Thet Mon l The Intentional Compass for Moms

Thet Mon l The Intentional Compass for Moms Thet Mon is a Digital Creator and create resourceful contents for Stay at home Moms and Working Moms.

Thet Mon is a full time mom of two beautiful children, a content creator, a podcaster and a booktuber.

၁၃၈၈ခုနှစ် မြန်မာ့နှစ်သစ်ကူးနေ့ ဧပြီ ၁၇ ရက်ဒီနေ့မှာတိုက်တိုက်ဆိုင်ဆိုင်နဲ့ လစဉ် ၉ရက်တိတိ သက်သက်လွတ်စား၊ မဟာသမယသုတ်ကိုပူဇ...
17/04/2026

၁၃၈၈ခုနှစ် မြန်မာ့နှစ်သစ်ကူးနေ့ ဧပြီ ၁၇ ရက်

ဒီနေ့မှာတိုက်တိုက်ဆိုင်ဆိုင်နဲ့ လစဉ် ၉ရက်တိတိ
သက်သက်လွတ်စား၊ မဟာသမယသုတ်ကို
ပူဇော်ရွတ်ဖတ်တာပြီးမြောက်တဲ့နေ့လေးပါ။

မင်္ဂလာသတင်းတွေ ဒီနေ့မှာကြားရပြီး
ကုသိုလ်တွေလဲ လုပ်ဖြစ်တဲ့နေ့လေးပါ။

ဒီဧပြီနဲ့ဆိုရင် မဟာသမယသုတ်ကို လစဉ်
သားသတ်လွတ်စားပြီး (၉)ရက်ဆက်တိုက်ပူဇော်တာ
(၃)လမြောက်ရှိလာပြီ။

Self commitment ဘယ်လောက်ရှိလဲ
သဒ္ဓါဘယ်လောက်ရှိလဲ ကိုယ့်အကြောင်းကို
ပိုသိလာရတဲ့အတွက် ကျေနပ်တယ်။

ဒီကြားထဲ အနှောင့်အယှက်တွေ ရှိခဲ့ပေမယ့်
နောက်လမှာလဲ မပျက်မကွက် ဆက်လုပ်ဖို့
ဆုံးဖြတ်ထားပါတယ်။ 🙏🤎🙏

ဒီနေ့အကျိုးရှိတဲ့ နေ့လေးဖြစ်ခဲ့ပါတယ်။

Thet Mon

၁၃၈၈ ခုနှစ် နှစ်သစ်မင်္ဂလာရက်မှ နေ့သစ်တိုင်းမှာပိုကျန်းမာ ပိုအေးချမ်း ပိုပျော်ရွှင် ပိုဘေးကင်းလုံခြုံကြပါစေ။ နေ့ရက်တိုင်...
17/04/2026

၁၃၈၈ ခုနှစ် နှစ်သစ်မင်္ဂလာရက်မှ နေ့သစ်တိုင်းမှာ

ပိုကျန်းမာ ပိုအေးချမ်း ပိုပျော်ရွှင်
ပိုဘေးကင်းလုံခြုံကြပါစေ။

နေ့ရက်တိုင်းက မင်္ဂလာရှိသော အဓိပ္ပါယ်ရှိသော
နေ့စွဲတွေ ဖြစ်ကြပါစေ။


မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း Day 9: 17th Mar 2026 ( Tuesday) မဟာသမယသုတ်ပူဇော်ခြင်းရဲ့ နောက်ဆုံးနေ့ရောက်လာပါပြီ။ ...
17/03/2026

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း

Day 9: 17th Mar 2026 ( Tuesday)

မဟာသမယသုတ်ပူဇော်ခြင်းရဲ့
နောက်ဆုံးနေ့ရောက်လာပါပြီ။

ဘာတွေအကျိုးရှိသွားလဲဆိုတာထက်
(၉)ရက်တိတိမပျက်မကွက် ရွတ်ဖတ်ပူဇော်ခြင်းကို
မှန်မှန်လုပ်နိုင်ခဲ့တဲ့အတွက် ကောက်ရိုးမီးစိတ်ကို
စပြီး ပြင်နိုင်ဖို့အတွက် အထောက်အပံ့ကောင်းဖြစ်တာကိုတော့ သေချာလေးနားလည်ခံစားမိပါတယ်။

