SYS Dhama Channel

SYS Dhama Channel သတိတစ်လုံး အမြဲသုံးပါ

လောကမှာ ကိုယ့်ကို လူတိုင်းကြိုက်အောင်နေဖို့ မဖြစ်နိုင်ဘူး။ကိုယ့်ကို မုန်းတဲ့သူက မုန်းမှာပဲ၊ကိုယ်ကို အပြစ်မြင်တဲ့သူက တော့...
28/12/2025

လောကမှာ ကိုယ့်ကို လူတိုင်းကြိုက်အောင်
နေဖို့ မဖြစ်နိုင်ဘူး။

ကိုယ့်ကို မုန်းတဲ့သူက မုန်းမှာပဲ၊
ကိုယ်ကို အပြစ်မြင်တဲ့သူက တော့ မြင်ကို မြင်နေမှာပဲ။

ဒါကို ကိုယ်က ကိုယ့်ကို မမုန်းပါနဲ့ ၊ အပြစ်မမြင်ပါနဲ့လို့ လိုက်ပြောနေလို့မှ မရတာ။

သာမာန်လူသားတွေ မပြောနဲ့ ၊ လောကကောင်းကျိုးပဲ ဆောင်ခဲ့တဲ့ သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်တောင် မကြိုက်တဲ့သူ ၊ ဝေဖန် အပြစ်တင်တဲ့သူ ၊ မနာလို မုန်းတီးသူဆိုတာ ရှိခဲ့ဖူးတာပဲလေ။

ဒါကြောင့် သာမာန်လူသားဖြစ်တဲ့ ကိုယ့်အပေါ် မုန်းတီးတဲ့သူ ၊ အပြစ်တင်ဝေဖန်တဲ့သူတွေ ရှိနေတာ ဘယ်ဆန်းတော့မလဲ။

ဒီအခါမျိုးမှာ ဘယ်လို နှလုံးသွင်းရမလဲဆိုတော့ ကိုယ့်ကို မုန်းနေတာ သူ့အပိုင်း ၊ ဝေဖန်နေတာက သူ့အပိုင်းပဲ။

ကိုယ့်ဘဝ ကိုယ်ကောင်းအောင် တည်ဆောက်ရမှာက ကိုယ့်အပိုင်းပဲလို့သာ နှလုံးသွင်း ထား။

အရေးအကြီးဆုံးကတော့ တခြားသူတွေ ဝေဖန်အပြစ်တင်ရုံ ၊ မနာလို မုန်းတီးနေရုံနဲ့ ကိုယ်လျှောက်မဲ့လမ်း လွဲမသွားစေဖို့ပဲ လိုတယ်။

ပါချုပ် ဆရာတော် ဘုရားကြီး
ဒေါက်တာ နန္ဒမာလာ ဘိဝံသ

#မူရင်းရေးသားသူအားလေးစားလျက်
#လူငယ် #စာပေ #ဗဟုသုတ #ခွန်အား
#တရားတော်

ကိုယ်မြင်တာက သူများအပြစ်ဖြစ်တာက... ကိုယ့်မှာ အကုသိုလ်ဒီလိုဖြစ်တတ်တယ်ဆိုတာကိုသတိထားဖို့ လိုအပ်တယ် #ဒေါက်တာအရှင်နန္ဒမာလာဘိ...
28/12/2025

ကိုယ်မြင်တာက သူများအပြစ်
ဖြစ်တာက... ကိုယ့်မှာ အကုသိုလ်

ဒီလိုဖြစ်တတ်တယ်ဆိုတာကို

သတိထားဖို့ လိုအပ်တယ်

#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ







#မူရင်းရေးသားသူအားလေးစားလျက် #စာပေ #တရား

#တရားနာပါ #ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

ငါးပါးသီလကို စျေးမဆစ်ပါနဲ့လူမှာ ငါးပါးသီလကတော့ လျော့လို့မရတော့ဘူး။တချို့က သုရာမေရယလေးတော့ လျှော့ပြီး လေးပါးပဲ တည်ပါမယ်လေ...
25/12/2025

ငါးပါးသီလကို စျေးမဆစ်ပါနဲ့
လူမှာ ငါးပါးသီလကတော့ လျော့လို့မရတော့ဘူး။

တချို့က သုရာမေရယလေးတော့ လျှော့ပြီး
လေးပါးပဲ တည်ပါမယ်လေ၊ ...
တချို့က မုသာဝါဒလေးတော့ လျှော့ပါမယ်လေ ...
စသည်ဖြင့် လျှော့ချင်ကြတယ်။

