14/07/2024
မာလာဟင်းချက်နည်း😋
🥘🥘🥘🥘🥘🥘🥘😰
သကြန်ပိတ်ရက် အားလပ်ရက်လေးမှာ homemadeလေး လုပ်စားကြည့်ပါနော်
ဟင်းသီးဟင်းရွက် အစုံ၊ ကြာစွယ်၊ မာလာခေါက်ဆွဲ၊ ကြွက်နားရွက်မှို၊ ပဲပြား အစုံအလင်ထည့်ထားပြီး မာလာဟင်း အနှစ်ကြောင့် စပ်စပ်လေးနဲ့ အနံ့ရော အရသာပါ ပြည့်စုံတဲ့ မာလာဟင်းလေးပါ။ချက်ရတာလည်း လွယ်ကူပါတယ်။
💟💟💟💟
အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး
💟💟💟💟
မာလာဟင်းအနှစ်ချက်ရန်ပါဝင်ပစ္စည်းများ
မာလာဟင်းနှစ်ထုပ် ၁ထုပ်
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တ၀က်
မာလာဟင်းတွင် ပါဝင်ပစ္စည်းများ
ကြက်သားချောင်း ၂ချောင်း (အစောင်းလှီးပါ)
မာလာခေါက်ဆွဲ ၂မျိုး(သို့) ၃မျိုး ၅၀ဂရမ်
(မာလာခေါက်ဆွဲ အဖြူ၊ အညှိ၊ အစိမ်း ဆိုပြီး ၃မျိုးရှိတဲ့ အထဲမှ မိမိကြိုက်နှစ်သက်ရာ ၂မျိုးဖြစ်စေ၊ ၃မျိုးလုံးဖြစ်စေ ထည့်နိုင်သည်)
ပြင်ဆင်နည်း
၁။ အရင်ဆုံး မာလာခေါက်ဆွဲ ၃မျိုးရှိသည့်အထဲမှ အစိမ်းရောင် ခေါက်ဆွဲကို ရေ(၁၀မိနစ်ခန့်) စိမ်လျှင် ရသည်။
၂။ ခေါက်ဆွဲ (အညှိ) နှင့် ခေါက်ဆွဲ(အဖြူ)ကို မာလာဟင်းထဲ ထည့်ရုံအနည်းငယ် သက်သက်စီ ခေါက်ဆွဲကျက်သည်အထိ ရေဖြင့် ပြုတ်ပေးပါ။
၃။ ပြီးနောက် ပြုတ်ပြီးလျှင် ပြန်အအေးခံပြီး ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။
မာလာဟင်းချက်နည်း
၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။
၂။ ပြီးလျှင် ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီး မာလာဟင်းအနှစ်ထုပ် (၅ပုံ ၄ပုံ) ထည့်ပေးပြီး ရေ(၃ခွက်) ထည့်ပါ။
၃။ ထို့နောက် အရသာအတွက် (ငါးငံပြာရည်၊ ကြက်သားမှုန့်၊ သကြား) တို့ကို ထည့်ပြီး ဆူလာသည်အထိ တည်ထားပါ။
၄။ မာလာဟင်းရည် ဆူလာလျှင် ကြက်သားချောင်း၊ ငါးသားလုံး၊ မုန်လာဥနီ၊ ကြာစွယ် တို့ကို အရင်ထည့်ပြီး ၁မိနစ်ခန့် တည်ထားပါ။
၅။ ပြီးမှ အနူးလွယ်သော (ပဲပြား၊ ရွှေပဲသီး) တို့ကို ထည့်ပြီး ၁မိနစ်ခန့် ထပ်တည်ထားပါ။
၆။ ပြီးနောက် ကန်စွန်းရွက်၊ မုန့်ညှင်းစိမ်း၊ ခေါက်ဆွဲ၊ မြေပဲထောင်း တို့ကို ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။
၇။ ရေအနည်းငယ်ကျန်ပြီး အရသာ အပေါ့အငံ အနေတော်
ပြီဆိုလျှင် အပေါ်မှ ကြက်သွန်မြိတ်၊ နှမ်းဆီ၊ နှမ်း တို့ကို ဖြူးပြီး မီးပိတ်လိုက်ပါ။
