Daw Nan

Daw Nan စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမားခြင်း
ပြည့်ဝကြပါစေရှင်

29/04/2025
15/04/2025

#အရည်အသွေးပါမှစိတ်ချရတာ

▪ဘုရားရှိခိုးတာမှာ တကယ် စိတ်ပါလက်ပါ
စူးစူးစိုက်စိုက် ရှိခိုးမယ်ဆိုရင်
" နမောတဿ " ဘုရားရှိခိုးတစ်ပုဒ်နဲ့တောင် အရည်အသွေးပါတယ်။

▪သရဏဂုံ ၃ ပါးနဲ့တင်လုံလောက်ပါတယ်။

▪လက်တွေ့ကျင့်သုံးတဲ့ အပိုင်းမှာလည်း
စိတ်ပါလက်ပါ ကြိုးစားပြုလုပ်
အားထုတ်ကြရမယ်။

▪ကိုယ့်အရည်အသွေးကို ကိုယ့်ဘာသာပဲ
မြှင့်ရမှာ။

▪သူများက တင်ပေးတဲ့ အရည်အသွေးက အလကားပဲ။

▪ကိုယ်ဘာသာ ကိုယ်တင်တဲ့ အရှိန်အဝါကမှ
တကယ့်အရှိန်အဝါဖြစ်တယ်။

▪ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ဘာသာကိုယ်၊
ကိုယ့်စေတနာကောင်းနဲ့ ကိုယ်ဘာသာကိုယ်
လုပ်နေရင် နည်းမှန်လမ်းမှန် သူ့အလိုလို
အကျိုးပေးလိမ့်မယ်။

▪ဘာပဲလုပ်လုပ် လုပ်ရမယ့်အတူတူဆိုတော့ အရည်အသွေးပါအောင်ပဲ လုပ်ပါ။

▪လူမြင်ကောင်းရုံ ဟန်လေးနဲ့ လုပ်တာမျိုးမဖြစ်စေနဲ့၊ ဟန်ဆိုတာ တကယ့်အရေးကျရင် ဘာမှအားကိုးလို့ မဖြစ်ဘူး။

▪" ဟန်ဆိုတာ အလကား၊ အမှန်ကမှ တရား " တဲ့။

#တိပိဋကဓရ ယောဆရာတော်

16/02/2025

ကိုယ်တာဝန်ကိုယ်ယူနိုင်အောင်ကြိုးစားပါ
တခြားဘယ်သူကမ တာဝန်ယူမပေးနိုင်ဘူး
လူတော် လူကောင်းဖြစ်အောင်ကြိုးစား​ေနပါ
ကိုယ့်မှာရှိတဲ့မကောင်းတဲ့အကျင့်ဆိုးတွေရှိရင်
ကောင်းတဲ့အရာလေးနဲ့အစားထိုးနိုင်အောင်လေ့ကျင့်ယူပါ အဆိုးနဲ့အကောင်းဒွန်တွဲနေတာမို့
ကိုယ်တယောက်ထဲဖြစ်နေတဲ့အရာ
မဟုတ်ဘူးလို့မှတ်ယူပါ
ဘဝကို အရိုးရှင်းဆုံးနေပါ
ကိုယ်တိုင်အလင်းဆောင်နိုင်သူဖြစ်ပြီး
တခြားသူတွေအလင်းပေးနိုင်ပါစေ

16/02/2025
14/02/2025

၁မီးနစ်စိတ်တိုလိုက်ခြင်းက
​လေး ငါးနာရီကြာတဲ့ထိ ကိုယ်ခံအားလျှော့ကျစေနိုင်ပြီး
၁မီးနစ်ရယ်မောလိုက်ခြင်းဟာ တနေ့တာတွက်
ကိုယ်ရဲ့ကိုယ်ခံအားကို တိုးတက်လာစေနိုင်ပါတယ်
crd

