Just A Dream

Just A Dream Science education 

🧠 Oxygen ဘယ်လို ဖြစ်လာတာလဲ?⏳ ဖတ်ချိန်: ၂ မိနစ်  |  📍 သိပ္ပံ + ပညာရေးဗဟုသုတသင့်အသက်ရှူနေတဲ့လေထဲမှာပါဝင်တဲ့ Oxygen ကိုကျွန...
02/10/2025

🧠 Oxygen ဘယ်လို ဖြစ်လာတာလဲ?

⏳ ဖတ်ချိန်: ၂ မိနစ် |
📍 သိပ္ပံ + ပညာရေးဗဟုသုတ

သင့်အသက်ရှူနေတဲ့လေထဲမှာပါဝင်တဲ့ Oxygen ကိုကျွန်တော်တို့ မမြင်နိုင်ပေမယ့်၊ ဘယ်ကနေ ဘယ်လိုပေါ်လာပြီး သင်အသက်ရှူနေတဲ့လေထဲမှာပါဝင်ခဲ့တာလဲ ဆိုတာကိုကျွန်တော်တို့မမြင်နိုင်ပေမယ့်၊ ဒီအကြောင်းစဉ်းစားဖူးပါလား?

ကမ္ဘာမြေ စတင်မွေးဖွားလာတော့ လေထုထဲမှာ Oxygen လုံးဝမရှိခဲ့ပါဘူး။
[အချိန်မှတ်တမ်းအားဖြင့် နှစ်ပါင်း၄.၆ဘီလီယံ] လေထုမှာ မီသိန်း (Methane) နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေသာ ပြည့်နှက်နေတာပါ။
ထိုခေတ်က သက်ရှိများအတွက် Oxygen ဆိုတာ အဆိပ်ဖြစ်ပါတယ်။
သူတို့ဟာ Oxygen မပါဘဲ ရှင်သန်နိုင်တဲ့ (Anaerobic) ဘက်တီးရီးယားတွေပဲ ရှိခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ ကမ္ဘာပါပဲ။

ဒါဆို Oxygen ကြောင့် အသက်ရှူနိုင်တဲ့ကမ္ဘာကြီး ဘယ်လိုဖြစ်လာတာလဲ?
Cyanobacteria ဆိုတဲ့ အလွန်သေးငယ်တဲ့ မိုက်ခရိုဘ်တွေက ပထမဆုံး
Oxygen ထုတ်ပေးခဲ့ကြတပါ။

၂.၄ ဘီလီယံနှစ်အကြာက ပင်လယ်ထဲမှာနေကြတဲ့ Cyanobacteria တွေက
နေရောင်ခြည်ကို အသုံးပြုပြီး ရေ (H₂O) နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO₂) ကို ခွဲထုတ်ပြီးOxygen ကို (မစင်) အမှိုက်အဖြစ် ထုတ်ပေးခဲ့ကြတာပါ။

ဟုတ်ပါတယ်
ကျွန်တော်တို့ အသက်ရူနေတဲ့ Oxygen ကို စွန်ပိုက်အမှိုက်တစ်မျိုးလို
စွန်ထုတ်ပေးခဲ့ကြတာပါ😋

ဒီလုပ်ငန်းစဉ်ကို Photosynthesis လို့ခေါ်ကြပြီး ဒီတစ်ထောင့်ကပဲ မြေကြီးရဲ့သဘာဝပတ်ဝန်းကျင်ကို ပြောင်းလဲပေးခဲ့တာပါ။ Oxygen ဟာ ပင်လယ်ထဲကနေ ထွက်သွားပြီးနောက်ဆုံး လေထဲကို ဖြန့်ကျက်သွားခဲ့တာပါ။

ပြီးတော့ နှစ်သန်းပေါင်းများစွာ အချိန်ကြာတာနဲ့အမျှ အသက်ရှူလို့ရတဲ့ ကမ္ဘာတစ်ခုဖြစ်လာခဲ့တယ်။ ငါးတွေနေရာယူပြီး သစ်တောတွေဖြစ်လာပြီး ဒိုင်နိုဆောနဲ့ လူသားတွေထွက်ပေါ်လာခဲ့ကြတာလည်း ဒီ Oxygen ကြောင့်ပဲ ဖြစ်လာခဲ့ကြတာပါပဲ။

