Moon Sai

Moon Sai Life Is Like Flower 🌺🌹🌹🌻💐

26/10/2025

တစ်ရက် တစ်ရက်အလုပ်ကိုသွားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသော မိမိ။😍😍


နိုင်ငံခြားရောက်ပြီးမြန်မာအချင်းချင်းဘာကြောင့်မဖေးမကြတာလဲ??(မြန်မာလူမျိုးရှိတဲ့နေရာအလုပ်မလုပ်ချင်ဘူး) အကြိမ်ကြိမ်တွေးမိတ...
19/10/2025

နိုင်ငံခြားရောက်ပြီးမြန်မာအချင်းချင်းဘာကြောင့်မဖေးမကြတာလဲ??(မြန်မာလူမျိုးရှိတဲ့နေရာအလုပ်မလုပ်ချင်ဘူး)

အကြိမ်ကြိမ်တွေးမိတာကဒီTitleနဲ့ပတ်သက်တဲ့ကိစ္စပါ။များသောအားဖြင့် မြန်မာလူမျိူးတွေအလုပ်ထဲမှာ ရှေ့က စီနီယာကနောက်က ဂျူနီယာကိုဘာကြောင့်သေချာမသင်ပေးလဲ။ အထက်လူကြီးရှေ့မှာဘာကြောင့် မရဘူးမတတ်ဘူး ဆိုပြီးအပြစ်ရှာ နေရာမပေးလဲ။

စီနီယာ ဂျူနီယာ ပတ်သက်မှုမျိုးမဟုတ်တောင် ဥပမာ အလုပ်ကိုင်မိတ်ဆက်တဲ့ လုပ်ငန်းတွေမှာ စကားပြန်နဲ့ အလုပ်သမား/ စကားပြန်နဲ့ သူဌေး စသည့်နေရာတွေမှာလည်း တော်တော်ကိုသိသိသာသာမြန်မာလူမျိုးအချင်းချင်းဖေးမကူညီရမဲ့အစား ဖိနှိပ်တာ/နှိမ်တာ/သင်ပြပြောဆိုပေးမှုမရှိတာ/ချောက်ချတာတွေအများကြီးတွေ့ရပါတယ်။ဒါတွေကဘာကြောင့်ဖြစ်နေလဲအမြဲစဉ်းစားဖြစ်ပါတယ်။

⭐️No.1 ဆရာသားချန်ခြင်း
မြန်မာစကားမှာ ဆရာသားချန်ခြင်းဆိုတာရှိပါတယ်အဓိပ္ပါယ်ကတော့ အားလုံးသိတဲ့အတိုင်းတစ်ကွက်မချန်ရင် တစ်ချိန်မှာ ကိုယ့်ကို နောက်ကျော ကနေဓားနဲ့ထိုးတတ်လို့ပါပဲ။သိလာတတ်လာတဲ့အခါသင်ပေးတဲ့ဆရာအားကျေးဇူးသိတတ်မှု ပြန်ကြည့်တတ်မှုမရှိတော့ပဲ လုပ်ငန်းပျက်အောင်လုပ်လေ့ရှိပါတယ်။ဒါတွေကိုကြောက်ပြီး ဆရာ(သို့)အထက်လူကြီးက ကိုယ်ခံရမှာတွေးပြီးCoverယူထားပြီး သေချာမသင်ပေးတာမျိုးက Culture လိုအရိုးဆွဲသွားတယ်လို့မှန်းရပါတယ်။

⭐️No.2 မနာလိုမှု
မြန်မာလူမျိုးအများစု က ကိုယ့်ထက်သာတဲ့သူအပေါ် မနာလိုမှုရှိတတ်ကြပါတယ်(အားလုံးလို့မဆိုလိုပါ)။ အထူးသဖြင့် အလုပ်ခွင်မှာ ကိုယ့်ထက်သာသွားမှာ /ကိုယ့်ထက် သူကအားကိုးခံရမှာ/ကိုယ်နေရာသူ့ကိုပေးရမှာကို ကြောက်တတ်ကြပါတယ်။အဲဒီအခါ ချောက်ချခြင်း/ဖိနှိပ်ခြင်းကို လုပ်တော့တာပါ။

