Ko Pho Aung

Ko Pho Aung အထွေထွေဗဟုသုတများ

Sweet December
11/12/2025

Sweet December

My favourite Japanese foods 😋😋😋😋❤️❤️
30/10/2025

My favourite Japanese foods 😋😋😋😋❤️❤️

Beautiful  sunset 😍😍😍😍 bye bye
28/10/2025

Beautiful sunset 😍😍😍😍 bye bye

18/10/2025

Good luck for everyone 🙏🙏💵💵💵💵💵💵💵

စိတ်ပျော်ရွင်စရာ သတိရတယ် အတာရယ်
15/10/2025

စိတ်ပျော်ရွင်စရာ သတိရတယ် အတာရယ်

ဒန့်သလွန်စေ့ အကျိုး——————————နာတာရှည် ခါးနာခြင်း၊ ခါးကိုက်ခြင်း၊ အရိုးကျီးပေါင်းတက်၍ အာရုံကြောညှပ်ခြင်း၊ အဆစ်အမြစ်နာခြင်...
09/10/2025

ဒန့်သလွန်စေ့ အကျိုး
——————————

နာတာရှည် ခါးနာခြင်း၊ ခါးကိုက်ခြင်း၊ အရိုးကျီးပေါင်းတက်၍ အာရုံကြောညှပ်ခြင်း၊ အဆစ်အမြစ်နာခြင်း၊ အရိုးကိုက်ခြင်း၊ ကျောက်ကပ်ရောင်ခြင်း (သို့) ဂေါက်ရောဂါကြောင့် နာကျင်ကိုက်ခဲခြင်း စတဲ့ ဝေဒနာရှင်တွေအတွက်ပါ...

အခြောက်လှန်းထားတဲ့ ဒန့်သလွန်သီး အစေ့ (လက်တစ်ဆုပ်စာ)ကို ရေ တစ်လီတာနဲ့ ရော၍

၁၀ မိနစ်ခန့် ပြုတ်ပေးပါ ။

ရရှိလာတဲ့ ဒန့်သလွန်စေ့ပြုတ်ရည်ကို စစ်ယူ၍

အစာစားပြီးပြီးချင်း တစ်ကြိမ်သောက်

အိပ်ရာမဝင်ခင် တစ်ကြိမ်သောက်ပါ

တစ်ကြိမ်သောက်တိုင်း လက်ဖက်ရည်ခွက် တစ်ခွက်စာ သောက်ပေးရပါမယ်။

ဒီနည်းလမ်းအတိုင်း သောက်သုံးပေးမယ်ဆိုရင် ကိုယ်လက်ကိုက်ခဲခြင်း၊ ခါးနာခြင်း၊ အဆစ်အမြစ်နာခြင်း၊ အရိုးကိုက်ခြင်း စတဲ့ ဝေဒနာတွေ သက်သာပျောက်ကင်းစေနိုင်ပါတယ်။ တစ်ရက်၊ နှစ်ရက်အတွင်းမှာ သိသိသာသာ နာကျင်မှုတွေ လျော့ပါးသွားတာကို တွေ့ရပါလိမ့်မည် ။

ရောဂါ (၆၁) မျိုးအတွက် ဆေးဘက်ဝင်တဲ့ ဆီးဖြူသီးအကြောင်း ။ဆီးဖြူသီး ဟာ ကျန်းမာရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ ဆေးစွမ်းကောင်းတစ်လ...
04/10/2025

ရောဂါ (၆၁) မျိုးအတွက် ဆေးဘက်ဝင်တဲ့ ဆီးဖြူသီးအကြောင်း ။

ဆီးဖြူသီး ဟာ ကျန်းမာရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက် ပါ ။ဆီးဖြူသီး (အစိမ်း၊ အခြောက်၊ အရွက်၊ အမြစ်) တွေကို အသုံးပြုပြီး ကုသနိုင်တဲ့ ရောဂါနဲ့ နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါမယ် ။

