျေးဇူးတင်အသိမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။ လူသားဧကရာဇ်ဘွဲ့ကို ကိုယ်စားပြုတဲ့ တံဆိပ်တုံးကို ဂိုဏ်းတွေ မျိုးနွယ်စုတွေရဲ့ အထွဋ်အမြတ်ရတနာတွေနဲ့ သွန်းလုပ်ခဲ့ပြီး ဒီတံဆိပ်တုံးကိုင်ဆောင်တဲ့ လူသားဧကရာဇ်ရဲ့ အမိန့်ကို ဂိုဏ်းတိုင်း မျိုးနွယ်စုတိုင်းက လိုက်နာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တံဆိပ်တုံးဟာ ဂိုဏ်းပေါင်းများစွာ မျိုးနွယ်စုများစွာကို ဆင့်ခေါ်နိုင်စွမ်းလည်း ရှိပါတယ်။ လူသားဧကရာဇ်သည် နိုင်ငံရေးကဏ္ဍတစ်ခုထက်သာမကပဲ ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှုရဲ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်နိုင်ပါတယ်။ မသေချာမရေရာမှုနှင့် ဖိနှိပ်မှုတို့ဖြင့် ပြည့်နေသော စကြဝဠာတစ်ခုတွင် လူသားဧကရာဇ်ဘွဲ့အမည်သည် အလင်း၏အမှတ်အသားတစ်ခုဖြစ်လာပြီး အမှောင်ထဲတွင် လူတို့ကို လမ်းညွှန်အဖြစ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာဟူသော တူညီသောအကြောင်းတရားအောက်တွင် ဂိုဏ်းဂဏများ၊ နိုင်ငံများနှင့် အယူအဆများကို ပေါင်းစည်းနိုင်စွမ်းလည်းရှိပါသေးတယ်။
ဒါကတော့ ရွာလူကြီး ချင်မူကို လွဲပေးဖို့ ဝန်လေးနေတဲ့ တာဝန် နဲ့ ဝတ္တရားတွေ ဖြစ်ပြီး လူသားဧကရာဇ်က ဘာကိုကိုယ်စားပြုလဲ ဆိုတာတွေပဲ ဖြစ်ပါတယ်ဗျ။

🔥 #စာစဉ် 💯

ယိုတုငရဲ နဲ့ ဖုန်းတုငရဲ ဘယ်လိုကွာခြားသလဲ(ငရဲဘုံများ) အကြောင်း 📙 ချင်မူနဲ့ ရွာလူကြီးဘိုးဘိုး အမှောင်ကမ္ဘာထဲကို ဝင်‌ရောက်တ...
30/05/2025

ယိုတုငရဲ နဲ့ ဖုန်းတုငရဲ ဘယ်လိုကွာခြားသလဲ(ငရဲဘုံများ) အကြောင်း 📙

ချင်မူနဲ့ ရွာလူကြီးဘိုးဘိုး အမှောင်ကမ္ဘာထဲကို ဝင်‌ရောက်တဲ့အချိန်မှာ တွေ့ခဲ့ရတဲ့ ဖုန်းတု နဲ့ ယိုတု ဘာတွေကွာခြားတာလဲ ။ နှစ်ခုလုံးကို အလွယ်တကူ ငရဲလို့ပြောလို့ရပါတယ် ။ ဘာကြောင့်လဲဆိုတော့ သေဆုံးသူတွေ သွားရတဲ့နေရာအဖြစ် သတ်မှတ်ထာပြီး သူတို့ရဲ့ အကျိုးအပြစ်တွေကို စီရင်တဲ့နေရာ ဖြစ်တာကြောင့်ပါ။
ဘာလို့ ငရဲ နှစ်ခုဖြစ်နေရတာလဲ ဒါကို ပြောရမယ်ဆိုရင်တော့ အရင်ဆုံး တာ့ရွီးအကြောင်းကို ပြန်ပြောရပါမယ်။ တာ့ရွီးဟာ အမှောင်ထုမကျရောက်ခင်က အင်အားအလွန်ကြီးမားတဲ့ နတ်ဘုရားနိုင်ငံ တစ်ခုဖြစ်ပါတယ် ။ တိုးတက်စည်ပင်တဲ့ နိုင်ငံတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပြီး ကျင့်ကြံခြင်းလမ်းကြောင်းမှာလည်း နတ်ဘုရားများစွာ မွေးထုတ်နိုင်ခဲ့ပါတယ်။
