𝐈𝐧𝐧𝐨𝐜𝐞𝐧𝐭 𝐖𝐚𝐧𝐠 𝐋𝐢𝐧

  • Home
  • Malaysia
  • Kuala Lumpur
  • 𝐈𝐧𝐧𝐨𝐜𝐞𝐧𝐭 𝐖𝐚𝐧𝐠 𝐋𝐢𝐧

𝐈𝐧𝐧𝐨𝐜𝐞𝐧𝐭 𝐖𝐚𝐧𝐠 𝐋𝐢𝐧 fan page

17/10/2025

ကျောက်ရှန်းရှ ရယ် ၊ ဒီကောင် ကျိုးဝမ်ရယ်

ဒီသကောင့်သား နှစ်ကောင်ကို

ဝမ်လင် ချန်ထောင်နှင့်

တိုက်တုန်းက ဘယ်လိုကြမ်းခဲ့လည်းဆိုတာကို

တကယ် မြင်စေချင်လိုက်တာ ။ 🫠





゚viralシfypシ゚viralシalシ

16/10/2025

Renegadeimmortal 🔥

Ep. (111) preview

အမတတစ်ပါး၏ ကိုယ်ပိုင်လမ်းစဥ်
အပိုင်း(၁၁၁) နောက်လာမယ့်အပိုင်း......။





゚viralシfypシ゚viralシalシ

15/10/2025

‎ဝမ်လင်ရဲ့ ပထမဆုံးတပည့်ဖြစ်လာမယ့် ဆယ့်သုံး
‎
‎ဝမ်လင်ရဲ့ တစ်ဘဝလုံးမှာ တပည့် ၃ယောက်ပဲ
‎မွေးခဲ့ပါတယ် အာ့၃ယောက်ထဲကမှ ဆယ့်သုံးဟာ
‎ဝမ်လင်ရဲ့ ပထမဆုံးတပည့်ဖြစ်လာမယ့်သူပါ။
‎
‎အာ့တပည့်၃ယောက်ထဲမှာ ဝမ်လင်ရဲ့ သံယောဇဥ်
‎အရှိဆုံး တပည့်ကလည်း ဆယ့်သုံးပဲဖြစ်ပါတယ်။
‎
‎နောက်တစ်ပတ်မှာ ဝမ်လင်ဟာ ဒီမျိုးနွယ်စုတွေကို
‎စိတ်ဝိညာဥ်အလံပြုလုပ်တဲ့နည်းသင်ပေးပီး
‎မိစ္ဆာဝိညာဥ်မြေမှာ ဝမ်လင်ရဲ့ ကိုယ်ပိုင်အင်အားကို
‎ထူထောင်တော့မှာဖြစ်ပါတယ်။
‎အာ့ထဲကမှ မျိုးနွယ်စုခေါင်းဆောင်အပြင်
‎အလွန်မြန်ဆန်စွာ ကျင့်ကြံနိုင်ပီး ဝမ်လင်ရဲ့
‎အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့သူဟာလည်း ဆယ့်သုံးပဲဖြစ်ပါတယ်။
‎ဆယ့်သုံးဟာ စိတ်ဝိညာဥ်မွန်းမံခြင်းမန္တန်ကို
‎ကျင့်ကြံသူလူများအထဲ ပါရမီ အရှိဆုံးလူတယောက်လည်းဖြစ်ပါတယ်။
‎ဆယ့်သုံးဟာ သုံးလအတွင်းမှာပင် ကိုယ်ပိုင်စိတ်ဝိညာဥ်အလံကို ပြုလုပ်နိုင်တဲ့အထိ ထူးချွန်တဲ့
‎လူငယ်တစ်ယောက်ပါ။
‎တနေ့သူ တခြားမျိုးနွယ်စုတွေကို သိမ်းပိုက်ပီး
‎အပြန် နောက်ထပ်မျိုးနွယ်တစ်စုရဲ့ အကြီးအကဲတွေက ဆယ်သုံးရဲ့ဝိညာဥ်အလံကိုလုယူပီး သူ့ရဲ့ကျင့်ကြံနိုင်တဲ့ သွေးကြောတွေကိုပါဖျ-က်စီးပီး ဝမ်လင်ကိုပါ စိန်ခေါ်သံ သဘောမျိုးနှင့် ဆယ့်သုံးကို သူ့ရဲ့မျိုးနွယ်စုဆီ ပြန်ပို့လွှပ်ခဲ့ပါတယ်။
‎ဒါကြောင့် ဆယ့်သုံးဟာ စိတ်ဝိညာဥ် ကျင့်ကြံခြင်းကိုဆက်ပီး ကျင့်ကြံလို့ မရတော့ ဝမ်လင်က ဧရာမနတ်ဆိုးမျိုးနွယ်ဂိုဏ်းရဲ့ ခန္ဓာသန့်စင်ခြင်း နည်းစနစ်ကို သင်ပေးခဲ့ပါတယ်။
‎ဆယ့်သုံးဟာ ဝမ်လင်ကို သူ့ရဲ့ဆရာမဖြစ်ခင်
‎သူတို့ရဲ့မျိုးနွယ်စုထဲကိုရောက်ကတည်းက
‎လေးစားအားကျနေခဲ့ရတာပါ။
‎သူနှင့်ဝမ်လင် ဆရာတပည့်ဆက်ဆံရေးကို
‎ရရှိလာပီးနောက်ပိုင်းမှာလည်း
‎ဝမ်လင်က ေ-သဆို ​ေ-သမယ် ၊ ရှင်ဆို ရှင်မယ် ဆို​လောက်ထိအောင်ကို
‎ဝမ်လင်ရဲ့စကား လေးစားတန်ဖိုးထားပါတယ်။
‎
‎ပြီးတော့ ဆယ်သုံးက
‎ဝမ်လင်ရဲ့ လမ်းစဉ်ကို လျှောက်လှမ်းတော့
‎
‎ဝမ်လင်လို အေးစက်မှု ရက်စက်မှု ပြတ်သားမှု
‎
‎ဝမ်လင်ရဲ့ စရိုက်အတိုင်း သူလည်းနေထိုင်ခဲ့ပါတယ်။
‎
‎ဆယ့်သုံးဟာ ဝမ်လင်ရဲ့ စကားတစ်ခွန်းကို
‎
‎သူ့ရဲ့အသက်ထက်တန်ဖိုးထားပါတယ်တဲ့ ။
‎
‎ဝမ်လင်ရဲ့စကားကိုဆယ့်သုံးက တန်ဖိုးထားပေမဲ့
‎သူမကတော့ ဘရိုတို့ကို တန်ဖိုးမထားခဲ့ဘူးမလား???????////။