1. ဒူလာ၊သွေးဝမ်းပျက်ရောဂါ အတွက် ဆီးဖြူသီးခြောက်ကို ငါးရှဉ့်နှင့် ချက်စားပါ ။

2. ဆီးပုပ်ရောဂါ အတွက် ဆီးဖြူသီးခြောက်မှုန့်ကို ထန်းလျက်၊ သကာရည်တို့နှင့် နယ်စားပါ ။

3. နှာခေါင်းသွေးယိုခြင်း အတွက် ဆီးဖြူသီးကို ကြိတ်၍ နဖူးပေါ် အုံပေးပါ ။

4. ဆီးချိုရောဂါ အတွက် ဆီးဖြူ (သို့) မြေဆီးဖြူ ပဉ္စငါးပါးပြုတ် သောက်လိုရပါတယ် ။

5. ဒူလာသွေးဝမ်းပျက်ရောဂါ အတွက် ဆီးဖြူသီးခြောက်ကို ငါးရှဉ့်နှင့် ချက်စားပါ ။

6. သွေးဝမ်းသွားလျှင် ဆီးဖြူသီးအစိမ်းကို ထောင်း၍ အရည်ညှစ်ယူပြီး သံပုရာရည်နှင့် သောက်ပါ။

7. လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ ပေါက်ခြင်းနှင့် ရေစီးကမ်းပြိုခြင်း များအတွက် ဆီးဖြူသီးရွက်ကို ရေနှင့် သုံးခွက်တစ်ခွက်တင်ကျို၍ရသော အရည်ကို ပလုတ်ကျင်းပေးရပါမည် ။

8. ချောင်းဆိုး၊ ပန်းနာ၊ လေနာ တို့ကို ဆီးဖြူသီးသည် ပျောက်ကင်းစေပါတယ်။

9. မီးလှောင်နာ၊ ရေနွေးပူလောင်နာ များအတွက် ဆီးဖြူရွက်ကို အကျွမ်းလှော်၍ အမှုန့်ပြုပြီး ဖြူးပေးရသည်။

10. ကလေးများတွင် ဖြစ်တတ်သော ကျဗဟုံးနာ အတွက် ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်၍ လိမ်းရသည်။

11. ဝမ်းသက်ခြင်း၊ အစာမကြေခြင်း များအတွက် ဆီးဖြူရွက်နုများကို ပုန်းရည်နှင့် ကျွေးရသည်။

12. မျက်စိတွင် ဖြစ်တတ်သော ရောဂါများ အတွက် ဆီးဖြူသီးအစေ့ကို ထုထောင်းချေပြီး ရေနွေးနှင့်ပြုတ်၍ မျက်စိကို ဆေးကြောပေးရသည်။

13. သွေးလွန် (ရာသီလွန်) လျှင် ဆီးဖြူသီးအလုံးကြီးကို စားရသည်။

14. သွေးဒူလာ အတွက် ဆီးဖြူ၊ ဖန်ခါး၊ ကြစု၊ သစ်သီးစိမ့်၊ နံ့သာဆီတုံးတို့ကို သုံးခွက်တစ်ခွက်တင်ပြု၍ အသင့်အတင့် သောက်သုံးပေးရသည်။

15. ဒူလာသရောနာ (ဆီးသွားသောအခါ ခါးကိုက်ပြီး အဖြူဖတ်များပါသောရောဂါ) အတွက် ဆီးဖြူသီး၊ နနွင်းစူးကြီး တို့ကို ကြိတ်၍ စားပေးရသည်။

16. ဒူလာမုတ္တကိတ်ရောဂါ အတွက် ဆီးဖြူသီးကို စားပေးရသည်။

17. သွေးဝမ်းလွန်ရောဂါများ အတွက် ဆီးဖြူရွက်ပြုတ်အရည်ကို ထန်းလျက် (သို့) သကြားနှင့် ဖျော်သောက်ရသည်။

18. ထုံကျင်နာ အတွက် ဆီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက်နှင့် အခြားဆေးပစ္စည်းများနှင့်အတူ စု၍ သကြားနှင့် သုံးဆောင်ရသည်။

19. လျှာကွဲခြင်း အတွက် ဆီးဖြူသီးကို ရေနှင့် သုံးခွက်တစ်ခွက်တင်ပြုတ်၍ ပလုတ်ကျင်းပေးရသည်။

