17/05/2025
Hi ခန်း နဲ့ HIV အသိပေးစာ
====================
ဒီရက်ပိုင်း HIV နဲ့ပတ်သက်တဲ့
NGO တစ်ခုမှာ အလုပ်လုပ်နေတဲ့
ဆရာဝန် ညီမလေးတစ်ယောက်နဲ့
ပြည်တွင်းက HIV ကူးစက်နှုန်းတွေ အရင်ကထက် ပိုများလာတဲ့အကြောင်း ပြောဖြစ်တယ်။
လူငယ်အချင်းချင်း မတော်တဆ
အိပ်မိကြရင်းနဲ့ ကိုယ့်ကိုယ်ကို
မသင်ကာလို့ ဆိုပြီး ၊
ဆေးလာစစ်ကြည့်တော့မှ
HIV POSITIVE တွေထွက်ကြ
ငိုကြ ယိုကြတဲ့ မြင်ကွင်းက
နေ့တိုင်းလိုလို တွေ့နေရတယ်တဲ့။
ART ဆေး လာသောက်ရတဲ့လူနှုန်းကလည်း
အရင်ကထက် နှစ်ဆလောက်ကို များလာလို့
ကူးစက်နှုန်းက စိတ်ပူရတဲ့ အနေအထားဖြစ်နေပြီဲတဲ့။
အဓိကကတော့ Chemsex တွေ
ခေတ်စားလာပြီးကတည်းက
ကူးစက်နှုန်း သိသိသာသာကြီးကို
တိုးလာတာပါတဲ့။
မူးယစ်ဆေး တစ်မျိုးမျိုးကို
သုံးပြီးတော့မှ အတူတူနေဖြစ်တာကို
Chemsex လို့ ခေါ်ပါတယ်။
အထူးသဖြင့် Hi ခန်းတွေထဲက
စကြတဲ့ ဇာတ်လမ်းမျိုးတွေနဲ့
ကူးစက်မှု မျိုးတွေပေါ့။
Hi ခန်း ဆိုတာက အခု ခေတ်
အရမ်းခေတ်စားနေတဲ့ စိတ်အပန်းဖြေရာ နေရာတစ်ခု။
ကလပ်မှာလည်း Hi လို့ရတယ်။
ကလပ်မရှိရင်လည်း KTV
အခန်းတွေ မှာ Hi လို့ရတယ်။
Hi ဖို့အတွက် ဘာလိုလဲ ဆိုတော့
E လို့ခေါ်တဲ့ အက်စတာစီ ဆိုတဲ့
မူးယစ်ဆေးအပြားရယ်။
K လို့ခေါ်တဲ့ ကက်တမင်းဆေးအမှုန့်ရယ်။
Happy Water လို့ခေါ်တဲ့
အရည်ဖျော်ပြီးသောက်လို့ရတဲ့
ဘာမှန်းမသိတဲ့ Chemical အရည်တွေရယ်ပေါ့။
အဲဒီ E , K , Happy Water တစ်ခုမဟုတ် တစ်ခုသုံးပြီး Hi ကြရတာပါ။
အဲဒီအထဲက E ဆိုတာက
ကျွန်တော်တို့ငယ်ငယ်လေး
ကတည်းကရှိတဲ့ Party Drug ။
သူက ဆေးအပြားလေး။
သောက်လိုက်ရုံပဲ။
သောက်ပြီးရင် အသ်ိစိတ်က
ပြင်ပ ကမ္ဘာကိုရောက်သွားပြီး
စည်းချက်နဲ့အတူ ကတယ်လို့ပြောပါတယ်။
ကိုယ်စိတ်ကူးထဲမှာ ပေါ်တဲ့အရာတွေ
မြင်တယ်၊ တွေ့တယ်၊ ရောက်သွားတယ်ပေါ့။
K က ကျတော့ အမှုန့်။
ခွဲခန်းမှာသုံးတဲ့ မေ့ဆေးတစ်မျိုး။
အဲဒီအမှုန့်ကို ပန်းကန်ပြားပေါ်တင်ပြီး
ပိုက်လေးနဲ့တေ့ပြီး နှာခေါင်းနဲ့ရှုကြတာ။
ရုပ်ရှင်တွေထဲမှာ ကိုကင်းကို နှာခေါင်းနဲ့ ရှုသလိုပဲ K အမှုန့်ကို ပိုက်နဲ့ ရှုကြတာ။
E တစ်ပြားကို ငါးသောင်းကနေ
ရှစ်သောင်းကြား ရှိသလို
ကေတစ်ထုပ်ကိုလည်း ငါးသောင်းနဲ့
ရှစ်သောင်းကြား Quality အပေါ်
မူတည်ပြီး စျေးအစားစားရှိတယ်။
ဒီတော့ " ရာမ " လိုစျေးမပေါဘူး။
သုံးတဲ့သူရဲ့ Limit များရင်
များသလောက် ငွေကုန်ပါတယ်။
လူအများစု က ဒီ E တွေ K တွေကို
လူငယ်တွေပဲ သုံးကြပြီး
ပျက်စီးနေကြတယ်လို့ ထင်ကြတယ်။
တစ်ကယ်က လူငယ်တွေအဓိက
သုံးနေတာ မဟုတ်ဘူး။
လူလတ်ပိုင်းနဲ့ အသက်လေးငါးဆယ်