゚viralシfypシ゚viralシalシ

13/10/2025

ဝမ်လင်ကျောက်ပြည်ရဲ့ ဘိုးဘေးကြီးဖြစ်လာတော့
သူ့အမေပြောတာလေးကို ပြန်သတိရတာ။

"ငါသားလေး အရွှေးမခံရလည်း ဘာမှမဖြစ်ဘူး
မင်းစိတ်ချလက်ချသာ ပြန်လာခဲ့
ဒီမှာ အဖေနှင့်အမေရှိသေးတယ်တဲ့"

အပြင်လောကမှာလည်း ကို့သားသမီးကအလုပ်တစ်ခုကိုလုပ်တော့မယ်ဆို " ဟိုဟာကိုမလုပ်နှင့်ဒီဟာကိုမလုပ်နှင့်ဆိုပီး စိုးရိမ်လွန်တတ်တဲ့ မိဘတွေထက်။
ငါ့သားလေး ဒါလုပ်ချင်လို့လား ?
လုပ်ချင်ရင်လုပ် ငါ့သား မအောင်မြင်ရင်လည်း ရတယ်
အဖေတို့ အမေတို့ ရှိတယ် " ဆိုတဲ့
မိဘတွေက တကယ်ကို ရှားပါတယ်ဗျာ ။





゚viralシfypシ゚viralシalシ

13/10/2025

တစ်ချိန်က ကျင့်ကြံဖို့ အရည်အချင်းမပြည့်မှီတဲ့

လူငယ်လေးအဖြစ်ကနေ အခုဆို ကျူးချွဲတစ်ဂြိုလ်လုံး

လေးစားရတဲ့ လူတစ်ယောက်ဖြစ်နေပီ .......





゚viralシfypシ゚viralシalシ

12/10/2025

ဝင်လာပီးမှတော့ ပြန်ထွက်သွားဖို့ကိုလည်း
စိတ်မကူးနဲ့တော့.......🥶
ခွင်းကျီ(စိတ်ဝိညာဥ်)ကြာပွတ်ကိုပါ
ဆင့်ကဲပြောင်းလဲနိုင်တဲ့ ကောင်းကင်တစ္ဆေရဲ့ အသက်
ဝိညာဥ်မီးတောက်ကိုပါ မထင်မှတ်ပဲ ရလိုက်သေးတာ




