WORDS By Aung Thainkha Kyaw

WORDS By Aung Thainkha Kyaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from WORDS By Aung Thainkha Kyaw, Digital creator, 20, Lorong Bendahara 20B, Taman Mewah Baru, Klang.

အခုပဲစကြစို့ English စကားပြောရဖို့ ခက်နေရင် ဘာမှ စိတ်မပူနဲ့...ကျွန်တော်ရှိတယ် တစ်ဆင့်ပြီးတစ်ဆင့် အတူတူလေ့လာကြရအောင်..လာ..သူငယ်ချင်းတို့..ညီလေး ညီမလေးတို့...�သိထားရမယ့် Grammar အကျဥ်းလေးနဲ့ လက်တွေ့စကားပြောကြစို့

08/11/2025

Part (7) ...ဟော..Prepositions နေရာတွေ အချိန်တွေ...သုံးပုံ ရှင်းပြထားတဲ့ part 6....စကားလုံးတွေ စာကြောင်းတွေချိတ်ဆက်ဖို့ Conjunction...ရင်ထဲက ခံစားချက်တွေအတွက် Interjection...လေ့လာကြစို့

07/11/2025

Part (6)...Tenses 12 မျိုးရရင် စကားပြောအေးဆေးပဲ...Verb အခန်း part 5/6 ကြည့်ပြီးရင်...သူတို့တွေက ဘာတွေဖြစ်တယ်..ရှိတယ်..ဘယ်နေရာ..ဘယ်အချိန်တွေမှာဖြစ်တယ်ဆိုတာ..သိဖို့...လာပြီနော်..

05/11/2025

Part (5).....မနေ့က Part (4)မှာ Verb အကြောင်း လက်တွေ့သုံးရမယ့် Tenses 12 ရဲ့အစကနေ ပါဝင်ထားပြီးဖြစ်သလို...ကျန်ရှိတဲ့ အရေးကြီးတဲ့ စာကြောင်းဖွဲ့ Tenses တွေကရော...ဘာတွေဖြစ်မလဲ😊လေ့လာကြရအောင်

04/11/2025

Part (4)...Adjective တွေကို စာကြောင်းဖွဲ့ရင်း.V..စာကြောင်းတွေဖန်တီးရာမှာ အရေးကြီးတဲ့ Verb ကရော..ဘလိုအမျိုးအစားတွေရှိလဲ...Verb မှာ ed,en,ing ထည့်ပြီး..Adjective ပြောင်းလဲပုံတွေမှတ်သားပြီး....Tenses တွေဆီ အရောက်သွားကြစို့လား ခင်ဗျာ😊

03/11/2025

Part...(3) Pronoun ရဲ့ စာကြောင်းတွေ ဘလိုရှိလဲ ? Noun, Pronoun ပြီးတော့..သူတို့ရဲ့ဂုဏ်ပုဒ်ကို ဖြည့်ဖို့ Adjective ဆိုတဲ့ ''သော'' စကားလုံးက ဘလိုပြောင်းလဲပေးလဲဆိုတာ....ကျွန်တော်တို့ အတူတူ လေ့လာကြစို့လား ခင်ဗျာ😊

02/11/2025

Part (2)....ဒီအခန်းမှာတော့ သရ ၅ လုံး a,e,i,o,u တိုင်း a,an,the နဲ့ တွဲမရတာ...Noun ကနေ Pronoun ဘာကြောင့်ပြောင်းရတာ? ..ဥပမာ စာကြောင်းများနဲ့လေ့လာကြရအောင်😊ခင်ဗျ

01/11/2025

Part 1....ကျွန်တော်တို့ ကမ္ဘာကြီးလှပဖို့...ဘာတွေနဲ့ ဝန်းရံထားလဲ? ...Noun..နာမ်ဆိုတာဘာလဲ..ဘယ်စကားလုံးတွေ သိပြီး ဘလိုစာကြောင်းတွေနဲ့ အတူရှင်းလင်း မျှဝေထားသလဲ...? လေ့လာကြရအောင် ခင်ဗျ 😊

