13/11/2023
အေးအေးဆေးဆေး နေပါ ..
✏ ✏ ✏ ✏ ✏ ✏ ✏ ✏
❆ ပျင်းနေရင် စာအုပ် ဖတ်ပါ ။
ဖုန်းသုံးပါ ။
ဟာသ တွေ ကြည့်ပါ ။
ဘယ်သူ့အတွက်နဲ့မှ ကိုယ်ယ့်စိတ်ို
မလေးလံပါစေနဲ့. ။
❆ ဘယ်သူကမှ
ကိုယ်ရဲ့
ဖျော်ဖြေ ရေး ကရိယာ
မဟုတ်ကြပါဘူး ။
❆ သက်ရှိတွေ အပေါ်မှာ ထားတဲ့
မျှော်လင့်ချက် တွေကို
လျော့ချပါ ။
❆ သက်မဲ့ ဝတ္ထုတွေနဲ့ မွေ့လျော်ပါ ။
သူတို့ တွေက ကိုယ့်ကို
ဝေဒနာတွေ မပေးတတ်ပါဘူး ။
❆ အဓိက. က
ကိုယ် စိတ်ပျော်နေဖို့ပဲ မဟုတ်လား
ပျော်စရာ တွေကို ကိုယ်တိုင် ဖန်တီး ပါ ။
သူများ ဖန်တီး ပေးမယ့်
ပျော်စရာ တွေကို
မျှော်လင့် မနေပါနဲ့. ။
❆ သီချင်းတွေ နားထောင်ပါ ။
အနီးအနား က
ကိုယ့် အပေါ် ကောင်းတဲ့ သူတွေကို
ဂရုစိုက်ပါ ။
အချိန်ပေးပါ ။
❆ ကိုယ့်ကို
အရေး မလုပ်သူတွေအတွက်
ကိုယ့် စိတ်ကို
ဒဏ် မခတ်ပါနဲ့. ။
❆ လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာ ချည်းပါပဲ ။
❆ မေ့သင့်တာတွေကို မေ့ပစ်လိုက်ပါ ။
ဒဏ်ရာတွေကို တသသ မွေးမြူမနေပါနဲ့ ။
စိတ်ကို စိတ်နဲ့ ကုပါ ။
ကုန်လွန်ခဲ့တဲ့ အချိန်တွေ
လုပ်ခဲ့မိတဲ့ အမှားတွေ အတွက်
နောင်တ တွေနဲ့
ပူပန် မနေပါနဲ့. ။
အမှိုက် တွေကို သိမ်းဆည်းထားသူ မဖြစ်ပါစေနဲ့. ။
❆ ပစ္စုန်ပ္ပန် တည့်တည့် ကိုလျောက်
မျှော်လင့်ချက် တွေကို ခေါက်ထားပြီး
ရည်မှန်းချက် တွေနဲ့ ရှင်သန်ပါ ။
❆ မျှော်လင့်ရတာ မောပါတယ်
သက်ရှိတွေ အပေါ်မှာ
မျှော်လင့် ရတာ
ပိုဆိုးပါတယ် ။
တစ်ယောက်တည်း အေးအေးဆေးဆေးနေပါ ။
ဘဝက. သာယာ ပါတယ် ....❤
Crd ... ✍✍✍