(၁) ပစ္စည်းဥစ္စာပေါပေမယ့် အသက်တိုရင်
ဘယ့်နှယ်နေမလဲ၊
အသက်ရှည်ချင်ရင် ပါဏာတိပါတကံလည်း
ထိန်းရမယ်။

(၂) အသက်တော့ရှည်ပါရဲ့ ဆင်းရဲလိုက်တာ
ဆိုရင်ကော ဖြစ်ချင်ပါ့မလား။
မဆင်းရဲချင်ရင် အဒိန္နာဒါနကံလည်း
ထိန်းရမယ်။

(၃) အသက်လည်းရှည်၊ ချမ်းလည်းချမ်းသာပေမယ့်
ရပ်ရွာထဲ မကောင်းသတင်း ကျော်စောရင်လည်း
နေလို့ ကောင်းပါ့မလား။
သတင်းကောင်း နာမည်ကောင်းရချင်ရင်
ကာမေသု မိစ္ဆာစာရကံ ထိန်းရမယ်။

(၄) အထက်ပါသုံးချက်နဲ့ ပြည့်စုံပါတယ်။
ဒါပေမယ့် အစွပ်စွဲခံရတယ်၊ တရားတဘောင်
အကျိုးပေးတယ်ဆိုရင်ကော အဆင်ပြေပါ့မလား။
အစွပ်အစွဲကင်းချင်ရင်
မုသာဝါဒကံ ထိန်းရမယ်။

(၅) အသက်လည်းရှည်၊ ချမ်းလည်းချမ်းသာ၊
ကျော်စောပြီး အစွပ်အစွဲလည်း မခံရဘူး။
ဒါပေမယ့် လူက ရူးကြောင်ကြောင်နဲ့
ကျပ်မပြည့်ရင်ကော။
ကျပ်မပြည့်သူ မဖြစ်ချင်ရင်
သုရာမေရယကံ ထိန်းရမယ်။

ဒါကြောင့် ငါးပါးသီလကတော့ လျှော့လို့မရတော့ဘူး။

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

#ပါချူပ်ဆရာတော် #တရားနာပါ #စာဖတ်ပါ
#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်

ကိုယ်ပိုင်တဲ့ မျက်လုံးဆိုပြီး ကိုယ်မြင်ချင်တာပဲ မြင်တော့ အဆိုးကို အကောင်းထင် အကောင်းကို အဆိုးလို့မြင်ပြီး ကောင်းသူတွေကို...
25/12/2025

ကိုယ်ပိုင်တဲ့ မျက်လုံးဆိုပြီး
ကိုယ်မြင်ချင်တာပဲ မြင်တော့

အဆိုးကို အကောင်းထင်
အကောင်းကို အဆိုးလို့မြင်ပြီး
ကောင်းသူတွေကိုဖယ် မကောင်းသူတွေကို
ဖက်တွယ်တာတွေ လုပ်မိကြတယ်။

ကိုယ်ပိုင်တဲ့ စိတ်ဆိုပြီး
ကိုယ်တွေးချင်တာတွေး ထင်ချင်တာထင်တော့

အမှန်ကို အမှားထင်
အမှားကို အမှန်မြင်ပြီး
လမ်းမှားသထက်မှားပြီး
လမ်းပျောက်တဲ့အထိ ဖြစ်ရတယ် ။

ကိုယ်ပိုင်တဲ့ ကိုယ့်ပါးစပ်ဆိုပြီး
ပြောချင်ရာပြော ဆိုချင်ရာဆိုတော့

လူမှန်တွေကို မုန်းစကားပြော
မမှန်သူတွေကို အချိုတွေနှောပြီး
အပေါ်ယံတွေနဲ့ပဲ ကျန်ရစ် နောင်တတွေ
ရတဲ့အထိ ဖြစ်ရတယ် ။

အကုန်လုံးက
မချူပ်ထိန်းမိတာ
တွေကြောင့်ပဲဆိုပေမယ့်
မပြောခင် မဆိုခင်မှာ ထိန်းချုပ်ပြီး
ဆင်ခြင်ဉာဏ်နဲ့ စီစစ်ဖို့က မေ့မေ့သွားတတ်ကြတယ်။

#စာပေ #ဗဟုသုတ #ဓမ္မစကား #ပါချူပ်ဆရာတော်

ဆုံးရှုံးပြီးရင် ပြန်မရနိုင်တာမို့ရှိနေစဉ်တန်ဖိုးထားပါ.... #စာပေ  #ဗဟုသုတ
25/12/2025

ဆုံးရှုံးပြီးရင် ပြန်မရနိုင်တာမို့
ရှိနေစဉ်တန်ဖိုးထားပါ....