20. မက္ခရုရောဂါ အတွက် ဆီးဖြူသီးမီးဖုတ်၍ ရသောပြာကို ဆီနှင့် ဖျော်၍ ပွတ်ပေးရသည်။

21. မီးယပ်ဖြူဆင်းခြင်း အတွက် ဆီးဖြူသီးစေ့ကို ရေနွေးနှင့်သွေး၍ ရေကိုစစ်ယူပြီး ပျားရည်၊ သကြားတို့နှင့် ရောသောက်ရသည်။

22. အညောင်း၊ ခါးနာခါးကိုက်၊ အမောအပန်း၊ ဒူလာရောဂါ အတွက် ငါးရှဉ့်မီးကင်ခြောက်ကို ဆီးဖြူသီးခြောက် ထည့်ပြီး နူးအောင်ပြုတ်ရသည်။ ကြက်သွန်၊ ဆားခတ်၍ နှမ်းဆီနှင့် မကြာမကြာ ကြော်ချက်စားရသည်။

23. ဓါတ်ချူပ်ရောဂါ အတွက် ဆီးဖြူသီးခြောက်မှုန့်ကို ပျားရည်နှင့် ရောစားရသည် (ဓါတ်ကို ပျော့စေသည်)။

24. ဆီးဖြူသီးခြောက်ဆေးသည် အစာကို ကြေလွယ်စေ သည်။ ယောကျာ်းတို့၏ ခွန်အားကို ဖြစ်စေ သည်။ ကာမအားကို ဖြစ်စေ သည်။

25. အသက်ရှည်၊ အဆင်းလှစေရန် ဆီးဖြူသီးခြောက်မှုန့်ကို ပျားရည်နှင့် ရောစားရသည်။

26. ဘင်ခြောက်ခြင်း ကို ပြေစေရန်၊ ဓါတ်သွားစေရန် ဆီးဖြူသီးအစိမ်းကို စားရသည်။

27. အသံသာစေရန် ဆီးဖြူသီးကို ဆားရည်စိမ်၍ ဟင်းလျှာများနှင့် ချက်စားရသည်။

28. ချောင်းဆိုး၊ မျက်စိနာ ကင်းပျောက်စေရန်၊ ပိုးများသေစေရန် ဆီးဖြူသီးကို ဆားရည်စိမ်၍ ဟင်းများတွင် ထည့်ချက်စားရသည်။

29. လေတင်တုန်းရောဂါများ အတွက် ဆီးဖြူသီးမှုန့်ကို ပျားရည်နှင့် ရောစားရသည်။

30. အသားအရေတွန့်ခြင်းကို ကာကွယ်ရန်၊ အသံသာ၊ အဆင်းလှရန်၊ ဓါတ်ချူပ်မှုကို ကာကွယ်၍ ဓါတ်ပျော့ရန် ဆီးဖြူသီးခြောက်မှုန့်ကို ရေချိုးပြီး ကိုယ်တိုက်ပေးရသည်။

31. အတိသာရဝမ်းရောဂါ အတွက် ဆီးဖြူသီးကို မှုန့်ညက်နေအောင် ထောင်း၍ ချက်နားတွင် အုံပေးရသည်။

32. ကြို့ထိုးရောဂါ အတွက် ဆီးဖြူသီးကြိတ်ညှစ်ရည်၊ ပိတ်ချင်းမှုန့်၊ ပျားရည်တို့ကို ရောကျွေးရသည်။ အသက်ရှူပွန်ချောင်းနာကျင်ခြင်း ပါ ပျောက်ကင်းစေသည်။

33. ပြည်တုလာသရော ရောဂါများ အတွက် ဆီးဖြူသီးအမြစ်ကြိတ်ညှစ်ရည်၊ ပျားရည်၊ နနွင်းတို့ကို ရောကျွေးရသည်။

34. ဝမ်းချူပ်၊ နှလုံးထုံ၊ အစာမကြေ၊ သည်းခြေရောဂါများ အတွက် ဆီးဖြူသီးကို ယိုထိုး၍ စားရသည်။