ကိုယ်လုပ်နိုင်တယ်ဆိုတာကို data နဲ့ feedback တွေပြန်မြင်ရတဲ့အတွက် ဒီ့ထက်ပိုကြီးမားတဲ့ အရာတွေ၊

အရေးကြီး လုပ်သင့်တဲ့အလုပ်တွေကို ပိုလုပ်ဖို့အတွက်
စိတ်ခွန်အားတွေအများကြီး ကိုယ့်Action တွေကတဆင့် ပြန်ရလိုက်တယ်ပြောရင် ပိုမှန်ပါတယ်။

Plan တွေနေရာတခါချပြီး မဖြစ်မြောက်တဲ့အရာတွေရဲ့ အဓိကပြသာနာက တကယ်လုပ်ဆောင်တယ်ဆိုတဲ့ action မပါလို့ဖြစ်နေတယ်ဆိုတဲ့ root cause ပါလားဆိုတာကို Self-Reflect လုပ်ဖြစ်တယ်။

မဟာသမယသုတ်ကို စိတ်ကောင်းထားပြီး ဝီရိယစိုက်ထုတ်ပူဇော်ခြင်း မှန်မှန်လုပ်ဖြစ်ဖို့သားသတ်လွတ်စားပြီး တရားကို ၃၀မိနစ် ကြိုးစားထိုင်ခြင်းဆိုတာတွေကိုပါ
ထည့်ပိုးပြီး ပိုအားစိုက်ထုတ်လိုက်တာကလဲ
ကျွန်မလိုလူမျိုးအတွက်တော့
တကယ့်ကို အကျိုးရှိသွားစေပါတယ်။

ဒီနည်းလမ်းကို လက်တွေ့ ဘဝထဲမှာ အချိန်ဆွဲပြီး နောက်ပြန်ဆုတ်ချင်နေတဲ့ စိတ်ကို မီးမောင်းထိုးပြီး
လုပ်စရာရှိတာတွေကို လုပ်ဖို့ အိပ်ပျော်နေသူကို
အတင်းလှုပ်နှိုးသလို ခံစားလိုက်ရပါတယ်။

နောက်လမှာလဲ (၉)ရက်တိတိ ပူဇော်ဖို့အတွက်
Intention ချထားပါတယ်။

ဒီနေ့အကျိုးရှိတဲ့နေ့လေး ဖြစ်ခဲ့ပါတယ်။

မိခင်တွေအားလုံး စိတ်ရောကိုယ်ပါ
ကျန်းမာပျော်ရွှင်ပါစေ။ 🤎

Thet MonI The Intentional Compass for Moms

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း Day 8: 16th Mar 2026 ( Monday) မနက်ဖြန် မဟာသမယသုတ် (၉)ရက်တိတိပူဇော်တာနောက်ဆုံးရက်ဆိ...
17/03/2026

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း

Day 8: 16th Mar 2026 ( Monday)

မနက်ဖြန် မဟာသမယသုတ် (၉)ရက်တိတိပူဇော်တာ
နောက်ဆုံးရက်ဆိုတဲ့ အတွေးဝင်လာတာနဲ့စိတ်က…

အများကြီး လှုပ်ရှားမှုတွေဖြစ်တာကို
အရိုးသားဆုံးဝန်ခံချင်တာလေး ဖြစ်မိတယ်။

ပိုပျော်လာတယ် နက်ဖြန်ဆို စည်းကမ်းလိုမျိုး
သတ်မှတ်ပြီး တိတိကျကျ လုပ်ရတဲ့ အလုပ်တခုကနေ
လွတ်တော့မယ်ပေါ့။

