14/08/2026
🔥 မနက်ဖြန်ဆို ပရိသတ်တွေ အားလုံးစောင့်မျှော်နေကြတဲ့ Joshua Van 🆚 Pantoja တို့ရဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံမှု ရောက်လာပါပြီ။
ချန်ပီယံဘွဲ့ကို ကာကွယ်မယ့် Van နဲ့ ဘွဲ့ကို ပြန်လည်ရယူချင်နေတဲ့ Pantoja တို့ကြားမှာ ဘယ်သူက စကားနဲ့ အရင်အသာစီးရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ 😏🔥
UFC 331 အတွက် သတင်းစာရှင်းလင်းပွဲကို ပွဲမတိုင်ခင် ကြိုတင်ကျင်းပမှာဖြစ်တာကြောင့် နှစ်ယောက်သားရဲ့ Face Off ကိုလည်း မနက်ဖြန်မှာ စောစောစီးစီး မြင်တွေ့ရတော့မှာပါ။ 👀
မေးခွန်းတွေကို ဘယ်လိုဖြေမလဲ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုစကားလုံးတွေနဲ့ ဖိအားပေးကြမလဲ၊ Face Off မှာ ဘယ်သူက ပိုပြီးအေးဆေးနေနိုင်မလဲဆိုတာကလည်း မလွတ်တမ်းစောင့်ကြည့်ရမယ့်အပိုင်းပါ။
အကယ်ဒမီထက် ပွဲကြိုအငွေ့အသက်က ပိုစိတ်ဝင်စားစရာကောင်းနေပြီ။ 😂🔥
မနက်ဖြန် ထူးခြားတဲ့သတင်းတွေ ထွက်လာတာနဲ့ အမြန်ဆုံး ပြန်လည်မျှဝေပေးပါမယ်။
ပြီးတော့… မင်းသား Joshua Van ရဲ့ မနက်ဖြန် Outfit က ဘယ်လိုဖြစ်မလဲဆိုတာလည်း မျက်စိကျနေပြီနော် 😍👑