
10/11/2022
"ပုဏ္ဏားကျွန်းမြို့၌ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူများအား မြေယာလျော်ကြေးငွေပေးအပ်"
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းပိုင်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူများအား မြေယာလျော်ကြေးပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
ထိုသို့ လျော်ကြေးငွေများပေးအပ်ရာ၌ တောင်သူ (၅၄) ဦးပိုင်ဆိုင်သည့် မြေဧက (၅၀.၅၅) ဧကအတွက် ငွေကျပ် (၁၂၆၆၂၅၀၀ဝိ/) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပေးအပ်ခဲ့ခြင်းသည်။
ဆက်လက်၍လည်း ကန့်ကွက်ခံရသူ တောင်သူ (၂) ဦး၊ မြေဧရိယာအငြင်းပွားတောင်သူ (၄) ဦး၊ လာရောက်ထုတ်ယူခြင်းမရှိသည့် တောင်သူ (၃) ဦးတို့၏ မြေဧက (၁၀.၇၁) ဧကအတွက် လျော်ကြေး ဆက်လက်ထုတ်ပေးနိုင်ရေး လယ်ယာမြေ လုပ်ထုံးလုပ်နည်းနှင့်အညီ ထပ်မံဖိတ်ခေါ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။