゚viralシfypシ゚viralシalシ

10/10/2025

ဝမ်လင်ရဲ့ ထူးခြာချက်ကို တွေ့ရဖို့

မင်းမှာအရည်အချင်မပြည့်မှီသေးဘူး 🥵





゚viralシfypシ゚viralシalシ

10/10/2025

မိစ္ဆာဝိညာဥ်မြေမှာ နောက်တစ်ပတ်
ဘယ်လိုတွေ
တီးမလဲ မြင်ချင်နေပီ 🥶





゚viralシfypシ゚viralシalシ

10/10/2025

‎လောဘကြီး (ခေါ်) ရတနာသိုက်အကြီးစား
‎ လောဘကြီးဟာ ရတနာတစ်ခုခုကို အာရုံခံနိုင်စွမ်းရှိပီး၊မဟာကံကောင်းမှူ့တွေကို တသီးကြီးပိုင်ဆိုင်ထားသူတစ်ယောက်ပါ။
‎သူဟာ ကျင့်ကြံခြင်လောကကို မဝင်ရောက်ခင် အသက် ၈နှစ်အရွယ်ကတည်းက အဝါရောင် သလင်းကျောက်
‎တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
‎အသက် ၁၃နှစ်အရွယ်ရောက်တော့ ချောက်ကမ်းပါးပေါ်ကနေပြုတ်ကျခဲ့ပီး အသက်မ​ေ-သတဲ့အပြင် ကျင့်ကြံခြင်းလောကသားတွေအတွက် အရေးပါတဲ့ အနီရောင်
‎သစ်သီးတစ်လုံးကိုရှာတွေ့ခဲ့ပါတယ်။
‎အသက် ၁၈နှစ်အရွယ်ရောက်တော့ အုပ်မြစ်တည်ဆောက်နေစဥ်အတွင်း လျှပ်စီးရှေးဟောင်းနဂါးတစ်ကောင်ကိုပါ ထပ်ရခဲ့ပါတယ်။
‎ထို့နောက် သူဟာ ရန်သူနှင့်တိုက်ခိုက်နေစဥ်အတွင်း
‎ရှုံးနိပ့်ခါနီး /​ေ-သခါနီး အချိန်မှာ ကောင်းကင်ပေါ်က
‎ရှေးဟောင်းမီးပြင်းဖိုတစ်ခုက ရုပ်တရက်ပြုတ်ကျလာပီး
‎သူ့ရဲ့ရန်သူကို သ-တ်ပစ်ကာ ထိုမီးပြင်းဖိုကိုပါ ရရှိခဲ့ပါတယ်။
‎အာ့လိုတွေကံကောင်းတာကလည်း သူဟာ
‎ခုနှစ်ရောင်စုံ အုပ်စိုးသူရဲ့ စိတ်ဝိညာဥ်ခုနှစ်ခုထဲက ကံကောင်းခြင်းဆိုတဲ့ စိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားတာကြောင့် သူဟာ ဘယ်နေရာရောက်ရောက် ရတနာတွေ၊ အစွမ်းထက်လက်နက်တွေကို အမြဲရလေ့ရှိပါတယ်။
‎လောဘကြီးရှိတဲ့နေရာ ရတနာရှိတယ်ဆိုပီးတော့တောင်မှ လူတချို့က မှတ်ယူကြပါတယ်။သူကလည်း ရောက်တဲ့နေရာမှာ ရတနာတခုမဟုတ်တခုကို ရနေတဲ့ လူတယောက်ဖြစ်တာကိုးဗျ။
‎လောဘကြီးဟာ စစ်ထူနန်ဆီကနေ ထျန်းနိပုတီးစေ့ကို
‎လာလုဖူးတဲ့လူထဲက တယောက်ဖြစ်ပီး
‎ဒီလိုကံအရမ်းကောင်းတတ်တဲ့လူက ဝမ်လင်နှင့်တွေ့တော့ ရထားတဲ့ရတနာတွေ အစွမ်းထက်လက်နက်တွေအကုန်ပါ ပါသွားပါတယ်တဲ့ 😆။
အခုရောက်နေကြတဲ့ မိစ္ဆာဝိညာမြေမှာလည်း လောဘကြီးနှင့် ဝမ်လင်တွေ့ရအုံးမှာပါ။
‎လမြွေနဂါးဝမ်းဗိုက်ထဲမှာဆုံတုန်းကလည်းပါသွားတာပဲအလုံးစုံကောင်းကင်အဖွဲ့အစည်းထဲမှာ တွေ့တော့လည်း
‎ယူခံရတာပဲ။ ဝမ်လင်ကိုကြောက်လို့ ပြင်ပ့နယ်မြေကိုရှောင်တော့လည်း ထပ်တွေ့တော့ ပါသွားတာပဲ။
‎နောက်ဆုံး အင်မော်တယ်ကောင်းကင်ဘုံရောက်ရင်တောင်မှ ဝမ်လင်နှင့်လောဘကြီးက မလွတ်းကင်းနိုင်သေးပါဘူး ။ လောဘကြီးကို မဟာအင်ပါယာကန်းနီက လှိုင်ဂူလောကကနေခေါ်ပီး အင်မော်တယ်ကောင်းကင်ဘုံနယ်မြေမှာ သူ့ရဲ့အနားခေါ်ပီးထားတယ်။ ဝမ်လင်ကလည်း မဟာအင်ပါယာအောက်နံပါတ် ၁ ပုဂ္ဂိုလ် သြဇာအင်ပါယာထဲ အသန်မာဆုံး ဖြစ်လာတော့ မဟာအင်ပါယာ ကန်းနီထံ နှစ်အနည်းငယ်သူ့လက်အောက်အဖစ်
နေတုန်းကလည်း တွေ့ရတာပဲ။
ဘယ်ကိုသွားနေနေ လောဘကြီးဟာ ဝမ်လင်နှင့်ကို
မလွတ်ကင်းနိုင်တာပါ။
ဝမ်လင်ဟာ လောဘကြီးကို သူ့ရဲ့ရတနာအိုးကြီးလို့တောင်မှတ်ယူပီး စစ်ထူအတွက်လက်စားချေပေးမယ့်
အစီအစဥ်ကနေ သူ့ကိုကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။