တိုးတက်လာတာ နဲ့ အမျှ နတ်ဘုရားအစစ်တွေရဲ့ မမျှတမှုတွေကိုပိုမိုမြင်တွေ့ခဲ့ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ကိုယ့်ကံကြမ္မာကို ဆုံးဖြတ်ဖို့ ကိုယ့်တိုင်းပြည် ပြည်သူပြည်သားတွေရဲ့ ကံကြမ္မာကိုလည်း ကိုယ်ပိုင်ဆုံးဖြတ်နိုင်ဖို့ ကြိုးစားခဲ့ပြီး တကယ့်ငရဲဖြစ်တဲ့ ယိုတုရဲ့ အစိတ်အပိုင်း တစ်ခုကို အရယူခဲ့ပြီး ဖုန်းတုဆိုတဲ့ ငရဲတစ်ခုကို တည်ဆောက်ခဲ့ပါတော့တယ်။
ဖုန်းတုမှာ သူတို့တိုင်းပြည်ရဲ့ သေလူတွေကို ကိုယ်တိုင်စီရင်ပြီး ဖုန်းတုမှာ ရှိတဲ့ လူတိုင်းဟာလည်း နတ်ဘုရားနိုင်ငံရဲ့ လူတွေပဲ ဖြစ်ပါတယ်။ ရွာလူကြီးကို လာ‌ရောက် ဖိတ်ခေါ်တဲ့ ငှက်ပုံစံသတ္တဝါဟာ ဖုန်းတုမရဏမင်း ရဲ့ အစေအပါးဖြစ်ပြီး တာ့ရွီးမှာ သေဆုံးသူတွေထဲက စွမ်းအားကြီးသူတွေကို စုဆောင်း‌နေတဲ့ တမာန်တော်လို့ပြောရမှာပါ။ ဖုန်းတုထဲမှာ ရှေးခေတ်ကနေ လက်ရှိ ချင်မူတို့ခေတ်ထိတိုင်အောင် ခေတ်အဆက်ဆက် နာမည်ကြီး အင်အားကြီးခဲ့တဲ့ လူများစွာ ရှိနေပြီး ရွာလူကြီးဟာလည်း သူ့ကတိအတိုင်း ဖုန်းတုမှာ လာရောက်နေထိုင်ရဦးမှာပါ။ ဒါကတော့ ဖုန်းတု အကြောင်း ဖြစ်ပါတယ်။
ယိုတုဆိုတာကတော့ ငရဲအစစ်လို့ပြောလို့ရပါတယ် ။ ရှေးခေတ် စကြဝဠာကြီး စတင်ပေါ်ပေါက်ချိန်ကတည်းက နတ်ဘုရားတွေနဲ့အတူတူ ဖြစ်ပေါ်လာတဲ့နေရာဖြစ်ပြီး စကြာဝဠာထဲမှာရှိတဲ့ မျိုးနွယ်တိုင်း ဂြိုလ်တိုင်း နေရာတိုင်းက သေသူတွေဟာ ယိုတုရဲ့ ခေါ်ဆောင်ခြင်းကို ခံရပြီး ယိုတုမှာ စီရင်ခြင်းခံရပါတယ်။ ယိုတုကို အုပ်ချုပ်တဲ့နတ်ဘုရားကတော့ မြေအောက်ဘုံအရှင်သခင်လို့ခေါ်ပါတယ်။ သူ့အောက်မှာတော့ ချင်မူနဲ့ ရွာလူကြီးတို့ တွေ့ခဲ့တဲ့ စက္ကူလှေတွေ လွတ်နေတဲ့ နတ်ဘုရားတစ်ပါးရှိပြီး မရဏတမာန်တော်လို့ ခေါ်ပါတယ်။ ချင်မူနဲ့ ယိုတုကြားမှာ နက်ရှိုင်းတဲ့ ဆက်သွယ်မှုတွေရှိနေပါသေးတယ်။
ယိုတုနဲ့ ဖုန်းတုကို ခွဲခြားပြီး နားလည်အောင်လို့ ရေးသားပေးလိုက်ရခြင်းဖြစ်ပါတယ်။ဒီအချက်လေးတွေသိ၍ ပိုပြီးဇာတ်ကားကြည့်ရတာအဆင်ပြေသွားမည်ဆိုလျင် ရေးရကျိုးနပ်ပါတယ်ခင်ဗျာ။ ZUL တို့ တင်ဆက်ရေးသားထားတဲ့ အကြောင်းအရာများကို အမြဲဖတ်ရှုဖြစ်တဲ့ ညီအကိုမောင်နှမတွေရှိရင်လဲ ကွန်းမန့်မှာ တစ်ခုခုအကြံပေးရေးသားခဲ့ပေးပါဉီးဗျာ။