#စာပေ #ဗဟုသုတ

လောကမှာလူအများစုဟာပိုက်ဆံစုဖို့သာ ကုသိုလ်စုဖို့ကြတော့အားနည်းတတ်ကြတယ်ချမ်းသာချင်ရင် ကုသိုလ်များများစုပါ #ဓမ္မစကား  #ပါချူ...
25/12/2025

လောကမှာ
လူအများစုဟာ
ပိုက်ဆံစုဖို့သာ ကုသိုလ်စုဖို့ကြတော့
အားနည်းတတ်ကြတယ်
ချမ်းသာချင်ရင် ကုသိုလ်များများစုပါ

#ဓမ္မစကား #ပါချူပ်ဆရာတော် #စာပေ #ဗဟုသုတ

တစ်ဦးနဲ့တစ်ဦး မေတ္တာပျက်သွားတာဘာကြောင့်လဲဆိုရင် ကိုယ့်ရဲ့အပြောအဆိုကြောင့်ပဲနော်မပြောသင့်တာကို ပြောမိလို့ရှိရင်ပြသနာတတ်...
25/12/2025

တစ်ဦးနဲ့တစ်ဦး မေတ္တာပျက်သွားတာ
ဘာကြောင့်လဲဆိုရင်
ကိုယ့်ရဲ့အပြောအဆိုကြောင့်ပဲနော်
မပြောသင့်တာကို ပြောမိလို့ရှိရင်
ပြသနာတတ်မယ်

#စာပေ #စာဖတ်ပါ #တရားနာပါ

 #စိတ်ကိုမထိန်းနိုင်သောသူ၏အကျိူး
15/12/2025

#စိတ်ကိုမထိန်းနိုင်သောသူ၏အကျိူး

 #ဘုရားရှိခိုးနည်းအဆင့်ဆင့်
15/12/2025

#ဘုရားရှိခိုးနည်းအဆင့်ဆင့်

ပယ်သောကိလေသာ ၊ ကျန်သောကိလေသာ နှင့် နိဗ္ဗာန်၁) သောတာပန်ပုဂ္ဂိုလ်သည် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ...
18/10/2025

ပယ်သောကိလေသာ ၊ ကျန်သောကိလေသာ နှင့် နိဗ္ဗာန်
၁) သောတာပန်ပုဂ္ဂိုလ်သည် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ဟူသော ကိလေသာဆယ်ပါးတွင် ဒိဋ္ဌိ နှင့် ဝိစိကိစ္ဆာ ကိုအကြွင်းမဲ့ပယ်သတ်ပြီးဖြစ်ပါသည်။
ကျန် (၈) ပါးကို မပယ်နိုင်သေးပါ။

ဝိပဿနာ ရှု့၍ ပထမမဂ်ဉာဏ်ကိုရရှိသောအခါ ဤမဂ်ဉာဏ်သည် သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ ဟူသောကိလေသာနှစ်ပါးကိုအမြစ်ပြတ်ပယ်သတ်ပြီးလျှင် ကျန်ကိလေသာ တို့၏ အပါယ်ဘေးမှထာ၀ရလွတ်မြောက်စေ၏။

ထိုသူသည် ပထမအဆင့် သောတာပန် အရိယာဖြစ် လာ၏။
သူသည်ကာမဘုံများတွင် (၇) ကြိမ်ထက်ပို၍ ပြန်လည်မွေးဖွား ခြင်းမရှိတော့။ နိဗ္ဗာန်သို့ဥိးတည် သွားမည်ဖြစ်၏။။

၂) သောတာပန်ပုဂ္ဂိုလ်က ဝိပဿနာတစ်ဖန်ရှုပွားသဖြင့် သကဒါဂါမိမဂ်ဉာဏ်ခေါ် ဒုတိယမဂ်ဉာဏ်နှင့် ၄င်း၏အကျိုး - သကဒါဂါမိဖိုလ်ဉာဏ်တို့ကို ရရှိလျှင် သကဒါဂါမ် ခေါ် ဒုတိယအဆင့် အရိယာဖြစ်လာ၏။