⭐️No.3လေးစားခံလိုခြင်း/အထက်ဖားအောက်ဖိSocietyဖြစ်နေခြင်း

နောက်တစ်ခုက ချမ်းသာရင်ဘာလုပ်လုပ်အကောင်း/ရာထူးရှိရင် ဘာလုပ်လုပ်အကောင်းဖြစ်နေတဲ့ Supporting လုပ်နေတဲ့ အထက်ဖားအောက်ဖိ လူပတ်၀န်းကျင် ကြောင့်ပဲဖြစ်ပါတယ်။
အထူးသဖြင့်မ‌ေလးလုပ်ငန်းခွင်မှာဆိုရင် သူဌေးသဘောကျပြီးရော ဘာပြောပြော ဟုတ်ကဲ့ လုပ်ခြင်း၊ သူဌေးပစားပေးခံရရင် ဘာပဲဖြစ်ဖြစ်လုပ်မယ်/အောက်ကလူဘာဖြစ်ဖြစ်ဂရုမစိုက်ပါဘူး။ အဲ့လိုလူမျိုးတွေက လူလေးစားတာလည်းအရမ်းခံချင်တာ/သူတို့မှာရာထူးရှိရင် အဲ့ဒီရဲ့အခွင်အာဏာနဲ့ဘာလုပ်မယ်ညာလုပ်လိုက်မယ်ဆိုတဲ့အပေါ်မှာ သာယာနေကြတာမျိုးပါ။

ငါ့ကိုလည်းရိုရိုကျိုးကျိုးနေမနေရင် ဘာလုပ်မယ်ညာလုပ်မယ်လည်းခြိမ်းခြောက်တတ်တာမျိုးပါ။
ကဲလိုရင်းကိုပြောရရင် မြန်မာမှာဒီလိုCulture နဲ့ဒီလိုSociety ရှိတာကိုနားလည်ပါတယ်။ကိုယ်တိုင်လည်းအခါခါ ခံခဲ့ရဘူးပါတယ်။ ကျွန်‌ေတာ်ကတော့ ဒါကလောကဓံလို့ပဲမှတ်ပါတယ်။ ကိုယ်ကောင်းပေးလိုက်ရဲ့နဲ့ကိုယ့်အပေါ်မကောင်းရင် ဒါဟာသူ့ထိုက်နဲ့သူ့ကံပါပဲ။ ကိုယ်အစွမ်းကုန်ကူညီပေးခဲ့တဲ့အတွက်လိပ်ပြာလုံတယ်၊စိတ်ရှင်းတယ်။ ကိုယ်လုပ်ပေးတာကိုယ့်ကုသိုလ်။ ပြုသူအသစ်ဖြစ်သူအဟောင်းပါပဲ။

လိုရင်းကိုပြန်ဆက်ရရင် ဒီလိုတွေ ကြောင့်မို့ /ငါပြန်လုပ်ခံရမှာကြောက်တာကြောင့်/ ငါလူတတ်ကြီးမှန်းလူသိစေချင်တာကြောင့် လုပ်ငန်းခွင်မှာ မြန်မာလူမျိုးအချင်းချင်းစည်းစည်းလုံးလုံးဖေးဖေးမမ ဘာလို့မလုပ်ရတော့တာလဲပေါ့။

ဟိုတစ်လောကလာတိုင်ပင်တဲ့ကိစ္စလေးတစ်ခုကိုပြောပါရစေ။ အလုပ်နဲ့လာတဲ့ကလေးတွေ အလုပ်ရှင်နဲ့ ပြဿနာဖြစ်တယ်ပေါ့ရှင်။
ရောက်ခါစမို့ မလေးအထာ သိပ်မသိကြသေးဘူး၊ ဒါကြောင့်အမှားလုပ်မိတယ်။ သူလည်းအလုပ်ရှင်ကိုတောင်းပန်ခဲ့တယ်။ နောက်ဆုံးအလုပ်ဖြုတ်တဲ့အထိအဆင့်အထိဖြစ်တယ်။