🔥 #ချင်မူ

နေသင်္ဘော နဲ့ နေထိန်းကျောင်းသူမျိုးနွယ်စု 📚📚မဟာမြို့ပျက် တာ့ရွီးရဲ့ ထူးခြားဆန်းကြယ်မှုတွေပြည့်‌‌နေတာကို အာလုံးသိကြပြီးဖြ...
27/05/2025

နေသင်္ဘော နဲ့ နေထိန်းကျောင်းသူမျိုးနွယ်စု 📚📚

မဟာမြို့ပျက် တာ့ရွီးရဲ့ ထူးခြားဆန်းကြယ်မှုတွေပြည့်‌‌နေတာကို အာလုံးသိကြပြီးဖြစ်မှာပါ။ အဲ့ဒီထဲက တစ်ခုဖြစ်တဲ့ နေသင်္ဘောနဲ့ နေသင်္ဘောကို ထိန်းကျောင်းတဲ့ မျိုးနွယ်စု ကိုတော့ မြင်တွေ့ခဲ့ရပြီးပြီ။ သနားစရာလေး ယန်ကျင့်ကျင့်ကိုလဲ အားလုံးရင်းနှီးခဲ့ပါပြီ။

နေသင်္ဘောဟာတော့ ရန်ခန်းက တာ့ရွီးကို ဝင်ရောက်ဖို့ ကိစ္စကို တားဆီးတဲ့နေရာမှာ စတင်ပေါ်လာခြင်းဖြစ်ပါတယ်။ နေလုံးလို အနက်ရောင်အလုံးကြီးကို သင်္ဘောနောက်မှာ မြင်တွေ့နိုင်ပြီး သင်္ဘောပေါ်မှာလည်း နတ်ဘုရားတစ်ပါးနဲ့ စွမ်းအားတန်းတူရှိတဲ့ ထိန်းချုပ်မောင်းနှင်သူတစ်ယောက်ပါပါတယ်။ အနက်ရောင်အလုံးကြီးကတော့ တာ့ရွီးကို အမှောင်ထု မကျရောက်ခင်က လူတွေတီထွင်ခဲ့တဲ့ ရတနာတစ်ပါးဖြစ်တဲ့ နေအတုဖြစ်ပါတယ်။ နေရေတွင်းလို့ ခေါ်တဲ့ နေရာလည်းရှိပြီး အဲ့နေရာကတော့ နေသင်္ဘောနားရာ နေရာဖြစ်ပြီး အမှောင်ထု ကြီးဆိုးတဲ့ အချိန်တွေမှာ နေသင်္ဘောဟာ အမှောင်ထုကို တိုက်ခိုက်ဖို့ အမှောင်ထုထဲ လှည့်လည်သွားလာနေဆဲပါ။
နေသင်္ဘော ထိန်းကျောင်းတဲ့လူကိုတော့ နေစောင့်ရှောက်သူလို့ခေါ်ပြီး နေသင်္ဘောပေါ်မှာနေတဲ့ မျိုးနွယ်စုတွေကိုတော့ နေထိန်းကျောင်းသူမျိုးနွယ်စုလို့ ခေါ်ပါတယ်။ နေစောင့်ရှောက်သူတွေသာ နေသင်္ဘောကို ထိန်းချုပ်နိုင်တာဖြစ်ပြီး နေစောင့်ရှောက်သူဖြစ်ဖို့အတွက် သန့်စင်ယင်ခန္ဓာရှိဖို့လိုအပ်ပါတယ်။ တာ့ရွီးဟာ အမှောင်ထုမကျရောက်ခင် နတ်ဘုရားနိုင်ငံတော်တစ်ခုဖြစ်ခဲ့တာကြောင့် အဲ့နိုင်ငံတော်ကပဲ နေသင်္ဘောတွေကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စစ်ရေးအရ အသုံးပြုခဲ့တာဖြစ်ပြီး ချင်မူ့ရဲ့ဘိုးဘိုး ရွှေအ ရဲ့ စက်မှုလက်မှုနတ်ဘုရားမျိုးနွယ်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရွှင်ပျော်ပျော်ကျေးရွာနဲ့လည်း ပက်သတ်နေတာကို နေထိန်းကျောင်းသူတွေရဲ့ ရွှင်ပျော်ပျော်ကျေးရွာအကြောင်း သိနေတာကနေ တစ်ဆင့် မြင်နိုင်ပါတယ်။
လက်ရှိ နေသင်္ဘောကတော့ ပျက်စီးနေတဲ့ နေသင်္ဘောလို့ဆိုရမှာဖြစ်ပြီး သူ့စွမ်းအား အလုံးစုံကို မထုတ်လွတ်နိုင်ပါဘူး။ မထုတ်လွတ်နိုင်ရတဲ့ အကြောင်းအရင်းကတော့ ချိတ်ဆွဲထားတဲ့ မီးလုံးကြီး ငြိမ်းသေနေလို့ဖြစ်ပြီး နေစောင့်ရှောက်သူရဲ့ အသက်စွမ်းအားနဲ့ပဲ လည်ပတ်နေရလို့ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ နေလုံးကြီးဆီက စွမ်းအားနဲ့ မောင်းနှင်တာဖြစ်ပြီး မောင်းနှင်သူကို ကောင်းကင်နတ်ဘုရားတစ်ပါးနဲ့ တူတဲ့ စွမ်းအားကို ပေးနိုင်ပါတယ်။
လက်ရှိမှာတော့ ‌နေလုံးကြီးဆီက စွမ်းအားမယူနိုင်တာကြောင့် မောင်းနှင်သူကို ကောင်းကင်နတ်ဘုရားအစွမ်းပေးနိုင်သော်လည်း ရေရှည် မောင်းနှင်လို့ မရနိုင်တာကြောင့် အဲ့အရာက အားနည်းချက်တစ်ခုဖြစ်လို့နေပါတယ်။ နေစောင့်ရှောက်သူသာ နေသင်္ဘောကို မထောက်ပံ့နိုင်တော့ရင် နေသင်္ဘောနဲ့ပေါင်းစပ်သွားမှာဖြစ်ပြီး
နေသင်္ဘောဟာလည်း ဆက်လက် လည်ပတ်နိုင်မှာမဟုတ်တော့ပါဘူး။ ချွင်းချက်အနေနဲ့ နတ်ဘုရားနိုင်ငံတော်က တည်ဆောက်ခဲ့တဲ့ သင်္ဘောဖြစ်လို့ နေစောင့်ရှောက်သူတွေအပြင် နတ်ဘုရားနိုင်ငံတော်ရဲ့ တော်ဝင်မျိုးနွယ်တွေကလည်း နေသင်္ဘောကို မောင်းနှင်နိုင်စွမ်းရှိပါတယ်။ ချင်မူက လက်ရှိ နေစောင့်ရှောက်သူ ယန်ကျင့်ကျင့်ကို နေလုံးကို ပြန်လည်ထွန်းညှိပေးဖို့ ကတိပေးခဲ့ပြီး ဘယ်လိုမျိုး ထွန်းညှိပေးမလဲ‌ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျ။
နောင်တစ်ချိန်မှာပြန်ဆုံကြဉီးမယ့် ယန်ကျင့်ကျင့်လေးကိုတော့ လွမ်းကြရဉီးမယ်ဗျာ။နောက်ထပ်လဲ သိထားသင့်တဲ့အကြောင်းအရာလေးတွေကို အရမ်း မspoil အောင် တင်ဆက်ရေးသားပေးမှာမို့ Follow လေးလုက်ခဲ့ပြီး စောင့်မျော် ဖတ်ရှုလို့ရပါတယ်ဗျ။ အပိုင်းသစ်လေးတွေစောင့်ရင်း အရမ်းမပျင်းရအောင် page တွင်လဲ Donghua Reaction video တွေတင်ဆက်သည့်အတွက် သူငယ်ချင်းအပေါင်းသင်း ညီကိုတွေနဲ့အတူတူ ကြည့်ရှုရတဲ့ အရသာမျိုးခံစားနိုင်ပါသည်။ စာဖတ်သူ ညီကိုမောင်နှမတို့ကို ကျေးဇူးတင်လျက်။📚📚

🔥

ရန်ခန်း ရဲ့ သတ္တမ မင်းသမီးလေး လင်ယွိရှု 📙ချင်မူ ဖက်တီး‌မလေးလို့ စနောက်နေတဲ့ ကောင်မလေးဟာတော့ ရန်ခမ်းရဲ့ တော်ဝင်မိသားစုကဖြ...
23/05/2025

