Min Khant

Min Khant "ခံစားချက်တွေရဲ့ အနှစ်အရသာ ၊လှပမှုရဲ့အက္ခရာ"

16/06/2025

အသစ်အသစ်တွေကို မျှော်လင့်ရင်း
ငါတို့ဟာ အိုဟောင်းခဲ့ရ ။

#ဂန္ဓမာ

10/06/2025

နာရီလက်တံတွေ နောက်ပြန်လည်တဲ့တစ်နေ့
ပျော်စရာတွေဟာ ငါ့အပေါ်
အားရပါးရ ၀ဋ်ပြန်လည်လိမ့်မယ် ။ ။

- အောင်ချိမ့်

အရှင်ဘုရား  ရေများ ရေနိုင်မီးများ မီးနိုင်ငွေများရင် တရားကိုနိုင်တဲ့ ကမ္ဘာလောကမှာအချစ်များတဲ့လူတွေ ရှု့ံးတာတော့သဘာဝမဲ့လွ...
10/06/2025

အရှင်ဘုရား ရေများ ရေနိုင်
မီးများ မီးနိုင်
ငွေများရင် တရားကိုနိုင်တဲ့
ကမ္ဘာလောကမှာ
အချစ်များတဲ့လူတွေ ရှု့ံးတာတော့
သဘာဝမဲ့လွန်းအားကြီးပါတယ် ။ ။

- မောင်ခက်လူ
Photo - MarNa

07/06/2025

ပြန်လာမယ် ပြောပြီး
မရောက်သေးတော့လည်း
ရိုးတံကျဲကျဲနဲ့ စောင့်ရုံပေါ့ ။ ။

- ဝင်းမြင့်

04/06/2025

ဝေးသောအရပ်မှာ
ရယ်သံကအစနွေးပါစေ
ခြေသံကအစ သာယာပါစေ ။ ။

- နေယံလင်းခ

ငမူး-၁" မူး ရင် အိပ် မယ် ထင် တာ မူး လာ မှ တိမ် ပြို ပြီး မ စဲ တော့ ဘူး...။        ။ -စိတ်ရွက်လှေ  #စာတို  #ကဗျာ
02/06/2025

ငမူး-၁"

မူး ရင် အိပ် မယ် ထင် တာ
မူး လာ မှ တိမ် ပြို ပြီး မ စဲ တော့ ဘူး...။ ။

-စိတ်ရွက်လှေ

#စာတို
#ကဗျာ

"ခေတ်ပျက်ထဲက လူငယ်"အိပ်ရာထ မျက်လုံးဖွင့်တာနဲ့အလင်း ရောင်ဟာ ငါမျက်လုံးကို"ကန်း"စေ ခဲ့တယ် ။တိုးဝေ့လာတဲ့ လေထဲက "သွေးညှိီနံ့...
02/06/2025

"ခေတ်ပျက်ထဲက လူငယ်"

အိပ်ရာထ မျက်လုံးဖွင့်တာနဲ့
အလင်း ရောင်ဟာ ငါမျက်လုံးကို
"ကန်း"စေ ခဲ့တယ် ။

တိုးဝေ့လာတဲ့ လေထဲက
"သွေးညှိီနံ့"က ၊ ငါနှလုံးသားမှာစွဲနေခဲ့တယ် ။

စုတ်ပြက်သတ်နေတဲ့
"ခေတ်"လမ်းမှာ လျှောက်ရင်း၊
အိမ်မက်တွေ ၊ ရည်ရွယ်ချက်တေ ၊
အနာဂတ်တွေကိုအနားက အမှိုက်ပုံးထဲထည့်ပြီး ၊
သက်ပြင်းလည်းချ မသိသလိုလေး
ပြန်လာလိုက်တယ် ။ ။

