NHK Sharing

NHK Sharing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NHK Sharing, Video Creator, Jalan Indah 8, Kuala Lumpur.

😊 Welcome 🤝 မင်္ဂလာပါ 🙏
Please Like&Follow my Page and support me.Thank you🤝
ကျွန်တော့်ရဲ့ Pageလေးကို Like&Followလေးလုပ်ပြီး အားပေးကြပါဦး။ကျေးဇူးတင်ပါတယ်ခင်ဗျ🙏

ဘဝနဲ့ပတ်သက်ပြီး သင်ခန်းစာရစေမယ့် ခွန်းအားဖြစ်စေမယ့် စာပေကောင်းများကြိုက်လွန်းလို့  ခဏခဏပြန်ပြန်ဖတ်ဖြစ်တယ် ဗဟုသုတလည်းရ ဖတ...
01/12/2024

ဘဝနဲ့ပတ်သက်ပြီး
သင်ခန်းစာရစေမယ့် ခွန်းအားဖြစ်စေမယ့်
စာပေကောင်းများ

ကြိုက်လွန်းလို့ ခဏခဏပြန်ပြန်ဖတ်ဖြစ်တယ်
ဗဟုသုတလည်းရ ဖတ်လို့လည်းကောင်းတယ်

တစ်ပုံချင်းဆီ ပုံလေးတွေထောက်ပြီးဖတ်ပါ
ခုမဖတ်အားသေးရင် Share ထားပါ

အားတဲ့အချိန် အေးအေးဆေးဆေးဖတ်လို့ရသလို
ကြိုက်တဲ့အချိန် ပြန်ပြန်ဖတ်လို့ရတာပေါ့

မူရင်းစာရေးသားသူများကို အထူးလေးစားလျှက်ပါ

.....🕛အချိန်🕛.....အချိန်ဆိုတဲ့အရာဟာ ကမ္ဘာမှာ အရှားဆုံးတန်ဖိုးအကြီးဆုံးအရာလို့ပြောရပါမယ် ဒါပေမယ့် လူတော်တော်များများကတော့...
22/11/2024

.....🕛အချိန်🕛.....

အချိန်ဆိုတဲ့အရာဟာ
ကမ္ဘာမှာ အရှားဆုံးတန်ဖိုးအကြီးဆုံးအရာလို့ပြောရပါမယ်
ဒါပေမယ့် လူတော်တော်များများကတော့
အချိန်ကို မကုန်ဆုံးနိုင်တဲ့ ပေါများတဲ့အရာလို့ ထင်နေကြတယ် အလကားရနေတာမို့ တန်ဖိုးရှိမှန်းလည်း သတိမထားမိကြဘူး တကယ်တော့ အချိန်ဆိုတာ တန်ဖိုးလည်း အရမ်းကြီးပါတယ်
အသုံးချတက်ရင် အသုံးချတက်သလိုအကျိုးရှိတာမို့ မဖြုန်းတီးပါနဲ့
ကုန်ဆုံးသွားခဲ့တဲ့အချိန်တွေကို ဘယ်နည်းနဲ့မှ ပြန်မရနိုင်သလို
ဘယ်အရာနဲ့မှလဲလှယ်ပြီးတော့လည်းပြန်ယူလို့မရနိုင်ပါဘူး
တကယ်လို့ သင်ဟာ အချိန်ကို တန်ဖိုးမထား အလွဲသုံးစားလုပ်ပြီး
ဒီနေ့လုပ်ရမှာကို မနက်ဖန်ကိုပြောင်းရွေ့ တတ်တယ်ဆိုရင်
သင့်ဘဝကဘယ်တော့မှကို တိုးတက်အောင်မြင်မှာမဟုတ်ပါဘူး

နှစ်သက်မိသော မှတ်သားထိုက်သည့် စကား (၇) ခွန်း (၁) တောင်းပန်ပါ ကိစ္စတစ်ခုခုကြောင့် တစ်ယောက်ကိုတစ်ယောက် စိတ်ခုကြပြီဆိုရင် က...
18/11/2024

နှစ်သက်မိသော မှတ်သားထိုက်သည့် စကား (၇) ခွန်း

(၁) တောင်းပန်ပါ

ကိစ္စတစ်ခုခုကြောင့် တစ်ယောက်ကိုတစ်ယောက် စိတ်ခုကြပြီဆိုရင် ကိုယ်ကအရင်စပြီး တောင်းပန်လိုက်ပါ။ သူ့ကို ကိုယ်တောင်းပန်လိုက်တာက အောက်ကျတယ်၊ ကိုယ်မမှားဘူးဆိုတာထက် ကိုယ်တွေကြားကဆက်ဆံရေးကို တန်ဖိုးထားခြင်းအတွက် လုပ်ဆောင်တာပါလို့ ခံယူလိုက်ပါ။