ရန်ခန်း ရဲ့ သတ္တမ မင်းသမီးလေး
လင်ယွိရှု 📙
ချင်မူ ဖက်တီး‌မလေးလို့ စနောက်နေတဲ့ ကောင်မလေးဟာတော့ ရန်ခမ်းရဲ့ တော်ဝင်မိသားစုကဖြစ်ပါတယ်။ ချင်မူရ
နဲ့ ဒုက္ခတွေ သုခတွေ မျှဝေပေးမယ့် ဇနီးတစ်ယောက်ဖြစ်လာမယ့်သူပါ။ ရန်ခန်း ဧကရာဇ်ရဲ့ အချစ်ဆုံး သမီးတော်လေးဖြစ်ပြီး နဂါးစိမ်း ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ် ။ ချင်မူနဲ့ စတင်တွေ့ရှိချိန်မှာ အသက် ဆယ့်ခြောက်နှစ်ရှိပြီဖြစ်ပြီး ချင်မူထက် အသက်နှစ်နှစ် ကြီးပါတယ်။
တော်ဝင်မိသားစုရဲ့ အထွဋ်အမြတ်ကျင့်စဉ်ဖြစ်တဲ့ နဂါးကိုးကောင်းကျင့်စဉ်ကို ကျင့်ကြံပါတယ်။ တော်ဝင်မိသားစုမှာ ပေါက်ဖွားလာတာကြောင့် သူနဲ့အတူ မြင့်မြတ်ခမ်းနားမှုကို တွဲမြင်နိုင်ပြီး ငယ်စဉ်ကတည်းက စစ်ရေး နိုင်ငံရေး အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကျင့်ကြံမှုပိုင်းဆိုင်ရာတွေကို လေ့လာသင်ကြားခဲ့ရပါတယ်။ ဧကရာဇ်ဖြစ်တဲ့ ဖခင်ကို အတုယူပြီး ရန်ခန်းတိုးတက်ဖို့ ပြည်သူပြည်သားတွေအဆင်ပြေဖို့ ဦးစားပေးတတ်သူဖြစ်ပေမယ့်လည်း အတွေ့အကြုံပိုင်းဆိုင်ရာမှာတော့ ချို့တဲ့တယ်လို့ ပြောရမှာပါ။ ဒါကြောင့်လည်း တာ့ရွီးကို ရန်ခန်း ရဲ့ စစ်တပ်နဲ့အတူ အတွေ့အကြုံရရှိဖို့လိုက်လာတာဖြစ်ပါတယ်။ ချင်မူနဲ့အတူ ရန်ခန်းရဲ့ တော်ဝင်တက္ကသိုလ်မှာ ပညာသင်ကြားတာ မြင်ရမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုယ်ပိုင်လမ်းစဉ်တစ်ခုအနေနဲ့ မှော်ပညာလမ်းစဉ်နဲ့ သိုင်းကွက်အသားပေး လမ်းစဉ်ကို ပေါင်းပြီး ကျင့်ကြံမှာဖြစ်ပါတယ်။ချင်မူကို ချစ်တာကိုလည်းမြင်ရမှာဖြစ်ပေမဲ့ တစ်ခြားဇာတ်လမ်းတွေလို အရမ်းကြီး မျက်လုံးစုံမှိတ်ချစ်တာမျိုး အရမ်းကြီး က‌ဗျာဆန်နေတာမျိုးမဟုတ်ပဲ ချင်မူနဲ့အတူ ကမ္ဘာကြီးကို ပြုပြင်ဖို့ကြိုးစားမှာတွေ ကျင့်ကြံခြင်းနည်းစနစ်သစ်တွေ တီထွင်မှာတွေ မြင်ရမှာဖြစ်ပြီး ကိုယ့်ကိုယ်ကို တိုးတက်ဖို့အတွက် ကြိုးစားတာမျိုးကိုလည်း မြင်ရမယ့် character ပုံစံမျိုးဖြစ်ပါတယ်။ ချင်မူကို ရေရှည်ကြည့်တတ်ဖို့နဲ့ နိုင်ငံရေးကိစ္စတွေ တွေးတတ်ဖို့ စတဲ့နေရာတွေမှာ လင်ယွိရှုအခန်းကဏ္ဍဟာ အရေးပါမှာဖြစ်ပါတယ်။ သူမ သင်ကြားခဲ့ရတဲ့ နိုင်ငံရေးအမြင်တွေ ဗျူဟာချတတ်မှုတွေ စီမံမှုတွေဟာ ချင်မူကို ‌‌အထောက်အပံ့ဖြစ်စေတာဖြစ်ပါတယ်။ ဖခင်ဧကရာဇ်ရဲ့ ခြေလှမ်းကို လိုက်ပြီး ဧကရီတစ်ပါးဖြစ်ချင်တဲ့ ရည်ရွယ်ချက်ရှိသူမို့ ဇာတ်လမ်းထဲမှာ ချင်မူရဲ့ ဇနီးဆိုတာထက် ပိုတဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်ပြီး လောကကြီးကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ရာမှာ ချင်မူရဲ့ လက်တွဲဖော် အထောက်အပံ့ ရဲဖော်ရဲဖက်လို့ ဆိုရမှာပါ။
ချင်မူနဲ့အတူ ပထမဆုံး ဝိဉာဉ်ဆိုင်ရာ ကျင့်ကြံခြင်းနည်းလမ်းတစ်ခု တီထွင်မှာဖြစ်ပြီး အဲ့ကျင့်ကြံခြင်းကြောင့်ပဲ ချင်မူနဲ့ လင်ယွိရှုဟာ တစ်သားတည်းလိုမျိုး ဖြစ်ကြရမှာဖြစ်ပါတယ်။

ဒါကတော့ ဖက်တီမလေးရဲ့ ဇာတ်ကောင်အကြောင်းဖြစ်ပြီး ဇာတ်လမ်းထဲမှာ ဘယ်လိုနေရာက ပါဝင်မလဲ‌ဆိုတဲ့ အကြောင်းအရာလေးတွေပါ။ တစ်ခြားဇာတ်လမ်းတွေနဲ့မတူပဲ မင်သမီးနေရာအနေနဲ့တင်မဟုတ်ပဲ အရေးကြီးတဲ့ အခြားနေရာတွေကလည်း ပါဝင်နေတာကို မြင်ရမှာဖြစ်တဲ့အတွက် အနည်းအကျဉ်းရေးပေးလိုက်ရခြင်းဖြစ်ပါတယ်။နောက်ထပ်လဲ သိထားသင့်တဲ့ အကြောင်းအရာတွေကို ရေးသားတင်ပြပေးသွားမှာဖြစ်သည့်အတွက် Follow လုက်ထားပေးခဲ့ဖို့ မမေ့ပါနဲ့ စာဖတ်သူတို့ရေ။📙📘

ရန်ခန်းရဲ့ မင်းဆရာ (သို့မဟုတ်)  ဧကရာဇ်အတိုင်ပင်ခံ ရန်ခန်းအကြောင်း ပြောရင် အမြဲတမ်းပါနေတဲ့ မင်းဆရာ(သို့မဟုတ်) ဧကရာဇ်အတိုင...
18/05/2025