-စိတ်ရွက်လှေ

#စာတို
#ကဗျာ

ချစ်လို့ ကျီဆယ်တာ ပန်းဆက်ရာခါချည်ပါခဲ့မေ ဘယ်ထင်ပါ့မလဲ စူဋသုဘဒ္ဒါ ။မင်းမုန်းလို့ ဆုပန်ကာ မိဖုရားဖြစ်လို့ငါဆဒ္ဒန် စွယ် မှ ...
02/06/2025

ချစ်လို့ ကျီဆယ်တာ ပန်းဆက်ရာ
ခါချည်ပါခဲ့မေ ဘယ်ထင်ပါ့မလဲ စူဋသုဘဒ္ဒါ ။

မင်းမုန်းလို့ ဆုပန်ကာ မိဖုရားဖြစ်လို့
ငါဆဒ္ဒန် စွယ် မှ နားတောင်းပန်လိုရာ
ငါပေးခဲ့ပါတယ် ၊ မငိုပါလင့် စူဋသုဘဒ္ဒါ ။ ။

-စိတ်ရွက်လှေ

#ဒီနေ့တွက်ကဗျာ
#စာတို

02/06/2025

ရှင်ကွဲ (သို့) သေကွဲ

ဘယ်လိုကွဲကွဲ ပဲ့ကြွေခဲ့ရတာပါပဲဲ
ကွဲလက်စ တေကို ကောက်ပြီး
ပွေ့ပိုက်ထားခဲ့တာလည်း ကိုယ်ပဲမို့
ပိုကောင်းတဲ့အသစ်ကို ပိုချစ်တဲ့အဟောင်းနဲ့
မလဲခဲ့ပါဘူး...
(ဒါဝဋ်ကြွေးလို့ပြောပေမယ့်ပေါ့)။

အတ္တကြိးတယ် ပဲပြောရမလား
လောဘကြိးတယ် ပဲပြောရမလား
ပိုင်ဆိုင်လိုစိတ်နဲ့ နာကျင်စေခဲ့မိရာ
တောင်းပန်တဲ့ခါ ခွင့်လွတ်ဖို့လည်း
မတောင်းဆိုခဲ့ပါ..။

သံသရာ တကွေ့ ပြန်တွေ့ခဲ့ရင်
ဒီလို အဖြစ်မျိုး နောက် မတိုးဖို့
ဆုတောင်းရင်းးးးး
အမှတ်တရတွေနဲ့ နှစ်ပတ်လည် ကို
တစ်ယောက်တည်း ဖြတ်သန်း ရင်းးးးး ။ ။

-စိတ်ရွက်လှေ

#စာတို
#ဒီနေ့တွက်ကဗျာ


SHINE // ကျေးဇူးပါကွယ်

02/06/2025

"ဆိတ်သုန်းခြင်း"

မချစ်တာကို မချစ်ဘူးလို့
လက်ခံရမှာပေါ့ကွာ
ဘာများတတ်နိုင်မှာမို့လို့လဲ။

ဘာများပြောနိုင်မှာမို့လို့လည်း
တိတ်ဆိတ်ပေး ယုံပဲပေါ့ ။ ။

- Vivre Zk

#စာတို

01/06/2025

"မုသား"

အဆင်ပြေလား ။ ?

ပြေတာပေါ့ သိပ်ပြေတာပေါ့
ကျကျ နန လှလှ ပပ
ပုံပျက် ပန်းပျက် ပါပဲ "ကိုဘသိန်း" ။ ။

#စိတ်ရွက်လှေ
#စာတို

01/06/2025

"လူ့အလိုအရ"

ပျော် တယ်တော့​ ဘယ်ဟုတ်ပါ့မလဲ "ကိုဘသိန်းရယ်"
ကျနော်ပြုံးတာမြင်ရင် စိတ်ချမ်းသာတယ်ဆိုလို့
ကျနော် မှာ ပါးရေပါ တွန့်တယ် ။ ။

#စိတ်ရွက်လှေ
#စာတို

Address

Johor Bahru

Telephone

+601163669032

Website

Alerts

Be the first to know and let us send you an email when Min Khant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share