Artnews2

Artnews2 ကျမရဲအနာဂတ်ဟာဒီထက်လှပဖို့ပဲရှိတယ် ယေရူခရစ်ဉ်😍

11/11/2025

အနုပညာလုပ်ငန်းထက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကပိုပြီး အကျိုးရှိလို့ချမ်းသာနေပြီဖြစ်တဲ့

ကဲပရိသတ်ကြီးတို့ရေ။အရန်သရုပ်ဆောင်တွေရဲ့ဘဝက မင်းသားမင်းသမီးတွေလိုမျိုး ချမ်းသာလာကြတာမျိုးလည်းမရှိသလိုတောက်တောက်ပြောင်ပြောင်ဖြစ်လာတယ်ဆိုတဲ့အခြေနေမျိုးလည်းမရှိနေကြပါဘူး။ဒီလိုမျိုး အနုပညာအသိုင်းအဝိုင်းထဲကနေ ရုန်းထွက်ဖို့ဆိုတာကလည်းလူတကာသိပြီးသား ရုပ်ရည်အနေအထားကြောင့် ကြုံရာကြပန်းအလုပ်လုပ်ဖို့ဆိုတာအတော်လေး ခက်ခဲကြပေမယ့်လည်းသရုပ်ဆောင်ထူးခြားကတော့ အနုပညာအလုပ်ကိုစွန့်ပြီး ကိုယ်ပိုင်ထမင်းဆိုင်လေးတစ်ခု ဖွင့်လှစ်ခဲ့ပြီပဲဖြစ်ပါတယ်။သူ့ရဲ့ အလုပ်အပေါ် အာရုံစိုက်မှုနဲ့ မိန်းမဖြစ်သူရဲ့ Supporting ကောင်းမှုတွေကြောင့် ဒီကာလအတွင်း ချက်ချင်းတိုးတက်ပြောင်းလဲလာခဲ့သလို ခုချိန်မှာဆိုရင်လည်းတောင်ဥက္ကလာမှာ ထမင်းဆိုင်လေးတစ်ဆိုင်ထပ်မံ တိုးချဲ့ပြီး ဖွင့်လှစ်နိုင်နေခဲ့ပါပြီ။သူ့အနေနဲ့ကတော့ ထမင်းဆိုင်ဆိုပေမယ့်လည်းတခြားသူတွေ လုံးဝ မချက်ပြုတ်သေးတဲ့ ဟင်းလျာတွေကိုထူးထူးဆန်းဆန်းနဲ့ ရခိုင်ချက်သီးသန့်ချက်ပြီးရောင်းချနေခဲ့တာဖြစ်လို့ မင်းသားမင်းသမီးတွေအကြိုက်လက်ရာလည်းဖြစ်နေခဲ့ပါသေးတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဝါသနာနဲ့ ဖြစ်သင့်တာယှဉ်တွဲလာတဲ့အခါမျိုးမှာအနုပညာအပေါ် ရူးမိုက်ပြီးဆက်လုပ်နေအုံးမယ်ဆိုရင်ခုလိုအောင်မြင်လာမှာမဟုတ်တာကြောင့် ထူးခြားရဲ့ ဆုံးဖြတ်ချက်တွေကတကယ့်ကိုလေးစားဖို့ကောင်းနေခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင် သူကိုယ်တိုင်ရွေးချယ်လိုက်တဲ့ နောက်အိမ်ထောင်နဲ့အမျိုးသမီးကလည်း တက်ညီလက်ညီရှိနေသေးတာဆိုတော့ ထူးခြားကိုအတုယူပြီး ပရိသတ်ကြီးတို့ကိုယ်တိုင်လည်း ကိုယ့်ရဲ့လက်တွဲဖော်မမှားဖို့ကလည်းတကယ့်ကိုအရေးကြီးဆုံး အချက်ဖြစ်ပါတယ်ဗျာ။

တန်ဖိုးကြီး ပန်းချီပညာကိုလမ်းဘေးချရောင်းရတဲ့အထိခက်ခဲနေခဲ့တဲ့ပန်းချီဆရာတစ်ဦးကဲပရိသတ်ကြီးတို့ရေ။ မြန်မာနိုင်ငံရဲ့အခြေနေ အရ...
05/11/2025