35. ဆီးအောင့်ရောဂါများ အတွက် ဆီးဖြူသီးကြိတ်ညှစ်ရည်ကို ဖာလာမှုန့်ရော၍ သောက်ရသည်။

36. ဆီးလွန်ရောဂါ အတွက် ဆီးဖြူသီးကြိတ်ညှစ်ရည်၊ ငှက်ပျောသီးမှည့်၊ ပျားရည်၊ သကြားတို့ကို ရောပြီး လျှက်ရသည်။

37. ပိတ်ဝမ်းကိုက်ခြင်း၊ ဝမ်းသက်ခြင်း၊ သွေးယို၊ သွေးအန်၊ သွေးကျ ရောဂါ ဖြစ်ခြင်းအတွက် ဆီးဖြူသီးခြောက်ကို ပြုတ်ပြီး သကြားခပ်၍ သောက်ရသည်။

38. မီးယပ်ဖြူဆင်းရောဂါများ အတွက် ဆီးဖြူသီးခြောက်ကို ရေစိမ်၍ တစ်နေ့ (၂) ကြိမ် တိုက်ရသည်။

39. သွေးဒူလာ အတွက် ဆီးဖြူသီးခြောက်၊ ဆားလှော်၊ စမုန်နက်လှော်၊ ကြက်သွန်ဖြူလှော် စသည်တို့ကို ညက်ညက်ထောင်းပြီး မန်ကျည်းစေ့ခန့် နေ့စဉ် စားရသည်။

40. လူပျိုနာများ အတွက် ဆီးဖြူမြစ်၊ ထန်းမြစ်၊ ဆူးရစ်မြစ်၊ ကင်သလင်းမြစ်တို့ကို ခုတ်ဆင်း၍ သုံးခွက်တစ်ခွက်တင် ကျိုရသည်။ အရည်စစ်ပြီး ရေတစ်ဝက်ရော၍ သုံးခွက်တစ်ခွက်တင်ကျိုပြီး သုံးကြိမ်ပြုလုပ်ရသည်။ တစ်နေ့ အကြမ်းပန်းကန်တစ်လုံး သောက်ရသည်။

41. ဆီးကြောင့်ဖြစ်သော မျက်စိမှုန်၊ မျက်စိနာနှင့် ဒူလာပါဒရက်ရောဂါ အတွက် ဆီးဖြူသီးကြိတ်ညှစ်ရည်၊ နှမ်းဆီစစ်စစ်၊ ကြိတ်မှန်ရွက်ကြိတ်ညှစ်ရည်၊ နွားနို့၊ နွယ်ချို တို့ကို ထည့်ချက်၍ ရသော အရည်ကို မျက်စိတွင် ခတ်ပေးရသည်။

42. ဆီးဝမ်းလေမှန်၍ ကျန်းမာဝဖြိုးစေရန် ဆီးဖြူသီးခြောက်၊ စမုန်နက် စသည်တို့ကို ညက်ညက်အမှုန့်ပြုပြီး လျှက်ပေးရသည်။

43. ဆီးဖြူရွက်ပြုတ်ရည် သည် ခံတွင်း၌ ပေါက်သော အနာ ပျောက်ကင်း စေပါသည်။

44. သစ်ကိုင်းတွင် သီးလျက်ရှိသော အသီးမှ ကွဲစိမ့်၍ ထွက်လာသော အရည်ကို မျက်စဉ်းဆေး အဖြစ်သုံးသည်၊ မျက်စိရောင်ရောဂါ ကို ကင်းဝေးစေသည်။

45. ထုံနစိုရောဂါ အတွက် ဆီးဖြူသီးကြိတ်ညှစ်ရည်ကို သကြားနှင့်ရော၍ ဖျော်ရည်အဖြစ် သုံးဆောင်ကြသည်။

46. ဆီးဖြူသီးကြိတ်ညှစ်ရည်ကို သကြားနှင့်ရော၍ သုံးဆောင်လျှင် ဆီးအောင့်၊ သွေးဝမ်းကိုက်ခြင်း၊ သည်းခြေကြောင့် ထိုးအောင့်ခြင်း၊ ကြို့ထိုးခြင်း၊ အန်ခြင်း၊ နာတာရှည်ဝမ်းချူပ်ရောဂါ တို့ကို ပျောက်ကင်းစေပါသည်။