ဒီလိုနဲ့ ကမ္ဘာမြေကြီးမှာ Oxygen ထွက်လာဖို့ ကျွန်တော်တို့ရဲ့ အသက်ရှင်သန်မှုအတွက် အရေးအကြီးဆုံး ဓာတ်ငွေ့ကို ထုတ်ပေးခဲ့သူတွေဟာ ဧရာမ သစ်ပင်ကြီးတွေ မဟုတ်ခဲ့ပါဘူး။
သေးငယ်တဲ့ Cyanobacteria လေးတွေ ရဲ့ စွန့်ပစ်လိုက်တဲ့ အမှိုက်ကနေ ဘဝဆိုတာ စတင်လာခဲ့တာပါ။

[ဤအကြောင်းရာကို Just a dream Facebook မျှဝေပါသည်]

#သိပ်ပံ

စကြာဝဠာ ထဲမှာ အပေါဆုံးက စိန်တွေ ရွှေတွေ ဖြစ်ပြီး အရှားပါးဆုံးက သစ်ပင်တွေ ဖြစ်ပါတယ်သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်တ...
02/10/2025

စကြာဝဠာ ထဲမှာ အပေါဆုံးက စိန်တွေ ရွှေတွေ ဖြစ်ပြီး အရှားပါးဆုံးက သစ်ပင်တွေ ဖြစ်ပါတယ်

သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်တွေအရ၊ ကျွန်တော်တို့ သိထားတဲ့ စကြဝဠာထဲမှာ စိန် (Diamond) နဲ့ ရွှေ (Gold) ကဲ့သို့သော အဖိုးတန်ဓာတ်ပစ္စည်းတွေဟာ
ဂြိုဟ်တွေနဲ့ ဂြိုဟ်သိမ်တွေပေါ်မှာ အမှန်တကယ် အများအပြား ရှိနေတာပါ။

ဥပမာအားဖြင့် 55Cancri e လို ဂြိုဟ်တွေမှာ စိန်အလွှာတွေနဲ့ ဖုံးလွှမ်းနေပြီး၊
16Psyche လိုဂြိုဟ်သိမ်မှာရွှေနဲ့ပလက်တီနမ်လို သတ္တုတွေရဲ့တန်ဖိုဟာ
အမေရိကန်ဒေါ်လာ ၇၀၀ ကွင်တီလီယံဖိုးလောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာပေါ်မှာ ဈေးကြီးတဲ့ ဒီအရာတွေဟာ စကြာဝဠာထဲမှာတော့ ရှားပါးမနေပါဘူး။
ဒါပေမဲ့ အံ့အားသင့်စရာကောင်းတာကတော့၊စကြဝဠာတစ်ခုလုံးမှာ
လက်ရှိအချိန်အထိ လုံးဝရှာမတွေ့သေးတဲ့
အရှားပါးဆုံးအရာကတော့ ကျွန်တော်တို့ကမ္ဘာမြေပေါ်က
သစ်ပင်တွေပဲဖြစ်ပါတယ်🌳🌲

သစ်ပင်တွေဟာ ရှင်သန်ဖို့အတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်၊ ရေ၊ ကာဗွန်၊ အလင်းစတဲ့ ရှုပ်ထွေးတဲ့ အာဟာရဓာတ်တွေ လိုအပ်ပါတယ်။

ကမ္ဘာမြေပြင်ပမှာတော့ ရှုပ်ထွေးတဲ့ အပင်မျိုးတွေရဲ့ ဇီဝရုပ်ဖြစ်တည်မှုကို ယနေ့အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးတာကြောင့်၊ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေဟာ စကြာဝဠာရဲ့ အရှားပါးဆုံး ရတနာသိုက် ဖြစ်နေပါတယ်လို့ ဆိုချင်ပါတယ်။

Address

Taman Perling

Website

Alerts

Be the first to know and let us send you an email when Just A Dream posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share