14/02/2025

ဒီနေ့ဖတ်မိတဲ့အရာလေးက
ယုံကြည်ခြင်း (believe)ဆိုတဲ့အရာလေးပါ
ယုံကြည်ခြင်းဆိုတာ မိမိ တခြားသူတွေနဲ့
ပတ်ဝန်းကျင်ကအရာတွေပေါ် ကိုယ့်ရဲ့တန်ဖိုးသတ်မှတ်ချက်တွေပါပဲတဲ့
ယံုကြည်ချက်ဆိုတာစိတ်ခံစားချက်ကိုလွှမ်းမိုးမူ့ရှိပြီး
လုပ်ရပ်တွေက ရလဒ်တွေဆီဦးတည်နေတာပါတဲ့
ဒါကြောင့် ဘဝဆိုတာသူဖြစ်ချင်သလို​ြဖစ်နေတာမျိုးမဟုတ်ဘဲ ယုံကြည်မူ့ အတွေးနဲ့မျှော်လင့်ချက်တွေရဲ့
တန်ပြန်စွမ်းအားတွေပါဝင်နေတာတွေ့ရတာပါတယ်တဲ့လေ
ဒါကြောင်မို့ ဘဝပြောင်းလဲချင်ရင် မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုပြောင်းလဲပစ်ပြီး ယုံကြည်ချက်ကို
ရဲရဲဝံ့ဝံ့ထားရှိဖို့လိုပါတယ်တဲ့
မော်တော်ကားကုမ္ပဏီတည်ထောင်သူဖြစ်တဲ့ "ဟင်နရီ
ဖို့ဒ်” Henry Ford ကမင်းမလုပ်နိုင်ဘူးလို့ထင်ရင်
မင်းမှာစွမ်းဆောင်ရည်ဘယ်လော​က်ဘဲရှိရှိမင်းတကယ်မလုပ်နိုင်တော့တာမျိုးဖြစ်သွားတတ်တယ်တဲ့လေ

30days Change your habits,change your life
စာအုပ်ထဲက စာသားလေးသဘောကျမိလို့ပါ

30/01/2025

လောကဓံရိုက်ခတ်မူ့ဒဏ်ကို ​ေရနည်းငါးမို့
ရုန်းထွက်နိုင်အောင်ကြိုးစားနေရတာလေ
ကျမကြောင့်ဘယ်သူ့ကိုမှမထိခိုက်စေချင်ဘူး
အထူးသဖြင့်ကျမချစ်ခင်ရတဲ့သူတွေ
ကျမအေးချမ်းမူ့တွေဘဲပေးချင်တာ
ကျမကြောင့် တခြားသူထိခိုက်စေမိတာမျိုးဆိုရင်
အားလဲနားမိတယ် စိတ်မကောင်းလဲဖြစ်ရပါတယ်ရှင်

29/01/2025

လူတွေတ​စ်ယောက်နဲ့တယောက် ဆင်းသက်လာတဲ့မိသားစု ပတ်ဝန်းကျင်ကွဲပြားကြတော့
တွေးခေါ်ပုံနဲ့ ဖြစ်တည်မူ့ကွဲပြားနေကြတာလွှဲလို့
မတူညီတဲ့အလုပ်တွေလုပ်နေကြရတဲ့
သံသရာရထားကြီးပေါ်က ခရီးသွားတွေပါဘဲ
တွေ့ဆုံတဲ့ခဏမှာ မေတ္တာထားဖို့ ရိုင်းပင်းကူညီတတ်ဖို့ လိမ်ညာခြင်းမလုပ်ကြဖို့ ဒုက္ခရောက်တာ
လိုလားမူ့မရှိစေဖို့ မနာလိုမူ့ကင်းဖို့
ကိုယ်ချင်းစာတရာရှိဖို့ အကောင်းမြင်စိတ်လေးထားဖို့ ဒါလေးရှိနေရင်ကို နှစ်ဦးနှစ်ဖက်အကျိုးရှိနေပါပြီ

28/01/2025

Address

Taiping

Website

Alerts

Be the first to know and let us send you an email when Daw Nan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share