Bee in Digi

Bee in Digi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bee in Digi, Social Media Agency, Metro Prima, Kepong, Kuala Lumpur.

07/08/2026

Bee in Digi မှ သင်တန်းသားရဲ့ ဖန်တီးမှုပါ။
ကိုယ့်စိတ်ကူးကောင်းရင် ကောင်းသလို Ai Script တွေထုတ်ပြီး Story ဖန်တီးကာ ဝင်ငွေရှာနိုင်ပါတယ်။

21/07/2026

ဒီတစ်ခါမှာတော့ ကွန်ပျူတာနဲ့မဟုတ်ပဲ ဖုန်းနဲ့
Design နဲ့ video edit လုပ်တဲ့အတန်းလေး လာပါပြီ

________________________________________

📌 ခေတ်နဲ့အညီ Trend ဖြစ်နေတဲ့
Ai video ဖန်တီးချင်သူတွေ၊

📌 Vlog ရိုက်ထားတဲ့ video တွေကို ဖုန်းနဲ့ပဲ စိတ်ကြိုက် Edit လုပ်ချင်သူတွေ ၊

📌 Design တွေကို ဖုန်းနဲ့ပဲ ဖန်တီးချင်တဲ့သူတွေအတွက် Bee In Digi မှာ တစ်ရက်အပြတ် သင်တန်းလေး ဖွင့်ထားပြီဖြစ်လို့ လာရောက်စုံစမ်းဖို့ ဖိတ်ခေါ်ပါတယ်နော်။





Bluetooth အကြောင်းBluetooth ဆိုတာ Personal Electronic Device တွေကို အချင်းချင်း ကြိုးမဲ့ဆက်သွယ်ပေးတဲ့နည်းပညာ ဖြစ်ပါတယ်။ ...
26/03/2026

Bluetooth အကြောင်း

Bluetooth ဆိုတာ Personal Electronic Device တွေကို အချင်းချင်း ကြိုးမဲ့ဆက်သွယ်ပေးတဲ့
နည်းပညာ ဖြစ်ပါတယ်။ ၎င်းကိုPersonal Area Network (PANs) ချိတ်ဆက်တယ်လို့လည်း ခေါ်ပါတယ်။
Bluetooth ဆိုတဲ့ နည်းပညာကိုမူလပထမ Developed လုပ်ခဲ့တာကတော့ Swedish Telecom ပဲ
ဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ဖြစ်သူKing Harold Bluetooth ရဲ့ နာမည်ထဲက Bluetooth ကိုအလေးအမြတ်ပြု
ယူသုံးထားတာ ဖြစ်ပါတယ်။ အဲဒီဘုရင်ကြီးက ဆွီဒင်နိုင်ငံရယ်၊ နော်ဝေးနိုင်ငံရယ်၊ ဒိန်းမတ်နိုင်ငံရယ်အစရှိတဲ့
မတူညီတဲ့ နိုင်ငံတွေက ပြည်သူတွေကို စစ်ပွဲဆင်နွှဲပြီး ပေါင်းစည်းနိုင်ခဲ့တယ်။ အဲ့သလိုပါပဲ။ Bluetooth
Technology ဟာလည်း အဲ့ဒီလိုမတူညီတဲ့ Personal Electronic Devices တွေကို
ပေါင်းစည်းပေးနိုင်ခဲ့ပါတယ်။

ဒီတော့Bluetooth Technology အကြောင်းကိုဆက်လေ့လာကြရအောင်။
Bluetooth Network တွေဟာ 2.45 GHz ရှိတဲ့ Radio Frequency ကို အသုံးပြုပါတယ်။
ပြောရမယ်ဆိုလျင်ဒါဟာ WiFi Network တွေ၊ Cordless Phone တွေ၊ Microwave Oven တွေမှာသုံးတဲ့
Frequency နှင့်အတူတူပဲ ဖြစ်ပါတယ်။ Bluetooth ပစ္စည်းတွေဟာ ပုံမှန်အားဖြင့် ၁၀ မီတာ (၃၂

ပေ)အတွင်းသာ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်Sensitivity နှင့်Transmission အရမ်းမြင့်တဲ့
Bluetooth တွေမှာတော့မီတာ ၁၀၀ လောက်အထိချိတ်ဆတ်အသုံးပြုနိုင်ပါတယ်။ Data Rate အနေနဲ့ 300
Kbps လောက်အထိ ရပါတယ်။ 2.45 GHz Radio Wave က နံရံတွေကို
ဖောက်ထွက်ဖြတ်သန်းသွားနိုင်တာကြောင့် မိမိအသုံးပြုနေတဲ့ PANs ဟာ ဟင်းလင်းပြင်ကြီး
ဖြစ်နေစရာမလိုပါဘူး။ ဥပမာ- Device တစ်ခုက ဧည့်ခန်းမှာ အခြား Device တစ်ခုက အခန်းထဲမှာ
ဒါဆိုလျင်လည်း ချိတ်ဆက်အသုံးပြုလို့ရပါတယ်။ အခန်းထဲမှာ မိမိရဲ့ Phone နှင့်ဓာတ်ပုံရိုက်ပြီး ဧည့်ခန်းထဲက
ကွန်ပျူတာကိုလှမ်းချိတ်ပြီး ဓာတ်ပုံတွေကို ကွန်ပျူတာထဲပို့ထားလိုက်လို့ရတယ်။ ဒါပေမယ့် အဲဒီ Device
တွေက Bluetooth တပ်ဆင်ထားဖို့တော့လိုတာပေါ့။