၃၀မိနစ် တရားထိုင်တာနဲ့ သားသတ်လွတ်စားတာလဲ
final day ဆိုပြီး ကြိတ်ပျော်နေတဲ့ ခံစားချက်ကို
ထင်ထင်ရှားရှားကြီးကိုတွေ့ရတော့
ကုသိုလ်လုပ်ဖို့ရာမှာ အချိန်အကြာကြီးဆက်တိုက်
မပျော်မွေ့နိုင်တဲ့ စိတ်သဘောကို သတိပြုမိပြီး

ဪဒီလိုတွေကြောင့်ပဲ သံသရာလည်ပြီး ၃၁ဘုံထဲက
မလွတ်တာပါလားဆိုတာရယ်၊ အသားကျနေတဲ့
Comfort zone ကြီးထဲကနေ မရုန်းချင်တဲ့စိတ်က
ခပ်များများဖြစ်နေတာကို ကိုယ့်ဖာသာပြန်
reflect လုပ်မိပါတယ်။

ဒါပေမယ့် ပြီးတဲ့အထိ တိတိကျကျဆက်လုပ်မယ်။
-ပျင်းနေလဲ ရွတ်ဖတ်စရာရှိတာ ရွတ်မယ်။
-စိတ်ပျံ့နေလဲ ထိုင်စရာရှိတဲ့ တရားထိုင်မယ်။
-လောဘတွေတက်ပြီး အစားအသောက်တွေ
စားချင်လာလဲ သားသတ်လွတ်ကို ပြီးတဲ့ထိ
ရအောင်စားမယ်။

တခုခုကို ပြီးဆုံးတဲ့အထိ စိတ်ရှည်ရှည်နဲ့
အဆုံးသတ်ထိ ကြိုးစားလုပ်တဲ့ action လေးကို
ဒီအဓိဌာန်ကနေ အစပြုပြီး ကျန်တဲ့
ဘဝထဲက အရေးကြီးကိစ္စတွေလုပ်တဲ့အထိ
တဖြည်းဖြည်း အရှိန်လေးမြှင့်
အကျင့်လေး ပါသွားဖို့ပဲ
intention လေးချထားပါတယ်။

ဒီနေ့အကျိုးရှိတဲ့နေ့လေး ဖြစ်ခဲ့ပါတယ်။

မိခင်တွေအားလုံး စိတ်ရောကိုယ်ပါ
ကျန်းမာပျော်ရွှင်ပါစေ။ 🤎

Thet MonI The Intentional Compass for Moms

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း Day 7: 15th Mar 2026 ( Sunday) (၇)ရက်မြောက်နေ့မှာတော့ ပါဌိတွေဖတ်ရတာအရင်လို ထောက်မနေ...
15/03/2026

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း

Day 7: 15th Mar 2026 ( Sunday)

(၇)ရက်မြောက်နေ့မှာတော့ ပါဌိတွေဖတ်ရတာ
အရင်လို ထောက်မနေတော့ဘဲ အသံထွက်ရတာ
ပိုချောချောမွေ့မွေ့ မှန်မှန်ဖတ်လာနိုင်ပါပြီ။

အလေ့အကျင့်တခုပဲပေါ့။ ဗျာမများဘဲ၊ဇွဲရှိရှိနဲ့
မပျက်မကွက် မှန်မှန်သာလုပ်သွားရင်
အဆင်ပြေလာရစမြဲဆိုတဲ့စကားက အမှန်ပါပဲ။

အရင်က တနေ့တနေ့အချိန်မလောက်ဘူး ပြောပြီး
ပျင်းခဲ့တာတွေကို ကိုယ်တိုင်ပြန်မြင်ရတော့
လုပ်သင့်လုပ်ထိုက်တာတွေကို ဦးစားပေး
ရွေးလုပ်တတ်ဖို့ပဲလိုတာဆိုတာ လက်ခံတတ်လာပြီ။

ဝီရိယလေးတော့ စိုက်ထုတ်ဖို့ကတော့ မရှိမဖြစ်ပေါ့။

ဒီနေ့အကျိုးရှိတဲ့နေ့လေး ဖြစ်ခဲ့ပါတယ်။

မိခင်တွေအားလုံး စိတ်ရောကိုယ်ပါ
ကျန်းမာပျော်ရွှင်ပါစေ။ 🤎

Thet MonI The Intentional Compass for Moms

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း Day 6: 14th Mar 2026 ( Saturday ) (၆)ရက်မြောက်နေ့ရောက်လာပြီ။ ခရီးတဝက်ကျိုးလာပြီပေါ့...
14/03/2026