ကိုယ့်အဖေအရွယ် ဘိုးတော်ကြီးတွေက အစ
သုံးနေကြတာပါ။
စီးပွားရေး လုပ်ငန်းရှင်တွေပါတယ်။
ဌာနဆိုင်ရာက လူတွေပါတယ်။
အဖွဲ့အစည်းတွေထဲက လူတွေပါတယ်။
Hi ခန်းတစ်ခါသွားရင်
ကုန်ကျစားရိတ်က အခန်းခတင်
တစ်ညကို အောက်ထစ် ဆယ်သိန်း၊ သိန်း ၂၀
အနည်းဆုံး ကုန်ပါတယ်။
နယ်စပ်တွေက ကေတီဗီတွေဆို
အခန်းခတင် တစ်ညကို သိန်းငါးဆယ်လောက် အောက်ထစ်ကုန်ပါတယ်။
ဆေးဖိုးက သက်သက်ပါ။
လူများရင်များသလို ပိုကုန်ပါတယ်။
နယ်စပ်က မူးယစ်ဂိုဏ်းတို့
ကျားဖြန့်သမားတွေ အများစု
ညတိုင်းလိုလို သွားကြပါတယ်။
ဒီတော့ အဲဒ်ီလောက် အမောင့်ကို
ညတိုင်းဖြုန်းနေနိုင်တဲ့ အင်အားက
လူငယ်တွေမှာ မရှိပါဘူး။
လူကြီးတွေမှာပဲ ရှိတာပါ။
လူငယ်တွေကတော့ ပိုက်ဆံလေးစု။
ကေတီဗီလေး သွား။ ကလပ်လေးသွား။
တစ်ခါတစ်လေ ကုန်းဆင်းလိုက်နဲ့
သူ့ဟာသူတော့ အပျော်ရှာကြတာပေါ့။
တစ်လ သိန်းငါးရာ ဝင်လို့
တစ်လ သိန်းတစ်ရာဖိုးလောက်
သွားဟိုင်းတာ ပြသနာမရှိဘူး။
သူများ အိုင်ဖုန်းကိုင်ရင် ကိုင်ချင်တယ်။
သူများ ကားစီးရင်စီးချင်တယ်။
သူများ ဟိုင်းခန်းသွားရင်
လိုက်ဟိုင်းချင်တယ်။ ဒါက သဘာဝပဲ။
သူများ ယောကျ်ားလည်းမသိဘူး။
သူများ မိန်းမလည်းမသိဘူး။
Hi ရရင်ပြီးရော ဘယ်ခေါ်ခေါ်ဆိုတဲ့
လူတန်းစားတစ်ရပ် ပေါ်လာတယ်။
ဆေးတွေ တရားလွန်သုံးပြီး
လူမှန်းသူမှန်းတွေ မသိတော့ပဲ
တွေ့ကရာလူတွေနဲ့ ဟိုတယ်လိုက်အိပ်၊
အကာအကွယ်မပါဘဲ တူတူနေကြ
Chemsex တွေလုပ်ကြပြီး HIV တွေကူးကြ။
အဲဒီအထဲမှာမှ ယုတ်မာတဲ့ကောင်တွေက
သူတို့မှာ ရောဂါရှိတာ သိသိကြီးနဲ့
တခြားလူတွေ ကူးအောင်ကို
တမင်လိုက်ဖြန့်ကြတယ်။
သာမန် အခြေအနေဆိုရင်
S*x လုပ်ရင် ကွန်ဒုံးလေးတော့
စွပ်ဖို့ အသိဝင်ကြပေမယ့်
ဆေးတွေသုံးပြီး လူမှန်းသူမှန်း မသိကြတော့
ကွန်ဒုံးမပါဘဲလည်း ပြီးစလွယ်
Chemsex တွေ လုပ်လာကြရော။
အဲဒီ Hi ခန်းထဲက HIV ပြဿနာက
Hi ခန်းထဲမှာ မပြီးသွားဘဲ အပြင်မှာရှိတဲ့
အိမ်ကမိသားစုတွေကိုပါ ပြန်ကူး
အတော် $လုပ်တွေရှုပ်ကုန်ရော။
မြန်မာတစ်နိုင်ငံလုံးမှာ HIV ဖြစ်လို့
ART ဆေးသောက်နေတဲ့ လူတွေရဲ့
45% က ရန်ကုန်က။
25% က မန္တလေးက။
အဲဒီနှုန်းက အရင်ကထက်စာရင်
နှစ်ဆလောက်တိုးလာဆိုတဲ့ သဘော။
မသိတဲ့သူနဲ့ အိပ်ရင် ကွန်ဒုံးလောက်တော့
စွပ်ဖို့ အသိဥာဏ်လေးရှိရင်
ဒါမျိုးတွေ ဖြစ်မလာဘူး။
သွားတတ်၊ လာတတ်ရင် ၊ မူးလာလို့ ၊
High နေလို့ S*x လုပ်မယ်ဆိုရင်
ကွန်ဒုံးတော့ ကြိုပြီးဆောင်ထားကြပါ။
S*x လုပ်ရင် ကွန်ဒုံးမဖြစ်မနေသုံးပါ။
HIV ဖြစ်သွားရင် ART ဆေးသောက်ပြီး
လူတန်းစေ့နေလို့ရတာ မှန်ပေမယ့်
မဖြစ်တာတော့ အကောင်းဆုံးပဲလေ။
crd