25/12/2025
"ငါဟာ မင်းပြေးမြင်မိတဲ့လူ ရင်ဖွင့်ချင်တဲ့
လူတစ်ယောက် ဖြစ်မလာခဲ့ဘူးနော်"
ငါကလေ... မင်းနဲ့ပတ်သက်ရင်
လျှို့ဝှက်ချက်ဆိုတာ မရှိခဲ့ပါဘူး။
အရာအာလုံးကိုချပြသလို ပြောပြခဲ့တယ်...
ငါ့ရဲ့ ပျော်ရွှင်မှု့တွေ၊ ဝမ်းနည်းမှု့တွေ၊
ကြောက်ရွံ့မှု့တွေကို မင်းရှေ့မှာ စာအုပ်တစ်အုပ်လို ဖြန့်ခင်းပြခဲ့ပါတယ်။ ငါ့ကမ္ဘာက မင်းအတွက်ဆို အမြဲတမ်း တံခါးဖွင့်ထားခဲ့တာပါ။
ဒါပေမဲ့... မင်းအတွက် ငါ့က အမြဲတမ်း
"ဧည့်သည်" တစ်ယောက်လိုပါပဲ။
မင်း စိတ်ညစ်စရာတွေ ကြုံလာရတိုင်း၊
အခက်အခဲတွေ တွေ့လာရတိုင်း
ငါဟာ မင်းပြေးမြင်မိတဲ့လူ ရင်ဖွင့်ချင်တဲ့
လူတစ်ယောက် ဖြစ်မလာခဲ့ဘူးနော်။
ငါ့ကိုဆို မင်းအမြဲတမ်း ဖုံးကွယ်ထားတတ်တယ်။
ငါကပဲ မင်းအကြောင်း နားမလည်ခဲ့တာလား၊ ဒါမှမဟုတ် မင်းကပဲ ငါ့ကို နားလည်ခွင့် မပေးခဲ့တာလား။
"နေကောင်းရဲ့လား" "အဆင်ပြေရဲ့လား" ဆိုပြီး
မင်းအတွက် ငါ စိတ်ပူပေးခဲ့ရတဲ့ နေ့ရက်တွေ
မင်းအသံလေး တချက်ကြားရဖို့ အမြဲတမ်း
ဂရုစိုက်ပေးခဲ့တာတွေ... တခုခုဖြစ်နေမှာစိုးရိမ်တာတွေ..ဒါတွေအားလုံးက မင်းအတွက်တော့
အရေးမပါတဲ့ အရာတွေ ဖြစ်နေခဲ့တာလား
ဆိုတာငါ့ကိုယ်ငါ ပြန်မေးမိတယ်။
"ငါ့ရဲ့ ဂရုစိုက်မှု့တွေကပဲ မလုံလောက်ခဲ့တာလား... ဒါမှမဟုတ် မင်းရဲ့ စိတ်ထဲမှာ
ငါဆိုတာက တကယ်ပဲ အရေးမပါတဲ့
လူတစ်ယောက်များလား" လို့ပေါ့။
ရုပ်ရှင်ကားတစ်ကားမှာဆိုရင်တော့ ငါက
ဇာတ်ပို့နေရာတောင် မရတဲ့ ဖြတ်လျှောက်သက်သက် လူတစ်ယောက် ဖြစ်နေမလားပဲ။
မင်းရဲ့ ကမ္ဘာကြီးထဲမှာ ငါ့နေရာက
ဘယ်နားမှာ ရှိနေခဲ့တာလဲ ဟင်...။
အခုချိန်ထိတော့ အဖြေမရှိတဲ့
မေးခွန်းတွေနဲ့အတူ ငါတစ်ယောက်တည်း
ဆက်ပြီး ရင်ဖွင့်နေရဆဲပါပဲ...🥺🥺
.O