Bluetooth Network တွေဟာ Ad Hoc Network တွေ ဖြစ်ကြပါတယ်။ ဆိုလိုတာက Bluetooth
Device တွေဟာ Bluetooth Network Range အတွင်းမှာရှိတဲ့ Device တွေကို အလိုအလျှောက် Auto
Detect လုပ်ပြီး ရှာဖွေပေးနိုင်ပါတယ်။ Bluetooth ကိုဖွင့်ထားဖို့တော့လိုတာပေါ့။
Bluetooth Network ထဲက ပစ္စည်းတွေဟာ တစ်ခုနှင့်တစ်ခု Bridge နှင့်ကြားခံပြီး တစ်ခုနှင့်တစ်ခု
ချိတ်ဆက်ထားကြပါတယ်။ နားလည်လွယ်အောင်ရှင်းပြရမယ်ဆိုလျင် Conference Hall ကြီးအတွင်းထဲမှာ
Bluetooth Network ရဲ့ သတ်မှတ်ချက်အတိုင်း ၁၀ မီတာ အဝန်းထဲမှာ Bluetooth ပစ္စည်းများနှင့် Local
Bluetooth Network တစ်ခုရှိနေမယ်။ အဲ့ဒီမှတဆင့် အခြား Bluetooth ပစ္စည်းတစ်ခုက ၎င်း Network ထဲက
ပစ္စည်းတစ်ခုကို ချိတ်ဆက်မိမယ်။ အဲ့ဒီလိုနဲ့ တခြားပစ္စည်းတစ်ခုကလည်း နောက်ထပ် Bluetooth
ပစ္စည်းတစ်ခုကိုချိတ်ဆက်မိမယ်။
အဲ့ဒီလိုနဲ့ နဂို၁၀ မီတာအဝန်းရှိတဲ့ Bluetooth Network ကြီးက တဖြည်းဖြည်း ကြီးလာမယ်။ ဒီတော့
Conference Hall ကြီးအတွင်းထဲမှာရှိနေကြတဲ့ Bluetooth ပစ္စည်းတွေက တစ်ခုမှတစ်ခုချိတ်ဆက်မိရင်း
အားလုံးချိတ်ဆက်မိသွားတယ်။ ဒီနေရာမှာ ကျွန်တော်ခုနက Bluetooth ပစ္စည်းတွေဟာ တစ်ခုနှင့်တစ်ခု
ချိတ်ဆက်ရာမှာ Bridge ကိုကြားခံပြီးချိတ်ဆက်တယ်လို့ ပြောခဲ့တယ်။ အဲ့ဒီBridge ဆိုတာ သီးခြား Device

တစ်ခု မဟုတ်ပါဘူး။ ၎င်း Bluetooth ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက Bluetooth Device တစ်ခုဟာ
အခြား Bluetooth Device တစ်ခုကိုBridge အဖြစ်အသုံးပြုပြီး Bluetooth Network ကိုချိတ်ဆက်တာပဲ
ဖြစ်ပါတယ်။

Bluetooth ဟာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ရာမှာ လိုအပ်တဲ့ Low-Level Radio Communication
Protocols ကိုသာ သတ်မှတ်ပေးခြင်း မဟုတ်ဘဲ တစ်ခုနှင့်တစ်ခုအတွင်း အကြောင်းအရာများကို ဖလှယ်ရာမှာ
လိုအပ်တဲ့ High-Level Protocols ကိုပါ သတ်မှတ်ပေးပါတယ်။ ၎င်း High-Level Protocols ကိုProfiles လို့
ခေါ်ပါတယ်။ Bluetooth ပစ္စည်းနှစ်ခုဟာ တစ်ခုနှင့်တစ်ခု အပြန်အလှန်အကြောင်းအရာတွေကိုဖလှယ်ကြဖို့
တူညီတဲ့ Profiles တစ်ခုကိုပဲ အသုံးပြုကြပါတယ်။ ဥပမာ- Mobile Phone နှင့် သူ့ရဲ့ ကြိုးမဲ့ Audio Headset
တို့အချင်းချင်း ဆက်သွယ်ဖို့ Headset Profiles ကိုအသုံးပြုပါတယ်။ Bluetooth ပါဝင်တဲ့ Digital Camera
တွေမှာဆိုလျင်လည်း ၎င်း Camera တွေကနေ ဓာတ်ပုံတွေကိုPrint ထုတ်ရန်အတွက်Portable Bluetooth
Printer တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုတဲ့အခါမှာ Printing Profiles ကို အသုံးပြုပါတယ်။ ဖိုင်တွေကို
အချင်းချင်းဖလှယ်ကြမယ့် ပစ္စည်းတွေဖြစ်တဲ့ Smartphone၊ PDA၊ Camera၊ Computer တွေမှာဆိုလျင်တော့
File Transfer Profiles ကိုအသုံးပြုပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး Bluetooth ပစ္စည်းရဲ့ Manual
တွေမှာလည်း ဖော်ပြထားပါတယ်။


