Cele Zone

Cele Zone Cele အလန်းလေးများ စုစည်းခြင်း

09/08/2026

06/08/2026

အမေသီချင်းတွေပဲတွေ့နေရလို့ မဖေချစ်သူများအတွက် တင်ပေးလိုက်ပီနော်

30/07/2026

26/06/2026

အမေချစ်သူများအတွက်

19/06/2026

13/06/2026

#လူပျောက်ကြော်ငြာ

မလေးရှားရဲနှင့် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ကာ တရားမဝင် မြန်မာလုပ်သား ၅၀၀ ကျော်ကို အေဂျင်စီနှင့် ပေါင်းပြီး ပွဲစားတစ်ဦး ...
08/06/2026

မလေးရှားရဲနှင့် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ကာ တရားမဝင် မြန်မာလုပ်သား ၅၀၀ ကျော်ကို အေဂျင်စီနှင့် ပေါင်းပြီး ပွဲစားတစ်ဦး ခေါင်းပုံဖြတ်နေ

6 Jun 2026 By Mon Lay / Cele Zone

မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့ရှိ တရားဝင်ဖွင့်လှစ်ထားသော အေဂျင်စီတစ်ခုသည် ပွဲစားကျော်စွာ ဆိုသူနှင့် ပူးပေါင်း၍ တရားမဝင် မြန်မာလုပ်သား ၅၀၀ ကျော်ကို လုပ်အားခ ခေါင်းပုံဖြတ်နေကြောင်း ခေါင်းပုံဖြတ်ခံရသည့် လုပ်သားများကပြောပါတယ်။

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံမှ အောက်လမ်းမှတစ်ဆင့် ရောက်ရှိလာသည့် မြန်မာအချင်းချင်းအပေါ် စာနာစိတ်ကင်းမဲ့စွာဖြင့် ငွေကြေးအမြောက်အမြား လိမ်လည်တောင်းခံလျက်ရှိသည်။

ပွဲစားကျော်စွာသည် မြန်မာလုပ်သားများ ရောက်ရှိလာပါက ဂျိုဟိုးမြို့ရှိ ၎င်းတို့၏အေဂျင်စီနှင့် ချိတ်ဆက်၍ စားသောက်ဆိုင်များတွင် အလုပ်သွင်းပေးကြောင်း၊ ထိုသို့ အလုပ်သွင်းပေးသည့်အတွက် အလုပ်သမားတစ်ဦးလျှင် ပွဲစားခအဖြစ် မလေးရှားရင်းဂစ် ၇၀၀ ကို ကြိုတင်ဖြတ်တောက်ယူခြင်းဖြစ်ပြီး အလုပ်စတင်လုပ်ကိုင်ချိန်တွင် တစ်နေ့လျှင် အလုပ်ချိန် ၁၀ နာရီ လုပ်ကိုင်ရပြီး တစ်လလစာ ရင်းဂစ် ၁၈၀၀ ရရှိမည့် ၂ နှစ်စာချုပ်ကို မဖြစ်မနေ ချုပ်ဆိုကြရသည်။

"တရားဝင် နာမည်ခံထားတဲ့ အဲဒီအေဂျင်စီဟာ မြန်မာလုပ်သား တစ်ယောက်ချင်းစီအတွက် ၂ နှစ်စာချုပ် သက်တမ်းနဲ့ ဆိုင်ရှင်တွေဆီကနေ ရင်းဂစ် ၅၀၀၀ စီ ထပ်ပြီး တောင်းထားပါသေးတယ်။ ဒါတင်မကသေးဘဲ အလုပ်သမားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ ပတ်စပို့စာအုပ်တွေကိုလည်း အေဂျင်စီက အတင်းသိမ်းထားပါတယ်။ ပါမစ်ဖွင့်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်သားတွေရဲ့ လစာထဲကနေ တစ်လကို ရင်းဂစ် ၅၀၀ စီ လစဉ် ဖြတ်ပြီး စုစုပေါင်း ရင်းဂစ် ၅၅၀၀ အထိ သိမ်းယူထားတာ ဖြစ်ပါတယ်" ဟု မလေးရှားရောက် မြန်မာလုပ်သား တစ်ဦးကပြောသည်။