ရန်ခန်းရဲ့ မင်းဆရာ (သို့မဟုတ်) ဧကရာဇ်အတိုင်ပင်ခံ

ရန်ခန်းအကြောင်း ပြောရင် အမြဲတမ်းပါနေတဲ့ မင်းဆရာ(သို့မဟုတ်) ဧကရာဇ်အတိုင်ပင်ခံ ဆိုတာ ဘယ်လိုလူလဲ ?
ရန်ခန်းလို့ ကြားလိုက်တာနဲ့ အရင်ဆုံးပြေးမြင်နိုင်တာ ရန်ခန်းရဲ့မင်းဆရာပါ။
နာမည်အရင်းက ကျန်းပိုင်ကွေ့ ဖြစ်ပြီး ရန်ခန်းအင်ပါယာအတွင်းက ဒေသတစ်ခုမှာ ကြီးပြင်းလာတဲ့လူတစ်ယောက်ပါ။ငယ်စဉ်ကတည်းက ပါရမီနဲ့ ပြည့်စုံပြီး သင်လွယ်တတ်လွယ်ရှိတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ရန်ခန်းအင်ပါယာကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ဧကရာဇ်ကို ထောက်ပံ့ပေးနေပြီး သူကိုယ်တိုင်ကလည်း သာမာန်လူတန်းစားတွေအတွက် အသိပညာဗဟုသုတတွေ ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မျှဝေပေးနေသူပါ။ သူ ငယ်ရွယ်စဉ်အခါက ရန်ခန်းအင်ပါယာမှာ ရှိတဲ့ ထိပ်သီးဂိုဏ်းတိုင်းကို သွားပြီး ထိပ်သီးကျမ်းစာတွေကို လေ့လာခွင့်တောင်းခဲ့ပါတယ်။ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေး (ချင်မူကို ဂိုဏ်းချုပ်အဖြစ်ခန့်အပ်ခဲ့သူ)က အထွဋ်အမြတ်‌မှော်ကျမ်းစာကို ပေးဖတ်ခဲ့ပြီး တာ့လိန်ယင်ဂိုဏ်းရဲ့ တထာဂတနဲ့ တာအိုဂိုဏ်းရဲ့ တာအိုသခင်တို့ဆီကိုလည်း ဂိုဏ်းရဲ့ အထွဋ်အမြတ်ကျမ်းစာတွေပေးဖတ်ဖို့ ထောက်ခံချက်ပေးပြီး စေလွှတ်ခဲ့ပါတယ်။ အထွဋ်အမြတ်ကျမ်းစာတိုင်းကို နားလည်ထားပြီး လက်ရှိရန်ခန်းအင်ပါယာရဲ့ပြောင်းလဲမှုတွေကိုတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ မူကို ကျင့်သုံးနေတာဖြစ်ပါတယ်။ ရန်ခန်းအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံ ဗျူဟာမှုး မင်းဆရာ စတဲ့ ဘွဲ့တွေဟာ သူ့ကို လုပ်ပိုင်ခွင့်တွေအများကြီးပေးထားပေမဲ့လည်း သူကတော့ ရန်ခန်းအင်ပါယာကြီး ပြောင်းလဲဖို့ကိုပဲ ဦးစားပေးထားပါတယ်။ ကျင့်ကြံခြင်းမှာလည်း မြင့်မားတဲ့အဆင့်ကို ရောက်ရှိနေပြီး ကျင့်ကြံခြင်း ဓားသိုင်း အစရှိတဲ့ ဗဟုသုတပိုင်းမှာလည်း အသိပညာကြွယ်ဝပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းလည်းကောင်းလှပြီး အခြေခံ ဓားချက် ဆယ့်လေးချက်ပဲရှိတယ်လို့ ပုံသေ သတ်မှတ်ထားတာ‌မျိုးကိုတောင် ဓားချက်ပုံစံအသစ် သုံးချက် ထပ်ပြီးတီထွင်ပေါင်းထည့်ခဲ့ပါတယ်။ ရန်ခန်း အင်ပါယာရဲ့ ဦးနှောက်လို့ တင်းစားလို့ရသလို ပါရမီပိုင်းမှာလည်း ကျွန်တော်တို့ ဇာတ်လိုက်ကြီး ချင်မူနဲ့ တန်းတူရှိနေတဲ့လူပါ။ နှစ်ငါးရာမှာ တစ်ခါပေါ်တဲ့ ပါရမီရှင် အဖြစ်လည်းသတ်မှတ်ခံထားရပါသေးတယ်။ ရည်ရွယ်ချက်ကြီးမားတဲ့ အလျောက် ရန်ခန်းအင်ပါယာရဲ့ ပြောင်းလဲမှုတွေကို တားဆီးဖို့ ကြိုးစားနိုင်တဲ့လူမှန်သမျှကို မတားဆီးနိုင်အောင် ဖယ်ထုတ်တတ်တဲ့လူမျိုးပါ။ သိုင်းကွက်လမ်းစဉ်လို ကြီးမားတဲ့ လမ်းစဉ်တစ်ခုကိုတောင် ကျင့်ကြံသူတွေအကုန် ဆင့်ခေါ်တိုက်ခိုက်ပြီး ပပျောက်လုနီးပါးဖြစ်အောင် လုပ်နိုင်သူပါ။ ရန်ခန်းအင်ပါယာရဲ့ပြောင်းလဲမှုတွေကို တားဆီးဖို့ကြိုးစားတဲ့ ဂိုဏ်းတိုင်းလိုလိုဟာ မင်းဆရာရဲ့ လက်ချက်နဲ့ ပျက်စီးရင် ပျက်စီး မပျက်စီးရင် အညံ့ခံကြရပါတယ်။
လက်ရှိမှာတော့ နတ်ဘုရားတွေအောက် နံပါတ်တစ်လူသားအဖြစ် တင်စားခံထားရပြီး ရန်ခန်းအင်ပါယာထဲမှာ ဧကရာဇ်ပြီးရင် အာဏာအရှိဆုံးလူလို့ သတ်မှတ်နိုင်ပါတယ်။
မင်းဆရာ (ကျန်းပိုင်ကွေ့)ဟာ နွားကျောင်းသားလေးရဲ့ နတ်ဘုရားမှတ်တမ်း ဇာတ်လမ်းမှာ အရေးပါတဲ့လူတစ်ယောက်ဖြစ်တာကြောင့် သူ့အကြောင်း အပေါ်ယံတော့ နားလည်ထားရအောင် တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။နောက်ထပ်လိုအကြောင်းအရာတွေကို ရေးပေးဉီးမလဲဆိုတာကို စိတ်ဝင်စားလို့ ဖတ်ချင်သေးတယ်ဆိုရင်ဖြင့် ZUL ရဲ့ Page လေးကို Follow လေးနှိပ်ပေးခဲ့ကြပါဗျာ။အားပေးဖတ်ရှုကြခြင်းကို ကျေးဇူးအထူးတင်လျက်။
🔥