ြောင်း

Graphic Design အတန်းခွဲသစ် (မလေးရှား)အပြင်မှာပဲဖြစ်ဖြစ် online ပေါ်မှာပဲဖြစ်ဖြစ် ထောင်နဲ့သောင်းချီတဲ့ကြော်ညာတွေကိုနေ့တို...
25/01/2026

Graphic Design အတန်းခွဲသစ် (မလေးရှား)

အပြင်မှာပဲဖြစ်ဖြစ် online ပေါ်မှာပဲဖြစ်ဖြစ် ထောင်နဲ့သောင်းချီတဲ့ကြော်ညာတွေကိုနေ့တိုင်းမြင်တွေ့ကြရမှာပါ။ အဲ့လိုကြောညာတွေဖန်တီးနိုင်ဖို့
လာမယ့် February လ (4) ရက်နေ့မှာ Graphic Design အတန်းခွဲသစ် စတော့မှာဖြစ်ပါတယ်။

📌ဘယ်သူတွေတတ်ရောက်သင့်လဲ
- Graphic Designer အဖြစ်အသက်မွေးဝမ်း‌ေကျာင်းအဖြစ်လုပ်ကိုင်ချင်သူ
- ကိုယ်ပိုင်လုပ်ငန်းမှာ မိမိကိုယ်တိုင် စိတ်တိုင်းကျ Design ဆွဲပြီးကြော်ညာချင်သူ
- Freelancer အဖြစ်လုပ်ကိုင်ချင်သူ
- နည်းပညာအသစ်သစ်တွေလေ့လာရတာစိတ်ဝင်စားသူ

📌ဘယ်သူသင်ကြားပေးမှာလဲ
သင်ကြားပေးမယ့်ဆရာကတော့ Graphic Design UK Diploma ကို A+ နဲ့ပြီးမြှောက်အောင်မြင်ထားတဲ့အပြင် Graphic Designerအဖြစ် နာမည်ကြီး Company တွေမှာ 5နှစ်ကျော်ကြာလုပ်ကိုင်ခဲ့သူဖြစ်လို့ စာတွေ့မဟုတ်ပဲ လက်တွေ့ကျကျလုပ်ငန်းအတွေ့အကြုံတွေနဲ့အတူ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

📌သင်တန်းခွဲ

- Metro Prima, Kepong
- Aman Suria, PJ
- အိမ်တိုင်ရာရောက်

👉မှတ်ချက်
Bee in Digi မှာ အခြေခံကွန်ပျူတာ တတ်ရောက်ထားသူများအတွက် 10% discount အနေနဲ့တတ်ရောက်ခွင့်ရအုံးမှာပဲဖြစ်ပါတယ်။

whatsapp : https://wa.link/s8at53
Contact : + 60 111 650 9502

21/01/2026

📌ဒီအတန်းကတော့ အခြေခံကွန်ပျူတာအတန်း‌လေးပဲဖြစ်ပါတယ်။

📌ညနေပိုင်းအချိန်တွေမှာသင်တာဖြစ်လို့ အလုပ်လုပ်ရင်း သင်တန်းတတ်ချင်တဲ့သူတွေအတွက်အရမ်းကိုအဆင်ပြေပါတယ်နော်

📌လက်ရှိသင်ကြားပေးနေတဲ့သင်တန်းခွဲကတော့
ကေပုန်းနဲ့ အမန်စူရီးယားတွေမှာသင်ကြားပေးနေပြီး နောက်ပိုင်း ‌နေရာတော်တော်များများသင်ကြားပေးသွားဖို့လည်းရှိတာဖြစ်ပါတယ်။



#မလေးရောက်ရွှေမြန်မာ
#ကွန်ပျူတာသင်တန်း
#မလေးရှားကွန်ပျူတာသင်တန်း

Address

Metro Prima, Kepong
Kuala Lumpur
52100

Telephone

+601116509502

Website

Alerts

Be the first to know and let us send you an email when Bee in Digi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share