01/11/2025

Video လေးသာ ကြည့်လိုက်ပါခင်ဗျာ...Follow လုပ်ပေးတယ်...ကြည့်ရှု Support ပေးကြတယ်..Chat box မှာ မေးမြန်းဆွေးနွေးကြတယ်...ကျေးဇူးပါ ခင်ဗျာ... အားလုံး ကြည့်ရှူသူအပေါင်း ကျန်းမာချမ်းသာပျော်ရွှင်၍ အောင်မြင်ကြီးပွားတိုးတက်ကြပါစေ 🙏

ဟေ့.....ခဏလေး..မကြာဘူးနော်..ဖတ်ကြည့်ပေးအုံး😍ကျွန်တော်က အောင်သိင်္ခကျော်ပါ🥰၁၁ လပိုင်း ၁ ရက်နေ့ ည ၈ နာရီ အချိန်မှစ၍ နေ့စဉ်...
30/10/2025

ဟေ့.....ခဏလေး..မကြာဘူးနော်..ဖတ်ကြည့်ပေးအုံး
😍ကျွန်တော်က အောင်သိင်္ခကျော်ပါ🥰
၁၁ လပိုင်း ၁ ရက်နေ့ ည ၈ နာရီ အချိန်မှစ၍ နေ့စဉ်ဖြစ်စေ...ရက်ခြားဖြစ်စေ...😊သင် နောက်မကျသေးပါဘူး...ကျွန်တော်ဒီမှာ ရှိတယ်... 😊English အင်္ဂလိပ်စာ သင်ကြားရေး မျှဝေရေး video ဗီဒီယိုများကို ဒီ page ကနေ တင်ဆက်ပေးသွားပါ့မယ် ခင်ဗျ... Follow လုပ်ပြီး...သင်ယူရင်း မျှဝေရင်း အစီအစဉ်ကို...ကျွန်တော်တို့ မြန်မာလူငယ်တွေက သိသင့်တဲ့ Grammar တွေ သိထားကြပြီးသားပါ..သို့ပေသည့်...မလေ့လာတတာကြာတော့...စကားပြောတဲ့အခါမှာ...🤔ဟုတ်လား..မသိ...မှားများသွားမလား...တွေးမိရင်း...English စကားမပြောရဲ ဖြစ်သွားတတ်ကြတယ် ခင်ဗျ 😊ဒီတော့... အခု ကျွန်တော်က Grammar သဒ္ဒါလည်း မလွတ်အောင်...စကားပြောလည်း အဆင်ပြေဖို့ ပထမဆုံး video ၇ ပုဒ်နဲ့....Part 1 to 7 မှသည်🤗....ခေါင်းအစ ခြေအဆုံး လက်တွေ့ပြောဖြစ်တဲ့ စကားပြော အကြောင်းအရာတွေကို စိတ်ဖိစီးမှုတွေမရှိဘဲ...ပေါ့ပေါ့ ပါးပါးပဲ လေ့လာကြရအောင် ကြည့်ရှုသူအပေါင်းတို့ ခင်ဗျ 🙏🙏🙏

ကျွန်တော်ရဲ့စိတ်ခံစားချက်အချို့😊 ဒီနေ့က..???အေးဆေးစွာဖတ်ရှုပြီး သုံးသပ်နိုင်ပါတယ် ခင်ဗျာဒီနေ့က🌹🌳 ကိုယ့်မြေရနံ့သင်းသင်းလေ...
26/10/2025

