22/07/2026
"ကြက်ဥအတုဆိုတာ တကယ်ပဲ ရှိသလား..." 🥚 တလွဲသိနေကြသူများအတွက်
အင်တာနက်ပေါ်မှာ "တရုတ်က ကြက်ဥအတုတွေ လုပ်နေတယ်၊ ရေထဲထည့်ရင် ပေါ်တယ်၊ နောက်ပိုင်း ရေမပေါ်အောင် ပြန်လုပ်တယ်" ဆိုတဲ့ သတင်းတွေကို ခဏခဏ တွေ့ဖူးကြမှာပါ.. တကယ်တော့ ဒါဟာ နှစ်ပေါင်းများစွာ ကြာအောင် ထွက်နေတဲ့ ကောလာဟလ (Hoax) တစ်ခုသာ ဖြစ်ပါတယ်..
တကယ်တော့ ဈေးကွက်ထဲမှာ ဓာတုဗေဒနဲ့ လုပ်ထားတဲ့ "စက်ရုံထုတ် ကြက်ဥအတု" ဆိုတာ လုံးဝ မရှိပါဘူး...ဘာကြောင့်လဲဆိုရင် -....
နံပါတ် ၁... ကုန်ကျစရိတ် ပိုများတယ်: ကြက်ဥအကာ၊ အနှစ်၊ အခွံနဲ့ အမြှေးပါးတွေကို ဓာတုပစ္စည်းတွေနဲ့ အစစ်အတိုင်း တူအောင် လုပ်ရတာဟာ မွေးမြူရေးခြံက ထွက်တဲ့ ကြက်ဥအစစ်ထက် ထုတ်လုပ်စရိတ် ပိုကုန်ပါတယ်... စီးပွားရေးအရ လုံးဝ မတွက်ခြေမကိုက်ပါဘူး...
နံပါတ် ၂...သိပ္ပံပညာရှင်များနှင့် FDA ရဲ့ အတည်ပြုချက်: ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ FDA စစ်ဆေးချက်များအရလည်း ဓာတု ကြက်ဥအတု ဆိုတာ မရှိကြောင်း အတည်ပြုထားပြီး ဖြစ်ပါတယ်...
ဒါဆို မေးစရာရှိလာတာတွေကတော့.....👇👇👇👇👇
ရေထဲမှာ ပေါ်လာတာ ကြက်ဥ ကြာလာရင် အခွံထဲက အစိုဓာတ်တွေ လွင့်ပါးပြီး လေအိတ် ကြီးလာတာပါ ဒါကြောင့် မလတ်ဆတ်တော့တဲ့ ကြက်ဥအစစ် က ရေထဲမှာ ပေါ်တာ ဖြစ်ပါတယ်...
အမြှေးပါး မပါသလို ဖြစ်နေတာ ကြက်ဥခွဲလိုက်ရင် သဘာဝ အမြှေးပါးက အခွံထဲမှာ ကပ်ကျန်ခဲ့တာမျိုး သို့မဟုတ် လတ်လတ်ဆတ်ဆတ် မီးဖွားပြီးစ ကြက်ဥတွေမှာ အမြှေးပါးက အလွန်ပါးလွှာတာကြောင့် ပါမလာသလို ထင်ရတာပါ....
အကာက ကော်လို/ဂျယ်လီလို စေးထူနေတာက ဒါဟာ အတု မဟုတ်ပါဘူး...ကြက်ဥအကာထဲမှာ ပရိုတင်းနဲ့ ဓာတ်ငွေ့တွေ အပြည့်ရှိနေတဲ့ "အလွန် လတ်ဆတ်သည့် ကြက်ဥအစစ်" ရဲ့ သဘာဝ သင်္ကေတပဲ ဖြစ်ပါတယ်...(ဟောင်းသွားရင်တော့ အကာက ရေလို ကျဲသွားတတ်ပါတယ်)
အနှစ်ချုပ် ပြောရရင်...
"ကြက်ဥအတု" ဆိုတာ မရှိပါဘူး၊ "ဟောင်းနေတဲ့ ကြက်ဥ" နဲ့ "လတ်ဆတ်လွန်းတဲ့ ကြက်ဥ" ရဲ့ သဘာဝ ပြောင်းလဲမှုတွေပဲ ရှိပါတယ်.. မကြောက်ကြပါနဲ့၊ လတ်လတ်ဆတ်ဆတ် ကြက်ဥကို စနစ်တကျ ရွေးချယ် ဝယ်ယူ စားသုံးကြပါလို့ ပြောချင်ပါတယ်
တကယ်လို့ အတုသာ ရှိခဲ့ရင် ခွဲလိုက်တာနဲ့ တန်းသိနိုင်ပါတယ် -
ကြက်ဥအစစ်လို သဘာဝအတိုင်း တုပဖို့ လုံးဝ မဖြစ်နိုင်တာကြောင့် အတုဆိုရင် ခွဲလိုက်တာနဲ့ အနှစ်က ပေါက်ပြီး အကာနဲ့ ချက်ချင်း ရောသွားမယ်၊ ကြက်ဥညှီနံ့ မဟုတ်ဘဲ ဓာတု ဆေးနံ့ထွက်မယ်၊ ကြော်ရင်/ပြုတ်ရင်လည်း ဂျယ်လီ သို့မဟုတ် ရော်ဘာလို ဖြစ်နေမှာမလို့ လုံးဝ သိသာပါတယ်ဗျာ....
တစ်ခြားလူတွေသိအောင် Share ပေးလို့ရပါတယ်...
#ကြက်ဥအတု
#သတင်းအမှား