ထို့အပြင် မလေးရှားအစိုးရထံ အခွန်ဆောင်ရမည်ဟုဆိုကာ လစဉ်လစာထဲမှ ရင်းဂစ် ၄၈ မှ ၅၈ ဝန်းကျင်အထိ လိမ်လည်၍ ထပ်မံဖြတ်တောက်ကြောင်း၊ အလုပ်သမားများက မိမိတို့သည် တရားမဝင် လာရောက်လုပ်ကိုင်ခြင်းဖြစ်ပြီး အဆိုပါငွေများကို မည်သည့်အစိုးရထံ သွင်းခြင်းလဲဟု မေးမြန်းသည့်အခါ ပွဲစားကျော်စွာက ရိုင်းစိုင်းစွာ ဆဲဆိုပြီး လူတိုင်းထံမှ အများနည်းတူ ဖြတ်တောက်ခြင်းဖြစ်ကြောင်း စိတ်ဆိုးမာန်ဆိုး ပြန်လည်ပြောဆိုသည်။

အကယ်၍ အလုပ်သမားများဘက်က အလုပ်အဆင်မပြေ၍ ပြောင်းရွှေ့ခိုင်းပါကလည်း ဆဲဆိုကြိမ်းမောင်းပြီး ၎င်း အလုပ်ရှုပ်နေသည်ဟူသော ဆင်ခြေကိုသာ အမြဲပေးလေ့ရှိသည်။

"လုပ်သားတွေအနေနဲ့ စာချုပ်အတိုင်း ၂ နှစ်ပြည့်အောင် လုပ်ခဲ့ပြီးနောက် သူတို့နဲ့ ဆက်မလုပ်ချင်တော့လို့ ထွက်မယ် ပြောတဲ့အခါ ပါမစ်လုပ်ဖို့ဆိုပြီး ဖြတ်ထားတဲ့ ရင်းဂစ် ၅၅၀၀ ကို လုံးဝ ပြန်မပေးတော့ပါဘူး။ ဒါတင်မကသေးဘဲ ကိုယ့်ပတ်စပို့စာအုပ်ကို ပြန်တောင်းတဲ့အခါမှာလည်း ရင်းဂစ် ၅၀၀ ပေးပြီးမှ ပြန်ရွေးရမယ်လို့ အကျပ်ကိုင်ပါတယ်။ လက်ရှိ မလေးရှားအစိုးရက ပါမစ်မဖွင့်သေးတာကို သိရက်နဲ့ ဖြတ်ထားတဲ့ ပါမစ်ဖိုး ရင်းဂစ် ၅၅၀၀၊ ပတ်စပို့ရွေးခ ရင်းဂစ် ၅၀၀၊ ပွဲစားခ ရင်းဂစ် ၇၀၀ နဲ့ လစဉ်ဖြတ်တောက်ငွေတွေ အပါအဝင် စုစုပေါင်း တစ်ယောက်ကို ရင်းဂစ် ၈၀၀၀ စီ ပွဲစားကျော်စွာနဲ့ အေဂျင်စီတို့ ပေါင်းပြီး သွေးစုပ်စားသောက်နေကြတာ ဖြစ်ပါတယ်" ဟု မလေးရှားရောက် CDM တစ်ဦးက ပြောသည်။