ဒုက္ခိတဘိုးဘွား‌ကျေးရွာရဲ့ ရွာလူကြီး (သို့မဟုတ်)လူသားဧကရာဇ် စုမုကျဲ (Village Chief)ပထမဆုံးပြောရမှာကတော့ ချင်မူကို ပြိုင်...
15/05/2025

ဒုက္ခိတဘိုးဘွား‌ကျေးရွာရဲ့ ရွာလူကြီး
(သို့မဟုတ်)
လူသားဧကရာဇ် စုမုကျဲ (Village Chief)

ပထမဆုံးပြောရမှာကတော့ ချင်မူကို ပြိုင်ဘက်ကင်းကိုယ်ထည်ဖြစ်တယ်ဆိုပီး ချင်မူနှင့်တကွ ရွာအဘိုးအဘွားတွေအကုန်လုံးကို မျှော်လင့်ချက် ရောင်ခြည်ပေးခဲ့တဲ့ သူပါ။ဒီမျှော်လင့်ချက်ကြောင့်ပဲ အဘိုးအဘွားတွေအကုန်လုံးဟာ စိတ်ဓာတ်တွေတက်ကြွခဲ့ပြီး ချင်မူကိုယ်တိုင်သည်လဲ ဘယ်တော့မှ အရှုံးမပေးတတ်တဲ့စိတ်ကို မွေးမြူနိုင်ခဲ့ခြင်းရဲ့ အဓိကအချက်ပဲဖြစ်ပါတယ်။
ဒုက္ခိတဘိုးဘေးရွာရဲ့ ဦးဆောင်ဦးရွက် ခေါင်းဆောင်လို ဖြစ်နေပြီး အားလုံးက လေးစားကြောက်ရွံရတဲ့ ရွာလူကြီးဟာ ဆိုရင်တော့ ချင်မူရဲ့ ဓားသိုင်းလမ်းစဉ်ကို အဓိက ပံ့ပိုးပေးမယ့် ဆရာဖြစ်ပါတယ်။ ရွာလူကြီးဟာ အသက်အကြီးဆုံးဖြစ်ပြီး နှစ်ပေါင်းရှစ်ရာနီးပါ စုဆောင်းလာတဲ့ ဗဟုသုတနဲ့ ဓားပညာတွေ ဟာ ချင်မူကို ဓားသိုင်းကျွမ်းကျင်မှုမှာ အနေအထားတစ်ခုထိရောက်စေမှာပါ။

ခြေလက်လေးဘက်လုံး ဖြတ်ခံထားရတဲ့ အဖိုးကြီးဟာတော့ ဒုက္ခိတဘိုးဘွားကျေးရွာမှာ လည်း အာဏာရှိသလို အပြင်လောကမှာလည်း အဆင့်အတန်းအာဏာကြီးမားတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ နာမည်အရင်းကတော့ စုမုကျဲဖြစ်ပါတယ်။ ဓားနတ်ဘုရား ဆိုတဲ့ ဘွဲ့ကိုလည်း ရရှိထားပြီး တစ်ဖက်မှာလည်း လူသားဧကရာဇ်ဆိုတဲ့ မြင့်မားတဲ့အဆင့်အတန်းကို ဆက်ခံရရှိထားပါတယ်။ လူသားဧကရာဇ်ဆိုတဲ့ဘွဲ့ဟာ ဂိုဏ်းတိုင်း မျိုးနွယ်စုတိုင်းကို လူသားမျိုးနွယ်အတွက် ဆင့်ခေါ်ခိုင်းစေနိုင်ပြီး တာဝန်ဝတ္တရားတွေဟာလည်း များပြားလှပါတယ်။ ဒီရာထူးကို ဆက်ခံလိုက်တာနဲ့ လိုအပ်ရင် အသက်ကို ပေးဆပ်ရမယ်လို့ သဘောတူလိုက်ခြင်းနဲ့ တူတူပါပဲ။ (လူသားဧကရာဇ်အကြောင်းကိုတော့ ဒီထဲမှာ ရေးရင် ရှည်သွားမှာမို့ သပ်သပ်ရေးတင်ပေးပါ့မယ်ဗျာ)
ဓားနတ်ဘုရားဘွဲ့ကို ရရှိထားရတဲ့ အကြောင်းအရင်းကတော့ ရွာလူကြီးမှာ ဓားပန်ချီဆိုတဲ့ ဓားသိုင်းရှိပြီး စွမ်းအားကလည်းကြီးမားပါတယ်။ သိုင်းကွက်ရှစ်ကွက်ရှိပြီး တစ်ကွက်ချင်းစီက ကျင့်ကြံအဆင့် တစ်ဆင့်ကို ကိုယ်စားပြုပါတယ်။ ကျင့်ကြံဆင့်က ခုနှစ်ဆင့်သာရှိပြီး ဓားသိုင်းကွက်က ရှစ်ကွက်ရှိတာကြောင့် တစ်နည်းပြောရရင်တော့ ရွာလူကြီးရဲ့ ဓားသိုင်း နောက်ဆုံးတိုက်ကွက်ဟာ နတ်ဘုရားအဆင့်နဲ့ ညီမျှပါတယ်။ လက်ရှိ ဓားနတ်ဘုရားလို့ နာမည်ကြီးတဲ့ ရန်ခမ်းရဲ့ မင်းဆရာတောင်မှ ဓားသိုင်းပညာမှာ ရွာလူကြီးထက် နိမ့်ကျပါသေးတယ်။ ရွာလူကြီးရဲ့ လက်တွေ ခြေထောက်တွေကတော့ ပြတ်နေရတဲ့အကြောင်းရင်းကတော့ လူသားဧကရာဇ်ဆိုတဲ့ရာထူးရဲ့တာဝန်ကြောင့်ဖြစ်ပါတယ်။ လူသားတွေကို အန္တရာယ်ပြုချင်တဲ့ နတ်ဘုရားတွေ ရှိခဲ့ပြီး ရွာလူကြီးက တိုက်ခိုက်ဖို့ မျိုးနွယ်စု အားလုံးကို ဆင့်ခေါ် ခဲ့ပြီး အဲ့တိုက်ပွဲမှာပဲ ခြေလက်တွေခုတ်ဖြတ်ခံခဲ့ရပြီး မသတ်ပဲ ချန်ထားတာကို ခံခဲ့ရပါတယ်။ တိုက်ပွဲပြီးတဲ့နောက်မှာတော့ စိတ်ဓာတ်ကျပြီး တာ့ရွီးမှာပဲ နေထိုင်ခဲ့ပါတော့တယ်။ချင်မူကို ဓားသိုင်းသင်မပေးရတဲ့ အကြောင်းရင်းကလည်း တပည့်အဖြစ်လက်ခံရင် လူသားဧကရာဇ်ဘွဲ့ကိုပါ ပေးမိပြီး သူ့ဝန်ထုပ်ဝန်ပိုးတွေကို လွဲပြောင်းပေးရာကြမှာ ကြောက်လို့ဖြစ်ပါတယ် ။
ချင်မူအနေနဲ့ လူသားဧကရာဇ်ဘွဲ့က်ု ရရှိမှာဖြစ်ပေမယ့်လည်း အချိန်တစ်ခုထိတော့ကကြာဦးမှာပါ။ ရွာလူကြီးရဲ့ သင်ကြားမှုကိုလဲ တစ်ကြိမ်မျှသာ သင်ကြားခဲ့ရသေးသည်။