တန်ဖိုးကြီး ပန်းချီပညာကိုလမ်းဘေးချရောင်းရတဲ့အထိခက်ခဲနေခဲ့တဲ့ပန်းချီဆရာတစ်ဦး

ကဲပရိသတ်ကြီးတို့ရေ။ မြန်မာနိုင်ငံရဲ့အခြေနေ အရတော့မြန်မာနိုင်ငံအတွင်းက ပညာရှင်တွေဟာ လမ်းဘေးရောက်လုနီးနီးဖြစ်နေခဲ့ပါပြီ။ဒီတစ်ခေါက်မှာလည်း ပန်းဆိုးတန်းတစ်ဝိုက် ပန်းချီကားအရောင်းအဝယ်လုပ်နေတဲ့ ဦးလေးကြီးခမျာတော့သူ့ဝါသနာပါရာ မြတ်နိုးရာ ပန်းချီပညာကိုလမ်းဘေးချမရောင်းချင်ပေမယ့်လည်း စားဝတ်နေရေးအခက်အခဲကြောင့် သူကိုယ်တိုင်ဆွဲထားခဲ့တဲ့ ပန်းချီရေဆေးလေးတွေကို ၅ထောင် ၆ ထောင် နဲ့ရောင်းချနေခဲ့တာပဲဖြစ်ပါတယ်။ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ဦးလေးကြီးအနေနဲ့ကလည်း ကျန်းမာရေးချို့တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့ပန်းချီတွေအပေါ်မှာလည်း သေသပ်လွန်းတဲ့ လက်ရာတွေအထိကျွမ်းကျင်ထားသူမို့ မြန်မာနိုင်ငံရဲ့ ပညာရှင်တွေဟာ လမ်းဘေးကို ရောက်လုနီးနီး ဖြစ်နေခဲ့တာကြောင့် ကြည့်ရှုသူတော်တော်များများက စိတ်မကောင်းဖြစ်နေခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့တာအပြင် ဦးလေးကြီးဆွဲထားတဲ့ ပန်းချီလက်ရာတွေဟာ အင်မတန် သေသပ်ပြီးလှပလွန်းနေတာကြောင့် လမ်းဘေးမှာချမရောင်းပဲ တစ်ခြားနိုင်ငံမှာသာ လေလံဆွဲလိုက်မယ်ဆိုရင်အနည်းဆုံးတော့ သိန်းနဲ့ချီတဲ့ ပိုက်ဆံကိုရမှာဆိုပြီးဝေဖန်မှုတွေလည်းရှိနေကြပါသေးတယ်။ တကယ်တမ်းမှာကျတော့ ဦးလေးကြီးဟာ ပန်းချီပါရမီထူးချွန်ပေမယ့်လည်း နိုင်ငံရဲ့ ဆင်းရဲမှုကြောင့် ခုလိုဒုက္ခရောက်နေခဲ့တာဆိုတော့ ပရိသတ်ကြိးတို့လည်း လသာမြို့နယ်ပန်းဆိုးတန်းကိုရောက်တဲ့အခါမျိုးမှာ ပန်းချီဆရာဦးလေးကြီးနဲ့တွေ့ရင်အားပေးသွားဖို့မမေ့ကြပါနဲ့အုံးရှင်။

05/11/2025

တန်ဖိုးကြီး ပန်းချီပညာကိုလမ်းဘေးချရောင်းရတဲ့အထိခက်ခဲနေခဲ့တဲ့ပန်းချီဆရာတစ်ဦး

မြန်မာငွေကျပ်တစ်ထောင်နဲ့ ဆန်တစ်အိတ်ဆီတစ်ပုံးလှုဒါန်းပေးနေတဲ့ နွယ်ပိုးအိမ်ကဲပရိသတ်ကြီးတို့ရေ။ ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆ...
05/11/2025