ဒါကို စကားပြန်ဖြစ်တဲ့ သူက ပြဿနာစဖြစ်ကတည်းကသေချာ ကျွန်တော်/ကျွန်မသေချာဆုံးမပါမယ်/ နောက်မဖြစ်အောင်သင်ပြပြီးသတိထားလုပ်ခိုင်းပါမယ်လို့ညှိနှိုင်းဆွေးနွေး ပြီး နှစ်ဖက်အဆင်ပြေအောင်လုပ်ပေးရမဲ့အစား ဒီကောင်က ဘယ်လိုဂရုမစိုက်ကြောင်း/ ဘယ်လို အသုံးမကျကြောင်း ကို မေးလေးလူမျိုးအလုပ်ရှင်ရှေ့မှာ ပြောပါတယ်။

မြန်မာလို အလုပ်သမားကလေးတွေကိုလည်း
္ာက်ရှက်မရှိဘူးလား၊ ဘာညာရိုင်းရိုင်းဆိုင်းဆိုင်းတွေပြောပါတယ်။ ကဲဒီလို ပတ်၀န်းကျင်မှာ ဒီကလေးတစ်ယောက်က ပျော်ရွှင်စွာ အလုပ် ဆက်လုပ်နိုင်မယ်လို့ထင်ပါသလား???

ကိုယ့်မြန်မာလူမျိူး စီနီယာတစ်ယောက်အပေါ် အားကိုးစိတ် လေးစားစိတ်ရောရှိမယ်ထင်ပါသလား။
ဒါကထားပါ။ ဒီမှာဖြစ်သင့်တာက အလုပ်ထုတ်ဖို့အထိဖြစ်လာခဲ့ရင်တောင် ကြီးတဲ့အမှု သေးအောင် / သေးတဲ့အမှု ပပျောက်အောင် ညှိနှိုင်းပေးပြီး နှစ်ဖက်ဆက်ဆံရေးကိုထိမ်းပေးရမှာက စကားပြန်ရဲ့အလုပ်မဟုတ်လား။

အဲ့ဒါကို ကိုယ့်မြန်မာလူမျိုးရဲ့အပြစ်ကို ပိုဖိပြော ချောင်ထဲကခွေးလိုပိတ်ရိုက်တာဟာအတော်ကို အကြီးတန်အောက်တန်းကျပါတယ်။
သူဌေးနဲ့က စီးပွါးရေးအတူလုပ်နေရလို့ သူဌေးမျက်နှာ ပျက်ရင် နောက်ထပ် လူသွင်းမရတော့မှာဆိုးတာနဲ့ ဘာမှမလုပ်နိုင်တဲ့ ကလေးတစ်ယောက်ကိုအလုပ်ထုတ်ရုံတင်မက အမျိုးမျိုးစိတ်ပိုငိးဆိုင်ရာညင်းပန်းနှိပ်ဆက်တာဟာအတော်ကို လွန်းလွန်းပါတယ်။

နောက်ငါမ‌ေလးစကားတတ်တယ်ဆိုပြီး တစ်ဖက်ကပြောတာကို တစ်ဖက်ကို အကုန်ဒီတိုင်းပြော / မပြောတာတွေရော ထပ်ပေါင်းထည့်ပြောတာလည်း စကားပြန် မဟုတ်ဘူးရှင့်။ နေရာအနေအထားပေါ်လိုက်ပြီး ညှိနှိုင်းဆွေးနွေးမှု နဲ့ Communication Skill လိုအပ်ပါတယ်။ တစ်ဖက်ဟာကိုတစ်ဖက်ပြန်ပို့တာလောက်နဲ့/ ဖိမယ်ဟောက်မယ် ဆဲတတ်တာလောက်နဲ့ တော့ အလုပ်သင်ဌာနဲ အလုပ်မိတ်ဆက်တဲ့ လုပ်ငန်းတွေမှာ စကားပြန်မလုပ်ပါနဲ့ရှင့်( အားလုံးကိုမဆိုလိုဘူးနော်) တော်တော်များများသူတွေကို ပြောပြ ရချင်းဖြစ်ပါတယ်။

လူအချင်းချင်းနားလည်မှုထားပြီး မသိတာကို သေချာရှင်းပြပြောပြပြီး ဆုံးမပေး နှစ်ဖက်အဆင်ပြေအောင်လုပ်ပေးရမယ်မဟုတ်လားရှင့်။

အဲ့လိုလုပ်ပေးတာတောင်တစ်ဖက်က မလိုက်နာဘူးရိုင်းဆိုင်း/ ဆိုးသွမ်းလွန်းအားကြီးနေရင်တော့လည်းသူ့ထိုက်နဲ့သူကံပဲပေါ့ရှင့်။

