04/12/2025
Tackle ဘယ်နှစ်ကြိမ်Wonလို့လဲ လျှောက်ပြော🤣🤣
လူဆိုးဇာတ်သွင်းခံခဲ့ရတဲ့သူရဲကောင်းတစ်ဦး
ဘောလုံးပွဲတစ်ပွဲမှာ "Hero" နဲ့ "Villain" ဆိုတဲ့ကြားက စည်းလေးဆိုတာ အရမ်းကိုပါးပါတယ်။ အထူးသဖြင့် ကိုင်စီဒိုလို ကွင်းလယ်အဖျက် တစ်ယောက်အတွက်ဆို ဒီစည်းက ပိုလို့တောင်ပါးပါသေးတယ်။ မနေ့ညက အာဆင်နယ်နဲ့ပွဲမှာ ဒီစည်းကိုဖြတ်ကျော်မိခဲ့လို့ ကိုင်စီဒိုတစ်ယောက် လူဆိုးစာရင်းသွင်းခံလိုက်ရပါတယ်။ ဒါပေမဲ့ စာရေးသူအမြင်မှာတော့ ဒါဟာ လူဆိုးတစ်ယောက်အနေနဲ့ ပြစ်မှုကျူးလွန်ခြင်းမဟုတ်ပဲ စစ်သည်တော်တစ်ယောက်ရဲ့ အသင်းအတွက်တန်ဖိုးကြီးတဲ့ပေးဆပ်မှု သပ်သပ်တစ်ခုလိုသာမြင်မိပါတယ်။
ဒီရာသီ ကိုင်စီဒိုရဲ့ စွမ်းဆောင်ရည်ကပြောရမယ်ဆိုရင်တော့ "Master Class" ပါ။ ပေါင်သန်း ၁၀၀ ကျော်ဆိုတဲ့ Price tag နဲ့ ပတ်သက်ပြီး ဝေဖန်နေကြတဲ့သူတွေကို ကွင်းထဲက ခြေစွမ်းနဲ့ပါးစပ်ပိတ်ခိုင်းထားနိုင်ခဲ့တယ်။ မနေ့ညကပွဲမှာလည်း ထုံးစံအတိုင်းပါပဲ။ အာဆင်နယ်ကွင်းလယ်က ဒီကလန်ရိုက်စ်တို့၊ အိုဒီဂတ်တို့ကို လှုပ်လို့မရအောင် ကိုင်စီဒိုက တစ်ယောက်တည်းကို ထိန်းချုပ်ထားခဲ့တာပါ။ Tackle တွေလုပ်တယ်၊ Interception တွေလုပ်တယ်၊ Second ball တွေကို လိုက်ဖိတယ်။ ချယ်လ်ဆီးအသင်းရဲ့ Transition play တွေက သူ့ဆီကပဲ အစပြုတယ်။ ပြောရရင် ချယ်လ်ဆီးအသင်းအတွက်ကွင်းလယ်မှာ သူက "Joker" တစ်ကောင်ပါပဲ။
ဒါပေမဲ့ ပြဿနာက ခေတ်သစ်ဘောလုံးလောကရဲ့ ဒိုင်လူကြီးတွေပါပဲ။ ကွင်းလယ်ဖျက်အားကောင်းတဲ့ ကစားသမားတစ်ယောက်ရဲ့ Aggressive ဖြစ်တဲ့ ကစားပုံနဲ့ ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေလိုတ့်ကစားပုံကို ခွဲခြားမမြင်တတ်ကြတော့ပါဘူး။
ကိုင်စီဒိုရဲ့ အဖြစ်အပျက် ဟာ ဘောလုံးကို ရအောင်ယူမယ်ဆိုတဲ့ စိတ်ဆန္ဒ ကြောင့် ဖြစ်သွားတဲ့ အရှိန်မထိန်းနိုင်မှုသက်သက်ပါ။ တဖက်ကစားသမားကို ထိခိုက်ဒဏ်ရာရစေလိုတဲ့ စိတ်လုံးဝမရှိခဲ့ပါဘူး။ ဒါကို VAR မှာ၊ Slow motion နဲ့ အခါခါပြန်ရစ်ပြီး အနီကတ်ပြလိုက်တာကတော့ ရက်စက်လွန်းရာကျပါတယ်။ ဘောလုံးပွဲဆိုတာ ပွတ်တိုက်မှုတွေရှိမယ်၊ ထိခိုက်မှုရှိမယ်။ ဒါတွေကို နားမလည်ပဲ စာအုပ်ကြီးအတိုင်း ဆုံးဖြတ်ချက်ချတာက ပွဲရဲ့ အရသာကို ပျက်စေပါတယ်။
အနီကတ်ထိပြီး ကွင်းထဲကထွက်သွားရတဲ့ ကိုင်စီဒိုရဲ့ မျက်နှာကို မြင်လိုက်ရမှာပါ။ ယူကျုံးမရဖြစ်မှုတွေ၊ အသင်းဖော်တွေကို အားနာမှုတွေ အပြည့်ပါပဲ။ ဒါပေမဲ့ ချယ်လ်ဆီးပရိသတ်တွေကတော့ သူ့ကို အပြစ်တင်ကြမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအနီကတ်မထိခင် အချိန်အထိ သူဘယ်လောက်ပေးဆပ်ကစားသွားသလဲဆိုတာ မျက်မြင်ကိုယ်တွေ့ပဲလေ။ တခါတလေမှာ ရလဒ်ထက် ပိုအရေးကြီးတာက Spirit ပါ။ အသင်းအတွက်ဆိုရင် အနီကတ်ထိမယ့်အရေးကိုတောင် မတွန့်ဆုတ်ပဲ ဝင်လုံးရဲတဲ့ ကိုင်စီဒိုရဲ့ "Warrior Spirit" ကိုဒီပွဲမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။