ရွာလူကြီးက လက်ရှိမှာတော့ နတ်ဘုရားတစ်ပိုင်းလို့ ပြောလို့ရပြီး ကျိုးနေတဲ့ ကောင်းကင်တံတားရတနာကြောင့် အဆင့်မတတ်နိုင်ဖြစ်နေတာပါ။ ခြေလက်လေးဘက်လုံးမရှိပေမဲ့လည်း စွမ်းအားကတော့ ကြီးမားဆဲဖြစ်ပြီး လက်ရှိအပိုင်းတွေမှာ ရွာလူကြီးရဲ့ အစွမ်းတွေကို မြင်ရပြီးဖြစ်မှာပါ။ ဒါကတော့ ရွာလူကြီးရဲ့ အကြောင်း အနည်းအကျဉ်းဖြစ်ပြီး spoiler အရမ်းကြီးမပါအောင် ရေးထားတာဖြစ်တဲ့အတွက် လိုအပ်သွားတာတွေရှိပါသေးတယ်။ဒါတွေကိုတော့ နောက်မှပဲ စာ‌တွေထပ်ရေးတင်ပေးပါ့မယ်ဗျ။ကျနော့်ရဲ့ page မှာလဲ အချက်အလက်တွေကိုလာရောက်ဖတ်ရှုနိုင်ပါသည်။ အခုလိုဖတ်ရှုလိုက်ကြရတဲ့အတွက် စိတ်ကျေနပ်ကြမယ်လို့မျှော်လင့်ပါတယ်ဗျ။ဖတ်ရတာအဆင်ပြေရဲ့လားဆိုတာရော နောက်ထပ်ဘယ်အကြောင်းအရာတို့ကိုရော သိချင်သေးတယ်ဆိုတာ ပြောပြခဲ့လို့ရပါတယ်ဗျာ။

🔥

ရန်ခန်း  (Eternal Peace Empire)ရဲ့ အကြောင်းများချင်မူဟာ ရန်ခန်းမှာ အတွေ့အကြုံများစွာရှာမှာဖြစ်ပြီး သူ ပညာစည်းပူးရမယ့်နေရ...
11/05/2025

ရန်ခန်း (Eternal Peace Empire)ရဲ့ အကြောင်းများ

ချင်မူဟာ ရန်ခန်းမှာ အတွေ့အကြုံများစွာရှာမှာဖြစ်ပြီး သူ ပညာစည်းပူးရမယ့်နေရာလည်းဖြစ်လာမှာပါ။ချင်မူလက်ရှိနေနေတဲ့ဂြိုလ်မှာတော့ ရန်ခန်းတည်ရှိနေတဲ့ နေရာကို အရှေ့ကမ္ဘာလို့‌ခေါ်တာဖြစ်ပြီး တာ့ရွီးကိုတော့ အလယ်ကမ္ဘာလို့ ခေါ်ပါတယ်။ ဇာတ်လမ်းရဲ့ ကျောရိုးကို တာ့ရွီးနဲ့ ရန်ခန်းမှာ အဓိကယူထားတာဖြစ်ပြီး ချင်မူဟာ ရန်ခန်းရဲ့ အရေးပါတဲ့လူတွေထဲက တစ်ယောက်ဖြစ်လာမှာပါ။

ရန်ခန်းဟာ အင်ပါယာတစ်ခုဆိုပေမယ့်လည်း ဂိုဏ်းတစ်ခုနဲ့ ပိုတူပါတယ် ဧကရာဇ် မင်းအတိုင်ပင်ခံ ၊ ဝန်မင်း ရာထူးအဆင့်ဆင့်နဲ့ ခွဲခြားထားပေမဲ့လည်း ဖွဲ့စည်းတည်ဆောက်ပုံက ဂိုဏ်းတစ်ခုနဲ့တူတာကို မြင်ရမှာပါ။ အင်ပါယာမိသားစုဟာ လင်မိသားစုဖြစ်ပြီးတော့ ချင်မူနဲ့ တွေ့ခဲ့တဲ့ သတ္တမသခင်လေး ဟာလည်း အင်ပါယာမိသားစု ဧကရာဇ်ရဲ့ သမီးတော် တစ်ပါးဖြစ်ပါတယ်။ လင်မိသားစုဟာ နဂါးကျင့်စဉ်ကို ကျင့်ကြံပြီး ကျင့်စဉ်ကို ဧကရာဇ်အဆက်ဆက် ပြုပြင်ခဲ့တာကြောင့် တော်တော်လေး ကောင်းမွန်တဲ့ ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီကျင့်စဉ်အစွမ်းကြောင့် အင်ပါယာကို ထူထောင်နိုင်ခဲ့ပြီး ရန်ခမ်းအင်ပါယာဆိုတာဖြစ်လာရတာပါ။

