12/09/2026
လူရယ်လို့ ဖြစ်လာရင်…..
သင့်ကို အားကျတဲ့လူ ရှိသလို၊
အမြင်ကပ်တဲ့ လူလည်း ရှိမယ်။
သင့်ကို မနာလိုတဲ့ လူ ရှိသလို၊
အထင်သေးတဲ့ လူလည်း ရှိမယ်။
ဒါ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။
သင် ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ်
သင် ဘယ်လောက်ပဲ အနစ်နာခံ ကြိုးစားကြိုးစား..
လူတိုင်းကို ကျေနပ်အောင်တော့ သင် မစွမ်းဆောင်နိုင်ပါဘူး၊
ဒါကြောင့်မို့လို့၊ သူများအကြိုက်ကို ဆောင်ဖို့…
သင့်ရဲ့ ပင်ကိုယ် တန်ဖိုးကို အထိခိုက် မခံပါနဲ့။
သင့် ခံယူချက်အပေါ် သင် ကာကွယ်သင့်ပါတယ်။
သိထားဖို့က…
သူများပါးစပ်ဖျားပေါ်က ”သင်” ဟာ…
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ
သင် အစစ်အမှန် မဟုတ်ပါဘူး။
လူဆိုတာ…….
မျက်စိချင်း တူသော်ငြားလည်း၊
အမြင်ချင်း မတူပါဘူး၊
နားပေါက်ချင်း တူသော်ငြားလည်း၊
ကြားပုံချင်း မတူပါဘူး၊
ပါးစပ်ချင်း တူသော်ငြားလည်း၊
ပြောဆိုပုံချင်း မတူပါဘူး၊
ဦးနှောက်ချင်း တူသော်ငြားလည်း၊
အယူအဆချင်း မတူနိုင်ပါဘူး၊
လူချင်း တူသော်ငြားလည်း၊
အသက်ရှင် နေထိုင်ပုံချင်း မတူပါဘူး၊
ဒီအတွက်ကြောင့်….
သင် ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊
နားလည်တဲ့လူနဲ့ တွေ့ဦးမှ…
သင် ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊
ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ..
သင် ဘယ်လောက်ပဲ ရိုးသားရိုးသား၊
သံသယ နဲတဲ့ လူနဲ့ ဆုံဦးမှ..
သင် ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ၊
တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ…
နောက်ဆုံးတော့…
သိတာလည်း အားလုံး မပြောနဲ့…
မြင်တာလည်း အားလုံး မယုံနဲ့….
သင် ဘယ်သူ့ကို ဘယ်လောက်
ချစ်တယ် ခင်တယ်ပဲ ဆိုဆို
ကိုယ့်အတွက် အသက်ရှင်ဖို့လည်း မမေ့ပါနဲ့……….။
စသားလည်းကြိုက်လို့မျှဝယ်လိုက်ပါတယ်
#စာပေ
#ဗဟုသုတ
#ခွန်အားစာပေ