၈။ မာလာဟင်း စပ်စပ်လေးကို အရသာရှိစွာ အသားကင်ဖြစ်စေ၊ ထမင်းဖြင့် ဖြစ်စေ တွဲဖက်သုံးဆောင်နိုင်ပါပြီ
Credit Internet
💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝
အိမ်လုပ် မာလာရှမ်းကော (ပွဲကြီး ၂ပွဲစာ)Copy
အိမ်လုပ် မာလာရှမ်းကောမို့ ကိုယ်ကြိုက်နှစ်သက်တဲ့ အစာပလာ အစုံအလင်ထည့်ပြီ လုပ်စားနိုင်ပါတယ်။မာလာရှမ်းကော ဆော့ချက်နည်းပါ မျှဝေပေးထားပါတယ်။ လုပ်ရလည်းလွယ်ပြီ စားကောင်းတာမို့ ဘယ်လို ချက်စားမလဲဆိုတာ ကြည့်ကြည့်ရအောင်
ဟင်းချက်နည်းတွေ စိတ်ဝင်စားရင်တော့ ဒီ Post(page) လေးကို like @ share ထားဖို့တော့လိုမယ်နော်
--------------------------------
မာလာရှမ်းကော ငရုတ်သီး ဆီသပ်ရန် ပါ၀င်ပစ္စည်းများ
စီချွမ့်ငရုတ်ကောင်း - စားပွဲတင်ဇွန်း ၃ဇွန်း
နတ်နတ်ပွင့် - ရခု
ကလဝေရွက် - ၅ရွက်
သစ်ဂျပိုး - ၄ခု
လီမ္မော်ခွံခြောက် - ၁ခု
ဇာလိဖိုလ်သီး - ၁ခု (ခြစ်တံဖြင့် အမှုန့်များ ခြစ်ထည့်ပေးပေးပါ)
ဂျင်း - ၇ပှား
ဖာလာ - စားပွဲတင်ဇွန်း တ၀က်
ငရုတ်သီးခြောက်နီ - ၅ခု (လက်မ၀က်ရွယ်များ ပိုင်းဖြတ်ပါ)
--------------------------------
မာလာရှမ်းကော ချက်ရန် ပါ၀င်ပစ္စည်းများ
ငရုတ်သီးဆီမွှေး - စားပွဲတင်ဇွန်း ၄ဇွန်း
ကြက်သွန်ဖြူ - ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
ငရုတ်သီးခြောက်နီ - ၁၀ခု (လက်မ၀က် ရွယ်များပိုင်းဖြတ်ပါ)
ဆား - စားပွဲတင်ဇွန်း ၁ဇွန်း
အသားမှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း
အချိုမှုန့် - စားပွဲတင်ဇွန်း တ၀က်
မြေပဲနီ - ၁ထုပ် (အကျက်)
နှမ်း - စားပွဲတင်ဇွန်း ၂ဇွန်းစာ (အပေါ်မှ ဖြူးရန်)
ကြက်သွန်မြိတ် - စည်း၀က် (၁လက်မအရွယ်များပိုင်းဖြတ်ပါ)
နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ)
မာလာရှမ်းကော ပါ၀င်သည့် အစာပလာများ
ကြက်သား (သို့) ၀ကသြား - ၂၀၀ ဂရမ် (အရှည်ပါးပါးလှီးပြီ ဆား အနည်းငယ်နုယ်ထားပါ)
မာလာခေါက်ဆွဲ အစိမ်း - စည်း၀က် (ရေစိမ်ထားပါ)
မာလာခေါက်ဆွဲအဖြူ - စည်း၀က် (ရေစိမ်းပြီ အပြားအလယ်များ ပိုင်းဖြတ်ပါ)
ခေါက်ဆွဲခေါက် - ၁ထုပ် (ပြုတ်ထားပေးပြီ ပြန်ဆယ်ထားပါ)
ကြက်အူချောင်း(အစို) - ၅ချောင်း (အချောင်း လှီးထားပါ)
ငါးသားလုံး - ၁၀လုံး (ထက်ခြမ်းခြမ်းပါ)
ပဲထပ် - ၄ခု (အရှည်အတုံးများ လှီးဖြတ်ပါ)
ကြာစွယ် - ၁ခု (အခွံနွှာပြီ ပါးပါးလှီးပါ)