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း

Day 6: 14th Mar 2026 ( Saturday )

(၆)ရက်မြောက်နေ့ရောက်လာပြီ။ ခရီးတဝက်ကျိုးလာပြီပေါ့ အဓိဌာန်လုပ်တဲ့ (၉)ရက်အတွင်း ရလိုက်တဲ့
သင်ခန်းစာကောင်းကောင်းတစ်ခုက ……

ဖြစ်ချင်တယ်၊လိုချင်တယ်၊ပိုင်ဆိုင်ချင်တယ်
တကယ်တမ်း သေချာ စိတ်ကိုလျှော့၊ အသက်လေး
ခဏရှုပြီး စေ့စေ့ကြည့်ရင် အံ့ဩဖို့ကောင်းတာက

ခုနက “ချင်တယ်”ဆိုတာတွေထဲက ၆၀% လောက်က
အတွင်းစိတ်ထဲက ထက်ထက်သန်သန်လိုချင်တာတွေ မဟုတ်ဘဲ အများလက်ခံနိုင်တဲ့ဘောင်ထဲကမို့၊
ဦးနှောက်က နှစ်များစွာ ထပ်တလဲလဲ
တွေး၊ပြော၊လုပ်တာတွေရဲ့ normalize လုပ်ထားခံထားရတာတွေရဲ့ အကျိုးဆက်ကြောင့်
ဖြစ်နေတာဆိုတာကို သိလိုက်ရတယ်။

ဒါဆို တကယ်လိုချင်တာက ဘာတွေလဲ?
တကယ်မလိုတာတွေအားလုံး စစ်ထုတ်လိုက်ရင်
ကိုယ်လိုချင်တဲ့ အစစ်အမှန်ဆိုတာတွေက
ဘာလဲထွက်လာရမှာပေါ့။

အားလုံးက ခဏလေးပါဆိုတဲ့ life မှာ
အများနဲ့ မတူဘဲ တစ်ယောက်ထဲဖြစ်လဲ
ရပါတယ် အေးဆေးဆိုပြီး loneliness ကို
အကောင်းဆုံး ကိုင်တွယ်နိုင်တဲ့သူဖြစ်ဖို့
ကြိုးစားရဦးမယ်။

ဒီအတွေးလေးတွေကြောင့်

ဒီနေ့အကျိုးရှိတဲ့နေ့လေး ဖြစ်ခဲ့ပါတယ်။

မိခင်တွေအားလုံး စိတ်ရောကိုယ်ပါ
ကျန်းမာပျော်ရွှင်ပါစေ။ 🤎

Thet MonI The Intentional Compass for Moms
==================================

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း Day 5: 13th Mar 2026 ( Friday) မဟာသမယသုတ်ကို (၉)ရက်ဆက်တိုက် အစအဆုံးရွတ်ဖတ်ခြင်းကို ...
13/03/2026

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း

Day 5: 13th Mar 2026 ( Friday)

မဟာသမယသုတ်ကို (၉)ရက်ဆက်တိုက်
အစအဆုံးရွတ်ဖတ်ခြင်းကို ဖေဖော်ဝါရီတုန်းက
တကြိမ်ပူဇော်ပြီးပါပြီ။ အခုမတ်လမှာလတော့
ဒုတိယအကြိမ် (၉)ရက်ဆက်တိုက်
ပူဇော်ဖို့ အဓိဌာန်ထားပါတယ်။

ဘာလို့ရွတ်ဖတ်လဲမေးရင် ပထမလတုန်းကတော့ စူးစမ်းလိုစိတ်ရယ်၊ အပျင်းကြီးတဲ့စိတ်က်ို ဖျောက်ချင်လို့ ဝီရိယထားပြီး တနာရီလောက် အားစိုက်ထုတ်ပြီး ရွတ်ဖတ်ကြည့်ချင်တာပါပဲ။