ကိုယ်တွေလည်းစကားပြန်လုပ်ခဲ့ပါတယ်။ကိုယ်ပဲအဆူခံအပြောခံလိုက်တာများတယ်။အတတ်နိုင်ဆုံး အထက်လူကြီးကို နားလည်အောင်ရှင်းပြတယ်/အလုပ်သမားတွေကိုလည်း နားလည်အောင်ရှင်းပြခဲ့တာကြီးပဲ။

အခုတော့မြင်ရကြားရတာအတော်ကိုအဆင်မပြေလို့သာရေးလိုက်ရ၏။

အနာရှိတဲ့သူတွေကတော့စပ်တော့မှာပါပဲ😂
Report တော့မထုကြနဲ့ဒါပဲ။

နိုင်ငံကြားရောက်လူအချင်းချင်းကိုယ်ချင်းစာစိတ်ထားတတ်ကြပါစေ။



17/09/2024

ကျွန်တော် ပင်ပန်းနေပြီထင်တယ် ...

နေရတာ ပျော်မနေတော့ဘူး
မနက်ဖြန်တွေကို မျှော်စရာအကြောင်းပြချက်တွေ
ရေရေရာရာရှိမနေတော့ဘူး

ပြီးတော့ ...
ရီရတယ်ဆိုတဲ့ရက်တွေ ရှားလာပြီ
ပင်ပန်းလိုက်တာလို့ မညည်းချင်တော့လောက်အောင်
တချို့ရက်တွေက
ရှင်သန်ရတာ ပင်ပန်းတယ် ။

ကျွန်တော် ပင်ပန်းနေပြီထင်တယ်
ပြီးတော့ ...
ကျွန်တော် နာကျင်နေပြီထင်တယ် ။

04/08/2024

ဦးပေါ်ဦး ပြောခဲ့သလိုပဲ အရာအားလုံးဟာ
ကောင်းဖို့အတွက် ဖြစ်လာတာ။
ဘာမှခေါင်းထဲ သိပ်ထည့်မနေနဲ့
ပင်ပန်းတယ် ကြာလာရင်သူ့ဟာသူ
အဆင်ပြေသွားလိမ့်မယ်။

23/07/2024

ဘဝမှာ ...

မလိုချင်ဆုံးအရာကတော့
ပြဿနာတွေပါပဲ

အငြိုငြင်ဆုံးအရာကတော့
ကိုယ်မှန်နေရက်နဲ့ သံသယဝင်ခံရတာကိုပါပဲ

အကြောက်ဆုံးအရာကတော့
လူရင်းတွေရဲ့ သစ္စာဖောက်ခံရခြင်းပါပဲ ။

လေလွင့်တိမ်

23/07/2024

ဒီနှစ် မှာ ရခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတစ်ခုက

ဘဝမှာ ဘယ်ဟာကိုမှ အတင်းလုပ်မယူဖို့ပဲ
အထူးသဖြင့် လူတစ်ယောက်ရဲ့ Attention ၊ အချစ်၊ သံယောဇဉ်၊ သစ္စာရှိမှု၊ သိတတ်မှု တွေပေါ့

အဲ့ဒါတွေက အတင်းလုပ်ယူဖို့လည်း မတန်ဘူး။
Push လို့ Force လုပ်လို့ ရလာခဲ့ရင်လည်း ကြာကြာမခံဘူး။

မပေးရင်မယူနဲ့
ပေးရင်ယူလိုက်..မငြင်းနဲ့
အဲ့လိုလေးနေတာပဲ အဆင်ပြေတယ်

17/07/2024

လက်တွဲဖော်ဆီက ဘာတွေ မျှော်လင့်ထားလဲ မေးရင်
အဆိုးလောကဓံနဲ့ ကြုံရချိန် ..
အရာရာကို စိတ်ပျက် အားငယ်နေရချိန်မှာ
" အတူတူရှိနေပေးမယ် " ဆိုတဲ့
စကားလေး တစ်ခွန်းပဲ လိုချင်တာပါ ။