(၂) ချစ်ခင်မြတ်နိုးပါ

ပြီးပြည့်စုံတဲ့ သူတစ်ယောက်ကို ရှာဖွေလက်တွဲမှ ချစ်ခြင်းလို့မည်တာ မဟုတ်ပါဘူး။လူတိုင်းက ပြီးပြည့်စုံလှပနေတာ မရှိပါဘူး။ မပြည့်စုံတဲ့ လူတစ်ယောက်ကို ကိုယ့်ရဲ့ ပြီးပြည့်စုံတဲ့ မျက်လုံးတစ်စုံနဲ့ကြည့်ရှုပြီး ချစ်ခင်စုံမက်ပါ။

(၃) တည်ငြိမ်ပါ

လူတစ်ယောက်ကို တစ်သက်လုံးမပြောင်းလဲပဲ ချစ်ဖို့ဆိုတာ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်လူတစ်ယောက်ကို ချစ်ခင်နေတဲ့အချိန်မှာတော့ မပြောင်းလဲတဲ့ စိတ်ထားနဲ့ ချစ်ပါ။

(၄) အဆင့်တန်းမြင့်စွာနေထိုင်ပါ

လူတစ်ယောက်ရဲ့ အဆင့်တန်းကို သူ၀တ်ဆင်ထားတဲ့ (Branded) အသုံးဆောင်တွေနဲ့ မဆုံးဖြတ်ပါနဲ့ ။ ပင်ကိုစရိုက်ကြောင့် ဖြစ်ပေါ်လာတဲ့ သွင်ပြင်နဲ့ အဆင့်တန်းကို ဆုံးဖြတ်ပါ။

(၅) အရှိန်အဝါနဲ့နေပါ

ရာထူးဂုဏ်ရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ အရှိန်အဝါထက် ပင်ကိုယ်သဘောထားကြီးပြီး ကောင်းမွန်တဲ့အတွေးခေါ်ရှိတဲ့သူရဲ့ ကိုယ်ရှိန်ကိုယ်ဝါက ပိုတောက်ပပါတယ်။

(၆) စွဲဆောင်မှုရှိအောင်နေပါ

လူတစ်ယောက်ရဲ့ စွဲဆောင်မှုအရှိဆုံးက ပိုက်ဆံ၊ အလှအပ တွေထက် ဥာဏ်ပညာရှိခြင်းဆိုတဲ့အရာပါ ။ ဒီစွဲဆောင်မှုက ဝတ်ဆင်ထားတဲ့ အဝတ်အစား အဆောင်အယောင် / လိမ်းထားတဲ့ မိတ်ကပ်ထက်ပိုပြီး တခြားသူတစ်ယောက်ရဲ့ အမြင်မှာပိုမိုလှပ တင့်တယ်ပါတယ်။

(၇) ခွင့်လွှတ်ပါ

တစ်ခါတစ်လေ လူတစ်ယောက်ကို ခွင့်လွှတ်လိုက်တယ်ဆိုတာက သူ့ရဲ့ အမှားကို ဗွေမယူဘူးဆိုတာထက် သူကောင်းစေချင်တာနဲ့ သူ့ကို လက်လွှတ်ရမှာကို ပိုကြောက်လို့ ခွင့်လွှတ်ပေးလိုက်ပါ ။

#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည်

" ပျောက်ကွယ်လုနီးပါး ဖြစ်နေသော မြန်မာကဗျာများ " "ကဗျာလေးတွေ ပြန်ဖတ်ရင်း ငယ်ဘဝကို ပြန်တမ်းတမိ" "ပုံလေးတွေနှိပ်ပြီးဖတ်နိုင...
15/11/2024

" ပျောက်ကွယ်လုနီးပါး ဖြစ်နေသော မြန်မာကဗျာများ "

"ကဗျာလေးတွေ ပြန်ဖတ်ရင်း ငယ်ဘဝကို ပြန်တမ်းတမိ"

"ပုံလေးတွေနှိပ်ပြီးဖတ်နိုင်ပါတယ် စာနဲ့ပြန်ရေးပေးထားပါတယ်"