ကျွန်တော်ရဲ့စိတ်ခံစားချက်အချို့😊 ဒီနေ့က..???
အေးဆေးစွာဖတ်ရှုပြီး သုံးသပ်နိုင်ပါတယ် ခင်ဗျာ
ဒီနေ့က🌹🌳 ကိုယ့်မြေရနံ့သင်းသင်းလေးနဲ့ ဝေးခဲ့တာ ၂ နှစ်ပြည့်တဲ့နေ့လေးပါ...ကိုယ့်ကိုယ်ကို မေးခွန်းတွေမေးခဲ့တယ်...ဖြစ်နိုင်တာတွေ ဖြစ်ချင်တာတွေ ဘယ်လမ်းကြောင်းအထိသွားမှာလဲ🌞...ချစ်တဲ့ မြန်မာပြည်ကို ဘယ်အချိန်ပြန်မှာလဲ...ဘယ်လိုရှေ့ဆက်မလဲ🇲🇲...ကျွန်တော် အသက် ၂၃..၂၄ လှုပ်ရှားရင်း လုပ်ကိုင်ရင်း အဖြေသေသေချာချာရှာတွေ့ခဲ့ပါပြီ.💯..မကြာခင် ၄ လကြာရင် အသက် ၂၅ ရောက်ပြီလေ.✅...လွန်ခဲ့တဲ့ အချိန်တွေမှာ ကိုယ့်ကိုယ်ကို ချစ်တယ် တန်ဖိုးထားတယ်... ကိုယ့်ပညာရေး လမ်းတစ်လျှောက် မိဘ ဆရာသမား အားလုံး မျက်နှာပန်းလှရတယ်...မိသားစုစီးပွားရေးလည်း..ကိုယ့်ကြောင့် မလျော့စေရဘူး...ပိုပြီး တိုးတက်အောင်သာ ဖေဖေနဲ့ သူငယ်ချင်းလို ညီအကိုလို ရင်းရင်းနှီးနှီး တိုင်ပင်တယ် ရှေ့ဆက်တယ်...မေမေ,,,ကြီးမေ ၂ ယောက် သူတို့နဲလည်း ထပ်တူပဲ ကိစ္စအဝ ဝ သိရစေတယ်.🙏..မျိုးဆက်တိုင်း..မိသားစုတိုင်းမှာ ကြယ်တစ်ပွင့်တော့ အမြဲပါတယ် ဆိုတဲ့ စကားနဲ့ညီအောင်....ပိုပြီး လင်းလက်ဖို့ အချိန်တွေကို ဂရုစိုက်ရင်း ဒီမိသားစုနဲ့ ပတ်ဝန်းကျင် နိုင်ငံအတွက် ရသလောက် ပံ့ပိုးကြိုးစားခွင့်ရရှိပါရစေ ခင်ဗျာ🙏

Some of my feelings 😊

You may read it calmly and share your thoughts if you like.🌹

Today marks two years since I've been away from my homeland 🇲🇲 with its familiar, comforting scent. I've been asking myself questions what's possible, what I truly want to become, how far I'll go ...When will I return to my beloved Myanmar?🤔 How will I continue from here?⛳

Now I'm 23, turning 24, and as I move forward and work hard, I've come to find clearer answers.👏 In just four more months, I'll be 25. Looking back, I've learned to love myself, to value who I am. Along my educational path, I've made my parents and teachers proud of me👑

I've also promised myself not to let my family's livelihood decline because of me.🤝 In fact, I'll help it grow stronger. My father and I discuss everything openly, like close friends or brothers. My mother and aunts -- I make sure they both know everything that's going on too. 🙏

As the saying goes, In every generation, in every family, there's always a shining star.⭐
I want to live up to that to shine brighter, to stay mindful of every moment, and to do what I can to support my family, community, and country. 🙏🇲🇲⛳💯

မနေ့က အပိုင်း ၁...ဒီနေ့က အပိုင်း ၂...ဒါနဲ့တစ်ခုပြောစရာရှိတယ် English လိုရေးထားတာလည်း ဖတ်ကြစို့နော်.....😍ကိုမောင် တစ်ယောက...
25/10/2025