နတ်ချစ်သုတ္တန်မို့ ဆိုပြီး လူပြောများတဲ့ ရလဒ်တွေလဲ
သိပ်စိတ်မဝင်စားခဲ့ဘူး။

ဒါပေမယ့် ပထမလအဓိဌာန်
ဝင်တဲ့အကြိမ်မှာ အံ့ဩရတဲ့အထိ ကုသိုလ်ကံကောင်းတဲ့ အဖြစ်အပျက်တခုကြုံခဲ့တော့ အခုလမှာ ပြန်ရွတ်ဖတ်ဖို့ စိတ်ကပိုထက်သန်နေခဲ့ပါတယ်။

ဒီနေ့လဲ သမီးကိုကျောင်းကြိုပြီး သားအမိနှစ်ယောက်ထဲ ကားမောင်းပြန်လာတဲ့အခါမှာ ပျက်ရမယ့်ကားက
လမ်းမှာထိုးမရပ်ဘဲ သက်မွန်အိမ်ရှေ့ရောက်
ကားရပ်လိုက်ပြီးမှ ကားဘက်ထရီတခုလုံး down သွားတာကို တိုက်တိုက်ဆိုင်ဆိုင်ဖြစ်တော့

ကံကောင်းလိုက်တာ လမ်းမှာဆို အခုမှ ကားစမောင်းတဲ့ သက်မွန်အတွက် အခက်တွေ့မှာ တွေးမိပြီး
မဟာသမယသုတ်သေချာရွတ်ဖတ်တဲ့ အကျိုးလို့ ယုံကြည်လိုက်ပါတယ်။ မိမိကိုယ်ကိုယ်ရော၊
စောင့်ရှောက်ကူညီပေးတဲ့သူအားလုံးကိုလဲ
ကျေးဇူးတင်မိပါတယ်။

ဒီနေ့အကျိုးရှိတဲ့နေ့လေး ဖြစ်ခဲ့ပါတယ်။

မိခင်တွေအားလုံး စိတ်ရောကိုယ်ပါ
ကျန်းမာပျော်ရွှင်ပါစေ။ 🤎

Thet MonI The Intentional Compass for Moms

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း Day 4: 12th Mar 2026 ( Thursday) ဒီနေ့ မဟာသမယသုတ်စရွတ်ဖတ်နေတုန်း ဘာသတိထားမိလဲဆိုတော...
12/03/2026

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း

Day 4: 12th Mar 2026 ( Thursday)

ဒီနေ့ မဟာသမယသုတ်စရွတ်ဖတ်နေတုန်း
ဘာသတိထားမိလဲဆိုတော့ စစချင်းမှာ
စိတ်ကပျံ့နေတာကိုပါ။

ပျံ့နေတဲ့စိတ်တွေကို ကြည့်လိုက်ရင်
တနေကုန် ပြောခဲ့တဲ့ စကားတချို့၊
ဆုံခဲ့တဲ့ သူတွေနဲ့ အဖြစ်အပျက်၊
တွေးနေခဲ့တဲ့ အတွေးအစုံ အားလုံးက
အပိုင်းအစ လေးတွေအနေနဲ့ တမျိုးပေါ်လိုက်
တမျိုးပျောက်လိုက်နဲ့ စိတ်မှာလာပေါ်တာတွေကို
လိုက်ကြည့်မိတယ်။

ခန္ဓာကိုယ်က ငြိမ်ပြီးပါးစပ်ကသာ
ဘုရားစာရွတ်နေတာ စိတ်တွေက အထက်ရောက်လိုက်၊အောက်ရောက်လိုက်၊ ဘေးပျံ့လိုက်နဲ့
ယောက်ယက်ခတ်တာတွေကို
အရင်လို resist အတင်းမလုပ်ဘဲ
လက်ခံကြည့်ကြည့်တယ်။

ဟော အဲ့လိုကြည့်နေရင်း အာရုံတွေအားလုံးက
ပျောက်သွားတာ မြန်လိုက်တာ အလင်းလိုပဲ။
ခုပေါ်ပျောက်ပဲ။ အဲ့မှာဝင်လာတဲ့အတွေးက

“ခုနေ ငါသေရင်တန်ရဲ့လား?”

