Malaysia Free Online Radio Media

  • Home
  • Malaysia Free Online Radio Media

Malaysia Free Online Radio Media မလေးရှားရောက် မြန်မာများ အတွက်
သတင် မလေးရှားရောက် မြန်မာများအတွက် မလေးရှား
နောက်ဆုံးရ သတင်းများ
သီးသန့်ကို ဒီ PAGE မှာ တင်ပေးနေပါတယ်။

အသိပေးကြေညာခြင်းမှတ်ပုံတင်(မူရင်း)၊ အိမ်ထောင်စုစာရင်း (မိတ္တူ) တို့ဖြင့် နိုင်ငံကူးလက်မှတ်အသစ် လာရောက်လျှောက်ထားကြသူများ...
20/04/2024

အသိပေးကြေညာခြင်း

မှတ်ပုံတင်(မူရင်း)၊ အိမ်ထောင်စုစာရင်း (မိတ္တူ) တို့ဖြင့် နိုင်ငံကူးလက်မှတ်အသစ် လာရောက်လျှောက်ထားကြသူများသည် https://myanmarembassykl.org/ ရှိ Announcement စာမျက်နှာတွင် မိမိတို့၏ အမည်စာရင်းပါ /မပါ စစ်ဆေးကြပါရန်နှင့် အမည်စာရင်းတွေ့ရှိသူများအနေဖြင့် https://qr.mekl.org သို့မဟုတ် https://www.mekl.org တွင် ရက်ချိန်းရယူ၍ မြန်မာသံရုံး၌ နိုင်ငံကူးလက်မှတ်စာအုပ် လာရောက်ထုတ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

#မြန်မာသံရုံး
ကွာလာလမ်ပူမြို့

ယခုအချိန်တွင် မိမိတို့၏ Merchantrade Card များနှင့်ပက်သက်ပြီး ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေရန် ဖုန်းခေါ် လိမ်လည်...
20/04/2024

ယခုအချိန်တွင် မိမိတို့၏ Merchantrade Card များနှင့်ပက်သက်ပြီး ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေရန် ဖုန်းခေါ် လိမ်လည်ခြင်းအများအပြား ရှိနေပါသဖြင့် အထူးသတိပြုနိုင်ရန် အသိပေးလိုခြင်းဖြစ်ပါသည်။

လိမ်လည်နိုင်သော နည်းလမ်း -
Merchantrade ကုမ္ပဏီ၏ ဝန်ထမ်းဖြစ်သည် ဟူ၍ ဖုန်းခေါ်ဆိုခြင်းဖြင့်
၁။ မိမိတို့၏ ကတ် အသေးစိတ်အချက်အလက်များကို အပ်ဒိတ် (update) လိုကြောင်းနှင့် လုပ်နေပါကြောင်း၊
၂။ ကတ်သက်တမ်းကုန်ဆုံးခြင်းဆိုင်ရာကိစ္စများနှင့်
၃။ ကတ်အစားထိုးလဲလှယ်ခြင်း စသည်တို့ကိုလုပ်‌ဆောင်ရန် မိမိတို့၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ၊ password များကို တောင်းဆိုလာနိုင်ပါသည်။

ဤကဲ့သို့ မိမိတို့၏ ဘဏ်ကဒ်နှင့်ဆိုင်သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖုန်းဖြင့် မေးမြန်းခြင်းရှိပါက လုံးဝလုံးဝ မပေးရန်ဖြစ်သည်။
Merchantrade အနေဖြင့်လည်း အထက်အကြောင်းအရာပါ ကိစ္စရပ်များနှင့်ပက်သက်ပြီး ဘဏ်ကဒ် အသုံးပြုသူများထံသို့ ဆက်သွယ်မေးမြန်းခြင်းပြုမည် မဟုတ်ကြောင်းကို ကြေငြာခဲ့ပါသည်။

အောက်ဖော်ပြပါ ဖုန်းနံပါတ်များမှဆက်သွယ်လာပါက လုံးဝဖုန်းမကိုင်ကြရန်နှင့် ဤဖုန်းနံပါတ်ဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေးမိခြင်းရှိ ပါက Merchantrade ကို ချက်ချင်း အကြောင်းကြား ပေးရန်ဖြစ်ပါသည်။
၀၁၁-၃၃၁၄၀၃၄၀
၀၁၆-၃၈၈၆၉၆၈
၀၁၄-၆၄၁၄၀၁၉
သို့ဖြစ်ပါ၍ လိမ်လည်မှုမှ ကင်းနိုင်ရန်အတွက် MEO မှ ချစ်ခြင်းမေတ္တာ အပြည့်ဖြင့် အသိပေး အ‌ကြောင်းကြားလိုက်ပါသည်။

Ref: Myanmar Ethnics Organization - MEO
(Post By)
https://www.facebook.com/repistar

Address


Website

Alerts

Be the first to know and let us send you an email when Malaysia Free Online Radio Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share