မနေ့က အပိုင်း ၁...ဒီနေ့က အပိုင်း ၂...ဒါနဲ့တစ်ခုပြောစရာရှိတယ် English လိုရေးထားတာလည်း ဖတ်ကြစို့နော်.....😍ကိုမောင် တစ်ယောက် သူ့ဖူးစာဖက် အိမ်ထောင်ရှင်ဖြစ်လာမယ့် မိန်းကလေးတွေ့ပြီ...ထူးဆန်းတာက အဲမိန်းကလေးကလည်း သူ့မိသားစုထဲမှာအငယ်ဆုံး...မောင်နှမ ၄ ယောက်ရှိတယ်..ကိုမောင်လည်း မောင်နှမ ၄ ယောက်ရှိတယ်...ကိုမောင့်ဦးလေးတွေက မိန်းကလေးမိသားစုနဲ့လည်း ရင်းနှီးကြတော့...သူတို့ ၂ ဦးကို အိမ်ထောင်ချပေးနေချင်ကြပြီ....ကိုမောင်ကလည်း သူ့ကိုမှ စွဲလမ်းနေပါသည်..တွေ့နေမြင်နေကြမို့ ဖြေဖျောက်ဖို့လည်း မလွယ်..သီချင်းအတိုင်း တွေ့ဆုံခိုက် ကြူးနေပြီပေါ့😁....မိန်းကလေး နာမည်က မေသီ....လူကလည်း ချောတော့..သူ့မှာလည်း ကြိုက်သူ ချစ်သူရှိတာပေါ့...ဒီလူတွေထဲ..သူ့ဖူးစာက ကိုမောင်ဖြစ်မယ်ဆိုတာ...မေသီ မတွေးခဲ့ပါ...အနေကလည်း...ဝေးသကိုး...ပဲခူးတိုင်း...ဧရာဝတီတိုင်း.... ကောင်လေးဘက်က မိဘတွေက အနေဝေးတော့ မထည့်လိုက်နိုင်ဘူး...ကန့်လန့်လေးတွေရှိပေမယ့်...ကိုမောင်ဟာ သူချစ်တဲ့ စိတ်နဲ့ မေသီရဲ့ အချစ်ကို ရအောင်ကြိုးစားတယ်....သူတို့ ၂ ဦး ပေါင်းစပ်ဖို့ အချိန်ယူရတာက ၃ နှစ် ၃ မိုးတဲ့ဗျာ...အော်...ရှေးခေတ်က အချစ်တွေ လှပလိုက်တာဒီလိုနဲ့ အချိန်တွေအလီလီပြောင်း ၂၀၀၀ ခုနှစ်မှာ ကိုမောင်နဲ့မေသီတို့ လက်ထပ်ကြလေပြီ ချစ်ကြလေပြီ သူစိမ်းမိသားစု နှစ်ဖက်ပေါင်းဖက်ကြချိန်လေးပေါ့...ဒီလိုနဲ့ သူတို့ ၂ ယောက်ရဲ့ သားဦး စစ်စစ်.. ယောက်ျားလေးမွေးဖွားခဲ့တာ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ...ဆောင်းအကုန်နွေအကူး တပေါင်းလ အခါသမယအချိန်လေးမှာ...လူ့လောကထဲရောက်ရှိခဲ့ပြီ...လောကဓံရဲ့ ကောင်းခြင်းဆိုးခြင်း...ဘလိုတွေဖြတ်သန်းမလဲ...?????
Yesterday was Part 1 and today is Part 2 .😘.I've got something to say..Let's read the English version together, shall we? 😍

Ko Maung has finally met the woman who will become his destined life partner,his future wife.
What's strange is that she is also the youngest in her family, just like Ko Maung. She has four siblings, and Ko Maung does too.

Ko Maung's uncle and aunt are already close with the girls family, and they're eager to help the two of them get married.
Ko Maung, on his part, has already fallen deeply in love with her. Since they meet and see each other often, it's not easy to hide his feelings.
Just like words in the song that kind of fateful, unstoppable love. 😁

The girl's name is May Thi.
She's beautiful, of course, and naturally .She has admirers of her own.
Among all those men, May Thi never imagined that her true soulmate would be Ko Maung.

