YHP entertainment

YHP entertainment thank for follow me

အာရက္ခတပ်တော်၏ တိုက်ပွဲသတင်းများ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်အာရက္ခတပ်တော်သည် ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ ဖက်ဆ...
11/02/2025

အာရက္ခတပ်တော်၏ တိုက်ပွဲသတင်းများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်

အာရက္ခတပ်တော်သည် ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ ရန်သူသည်လည်း ပဲခူးတိုင်းဖက်မှ မိမိတို့အား တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများမှာ နေ့တိုင်းဖြစ်ပွားလျက်ရှိသည်။

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်အတွင်း (တနည်းအားဖြင့်) ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ စခန်းတစ်ခုဖြစ်သော မိုးထိတောင်စခန်းအား မိမိတို့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်၊ နံနက် (၆) နာရီ (၃၀) မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ငါးရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်၊ နံနက် (၁၁) နာရီ (၁၀) မိနစ်အချိန်တွင် အဆိုပါရန်သူ့စခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ ရန်သူ၏ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း၊ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် ဧရာဝတီ-ရက္ခိုင်အစပ် (သို့) ဧရာဝတီတိုင်းအတွင်းရှိ အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသော ပွိုင့် (၂၆၃) စခန်းအား ရန်သူသည် ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်၊ နေ့လယ် (၁) နာရီ (၃၈) မိနစ်၌ လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ အာရက္ခတပ်တော်သည် ပွိုင့် (၂၆၃) စခန်းအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆ ) ရက်နေ့၊ နေ့လယ် (၂) နာရီ (၂၈) မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁ ) ရက်နေ့၊ ညနေ (၅) နာရီ (၅၀) မိနစ်အချိန်တွင် ပွိုင့် (၃၆၉) စခန်းကို သိမ်းပိုက်ရရှိခဲ့သည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်) တွင် ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၌လည်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့သည် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိမိတို့၏ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်သော ရန်သူသည် ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ရသည်။ ဆုတ်ခွာထွက်ပြေးသွားသော ရန်သူများအား လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ ကိုထပ်မံသိမ်းဆည်းရမိခဲ့သည်။

စစ်တွေမြို့အနီးပတ်ဝန်းကျင်၌ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းရှိနေခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
AA Info Desk

08/12/2024
08/10/2024

Messi...🐐🐐🐐

25/06/2024
Hard work 😍😘    K Brown
05/10/2023

Hard work 😍😘



K Brown

Messi’s & Haaland’s probability of winning the Ballon d’Or 2023, based on the odds at Bet365 ⚖️🏆  Crd Photo
26/09/2023

Messi’s & Haaland’s probability of winning the Ballon d’Or 2023, based on the odds at Bet365 ⚖️🏆

Crd Photo

19/09/2023

မောင်လိူင်ခင် လည်း သိပါတယ်🤣🤣🤣🤣🤣🤣🤣

10/04/2022

PLAY PUPGMOBILE

Address

Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when YHP entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share