မြန်မာငွေကျပ်တစ်ထောင်နဲ့ ဆန်တစ်အိတ်ဆီတစ်ပုံးလှုဒါန်းပေးနေတဲ့ နွယ်ပိုးအိမ်

ကဲပရိသတ်ကြီးတို့ရေ။ ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်ပြီးအောင်မြင်လာခဲ့တဲ့ နွယ်ပိုးအိမ်ကတော့ အခြေခံလူတန်းစားတွေရဲ့ အခက်အခဲတွေ၊ နာကျင်မှုတွေကို ကိုယ်ချင်းစာတဲ့အနေနဲ့ အတတ်နိုင်ဆုံး အလှုအတန်းတွေလုပ်နေခဲ့ပြီပဲဖြစ်ပါတယ်။နွယ်ပိုးအိမ်ဆိုတာကတော့ သူတို့ ဆိုင်က ရောင်းသမျှပစ္စည်းတိုင်းကိုလည်း ယခု ကာလ ဘယ်လိုမှ အသုံးပြုလို့မရတဲ့ မြန်မာငွေကျပ်တစ်ရာကိုသာကောက်ခံပြီး ရောင်းချပေးတာတွေလည်းရှိခဲ့သလို လှုဒါန်းတဲ့အခါမှာလည်း မြန်မာငွေကျပ် အနည်းငယ်ကိုသာ ပြန်ယူပြီး ဆန်တွေဆီတွေကို လှုဒါန်းပေးနေခဲ့တာပဲဖြစ်ပါတယ်။ တကယ်တမ်းမှာကျတော့လည်း အခြေခံလူတန်းစားတွေရဲ့ဘဝဟာ ခုလိုမျိုးခေတ်ပျက်ကြီးထဲမှာ တစ်နေ့တာဝမ်းရေးအတွက်အနိုင်နိုင်ဖြစ်နေခဲ့ရသလို ဘာအလုပ်မှမလုပ်နိုင်တော့တဲ့သက်ကြီးရွယ်အိုတွေအတွက်ကတော့ ပိုပြီး ခက်ခဲစရာကောင်းနေခဲ့ပြီပဲဖြစ်ပါတယ်။ဒီလိုမျိုး ခက်ခဲမှုတွေကို ကောင်းကောင်းကျော်ဖြတ်နိုင်ဖို့အတွက်ကိုလည်း နွယ်ပိုးအိမ်မိသားစုက သူတို့ကိုယ်တိုင် သက်ကြီးရွယ်အိုတွေဆီသွားပြီး ဆန်တွေ ဆီတွေကို အသားတင်လှုဒါန်းပေးနေခဲ့တာပါ။ ဒီလိုလှုဒါန်းတဲ့အခါမှာတော့ မြန်မာငွေကျပ် တစ်ထောင်သာပေးမယ်ဆိုရင် ဆန်တစ်အိတ် ဆီတစ်ပုံး ဝယ်လို့ရမယ်လို့ပြောပြီးရောင်းချနေခဲ့ကြတာကြောင့် အဖိုးကြီးအဖွားကြီးတွေလည်းလိုလိုလားလား ဝယ်ယူနေကြတာပဲဖြစ်ပါတယ်။ ဆိုတော့ ပရိသတ်ကြီးတို့လည်း နွယ်ပိုးအိမ်ရဲ့ ပရဟိတ စိတ်ထားလေးတွေအတွက် ဂုဏ်ယူအားပေးဖို့မမေ့ကြပါနဲ့အုံးရှင်။

05/11/2025

မြန်မာငွေကျပ်တစ်ထောင်နဲ့ ဆန်တစ်အိတ်ဆီတစ်ပုံးလှုဒါန်းပေးနေတဲ့ နွယ်ပိုးအိမ်

03/11/2025

စားဝတ်နေရေးအခက်အခဲကြောင့် အနုပညာအလုပ်တွေပြန်လုပ်ရတော့မယ်ဆိုတဲ့ ဝေဠုကျော်

စားဝတ်နေရေးအခက်အခဲကြောင့် အနုပညာအလုပ်တွေပြန်လုပ်ရတော့မယ်ဆိုတဲ့ ဝေဠုကျော်ကဲပရိသတ်ကြိးတို့ရေ။ ပရိဟိတမင်းသားကြီး ဝေဠုကျော်က...
03/11/2025