ဒီကဗျာလေးတွေ ကြားဖူး ဖတ်ဖူးရင် အသက် ၄၀ ကျော်ပြီပေါ့
ကျုပ်ကတော့ အသက် ၃၅ ကျော်ပါ
ဒီထဲမှာ မကြားဖူး မဖတ်ဖူးတာတွေပါတယ်
တချို့ ကြားလည်းကြားဖူး ဖတ်လည်းဖတ်ဖူးတယ်
တစ်ချို့ကျ ကြားဖူးတယ် မဖတ်ခဲ့ဖူးဘူး
ခင်းဗျားတို့ရော ကြားဖူး ဖတ်ဖူးကြလား


#စာပေ #ဟသ #စာတို #ကဗျာ

မာလီခင်တစ်ယောက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်သွားခဲ့သလို ချန်ပီယံခါးပတ်ကိုပါ လက်လွတ်ဆုံးရှုံးခဲ့ရပါပြီ မာလီခင်နဲ့ ရုရုတိ...
09/11/2024

မာလီခင်တစ်ယောက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်သွားခဲ့သလို
ချန်ပီယံခါးပတ်ကိုပါ လက်လွတ်ဆုံးရှုံးခဲ့ရပါပြီ

မာလီခင်နဲ့ ရုရုတို့ပွဲက သူတစ်ပြန်ကိုယ်တစ်ပြန်အကြိတ်အနယ်ပဲ ၅ချီပြည့်တဲ့အထိ ယှဥ်ပြိုင်ထိုးသတ်ခဲ့ကြပါတယ် ဒိုင်တွေရဲ့အဆုံးအဖြတ် အမှတ်နဲ့ ရုရုက အနိုင်ရရှိသွားခဲ့ပြီး ချန်ပီယံအသစ်အဖြစ် ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ရရှိသွားခဲ့ပါတယ်

ရော့ထန် အမှတ်နဲ့ အနိုင်ရရှိ ရော့ထန်က ဂျကော့စမစ်ကို ၅ချီအပြီးထိ အသာစီးနဲ့ ယှဥ်ပြိုင်ထိုးသတ်နိုင်ခဲ့ပြီး အမှတ်နဲ့ အနိုင်ရရ...
09/11/2024

ရော့ထန် အမှတ်နဲ့ အနိုင်ရရှိ

ရော့ထန်က ဂျကော့စမစ်ကို ၅ချီအပြီးထိ အသာစီးနဲ့ ယှဥ်ပြိုင်ထိုးသတ်နိုင်ခဲ့ပြီး အမှတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်

ONE 169 ပြိုင်ပွဲအစီစဥ် စတင်နေပါပြီ အောက်က 👇👇👇 Link မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ် https://www.facebook.com/share/v/15...
09/11/2024

ONE 169 ပြိုင်ပွဲအစီစဥ် စတင်နေပါပြီ
အောက်က 👇👇👇 Link မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်

https://www.facebook.com/share/v/15eGNM9o6o/?mibextid=oFDknk

ဝါသနာရှင်တွေအတွက် မာလီခင်ရဲ့ MMA ပွဲနဲ့ ရော့ထန်ရဲ့ မွှေထိုင်း ပွဲတွေ ပါဝင်တဲ့ ONE 169 ပြိုင်ပွဲကြီးကတော့ မနက်ဖြန်မနက်ပို...
08/11/2024

ဝါသနာရှင်တွေအတွက်
မာလီခင်ရဲ့ MMA ပွဲနဲ့
ရော့ထန်ရဲ့ မွှေထိုင်း ပွဲတွေ ပါဝင်တဲ့
ONE 169 ပြိုင်ပွဲကြီးကတော့ မနက်ဖြန်မနက်ပိုင်း
9ရက် စနေနေ့ မြန်မာစံတော်ချိန် နံနက် 7:30
ထိုင်း 8:00 / မလေးရှား နှင့် စင်္ကာပူ 9:00 မှာ စတင်မှာဖြစ်ပါတယ် ပြိုင်ပွဲကို အလွယ်တကူ တိုက်ရိုက်ကြည့်ရှုနိုင်ရန် Page ကို Like or Follow လုပ်ထားကြပါ 👇👇👇
https://www.facebook.com/profile.php?id=61564161534634&mibextid=JRoKGi
အစီစဥ်စတင်တာနဲ့ တိုက်ရိုက်ကြည့်ရမယ့် Link ချပေးထားပါမယ်

ကမ္ဘာကြီးမှာ ပန်းတွေ မျိုးစုံ ပွင့်နိုင်တယ်ဆိုတော့အရောင်တွေကွာတယ်ရနံ့တွေကွာတယ်လှပမှု ကွာတယ်ထိန်းသိမ်းထားခံရခြင်း ကွာတယ် ...
08/11/2024

