
16/05/2025
🥗ခုလိုရာသီမှာ လဖက်အစုံသုပ်လေးနဲ့ဝမ်းဆက်ဖြစ်တာက
ဒညင်းသီးပြုတ်လေးပေါ့ 😍😍😍
💛ဒညင်းသီးက တည့်တဲ့အစားစာမဟုတ်ပေမဲ့ မစားဘဲလည်းမနေနိုင်ကြတော့ သင့်ရုံဘဲစားကြပါနော် 🥰🥰🥰
🌿လက်ဖက်ကိုရေနွေးပွက်ပွက်ဆူမှာခဏထည့်ပြုတ်
ရေအထပ်ထပ်ဆေးညှစ်ပြီး ဆား ရှောက်ရည် ဟင်းချိုမှုန့်
အနည်းငယ် ဆီအနည်းငယ်ထည့် နှပ်ထားပါတယ်😍😍
🌿လဖက်နှပ်လေးကိုထောင်းပြီး 🥗သုပ်မှ လဖက်သားနဲ့
ပါဝင်ပစ္စည်းတသားတည်းကျသွားပြီး ပိုစားကောင်းစေပါတယ်နော်🥰🥰
🍅ခရမ်းချဥ်သီး 🌶ငရုတ်သီးစိမ်းကိုနုတ်နုတ်လေးကိုက်
💛ပဲပူးကြမ်း 🌾နှမ်း 🧄ကြက်သွန်ဖြူပေါက် ဆား
ဟင်းချိုမှုန့် ငံပြာရည်အနည်းငယ်ထည့် ဆီထည့်မွှေသုပ်
🥜ဆီကိုသုပ်ကောင်းရုံသင့်ရုံဘဲထည့်ပြီး ပွဲပြင်ပန်းကန်အလှထဲပြောင်းထည့်ပြီး ဘေးကဆီအနည်းငယ်ဝိုက်ထည့်ပေးပါတယ်ရှင်
🥗🥗ပါဝင်ပစ္စည်းအစုံကိုလိုအပ်သလောက်အချိုးကျထည့်
မှသာ ပိုမိုစားကောင်းစေမှာပါနော်😍😍
#အညာပြည်ပျော်ပျော်ရွှင်ရွှင်ဟင်းချက်သင်
#အညာပြည်အညာအရသာပဲပူးကြမ်း