သူသည် သောတာပန်ထက် ကိလေသာပိုပါး သဖြင့် ပို၍မြင့်မြတ်၏။ နိဗ္ဗာန်ချမ်းသာကို သကဒါဂါမိ ဖိုလ်ညာဏ်ဖြင့် အလိုရှိသမျှခံ
စားနိုင်၏။ သူသည်ကာမဘုံတွင် တစ်ကြိမ်သာလျှင် ထပ်မံပဋိသန္ဓေနေ ရန်ရှိသဖြင့်

သကဒါဂါမ် ( တစ်ကြိမ်ပြန်လာသူ) ဟုခေါ်ဆိုခြင်းဖြစ်၏။
သကဒါဂါမ် ပုဂ္ဂိုလ်သည် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ (၂) မျိုးကိုအကြွင်းမဲ့ပယ်သတ်ပြီးသည့်အပြင် ကာမရာဂ (လောဘ
တစ်စိတ်)၊ ဒေါသ နှင့် ဒိဌိဂတ ဝိပ္ပယုတ်၊ ပဋိဃသမ္ပယုတ် စိတ်၌ယှဉ်သောမောဟ
ကိလေ သာများကိုခေါင်းပါးအောင် ပြုထားပြီးဖြစ်သည်။
လုံး၀အမြစ်ပြတ်မပယ်နိုင် သေးပါ။

၃) သကဒါဂါမ်ပုဂ္ဂိလ်က ဝိပဿနာတစ်ဖန်ရှု့ပွားသဖြင့် အနာဂါမိမဂ်ဉာဏ်ခေါ်တတိယ အဆင့်မဂ်ဉာဏ်နှင့် ၄င်း၏အကျိုးဖြစ်သောအနာဂါမိဖိုလ်ဉာဏ်တို့ကိုရရှိလျှင် အနာဂမ် ခေါ်တတိယဆင့်အရိယာ ဖြစ်လာ၏။

အနာဂါမိမဂ်ဉာဏ်သည် ဒေါသကိလေသာနှင့် ကာမရာဂသံယောဇဉ်၊
ပဋိဃသံယောဇဉ် တို့ကိုပယ်သတ်သဖြင့် အနာဂါမ်သည် အ မျက်ထွက်ခြင်း၊ မုန်းတီးခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ငိုကြွေးခြင်း၊ ကြောက်ရွံ့ထိပ်လန့်ခြင်းနှင့် စိတ်မသာယာခြင်းတို့ကိုမခံစားရတော့။
ကာမဂုဏ်ပျော်ရွှင်မှု့ကိုလည်းခံစားခြင်းမရှိ တော့။

အနာဂါမ်သည် အနာဂါမိဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ချမ်းသာကို အလိုရှိသလိုခံစားနိုင် ၏။ လက်ရှိဘ၀တွင်ရဟန္တာမဖြစ်သေးလျှင် သေလွန်သည့်အခါ ဗြဟ္မာ့ဘုံ၌ ဖြစ်မည်။ ဗြဟ္မာ့ဘုံမှတဆင့် နိဗ္ဗာန်စံ၀င်မည်ဖြစ်သည်။ ကာမဘုံတွင်ပြန်လည်မွေးဖွားခြင်းမရှိ
သဖြင့် အနာဂါမ် (မပြန်လာသူ) ဟု ခေါ်ဆိုခြင်းဖြစ်၏။ အနာဂါမ်ပုဂ္ဂိုလ်သည်
သကဒါဂါမ်ဘ၀က ခေါင်းပါးအောင်ပြုထားပြီးသော ကာမရာဂ (လောဘတစ်စိတ်)
နှင့် ဒေါသ (ဗျာပါဒ) တို့ကို အကြွင်းမဲ့ပယ်သတ်လိုက်ပြီးဖြစ်သည်။ ကာမ ရာဂကို ပယ်သတ်ပြီးဖြစ်၍ ကာမဘုံ၌ တဖန် ပဋိသန္ဓေနေရန်မရှိပြီ။ ထို့ကြောင့် ဤလူဘုံ၌
ရဟန္တာဖြစ်လျှင် ဖြစ်၊ မဖြစ်က ရူပဘုံ၊ အရူပဘုံ၌ ပဋိသန္ဓေနေ၍ ထိုမှတစ်ဆင့် နိဗ္ဗာန်
ရနိုင်သည်။