ဘရိုတို့လည်းလောဘကြီးလိုမျိုး ခုချိန်ထိ ကိုယ့်ကိုပစ်ချထားခဲ့တဲ့ သူမနှင့်
မလွတ်ကင်းနိုင်ကြသေးဘူးမလား 😛။





゚viralシfypシ゚viralシalシ

‎
‎

09/10/2025

Renegadeimmortal
Ep.110 preview

အမတတစ်ပါး၏ကိုယ်ပိုင်လမ်းစဥ်
နောက်လာမယ့်အပိုင်း 🥶🔥





゚viralシfypシ゚viralシalシ

07/10/2025

ဝမ်လင် ထျန်ယွင့်ကျစ်ဆီကနေ
ရှင်သန်ခြင်းတားမြစ်မန္တာန်ကို ဘာလို့တောင်းဆိုလဲဆိုတော့ ဝမ်လင်ရဲ့ ရန်သူတော်ကြီး
ရှေးနတ်ဘုရားမြေက ထော့ထော့ကို
ကြောက်လို့ပါတဲ့။ 😅
အာ့တာကြောင့်လည်း သူဟာ
အသက်ရှူဖို့ အခွင့်အရေးရှိနေသရွှေ့
ရှင်သန်နိုင်ပီး ကျင်ကြံခြင်းလမ်းစဥ်ကို
ဆက်လျှောက်နိုင်တဲ့ မန္တာန်ကို တောင်းဆိုခဲ့တာပါ။
သူမှာအခုရှိတဲ့ မန္တာန်တွေကလည်း တိုက်ခိုက်ရေး
မန္တာန်တွေပဲဖြစ်နေတော့ ကာကွယ်ရေးမန္တာန်
မရှိသေးတာကြောင့်လည်း ပါတာပေါ့ ။