ပြဿနာတစ်ခုခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မှာ
အပြစ်တွေပြော.. လက်ကျန်အားအင်လေးကိုတောင်
ယုတ်လျှော့သွားအောင် .. ပိုပြီး ပင်ပန်းစေမယ့်
စကားတွေ မပြောဘဲ
အတူဖြေရှင်းကြရအောင်နော်.. လို့
နည်းလမ်းတွေ စဉ်းစားပြီး
ဖေးမ ပေးတာပဲ လိုချင်မိတယ် ။

အားလုံးကို အရှုံးပေးပြီး
ပြိုလဲနေချင်ရင်တောင်
သူကတော့ ငါ့အတွက် ရှိနေတာပဲ ဆိုတဲ့ အသိနဲ့
အားတင်းပြီး ပြန်ကြိုးစားချင်မိတာ ။

ဘာဖြစ်လို့ သူစိမ်းလူဆီက ဖေးမမှုကို
မက်မောတာလဲ မေးရင်
အဲဒီနွေးထွေးဖေးမမှုတွေကို လိုချင်လို့ကို
လက်တွဲဖော် ထားတာမို့ပါ ။

ပျော်ရွှင်ခြင်းတွေရော
ဝမ်းနည်းခြင်းတွေပါ
အတူတူ မျှဝေ ခံစားချင်လို့
အဲဒီလူသားကို ဘဝထဲ လက်ခံထားတာပါ .. ။

အဲဒါကြောင့်
အဲဒီလူပေးတဲ့ ခွန်အားနဲ့ ပိုမိုသန်မာတဲ့
အမျိုးသမီးတစ်ယောက်ဖြစ်ချင်ပါတယ် ..

အဲဒီလူကြောင့် နှစ်ဆ ပိုပင်ပန်းရပြီး
ဘဝကို ရှေ့မဆက်ချင်တော့တဲ့အထိ
ပူလောင်နေရတဲ့ မိန်းမတစ်ယောက်အဖြစ်တော့
မရှင်သန်ချင်ပါဘူး ..

ကိုယ်သူ့ဆီက လိုချင်တဲ့အရာလေးက
အင်မတန်ဘဲ ရိုးရှင်းပါတယ် ..
အတူငိုပေးနိုင် .. အတူရယ်မော ပေးနိုင်တဲ့
ချစ်ခြင်းမေတ္တာလေးတစ်ခုပါပဲ ..
အဲဒါဆိုရင်ပဲ ဘဝအတွက် လုံလောက်နေပါပြီ ။

to original writer MMĤ🍁🍁🍁

17/07/2024

တစ်ချိန်က တိုင်းတပါးကိုရောက်ဖို့
အိမ်မက်တစ်ခုဖြစ်ခဲ့တယ်

အခုတော့...
အိမ်ပြန်ရောက်ဖို့ အိမ်မက်မက်ရပြန်တယ်

လာရာလမ်းတိုင်း ပြန်ဖို့မလွယ်မှန်း
တိုင်းတပါးကိုရောက်မှသိခဲ့ရပြီ...

အမေ့အိမ်ကိုလွမ်းလိုက်တာဗျာ ။

ပွဲဆိုင်းသံကြားလျှင်ဖြင့် ဓားကိုချကာ က လျှက်ချင်သေး
07/07/2024

ပွဲ
ဆိုင်းသံကြားလျှင်ဖြင့် ဓားကိုချကာ က လျှက်ချင်သေး

29/06/2024

သူများတွေ ချစ်လာအောင်
ကျွန်တော့်ကိုကျွန်တော်
ပြောင်းလဲတာတွေ မလုပ်ချင်တော့ဘူး။

အဲဒီ့အစား ကျွန်တော့်ရဲ့ဖြစ်တည်မှု
အရှိအတိုင်းကို လက်ခံပြီး ချစ်ပေးမယ့်
လူတယောက်ကိုပဲ မျှော်လင့်တော့တယ်။

သိတယ်မလား
ကျွန်တော်မို့လို့ ကျွန်တော်ဖြစ်နေလို့ကို
ချစ်တာ ဆိုတာမျိုးလေးလေ။

💭 || 27.6.2024

Address

18, Persiaran Jubilee
Kuala Lumpur
55200

Telephone

+601127329022

Alerts

Be the first to know and let us send you an email when Moon Sai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Moon Sai:

Share