ယခုပမာဏသည် မြန်မာလုပ်သားများ ၅ လစာ တိုင်တိုင် ပင်ပန်းဆင်းရဲခံ၍ ရှာဖွေထားရသည့် လုပ်အားခများ ဖြစ်ကြောင်း၊ မိမိတို့ငွေကို ပြန်လည်တောင်းခံလျှင်ဖြစ်စေ၊ ပြဿနာစကား ပြန်ပြောလျှင်ဖြစ်စေ ပွဲစားကျော်စွာက ရဲတိုင်၍ ရဲနှင့် ဖမ်းဆီးခိုင်းမည်ဟူသော အကြောက်တရားဖြင့် အမြဲတမ်း ခြိမ်းခြောက်အနိုင်ကျင့်သည်ဟု မလေးရှားရောက် မြန်မာလုပ်သားများက ဆိုသည်။

တရားမဝင် အလုပ်သမားများ ဖြစ်ကြသဖြင့် မြန်မာလုပ်သားများခမျာ ဘာမှမတတ်နိုင်ဘဲ အကြောက်တရားများဖြင့် ငုံ့ခံကာ မလုပ်ချင်ဘဲ ဆက်လက်လုပ်ကိုင်နေကြရသည်။

အဆိုပါပွဲစား ကျော်စွာသည် မြန်မာလုပ်သားများ မည်သည့်အခက်အခဲနှင့်ပဲ ကြုံကြုံ မြန်မာအချင်းချင်း ကူညီခြင်း လုံးဝမရှိဘဲ ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ့်အပြစ်နှင့်ကိုယ်ပဲဟု အမြဲပြောဆိုကြောင်း၊ ငွေကြေးများ ရင်းဂစ်ထောင်ချီ ဖြတ်တောက်ထားသော်လည်း မလေးရှားအစိုးရ၏ အော်ပရာစီ (အဖမ်းအဆီး) နှင့် မိသွားသည့်အခါတွင်လည်း ဝင်ရောက်ကူညီခြင်းမရှိဘဲ အချိန်တန်လျှင် မြန်မာလုပ်သားများခမျာ ထောင်ကျပြီး မြန်မာပြည် ပြန်လည်ပို့ဆောင်ခံရခြင်းသာ ရှိသည်ဟု CDM တစ်ဦးက ဆက်လက်ပြောသည်။

မြန်မာအချင်းချင်းအပေါ် သွေးစုပ်နေသည့် ပွဲစားကျော်စွာသည် လက်ရှိတွင် KIP Mall Tampoi အနီးရှိ သူဌေးများ နေထိုင်သော ကွန်ဒိုတွင် နေထိုင်လျက်ရှိပြီး ၎င်း၏ဇနီးသည်လည်း ဂျိုဟိုးစီနိုင်း (Johor Senai) တွင် အလှပြင်ဆိုင် အကြီးစားတစ်ခု ဖွင့်လှစ်ထားကြောင်း ကျော်စွာ၏ ငွေညှစ်မှုကို ခံယူခဲ့ရသည့် အလုပ်သမားများက ပြောသည်။

လက်ရှိ မလေးရှားရောက် မြန်မာလုပ်သား ရာနှင့်ချီ အကြောက်တရားများဖြင့် ဖိနှိပ်ခံနေရသည့် ဖြစ်စဉ်ကို မလေးရှားတွင်ရှိသော မြန်မာအဖွဲ့အစည်းများ၊ တရားဝင် ကူညီကယ်တင်ပေးနိုင်မည့် လူမှုရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး သိရှိပြီး၊ မိမိလူမျိုးအချင်းချင်း ယုတ်မာစွာ သွေးစုပ်ခေါင်းပုံဖြတ်နေသည့် ပွဲစားကျော်စွာနှင့် အဆိုပါ အေဂျင်စီကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေး၍ အရေးယူ ဆောင်ရွက်ပေးရန် မလေးရှားရောက် မြန်မာများက ပြင်းထန်စွာ လိုလားလျက်ရှိသည်။

ဓာတ်ပုံ-ပေးပို့

#ပွဲစား #မလေးရှား

28/05/2026

Address

Johor Bahru

Alerts

Be the first to know and let us send you an email when Cele Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category