စားဝတ်နေရေးအခက်အခဲကြောင့် အနုပညာအလုပ်တွေပြန်လုပ်ရတော့မယ်ဆိုတဲ့ ဝေဠုကျော်

ကဲပရိသတ်ကြိးတို့ရေ။ ပရိဟိတမင်းသားကြီး ဝေဠုကျော်ကတော့ ပရဟိတအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေပေမယ့်လည်း ကိုယ်ပိုင်ဝမ်းရေးအတွက်အတော်လေး ခက်ခဲလာခဲ့တာကြောင့် ဆုံးဖြတ်ချက်တစ်ခုကို သေချာချမှတ်ခဲ့ပြီပဲဖြစ်ပါတယ်။သူ့အနေနဲ့ကတော့ ပရဟိတ လုပ်ရင်းနဲ့သာ ဘဝကို ဆုံးသွားရမယ်လို့ ထင်ထားပေမယ့်လည်း ခုချိန်မှာတော့ တစ်နေ့တာ စားဝတ်နေရေး စားသောက်နိုင်ဖို့အတွက်အခက်အခဲအတော်လေး ရှိလာခဲ့ပါတော့တယ်။ ဒါကြောင့် ပဲ ဖိုက်တင်မင်းသားတစ်လက်ဖြစ်တဲ့ သူ့ရဲ့ မင်းသားဂုဏ်ပုဒ်ကိုပြန်ယူပြီး အက်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့ လက်ခံထားပြီဆိုပြီး ပရိသတ်တွေကိုပြောလာခဲ့တာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ကတော့ အက်ရှင်ဇာတ်ကားတွေရိုက်ကူးတဲ့အခါမှာ တိုက်ရေးခိုက်ရေးတွေကိုသာ ရိုက်ကူးခဲ့ဖူးပေမယ့် ခုချိန်မှာတော့ စတန့် အကွက်တွေကိုပါ မဖြစ်မနေ ထည့်သွင်းပြီးရိုက်ကူးနေရတာမို့ အသက်ကြီးမှ အန္တရာယ်များတာတွေလုပ်မိနေပြီဆိုပြီးပြောလာခဲ့ပါတော့တယ်။ အဲ့တာအပြင် တစ်ခြားသော လုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားရပြီး ဘဝကိုလည်းလူပျိုကြီးလိုမျိုးပဲ ဖြတ်သန်းသွားဖို့စဉ်းစားထားတာကြောင့် တစ်နိုင်တစ်ပိုင်ဝမ်းရေးအတွက်ကိုတော့ ကိုယ်တိုင်ကြိုးစားရမယ်လို့ ဆိုလာပါတော့တယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ မင်းသားကြီးရဲ့ အက်ရှင်ဇာတ်ကားတွေကို လွမ်းနေတဲ့ ပရိသတ်တွေအတွက်အသစ်အသစ်တွေပြန်ရိုက်ကူးလာမှာဆိုတော့ အားပေးသွားကြပါအုံးရှင်။

03/11/2025

ကလေးလေးယောက်နဲ့ ဘဝကိုအရှုံးပေးဖို့အထိ စဉ်းစားခဲ့တဲ့ ကြည်မြင်တိုင်မြို့နယ်က
အမျိုးသမီးတစ်ဦး

ကလေးလေးယောက်နဲ့ ဘဝကိုအရှုံးပေးဖို့အထိ စဉ်းစားခဲ့တဲ့ ကြည်မြင်တိုင်မြို့နယ်က အမျိုးသမီးတစ်ဦး ကဲပရိသတ်ကြီးတို့ရေ။ Single mo...
03/11/2025

ကလေးလေးယောက်နဲ့ ဘဝကိုအရှုံးပေးဖို့အထိ စဉ်းစားခဲ့တဲ့ ကြည်မြင်တိုင်မြို့နယ်က
အမျိုးသမီးတစ်ဦး

ကဲပရိသတ်ကြီးတို့ရေ။ Single mother တွေရဲ့ဘဝကိုကောင်းကောင်းကြီးဒုက္ခခံနေရသူကတော့ ကြည်မြင်တိုင်မြို့နယ်က ပန်းပင်ကြီးလမ်းထိပ်မှာတဲလေးထိုးပြီးနေထိုင်သူ အမျိုးသမီးတစ်ဦးပဲဖြစ်ပါတယ်။ အသနားခံလိုက်ရင် လှုမယ့်သူတွေပေါများနေတဲ့ခေတ်ကြီးထဲမှာ ဒီအမျိုးသမီးကတော့ အမျိုးသမီးတစ်ယောက်ပီပီ လူမမယ် ကလေးလေးယောက်လုံးကို အဝတ်လျှော် မီးပူတိုက် ရင်း စားဖို့သောက်ဖို့အဆင်ပြေအောင်ကြိုးစားနေခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတင် ကားတိုက်မှုမတော်တဆဖြစ်ခဲ့ပြီး ခြေထောက်တွေ လက်တွေအပြင် ခန္ဓာကိုယ် ခါးရိုးအပိုင်းအထိပါ ထိသွားခဲ့တာကြောင့် ပေးထားသမျှ ဆေးတွေအကုန်သောက်ပြီးဘဝကိုကုန်ဆုံးလိုက်ဖို့အထိတောင်တွေးထားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမှမရှိရင် အဆင်မပြေဖြစ်ပြီးကျန်ခဲ့မယ့် ကလေးလေးယောက်အတွက် ရှိသမျှ အားသုံးပြီးပြန်လည်ရုန်းထခဲ့တာကြောင့် သူတို့မိသားစုအဖြစ်ကိုကြည့်ပြီး လှိုင်သာယာကိုကြီးက သွားရောက်လှုဒါန်းပေးနေခဲ့ပြီပဲဖြစ်ပါတယ်။ ဒီလိုမျိုးဘဝကို ခက်ခဲကြမ်းတမ်းပေမယ့်လည်းရှိသမျှ အားနဲ့ကုန်းရုန်းထနေသူအခြေခံလူတန်းစားတွေအဖို့ ပရဟိတအဖွဲ့သားတွေဖြစ်ကြတဲ့လှိုင်သာယာကိုကြီးတို့ကလည်း တကယ့်ကိုမှ လေးစားစရာကောင်းနေခဲ့ပြီပဲဖြစ်ပါတယ်ဗျာ။ ပရိသတ်ကြီးတို့လည်း ကလေးလေးယောက်နဲ့ဘဝကို ရုန်းကန်နေရသူ Single mom ကို အားပေးစကားပြောပေးသွာဍကြပါအုံးဗျာ။