နောက်တစ်ချက်အနေနဲ့တော့ ရန်ခန်းအကြောင်းပြောရင် မပါမဖြစ်ကတော့ မင်းအတိုင်ပင်ခံ နတ်ဘုးရားတွေအောက် နံပါတ်တစ်လူသား အကြောင်းကို ပြောရမှာပါ။မင်းအတိုင်ပင်ခံဟာ ဂိုဏ်းအသီးသီးက ကြောက်ရတဲ့ ထိပ်သီးပညာရှင်တစ်ယောက်ဖြစ်ပြီး ပါရမီရှင်လည်း ဖြစ်တာကြောင့် ထိပ်သီးဂိုဏ်းတိုင်းရဲ့ ပညာရပ်တွေကို လေ့လာနိုင်ခဲ့ပါတယ်။ ချင်မူရဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းအပါအဝင် ၊တာ့လိန်ယင်ဂိုဏ်း ၊တာအိုဂိုဏ်းတွေရဲ့ အထွဋ်အမြတ်ကျမ်းစာတွေအားလုံးကို လေ့လာခဲ့ဖူးပြီး သူ့ကို အလွှမ်းမိုးဆုံးနဲ့ သူသဘောအကျဆုံး သဘောတရားတွေက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကဖြစ်ပြီးတော့ အင်ပါယာကို တည်ဆောက်ပုံ အကြံဉာဏ်တွေဟာလည်း အဲ့က ဆင်းသက်လာပါတယ်။

ပြည်သူပြည်သားတွေရဲ့ နေ့စဉ်ဘဝအဆင်ပြေမှု စားဝတ်နေရေး ရာသီဥတုဘေး အစရှိတာတွေကို အဆင်ပြေစေဖို့ တန်ခိုးရှင်တွေကို ခိုင်းစေပြီး လုပ်ခိုင်းခဲ့ပါတယ်။ မိုးခေါင်တဲ့နှစ်တွေမှာ မိုးခေါ် ၊မိုးရွာချပေးတာ‌မျိုး လယ်ယာထွန်ယက်တဲ့နေရာမှာ လေသိုင်းတွေ၊ မြေသိုင်းတွေနဲ့ ကူညီခိုင်းတာမျိုး လုပ်ခိုင်းခဲ့ပါတယ်။ တန်ခိုးရှင်တွေဟာ သာမာန်လူတန်းစားတွေနဲ့ ပြည်သူပြည်သားတွေကို ကာကွယ်ပေးပြီး အမှုထမ်းရတာမျိုး ဖြစ်လာတာကြောင့် သိုင်းပညာတွေကို သင်ကြားပေးပြီး သာမာန်လူတွေဆီက အမြတ်ထုတ်တတ်တဲ့ ဂိုဏ်းတွေနဲ့ စတင်ပြီး ရန်မီးပွားလာရပါတော့တယ်။ ပြည်သူတွေ သာမာန်လူတန်းစားတွေကို အလေးထားတဲ့ မူတွေကြောင့် ဂိုဏ်းပေါင်းစုံရဲ့ ပုန်ကန်ခြင်းကို ခံခဲ့ရပေမဲ့ ဧကရာဇ်ရဲ့အစွမ်းအစ နဲ့ မင်းအတိုင်ပင်ခံရဲ့ အကြံဉာဏ်တွေကြောင့် ဂိုဏ်းတွေကို နှိမ်နင်း လက်အောက်ကို သွတ်သွင်းနိုင်ခဲ့ပြီး နယ်မြေများစွာကို အင်ပါယာကြီးတစ်ခုအဖြစ်စုစည်းနိုင်ခဲ့ပါတယ်။ ပြောရရင်ဝောာ့ ရန်ခန်းဟာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ မူအတိုင်း သွားနေတဲ့ အင်ပါယာတစ်ခုဖြစ်တယ်လို့တောင် ဆိုနိုင်ပါတယ်။

ဒါကတော့ ရန်ခန်းရဲ့ သမိုင်းနဲ့ အနေအထားတွေဖြစ်ပြီး ချင်မူဟာ ရန်ခန်းရဲ့ မင်းတက္ကသိုလ်မှာ သွား ပညာသင်မှာပါ။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကိုလည်း ဆက်ခံမှာဖြစ်ပြီး ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ မူဝါဒအတိုင်းသွားနေတဲ့ အင်ပါယာတစ်ခုကို ချင်မူ အနေနဲ့ ဘယ်လို ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ရန်ခန်း ရန်ခန်းနဲ့မြင်နေကြားနေရပြီး ဘာမှန်မသိသေးတဲ့ ညီအကိုတို့အတွက် ပိုပြီးကြည့်ရအဆင်ပြေစေနိုင်ရန် မျှော်လင့်ပါတယ်ဗျာ။ အခုလို အကြောင်းအရာတွေကို နောက်လဲ အမြဲဖတ်ရှုသိရအောင် စာတွေရေးတင်ပေးနေတဲ့ ကျနော်တို့ Page လေးကို Follow လုက်ပြီး အထောက်အကူပေးကြပါဉီးလို့ တောင်းဆိုပါရစေဗျ။ဒါမှလဲ စာဆက်ရေးဖို့ အားရှိတာပေါ့ဗျာ။စာဖတ်ရှုသူ ညီကိုမောင်နှမများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ ZUL တင်ဆက်သည်။

🔥

Address

81, Pengkalan Weld
George Town
10300

Website

Alerts

Be the first to know and let us send you an email when Reaction to Flims by ZUL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share