Reni Jialun

Reni Jialun Music video များနေ့စဉ် တင်ပေးပါမည်

အိန္ဒိယက @@ ရဲ့ ရေတပ်တည်ဆောက်ရေး စီမံကိန်းတွေမှာ အကူအညီပေးလာခဲ့ရင် မြန်မာ့အခင်းအကျင်းနှင့် အာဆီယံအဝိုင်းအဝန်းမှာ ဘယ်လိုက...
16/05/2026

အိန္ဒိယက @@ ရဲ့ ရေတပ်တည်ဆောက်ရေး စီမံကိန်းတွေမှာ အကူအညီပေးလာခဲ့ရင် မြန်မာ့အခင်းအကျင်းနှင့် အာဆီယံအဝိုင်းအဝန်းမှာ ဘယ်လိုကြီးမားတဲ့ အပြောင်းအလဲ တွေဖြစ်သွားနိုင်မလည်း...

အိန္ဒိယနိုင်ငံအတွက် ရခိုင်ပြည်နယ်က "ကုလားတန် စီမံကိန်း" ဟာ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားတဲ့ အသက်သွေးကြောပါ။ ဒါပေမဲ့ မြေပြင်ကို အာရက္ခတပ်တော် (AA) က စိုးမိုးထားပြီး ပင်လယ်ပြင်ကို မြန်မာ့ရေတပ်က ထိန်းချုပ်ထားတဲ့အခါ... အိန္ဒိယရဲ့ စီမံကိန်းကြီးဟာ အဝင်အထွက် ပိတ်နေတဲ့ သုံးစားမရတဲ့ ဒေါ်လာဘီလီယံချီတန်ကြေးရှိတဲ့ စီမံကိန်းကြီး တစ်ခု ဖြစ်နေပါတယ်။

ဒီအကျပ်အတည်းကို ဖြေရှင်းဖို့၊ တကယ်လို့များ အိန္ဒိယကသာ @@ ကို နောက်ကွယ်ကနေ ကျောထောက်နောက်ခံပေးပြီး "ခေတ်မီ ရေတပ်တစ်ခု" အဖြစ် လျှို့ဝှက် တည်ဆောက်ပေးခဲ့မယ်ဆိုရင်... မြန်မာ့အရေးနဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဘယ်လို မုန်တိုင်းတွေ ထန်လာနိုင်မလဲ?

လေ့လာသူတွေကတော့ ဒီအကြီးမားဆုံး ရိုက်ခတ်မှုကြီး (၃) ဖြစ်ပေါ်လာနိုင်တယ်လို့ ထောက်ပြထားပါတယ်...

၁။ တရုတ်ကို Checkmate ထိုးခြင်း (The Proxy War): ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကနေတစ်ဆင့် အိန္ဒိယသမုဒ္ဒရာကို ဝင်လာမယ့် တရုတ်ရဲ့ ခြေလှမ်းတွေကို... အိန္ဒိယက @@ ရဲ့ ရေတပ်အင်အား (Proxy Navy) ကို သုံးပြီး တိုက်ရိုက် ပိတ်ဆို့ တားဆီးလာနိုင်မလား?

၂။ အင်အားချိန်ခွင်လျှာ အပြောင်းအလဲ (Shift of Power): AA ဟာ တောင်တန်းတွေပေါ်မှာတင် မကတော့ဘဲ ဖရီးဂိတ် (Frigates) လို ခေတ်မီ စစ်သင်္ဘောတွေနဲ့ ကမ်းခြေစောင့် ဒုံးကျည်တွေကိုပါ ပိုင်ဆိုင်လာခဲ့ရင်၊ ရခိုင်ကမ်းရိုးတန်းနဲ့ ဘင်္ဂလားပင်လယ်အော်ရဲ့ အရှင်သခင်က ဘယ်သူ ဖြစ်သွားမလဲ?

၃။ အိန္ဒိယ၏ အကြီးမားဆုံး အောင်ပွဲ: ပင်လယ်ပြင်ကိုပါ AA က ထိန်းချုပ်နိုင်သွားခဲ့ရင်၊ အိန္ဒိယရဲ့ ကုန်စည်တွေဟာ အဟန့်အတားမရှိ စစ်တွေဆိပ်ကမ်းကနေတစ်ဆင့် ဖြတ်သန်းသွားနိုင်ပြီး နယူးဒေလီအတွက် မဟာဗျူဟာမြောက် အောင်ပွဲကြီးတစ်ခု ဖြစ်လာမှာ သေချာပါတယ်။

ဒီ ပထဝီနိုင်ငံရေး လျှို့ဝှက်ချက်တွေ၊ အိန္ဒိယ ထုတ်သုံးလာနိုင်တဲ့ အသံထက်မြန်သော ဒုံးကျည်များနဲ့ ဝှက်ဖဲ (၃) ကတ် အကြောင်း အသေးစိတ် သုံးသပ်ချက်ကိုတော့ ဒီ Video မှာ ဝင်ကြည့်နိုင်ပါပြီ 👇

https://www.facebook.com/reel/1904586420210942

⚠️ DISCLAIMER: This content is for educational, informational, and documentary purposes only. It provides a strategic and geopolitical analysis of current events in the Bay of Bengal and Southeast Asia. We do not promote, endorse, or incite violence, armed conflicts, or illegal activities. All scenarios discussed are analytical theories based on publicly available data, open-source intelligence (OSINT), and international relations studies.