ဒီမေးခွန်းမေးလိုက်တာနဲ့ စိတ်ကပိုအားထက်သန်လာပြီး
ငါမသေခင်တော့ မဟာသမယသုတ်တော်ကို
အသံထွက်မှန်မှန်ကန်ကန် စိတ်လေးနှစ်ထည့်ပြီး အာရုံစိုက်ရွတ်ဖတ်ပူဇော်သင့်ခဲ့တာဆိုတဲ့
သဒ္ဓါလေးတက်လာပြီး ပြီးအောင်
ရွတ်နိုင်ခဲ့ပါတယ်။

တကယ်တော့ မြတ်စွာဘုရားဟောခဲ့သလို

“မိမိကိုယ်သာ ကိုးကွယ်ရာ” ဆိုတာ တကယ်မှန်တာပါ။ ကိုယ်လုပ်မှ ကိုယ်ရတာ မှန်လွန်းတဲ့ ခေတ်ထဲမှာ
ကုသိုလ်တွေကို များများယူထားဖို့က
သိကြားမင်းတောင် ဆင်းကူဖို့ခက်တယ်မလား?

ကံ၊ဥာဏ်၊ဝီရိယ (၃) ပါးလုံး အားထုတ်ပြီး ကုသိုလ်တွေ
ပိုလုပ်ဖို့ပဲ ၂၀၂၆ မှာ
intention ထားထားပါတယ်။

ဒီနေ့အကျိုးရှိတဲ့နေ့လေး ဖြစ်ခဲ့ပါတယ်။

မိခင်တွေအားလုံး စိတ်ရောကိုယ်ပါ
ကျန်းမာပျော်ရွှင်ပါစေ။ 🤎

Thet MonI The Intentional Compass for Moms

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း Day 3: 11th Mar 2026 ( Wednesday ) တတိယနေ့ရောက်လာတော့ တနာရီလောက်ဘုရားစာရွတ်ရမှာ ပျင...
11/03/2026

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း

Day 3: 11th Mar 2026 ( Wednesday )

တတိယနေ့ရောက်လာတော့ တနာရီလောက်
ဘုရားစာရွတ်ရမှာ ပျင်းတဲ့စိတ်က အတိုင်းအတာ
တခုထိလျှော့လာတာသတိထားမိတယ်။

ဖြစ်နိုင်တာက အရင်လကလဲ (၉) ရက်ဆက်တိုက်ရွတ်ပြီးခဲ့လို့ nervous system က အသားကျလာတာကြောင့်
ဖြစ်မယ်လို့တွေးမိသေးတယ်။

နောက်တခုကတော့ social media ကိုညဘက် သုံးတာလျှော့ကျလာတာပါ။ တနာရီလောက် အချိန်ပေးရတော့ doomscrolling လုပ်ဖို့ မအားတော့ဘူးပေါ့။

အကျင့်ဆိုးတွေ ပြင်ချင်ရင် အကျင့်ကောင်းတွေနဲ့
အစားထိုးပစ်ခြင်းကလဲ key တစ်ခုပါလားဆိုတဲ့
အတွေးလေးတွေးရင်း ပြုံးမိသေးတယ်။

ပြုံးတာက အကြောင်းရှိတယ်။ ညဘက် မသုံးရတော့
နေ့ဘက် သုံးဖြစ်တဲ့အချိန် ဖိသုံးချင်တော့တာပဲ 😄
Fasting လုပ်ပြီး အစားပြန်စစားတဲ့သူလိုပဲ
Short reels တွေကြည့်ရင်း ကျေနပ်နေတာ
ပျော်စေတဲ့ ဟော်မုန်းတွေထွက်တော့
အရမ်းခင်ရတဲ့ သူငယ်ချင်းတွေ၊ အမျိုးကို
ဟာသ video တွေ​လျှောက် share တော့တာပဲ။