47. မျက်စဉ်းဆေး အဖြစ် ဆီးဖြူသီးမှုန့်ကို ရေတွင်ထည့်၍ တစ်ညစိမ်ထားရသည်။ နံနက်တွင် မျက်စိဆေးပေးနိုင်သည်၊ မျက်စဉ်းဆေးအဖြစ် သုံးနိုင်သည်။

48. အစာမကြေရောဂါ၊ ဝမ်းသွားရောဂါ တို့အတွက် ဆီးဖြူသီးရွက်နုနုကို နွားနို့၊ ဒိန်ချဉ်နှင့် ရောသောက်ပေးရသည်။

49. ဆီးဖြူသီးမှုန့်သည် လိပ်ခေါင်းရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ဝမ်းသွားရောဂါ၊ နှာစေးရောဂါ တို့အတွက် အလွန်အသုံးဝင်သည်။

50. ဆီးဖြူသီးသည် ပန်းနာ၊ ချောင်းဆိုး၊ ကိုယ်ခန္ဓာခန်းခြောက်ရောဂါ၊ အသားဝါရောဂါ၊ ဝမ်းမီးညံ့ခြင်း၊ သုတ်ခိုင်ခြင်း ကင်းဝေးစေသည်။

51. ဆီးဖြူသီးဆံကို ပြုတ်၍ မျက်စဉ်းအဖြစ် မျက်စိနာရောဂါ ကို ပျောက်ကင်းစေပါသည်။

52. နှလုံး (ရင်ဘတ်) ကို ကောင်းစေ သည်။

53. သွေးကို ချုပ်စေ တတ်သဖြင့် နှလုံး၊ သွေးအန်၊ သွေးပေါင်ကျရောဂါ၊ သွေးဖောက်ပြန်သောရောဂါ တို့ကို ပျောက်ကင်းစေပါသည်။

54. သုတ်ကို ပွားစေ၊ သန္ဓေကို တည်စေ တတ်သော အစွမ်းရှိသဖြင့် သုတ်၊ ဆီးရောဂါ၊ မီးယပ်ရောဂါ၊ သားအိမ်အားနည်းရောဂါ တို့ကို ပျောက်ကင်းစေပါသည်။

55. ချောင်းဆိုးရောဂါ၊ ပန်းနာရောဂါ၊ အဆုတ်နာရောဂါ တို့ကို ပျောက်ကင်းစေပါသည်။

56. ဆီးကို များစေ တတ်သည်။ ဒူလာသရောနာ ကို ဖျက်ဆီးတတ်သဖြင့် သည်းခြေကြောင့်ဖြစ်သော ဒူလာသရောနာ တို့ကို ပျောက်ကင်းစေပါသည်။

57. နူနာကို ဖျက်ဆီး တတ်သော အစွမ်းရှိ၍ နူနာ၊ အနာကြီး၊ အရေပြားရောဂါ တို့ကို ပျောက်ကင်းစေပါသည်။

58. လတ်ဆတ်သောဆီးဖြူသီးသည် အစာအိမ်အားတိုးဆေး နှင့် လေဆေး ဖြစ်ပါတယ်။

59. လတ်ဆတ်သောဆီးဖြူသီးသည် သန်ချဆေး အဖြစ်လည်း ရပါတယ်။

60. အားဆေး အဖြစ် ဆီးဖြူသီးကြိတ်ညှစ်ရည်ကို ထောပတ်နှင့် စားပေး ပါ။

61. လတ်ဆတ်သောဆီးဖြူသီးသည် ဆီးရွှင်စေခြင်း၊ ဝမ်းနုတ်ဆေး အဖြစ် အသုံးချလို့ရပါတယ်။

Miss that time when we went to Melaka with friends
01/10/2025

Miss that time when we went to Melaka with friends

29/09/2025

Music for happy long life

မိဘရှိတုန်းလေ နော်
28/09/2025

မိဘရှိတုန်းလေ နော်

Address

Johor Bahru
80250

Telephone

+60182042806

Website

Alerts

Be the first to know and let us send you an email when Ko Pho Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ko Pho Aung:

Share