ဝတ္ထုငွေကပ်ကြလွန်းလို့ ပုန်းနေရတဲ့ ကိုရင်လေးရှင်ဥတ္တမ သာရ ကဲပရိသတ်ကြီးတို့ရေ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အရွယ်နဲ့မလိုက်အောင် ပ...
02/11/2025

ဝတ္ထုငွေကပ်ကြလွန်းလို့ ပုန်းနေရတဲ့ ကိုရင်လေးရှင်ဥတ္တမ သာရ

ကဲပရိသတ်ကြီးတို့ရေ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အရွယ်နဲ့မလိုက်အောင် ပုလ္လင်ပေါ်ထိုင်ပြီးတရားဟောပြောနိုင်နေပြီဖြစ်တဲ့ ကိုရင်လေးရှင်ဥတ္တမသာရကတော့ ဗုဒ္ဓဘာသာတင်မက တိုင်းတပါးသားတွေရဲ့ ကြည်ညိုလေးစားခြင်းကိုပါ ခံနေရပြိပဲဖြစ်ပါတယ်။ကိုရင်လေးဟာ ဘယ်တော့မဆို သီလ မပျက်စောင့်ထိန်းတတ်တဲ့အပြင် ဓမ္မစရိယတွေ မအောင်မြင်ပဲနဲ့လည်းအတိတ်ကံပါရမီကြောင့်တရားဟော ရေးရာမှာထူးချွန်ထက်မြတ်နေခဲ့တာပဲဖြစ်ပါတယ်။ကိုရင်လေးကိုတော့ တစ်ချိန်က အောင်မြင်ကျော်ကြားပြီးအင်မတန် ကြည်ညိုစရာကောင်းလွန်းတဲ့ ကြာနီကန်ဆရာတော် ဝင်စားတာလို့ယုံကြည်ကြသလို ဆရာတော်ကြီးရဲ့ အသံအနိမ့်အမြင့် ကအစ အရွှန်းဖောက်ပုံတွေအထိ တူညီနေခဲ့လို့ အရွယ်နဲ့မလိုက်အောင် ယုံကြည်လေးစားခြင်းခံနေရတာပဲဖြစ်ပါတယ်။ကိုရင်လေးဟာ ခုချိန်မှာဆိုရင်တော့ ပိဋကတ်သုံးပုံကို သင်ယူလေ့လာနေပြီဖြစ်ပြီးတရားဟော ပွဲတွေကိုတော့ ခဏတာအနားယူထားတာကြောင့် ကိုရင်လေးကို ဖူးမြော်ချင်သူတွေမှာ ခက်ခက်ခဲခဲကြိုးစားနေရတာပဲဖြစ်ပါတယ်။အဲ့တာအပြင်ကိုရင်လေးဟာလည်း ကံစပ်သူမှသာ ဖူးမြော်ခွင့်ရတယ်လို့ယုံကြည်ထားတာကြောင့် ကိုရင်လေးနဲ့ကြုံကြိုက်သူမှန်သမျှ က တတ်နိုင်သမျှ ငွေကြေးလှုဒါန်းမှုတွေပြုလုပ်ကြပါသေးတယ်။ဒါကြောင့် ကိုရင်လေးခမျာ ခုနှစ်ရက်သားသမီးလုံးအဆင်ပြေစေဖို့ အလှုငွေတွေလက်ခံရယူခြင်းမပြုတော့ပဲ တရားဟောကိုသာ ပိုပြီး တိုးတက်လာအောင်ကျင့်ကြံသွားမယ်လို့ ဆုံးဖြတ်ထားတာကြောင့် ပရိသတ်ကြီးတို့လည်းကိုရင်လေးနဲ့ ကံစပ်ဖို့ဆိုရင်ကုသိုလ်ကောင်းမှုတွေအများကြီးပြုလုပ်ထားဖို့လိုအပ်ပါလိမ့်မယ်ဗျာ။