၄) အနာဂါမ်ကဝိပဿနာတစ်ဖန်ရှုပွားသဖြင့် အရဟတ္တမဂ်ဉာဏ်ခေါ် စတုတ္တဆင့် မဂ်ဉာဏ်နှင့် ၄င်း၏ အကျိုးဖြစ်သည့် အရဟတ္တဖိုလ်ဉာဏ်တို့ကိုရရှိလျှင် ရဟန္တာခေါ် စတုတ္တဆင့်အရိယာဖြစ်လေပြီ။

အရဟတ္တမဂ်ဉာဏ်သည် ကြွင်းကျန်ရစ်သည့် ကိလေ သာအားလုံးနှင့် သံယောဇဉ်အားလုံးကိုပယ်သတ် သဖြင့် သူ၏သန္တာန်တွင်ကိလေသာ
မီးများအားလုံးငြိမ်း အေးသွားပြီဖြစ်၏။

အကုသိုလ်စိတ်များနှင့် စိတ် ဆင်းရဲဟူသမျှမဖြစ် ပေါ်တော့။

သူသည်မည်သည့်အရာကိုမျှ ငါ့ဥစ္စာဟုမမှတ်ယူ၊ ထို့ကြောင့် တပ်မက် တွယ် တာခြင်းလည်းမရှိ။

မတပ်မက်မတွယ်တာသဖြင့် စိုးရိမ်ပူပန်ခြင်းလည်းမရှိ။

သူ၏စိတ်တွင်ထာ၀ရ အေးချမ်းသာယာခြင်း-
သန္တိသုခရှိနေပေလိမ့်မည်။

ရဟန္တာ၏ စိတ်သည် လုံးဝဖြူစင် နေသည့်အတွက် ရဟန္တာသည်အမြင့်မြတ်ဆုံးပုဂ္ဂိုလ် ဖြစ်၏။

သူသည်စစ်မှန်သောအရိယာပုဂ္ဂိုလ်ဖြစ်သဖြင့် လူနှင့်နတ်တို့ ၏ ကြည့်ညိုလေး မြတ် မှု့ကိုခံယူထိုက်၏။

အဝေးမှဆောင်ယူလာသောလှူဖွယ်၀တ္ထု၊ ဧည့်သည်များအ တွက် အထူးစီစဉ်ထားသောလှူဖွယ်၀တ္ထု၊ တမလွန်ဘ၀အကျိုးအတွက် ရည်စူး၍လှူ
ဒါန်းအပ်သော ၀တ္ထုတို့ကို ခံယူထိုက်၏။

ပူဇော်ခံထိုက်သူဟုအဓိပ္ပါယ်ရှိသော ရဟန္တာ သည် ကံသစ်များကိုမပြုလုပ် သည့် အပြင် ဘ၀သစ်ကိုဖြစ်စေသော စွမ်းအားများကို
လည်း အကုန် ဖျက်စီးပြီးဖြစ်၍ နောက်ဘဝနေ ခြင်းမရှိတော့ချေ။

သူသည်ချုပ်ထိန်း ခြင်းမရှိသောအချစ်၊ သို့မဟုတ် ဒေါသကြောင့်ဖြစ်သည့်ခံစားချက်များနှင့် လောက အညစ်အကြေး များမှအလွန်ဝေးကွာလျက် နတ်ဗြဟ္မာလောကထက် ပိုမြင့်မားသည့် အမြင့် များတွင်ယခုရပ်တည်လျက်ရှိ၏။

သက်တန်းကုန်ဆုံးသည့်အခါ ပရိနိဗ္ဗာန်စံမည် ဖြစ်၏။

ရဟန္တာ ပုဂ္ဂိုလ်ကား ကိလေသာ (၁၀) ပါးစလုံးကိုအကြွင်းမဲ့ပယ်သတ်ပြီးဖြစ်ပါသည်။


#ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ် နှင့်
ဒေါက်တာမင်းတင်မွန်၏ ဘ၀လွတ်မြောက်ရေးနှင့် အရိယသစ္စာ စာအုပ်မှ

Address

Kuala Lumpur
HELLO

Telephone

+601116125442

Website

Alerts

Be the first to know and let us send you an email when SYS Dhama Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SYS Dhama Channel:

Share