ကိုယ့် Shadow ကိုယ်ပြန်မြင်ရတော့ ရယ်လဲရယ်ချင်၊ ဆင်လဲဆင်ခြင်မိသွားတဲ့နေ့တစ်နေ့ပါပဲ။ 🙂

ဒီနေ့အကျိုးရှိတဲ့နေ့လေး ဖြစ်ခဲ့ပါတယ်။

မိခင်တွေအားလုံး စိတ်ရောကိုယ်ပါ
ကျန်းမာပျော်ရွှင်ပါစေ။ 🤎

Thet MonI The Intentional Compass for Moms

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း Day 2: 10th Mar 2026 ( Tuesday) ဒုတိယမြောက်ရွတ်ဖတ်တဲ့နေ့မှာ သတိထားမိတာကတော့ ……..အရင...
10/03/2026

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း

Day 2: 10th Mar 2026 ( Tuesday)

ဒုတိယမြောက်ရွတ်ဖတ်တဲ့နေ့မှာ
သတိထားမိတာကတော့ ……..

အရင်က ဆင်ခြေပေးအချိန်ဆွဲခဲ့လို့သာ
ဘုရားစာရွတ်ဖတ်ဖို့ အချိန်မရှိဘူးလို့ ပြောနေတတ်တဲ့
ကိုယ့် dark side ကိုပြန်မြင်လိုက်ရတယ်။

မြင်ပေမယ့် အပြစ်တော့မတင်တော့ပါဘူး။
ဘာလို့လဲဆိုတော့ ဒီအကျင့်ကို ပြင်နိုင်မယ်လို့
ကိုယ့်ကိုယ်ကိုယ် ယုံကြည်တာကြောင့်ပါ။

ဘာကြောင့်ယုံလဲဆိုတဲ့ မေးခွန်းအတွက်လဲ
ကျွန်မမှာ အဖြေရှိပါတယ်။

သူငယ်တန်းကျောင်းသူအရွယ်လောက်ထဲက
ဘုရားရှိခိုးဖို့ မပျင်းရိခဲ့သူ၊ အလယ်တန်း၊ အထက်တန်းမှာ ကျောင်းဓမ္မစကြာ၊ ပဌာန်းဝတ်ရွတ်ပွဲတွေမှာ ထိပ်ဆုံးက စိတ်ပါဝင်စားစွာနဲ့ တက်တက်ကြွကြွပါပြီး

ကျောင်းမြို့နယ်ပြိုင်ပွဲတွေအတွက်
အကြိမ်ကြိမ်ရွတ်ဖတ်လေ့ကျင့်ခဲ့ဖူးတာတွေရဲ့ အထောက်အပံ့တွေကြောင့်ရယ်……..

နောက်ပြီး လူသိပ်မသိသေးတဲ့ ကျွန်မအကျင့်ဖြစ်တဲ့စိတ်ညစ်ရင် ဘုရားပိုရှိခိုးတတ်တဲ့ ကောင်းတဲ့ Habit လေးကလဲ အခုချိန် မဟာသမယသုတ်ရွတ်ဖတ်ခြင်းကို
လုပ်ဖြစ်ဖို့ အကြောင်းအကျိုးတွေဖြစ်လာလို့ပါ။

ဒီနေ့ reflect လုပ်မိတာက ငယ်စဉ်ထဲက
အကျင့်ကောင်းတစ်ခုကို တည်ဆောက်ထားခြင်းက
နှစ်များစွာကြာပြီးနောက် အသက်အရွယ်တစ်ခုရောက်တဲ့အချိန်မှာလဲ ပြန်အကျိုးပြုတာကိုပါ။

တကယ်လို့ ကြားထဲဘာ gap မှမဖြစ်ဘဲ ဆက်တိုက်သာ မှန်မှန်လုပ်သွားရင် ဒီထက်မက အများကြီးပိုအကျိုးရှိမှာဆိုတာလေးကို တစ်ယောက်ထဲ ပြန်သုံးသပ်ဖြစ်တဲ့နေ့လေးပါ။