ကမ္ဘာကြီးမှာ
ပန်းတွေ မျိုးစုံ ပွင့်နိုင်တယ်ဆိုတော့

အရောင်တွေကွာတယ်
ရနံ့တွေကွာတယ်
လှပမှု ကွာတယ်

ထိန်းသိမ်းထားခံရခြင်း ကွာတယ်
တန်ဖိုးထားခံရတာ ကွာတယ်
ရှင်သန်ရတဲ့နေရာ ကွာတယ်

ဒီလိုနည်းနဲ့ လူတွေကော ပန်းတွေကော
လည်ပတ်နေတယ်ဆိုရင်
ကမ္ဘာကြီးက ကဗျာဆန်လွန်းပါတယ်။

🤦‍♂️ဒုက္ခပါပဲ ဆရာမလေးရယ်🤦‍♀️ဆိုင်ကယ်မှောက်လို့သတိမေ့နေတဲ့လူနာတစ်ယောက်အခန်းထဲသို့သူနာပြု့ဆရာမ ဝင်လာလေသည်။ဆရာမဝင်ပြီး ခဏကြ...
02/11/2024

🤦‍♂️ဒုက္ခပါပဲ ဆရာမလေးရယ်🤦‍♀️

ဆိုင်ကယ်မှောက်လို့
သတိမေ့နေတဲ့လူနာတစ်ယောက်အခန်းထဲသို့
သူနာပြု့ဆရာမ ဝင်လာလေသည်။

ဆရာမဝင်ပြီး ခဏကြာတော့
လူနာ သတိရလာပြီးမေးလေတော့သည်။

" ဆရာမ...."

လူနာရဲ့ပါးစပ်မှာ
အောက်စီဂျင်ခွက်တပ်ထားတော့ ဗလုံးဗထွေးနဲ့
ဆရာမက သေချာမကြားဘူး။

ဆရာမက
ပြန်မေးလေသည်။

" ရှင်ဘာပြောတာလဲ…? "

" ဆရာမ ကျွန်တော့်ဂွေးစိ မဲနေသလား "

" ဟမ်..ဘာရယ်၊
ကျန်မက ရှင့်ကိုဆေးထိုး၊ဆေးတိုက်ဖို့လာတာလေ
ရှင့်ဂွေးစိကိုကြည့်ဖို့လာတာမဟုတ်ဘူး။"

" မဟုတ်ဘူးဆရာမ၊
ကျွန်တော့်ဂွေးစိမဲနေသလားမေးတာ? "

" ရှင်ဘယ်လိုလူလဲ?
ရှင့်ဂွေးစိမဲရင်မဲမှာပေါ့၊ရှင်ဆိုင်ကယ်မှောက်တော့
ဆိုင်ကယ်မီးလောင်တာဆိုတော့.."

" အာ..ဆရာမ
ကျွန်တော့်ဂွေးစိကိုကြည့်ပေးပါ မဲနေသလားလို့ "

" ကဲ..ကဲ..ဒီလောက်တောင်ဖြစ်နေတာကြည့်ပေးမယ် "

လူနာဝတ်စုံကိုလှန်ပြီး ဓာတ်မီးနဲ့ထိုး
သေချာကိုင်တွယ် ကြည့်ပေးလေသည်။

" ရှင့်ဂွေးစိမမဲဘူး။ ပုံမှန်အရောင်ပဲ
ကြီးလွန်းနေတာကတော့ ပုံမှန်မဟုတ်ဘူး
ဒဏ်ဖြစ်မှာပေါ့ အဲဒီမှာ.."

လူနာက
သူ့မျက်နှာမှာတပ်ထားတဲ့ အောက်စီဂျင်ခွက်ကို
အနာခံဆွဲဖြုတ်ပြီး ပြောလိုက်လေသည်။

" ကျွန်တော့်မေးစိလွဲနေသလားလို့မေးတာဗျ။
ဘယ့်နှယ့် ဂွေးစိကိုလှန်ကြည့်နေရတာလဲဆရာမရယ်
ဒဏ်ရာက မျက်နှာမှာကို "

😜😝😀😝😜

: Oringal post

😊 #လောကကိုပြုံးစေရယ်စေမယ်🤣
🙂 #ဘဝအမောတွေလည်းပြေစေမယ်☺️

ဆရာကြီး ဦးအောင်သင်း၏ စာတိုများ
26/10/2024

ဆရာကြီး ဦးအောင်သင်း၏ စာတိုများ

Address

Jalan Indah 8
Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when NHK Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category