But distance was an issue.Ko Maung was from Bago Region, and May Thi from Ayeyarwady Region.
Ko Maung's parents were hesitant because of the distance, and there were some small obstacles.
Yet Ko Maung, with his sincere love, kept trying and trying to win May Thi's heart.

It took three years and three monsoon seasons for their love to finally come together.
Ah love stories from the old days are truly beautiful, aren't they?

As time passed, the year turned to 2000, and at last Ko Maung and May Thi got married...their hearts united, their families joined together in happiness.

Then, in February 2001, during the late winter and early summer season, their first child, a baby boy , was born into this world.

Now begins the journey through the ups and downs of life
How will fate treat them?)

အောင်သိင်္ခကျော် 🙏

ကိုမောင်....ဆိုတာ ဘသူလဲ Who?🤔 ၁၉၉၇ ခုနှစ် နွေရာသီ ပဲခူးတိုင်းမှ ကောင်လေး...သူက..သူ့မိသားစုထဲမှာ အငယ်ဆုံး..သူက လူငယ်ပီပီ ...
24/10/2025

ကိုမောင်....ဆိုတာ ဘသူလဲ Who?🤔 ၁၉၉၇ ခုနှစ် နွေရာသီ ပဲခူးတိုင်းမှ ကောင်လေး...သူက..သူ့မိသားစုထဲမှာ အငယ်ဆုံး..သူက လူငယ်ပီပီ သန့်သန့်ပြန့်ပြန့်ဝတ်စားတတ်သလို မိသားစု စီးပွားရေးလည်း ဦးဆောင်နိုင်တဲ့သူတစ်ဦး...လူငယ်ဆိုတော့ သူ့အရပ်သူ့ဇာတ် ရည်းစားတွေရှိခဲ့မှာပေါ့...သို့သော် ထိုခေတ်က စာပေးစာယူမျှသာ ချစ်ကြောင်းကြိုက်ကြောင်း ရင်ဖွင့်ကြတာကိုး....ဖူးစာ အိမ်ထောင်ဖက် မတွေ့သေးဘူးပေါ့...ဒီလိုနဲ့ သူ့ဦးလေးတွေ အဒေါ်တွေရှိတဲ့ ထုံးဘိုမြို့သို့ ရောက်ရင်း...အလုပ်ကိစ္စနဲ့ နယ်အလည်သွားဖို့ အကြောင်းဖန်လာတော့....ဧရာဝတီတိုင်းကိုသွားရဖို့တဲ့....🚤🛶🚘🐂သူ့နေရပ်က ရွှေတောင်ကနေ ရေလမ်း..ထုံးဘိုကနေ ကား...ကားမှတစ်ဆင့် လှည်းပေါ့...သူ့အတွက် ဖူးစာရေးနတ်က ရှေ့ပြေးဦးဆောင်နေပြီလေ....🤭မကြာခင် သိပ်ချောပါတယ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့တော့မယ်....🤵👰
Who is Ko Maung?🤔

A young man...👦 in the summer of 1997 ,in the Bago region.
The youngest in his family, yet responsible enough to lead and support them.
He always dressed neatly and smartly clean, stylish, and full of youthful energy...💪

As a young man, of course, he had a few girlfriends in the past.
But in those days, there were no mobile phones yet 📱📩
love was expressed through letters,📅💌 shyly written and carefully kept.
His destined partner, his future wife, had not appeared in his life yet.

One day, Ko Maung travelled to Hthonbo town, where his uncles and aunts lived.
During that time, a work opportunity came up that required him to travel to the Ayeyarwady region.

From his hometown Shwe Taung, he went by boat,🚤
then by car from Thonbo,🚘
and finally by cart a long, tiring journey.🐂🐂

What he didn't know was that this trip
would soon change the direction of his entire life.😄

Fate had already begun to guide his path.
And soon he would meet a girl everyone said was truly beautiful...Fate will make two strangers fall in love later.🤩❤🤩

Address

20, Lorong Bendahara 20B, Taman Mewah Baru
Klang
41200

Website

Alerts

Be the first to know and let us send you an email when WORDS By Aung Thainkha Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share