ဒီနေ့အကျိုးရှိတဲ့နေ့လေး ဖြစ်ခဲ့ပါတယ်။

မိခင်တွေအားလုံး စိတ်ရောကိုယ်ပါ
ကျန်းမာပျော်ရွှင်ပါစေ။ 🤎

Thet MonI The Intentional Compass for Moms

ဒုတိယအကြိမ် ရွတ်ဖတ်ခြင်း မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း Day 1: 9th Mar 2026 ( Monday) ဖေဖော်ဝါရီလတုန်းက (၉)ရက်တိတိ...
09/03/2026

ဒုတိယအကြိမ် ရွတ်ဖတ်ခြင်း

မဟာသမယသုတ် (၉)ရက် ရွတ်ဖတ်ပူဇော်ခြင်း

Day 1: 9th Mar 2026 ( Monday)

ဖေဖော်ဝါရီလတုန်းက (၉)ရက်တိတိ ပထမဆုံးအကြိမ် ပူဇော်ဖူးခဲ့တော့ အခုမတ်လမှာ ဒီနေ့ကစပြန်ပြီး
ပူဇော်ဖြစ်ပါတယ်။

ပထမစစခြင်း ရွတ်ဖတ်စဉ်မှာ နှေးနေတာ၊
အသံထွက်လွဲနေတာ၊စိတ်ပျံ့တာတွေက ဖြစ်ပေမယ့် ……..

အချိန်ကြာလာတာနဲ့ အမျှ တဖြည်းဖြည်းနဲ့
စိတ်ကတည်ငြိမ်လာတာ၊ အသံထွက်တွေမှန်လာပြီး၊
ပူဇော်တဲ့အခါ စိတ်ပါဝင်စားမှုပိုရှိလာတာတွေကို
သတိပြုမိပါတယ်။

မတ်လကို အဓိပ္ပာယ်ဖွင့်ရရင် ၂၀၂၆မှာ လုပ်မယ်ဆိုပြီး
မလုပ်ဖြစ်သေးတဲ့၊ စမယ်ဆိုပြီး မစရသေးတဲ့၊
ဖြစ်ချင်တယ်ပြောပြီး မလုပ်ဖြစ်သေးတဲ့
အရာတွေနဲ့ ပတ်သက်ပြီး

“ငါတကယ်ဖြစ်ချင်တာ၊
လုပ်သင့်တာ၊ ငါ့အတွက် တကယ် အရေးကြီးတာရော ဟုတ်ရဲ့လား?” ဆိုတဲ့မေးခွန်းကို
ခဏခဏ ပြန်မေးမိတဲ့ လတစ်လပါပဲ။

ဒီမေးခွန်းကြောင့် ကျွန်မ သတ္တိတွေပိုရှိလာတယ်။
တကယ်မကြိုက်တဲ့ အရာတချို့ကို စွန့်နိုင်ခဲ့တယ်။

Clarity တွေ တဖြည်းဖြည်း ပိုရလာပြီး
ကိုယ့်အကြောင်းကိုယ် self reflection လုပ်ရင်း
ပိုသလာတဲ့ လမို့ မတ်လကို
ကျွန်မ သဘောကျပါတယ်။

အပူများတဲ့ လောကကြီးကြောင့်
အအေးဓာတ်လေးလိုက်ရှာရင်း တရားနာတာ၊
မိနစ်အနည်းငယ် တရားထိုင်တာ၊ နှစ်သက်ယုံကြည်ရာ ပရိတ်တွေ ရွတ်ဖတ်ခြင်းတွေကို ပိုလုပ်ချင်လာတဲ့
လတစ်လလဲဖြစ်ပါတယ်။

မတ်လက သင့်အတွက်ဘယ်လို သက်ရောက်မှုရှိလဲ?
ဘယ်လို အလုပ်တွေ လုပ်ဖြစ်နေလဲ?

မိခင်တွေအားလုံး စိတ်ရောကိုယ်ပါ
ကျန်းမာပျော်ရွှင်ပါစေ။ 🤎

Thet Mon l The Intentional Compass for Moms
(Formerly know as Mom’s Diary by Thet Mon)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thet Mon l The Intentional Compass for Moms posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thet Mon l The Intentional Compass for Moms:

Shortcuts

Share