02/11/2025

ဝတ္ထုငွေကပ်ကြလွန်းလို့ ပုန်းနေရတဲ့ ကိုရင်လေးရှင်ဥတ္တမ သာရ

စိန်ဗေဒါရဲ့တစ်ဦးထဲသောသမီးလေး ဆိုင်းမင်းသမီး ဇူးဇူးစံကဲပရိသတ်ကြီးတို့ရေ။ ဆိုင်းဆိုရင် မသိသူမရှိလောက်အောင်အင်မတန်မှ အောင်မ...
31/10/2025

စိန်ဗေဒါရဲ့တစ်ဦးထဲသောသမီးလေး ဆိုင်းမင်းသမီး ဇူးဇူးစံ

ကဲပရိသတ်ကြီးတို့ရေ။ ဆိုင်းဆိုရင် မသိသူမရှိလောက်အောင်အင်မတန်မှ အောင်မြင်ကျော်ကြားခဲ့သူ စိန်ဗေဒါကတော့ သူ့ရဲ့ ဆိုင်းပညာကို ဆက်လက်ထိန်းသိမ်းပေးမယ့် ဆိုင်းမင်းသမီးလေး ဇူးဇူးစံကတော့ အရွယ်တစ်ခုကိုရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ အဖေဖြစ်သူ နဲ့ အဖိုးတွေရဲ့ခြေရာကို တစ်ထေရာထဲ လိုက်နင်းမယ့် ဆိုင်းမင်းသမီးလေးကတော့ ခုချိန်မှာဆိုရင် ၁၇နှစ်ဆိုတဲ့အရွယ်ကိုရောက်လာပြီဖြစ်သလို ဒီအရွယ်လေးနဲ့လည်း ဆိုင်းအဖွဲ့တစ်ခုလုံးရဲ့ ပင်တိုင်မင်းသမီးတစ်လက်ဖြစ်လာနေခဲ့ပါပြီ။သူမရဲ့အရည်အချင်းတွေဟာ ငယ်ငယ်ထဲက ဆိုင်းလောက နဲ့မစိမ်းနေတာကြောင့် မြန်မာ့ ဆိုင်းသဘင်လောက အကုန်လုံးက ထက်မြတ်ပြီးတော်လာမယ့် ဒီသမီးလေးကို ဝိုင်းမျှော်လင့်နေကြတာပဲဖြစ်ပါတယ်။ ဇူးဇူးစံအနေနဲ့ကတော့ သူဟာ ၆ နှစ်သမီးအရွယ်ထဲက ဆိုင်း နဲ့ထိတွေ့လာခဲ့ရတာဖြစ်ပြီး ဒီအသက်အရွယ်မှာတောင် ဆိုင်းတီးလာခဲ့တဲ့ အတွေ့အကြုံဟာ ၁၂ နှစ်ဆိုတဲ့ကာလထဲကိုရောက်နေခဲ့ပြီလို့ဆိုလာပါတယ်။ သူမဟာ စိန်ဗေဒါရဲ့သမီးဆိုတဲ့အတိုင်း ဥပဓိရုပ်အပိုင်းမှာလည်းပြောစရာမလိုအောင်တင့်တယ်လွန်းတာကြောင့် ရုပ်ရှင်လောကထဲကိုဝင်ပြီးမင်းသမီးလုပ်ဖို့ ကမ်းလှမ်းကြပေမယ့် ဆိုင်းလောကထဲမှာပဲ ဆိုင်းမင်းသမီးတစ်လက်ဖြစ်လာအောင်ကြိုးစားမှာလို့ပြောလာခဲ့ပါတယ်။ဆိုတော့ ပရိသတ်ကြီးတို့လည်းမြန်မာ့ယဉ်ကျေးမှုတွေ မတိမ်ကောသွားစေဖို့ ဆိုင်းမင်းသမီးလေးဖြစ်တဲ့သူမကို အားပေးဖို့မမေ့ကြပါနဲ့ဗျာ။

Address

Kuala Lumpur
53300

Alerts

Be the first to know and let us send you an email when Artnews2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Artnews2:

Share