゚viralシfypシ゚viralシalシ

07/10/2025

မိစ္ဆာဝိညာဥ်မြေဟာ နှစ်ပေါင်း(၅၀၀၀)ကြာမှ
တစ်ကြိမ်စီဖွင့်လှည့်တာ ဖြစ်ပါတယ် ။ နှစ်ပေါင်း
ငါးထောင်ဆိုတာ တချို့သော ကျင့်ကြံသူများ
တစ်ဘဝလုံးစာနှင့်ပင် ညီမျှပါတယ်တဲ့။
ကျင့်ကြံသူတစ်ယောက်ဟာ ယင်ယန်အဆင့်ကို ချိုးဖျက်နိုင်ခြင်းမရှိဘဲ ပထမအဆင့်ကို မဖြတ်ကျော်နိုင်ရင်
သူတို့ရဲ့ သက်တမ်းဟာ နှစ် (၅၀၀၀)ပဲရှိပါတယ်တဲ့။
အာ့ကြောင့်ကြောင့် ဒီမိစ္ဆာဝိညာဥ်မြေဖွင့်လှည့်တာကို
အစွမ်းထက်ကျင့်ကြံသူများနှင့် တချို့သော မွန်းစတားအိုကြီးများတောင်မှ လာရောက်ကြည့်ရှူ့ကြတယ်တဲ့။
မိစ္ဆာဝိညာဥ်မြေထဲကို အိုးမေးခြင်းအထက်ကျင့်ကြံသူများကို သူတို့ရဲ့ ဆရာများက ဝင်ခွင့်မပြုပါဘူးတဲ့ ချွင်းချက်အနေနှင့်လောဘကြီးတယောက်ကိုတော့ လင်းထျန်ဟိုက
သူတပည့်တွေကို စောင့်ရှောက်ဖို့အတွက် ဝင်ရောက်စေခဲ့ပါတယ် ။မိစ္ဆာဝိညာဥ်မြေထဲကို ဝင်ရောက်သွားတဲ့
ရတနာများက အစုံပါပဲ စိတ်ဝိညာဥ်ဆေးလုံးတွေ၊
ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ၊ အ​ေ-လာင်းကောင်တွေ၊ရှေးဟောင်းဓါးတွေ၊ကောင်းကင်ဘုံမန္တတွေ၊
ရှေးဟောင်း ​ကျင့်ကြံခြင်းရတနာနှင့် နောက်ထပ်အမျိုးမျိုးသော ပိုင်ရှင်မဲ့ ရတနာ တွေဟာ မိစ္ဆာဝိညာဥ်မြေ ထဲသို့ အကုန်ဝင်ရောက် သွားပါတယ်။ဒီရတနာတွေဟာ
အာကာသဟင်းလင်းပြင်ထဲမှာ ပိုင်ရှင်မဲ့ လွင့်မြောနေတာဖြစ်ပီး အရှေ့နတ်ဆိုးပင်လယ် မိစ္ဆာဝိညာဥ်မြေ ဖွင့်လှည့်လိုက်တဲ့ အချိန်မှာ ကြီးမားတဲ့ လှိုင်းလုံးတွေနှင့်အတူဖြစ်လာတဲ့ ဆွဲငင်အားကြောင့် ပင်လယ်ထဲသို့ စုပ်ယူခံလိုက်ရတာ ဖြစ်ပါတယ်။
အာ့ရတနာများထဲကမှ ကောင်ကင်သတ္တုမြေကြီး ၊ရောနှော မရည် ၊ မှင်ကျောက်တုံး ၊ လင်းရှီဦးချိုတို့ကတော့ ရှေးနတ်ဘုရား ရတနာပြုလုပ်ရန်အတွက်
လိုအပ်တဲ့ အရာများဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ထျန်ယွင့်ကျစ်တို့ လင်းထျန်ဟိုတို့လို အဘိုးကြီးတွေတောင်မှ ပေါ်လာဖို့ကိုစောင့်နေတဲ့ တုန်ကင်တစ်ခုပါ
ဒီတုန်ကင်ဟာ ထျန်ယွင့်ကျစ်၊လင်းထျန်ဟို နှင့်ခြားသော
မွန်းစတားအိုကြီးတွေရဲ့အသွင်ကိုတောင်မှ ပြောင်းလဲစေခဲ့ပါတယ်။ ဒီတုန်ကင်ပေါ်တွင် ရွှေရောင် ​သ​ေင်္ကတ
များကိုရေးထွင်းထားပါတယ်တဲ့။ဒီတုန်ကင်ဟာ တတိယမြောက်တုန်ကင်ဖြစ်ပီးတော့ မွန်းစတားအိုကြီးများစောင့်နေကြတဲ့ တုန်ကင်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ နောက်နှစ်ပေါင်း(၂၀၀)ကြာ ကြိုတင်ပြင်ဆင်မှူ့တွေကို ပြုလုပ်ပီး နှစ်(၂၀၀)ကြာမှ ဝင်ရောက်ဖို့ကိုလည်း ချိန်းဆိုမှူ့ ပြုလုပ်သွားခဲ့ကြပါတယ် ။

စာအရေးအသား အဆင်မပြေဖြစ်ခဲ့ရင်တောင်းပန်ပါတယ်ဗျာ followမလုပ်ရသေးရင်လည်းfollowလေးနှိပ့်ပေးခဲ့ကြပါအုံးဗျာ




゚viralシfypシ゚viralシalシ

Address

KualaLumpur Kepong
Kuala Lumpur
995300

Website

Alerts

Be the first to know and let us send you an email when 𝐈𝐧𝐧𝐨𝐜𝐞𝐧𝐭 𝐖𝐚𝐧𝐠 𝐋𝐢𝐧 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share