အာလူး - ၂လုံး (အခွံနွှာပြီ ပါးပါးလှီးပါ)
အပ်မှို - ၁စည်း (အမြစ်ပိုင်း လှီးဖြတ်ပါ)
ဂေါ်ဖီ - တစိတ် (ပိုင်းဖြတ်ပါ)
မှိုနားရွက် - လက်တဆုပ်စာ (ရေစိမ်ထားပြီ ပါးပါးလှီးပေးပါ)
ပဲလိပ် - လက်တဆုပ်စာ (ရေစိပ်ထားပြီ ထပ်ခြမ်းခြမ်းပါ)
ကြက်သွန်မြိတ် - ၂စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ)
မုန့်ညှင်းစိမ်း - ၁စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ)
ကန်စွန်းရွက် - စည်း၀က် (ပိုင်းဖြတ်ပေးပါ)
နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ)
--------------------------------
မာလာ ငရုတ်သီးဆီသပ် ချက်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီ(၄၀၀ ဂရမ်)ကို ထည့်ပါ။
၂။ ဆီပူလာလျှင် ဂျင်း၊ စီချွမ့်ငရုတ်ကောင်း၊ နတ်နတ်ပွင့်၊ ငရုတ်သီးခြောက်၊ ဖာလာ၊ ကလဝေရွက်၊ သစ်ဂျပိုး၊ လီမ္မော်ခွံ၊ ဇာလိဖိုလ်သီးမှုန့် တို့ကို ထည့်ပြီ ၁မိနစ်ခန့် ဆီသပ်ပေးပါ။
၃။ ပြီလျှင် ငရုတ်သီးခြောက်နီများ ထည့် ၁မိနစ်ခန့် ထပ်ဆီသပ်ပါ။
၄။ ထို့နောက် ဇကာဖြင့် ဟင်းခတ်အမွှေးအကြိုင် အားလုံးကို ဖယ်ထားလိုက်ပါ။
၅။ ဒယ်ထဲမှ ငရုတ်သီးဆီသပ်ကို ဒီအတိုင်းထားပါ။
--------------------------------
မာလာရှမ်းကော ချက်နည်း
၁။ ခုနက ငရုတ်သီးဆီသပ်ထားသော ဒယ်ထဲသို့ ကြက်သွန်ဖြူများထည့်ဆီသပ်ပေးပါ။
၂။ ပြီလျှင် ငရုတ်သီးဆီမွှေး၊ ငရုတ်သီးခြောက်နီများထည့်ပြီ ၁မိနစ် ဆီသပ်ပါ။
၃။ ပြီနောက် ကြက်သား(သို့)၀ကသြား၊ ကြက်သွန်မြိတ် များကို ထည့်ပြီ ရောမွှေပေးပါ။
၄။ ပြီလျှင် (ကြက်အူချောင်း၊ ငါးသားလုံး၊ ဂေါ်ဖီ၊ ပဲလိပ်၊ မှိုနားရွက်၊ ပဲထပ်) တို့ကို ထည့်ပေးပြီ ရေ(၂၀၀မီလီလီတာ)ခန့် ထည့်ပေးပြီ အဖုံးအုပ်ပြီ ခဏတည်ထားပါ။
၅။ ရေခမ်းခါနီး (ခေါက်ဆွဲ ၃မျိုးလုံး) ၊ အာလူး၊ အရသာအတွက် (ဆား၊ အသားမှုန့်၊ အချိုမှုန့်) တို့ကို ထည့်ပြီ နောက်ထပ် ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် အဖုံးအုပ် တည်ထားပါ။
၆။ ထို့နောက် (ကြာစွယ်၊ ကန်စွန်းရွက်၊ မုန့်ညှင်းရွက်၊ အပ်မှို) တို့ကို ထပ်ထည့်ပေးပါ။
ရ။ နောက်ဆုံးမှ မြေပဲထည့် ရောမွှေ။ အပေါ်မှ နံနံပင်၊ ကြက်သွန်မြိတ်၊ နှမ်းများ ဖြူးပေးပါ။
၈။ အရသာရှိစွာဖြင့် မာလာရှမ်းကော ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ
#ဟင်းအိုးကြီး