အာရက္ခဒေသ ကျောက်ဖြူနန့် စစ်တွေ မှာ အာရက္ခတပ်တော်နန့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲပြင်းထန်နေ ဘေးကင်းကပ်ပါဇီ ဝံလက်ရို့🙏 ၁၆...
16/05/2026

အာရက္ခဒေသ ကျောက်ဖြူနန့်
စစ်တွေ မှာ အာရက္ခတပ်တော်နန့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲပြင်းထန်နေ ဘေးကင်းကပ်ပါဇီ ဝံလက်ရို့🙏


၁၆ ၊ မေ ၊ ၂၀၂၆

ရခိုင်ပြည် စစ်တွေနဲ့ ကျောက်ဖြူမြို့တွေမှာ ကမ်းရိုးတန်းကိုအခြေပြုတဲ့ စစ်ပွဲတွေ ဒီရက်ပိုင်းပြန်လည် ပြင်းထန်လာပါတယ်။

စစ်ကော်မရှင် စစ်ကြောင်းတွေဟာ အာရက္ခတပ်တော် ထိမ်းချုပ်ထားတဲ့ စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်က နေရာတွေကို ရေကြောင်းက တဆင့် လှေငယ်တွေနဲ့ ဝင်ရောက် လာသလို ၊
ကျောက်ဖြူမြို့နယ်ထဲမှာလည်း စစ်ကြောင်းထိုးတွေနေတဲ့အတွက် ၊ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

"မေလ ၁၅ ရက်နေ့ကတည်းက ပုဏ္ဏားကျွန်း စစ်တွေအစပ်က ရဲရိုးပြင်၊ တောကံ ပတ်ဝန်းကျင် မှာ တိုက်ပွဲဖြစ်နေပါတယ်။ အဲ့ဒီဘက်တွေက ပုဏ္ဏားကျွန်းမြို့နယ်ထဲက ရွာတွေဖြစ်ပါတယ်။
စစ်ကော်မရှင် စစ်ကြောင်းတွေက အဲ့ဘက်ကို ထွက်လာတာပါ" လို့ စစ်တွေ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

အလားတူပဲ ကျောက်ဖြူနယ်ထဲမှာလဲ တောင်မော်ဦးရေတပ်စခန်း က ထွက်လာတဲ့ စစ်ကြောင်းနောက်တစ်ခုဟာ အဝတောင်ကျေးရွာနားမှာ အာရက္ခတပ်တော်နဲ့ ထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပေးပို့ထားပါတယ်။

စစ်တွေနဲ့ ကျောက်ဖြူမြို့တွေ ကို အာရက္ခတပ်တော်ဘက်က ပိတ်ဆို့ထားသလို ၊ စစ်ကော်မရှင်ဘက်က စစ်ကြောင်းတွေ တစ်ခုပြီး တစ်ခု အသုံးပြုပြီး ထိုးဖောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဒီမြို့ နှစ်မြို့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဟာ နှစ်နဲ့ ချီကြာမြင့်ခဲ့ပြီး ၊ တိုက်ပွဲအများစုဟာ စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်ထိတွေ့ တဲ့ တိုက်ပွဲတွေများပါတယ်။

ဒါအပြင် အာရက္ခတပ်တော်ဘက်က စစ်ကော်မရှင်ရဲ့ ရေတပ် နဲ့ တပ်ရင်း ၊ တပ်မတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လည်းမကြာခဏ ပြုလုပ်လေ့ရှိပါတယ်။
#အာရက္ခဒေသ
#အာရက္ခတပ်တော်AA
#ကျောက်ဖြူနန့်စစ်တွေမှာ
#အာရက္ခတပ်တော်AAနန့်
#စစ်ကော်မရှင်တပ်တို့ကြား
#နှစ်ဖက်တိုက်ပွဲပြင်းထန်နေ
ေးပါတယ်

15/05/2026

ဒီနောက်ပိုင်းမှာ အနားမှာ
လူတွေ အများကြီး
မလိုတော့ဘူး
ရှင်းရှင်းပြောရရင်
ဘယ်သူမှ မရှိလဲ ဖြစ်တယ်
ဘာလို့လဲ ဆိုတော့
အာရုံတွေ နောက်လာလို့ ။
တစ်ဖက်လူ ဘလိုထင်မလဲ
ဂရုစိုက်နေရတာလဲ တစ်လုပ်
တစ်ယောက်တည်း
ကိုယ်ချင်း စာစိတ်
မွေးနေရတာက တစ်လုပ်
ကိုယ့် အလှည့်ကျ
ဘယ်သူမှ ဒီလို
မတွေးပေးဖူးဘူး ။
နောက်နောင် များတော့
တစ်ယောက်တည်း ဆိုလဲ
"က" ပြီးနေပါ့မယ် ၊
အာရုံတော့
အနောက် မခံတော့ဘူး ။

13/05/2026
12/05/2026

Address

Kuala Lumpur
Sepang
12

Website

Alerts

Be the first to know and let us send you an email when Reni Jialun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share