Kai A traveler, an adventurer, and a dentist Visited-48C🇰🇷🇯🇵🇦🇺🇮🇩🇸🇬🇵🇭🇲🇾🇨🇳🇮🇳🇹🇷🇨🇾🇦🇪🇿🇲🇿🇼🇳🇦🇿🇦🇪🇨🇵🇪🇧🇴 🇦🇷🇧🇷🇵🇾🇨🇴🇨🇼🇨🇷🇳🇮🇸🇻🇬🇹🇲🇽🇬🇷🇻🇦🇮🇹🇪🇸 🇨🇿🇦🇹🇫🇷🇧🇪🇬🇧🇩🇰🇸🇪🇪🇬🇰🇬🇬🇪🇲🇾🇻🇳 🇹🇭🇳🇱🇲🇲

အိမ်တွေ ကားတွေ အိတ် လှလှ လေးတွေထက် ရှုခင်းလှလှ တွေ ကို ပို သဘောကျသူပေါ့ :)

စိတ်ထဲမှာ စွဲစွဲမြဲမြဲ အမှတ်တရဖြစ်နေတဲ့ နေရာ ၁၀ နေရာ - အပိုင်း (၃)Peru နိုင်ငံက မြို့တွေ နဲ့ အမေဇုံတော အကြောင်း အီကွေဒေါ...
10/06/2025

စိတ်ထဲမှာ စွဲစွဲမြဲမြဲ အမှတ်တရဖြစ်နေတဲ့ နေရာ ၁၀ နေရာ - အပိုင်း (၃)

Peru နိုင်ငံက မြို့တွေ နဲ့ အမေဇုံတော အကြောင်း
အီကွေဒေါက Galapagos islands အကြောင်း
ကိုလုံဘီယာက မြို့တွေ အကြောင်း
ဘရာဇီး နိုင်ငံက မြို့တွေ အကြောင်း ရေးထားတာပါ
ပုံလေးတွေ အောက်မှာ ရေးထားတာမို့ ပုံတစ်ခုချင်းစီ ထောက်ပြီး ဖတ်ကြည့်နော်

နိုင်ငံရပ်ခြားမှာဆိုတော့ ကိုယ့်အပေါ်တကယ် ကောင်းပေးတဲ့ ကူညီတဲ့သူငယ်ချင်း မိတ်ဆွေတွေရှိရင် တကယ်ကို တန်ဖိုးထားရပါတယ်အရင် တရ...
09/06/2025

နိုင်ငံရပ်ခြားမှာဆိုတော့ ကိုယ့်အပေါ်တကယ် ကောင်းပေးတဲ့ ကူညီတဲ့သူငယ်ချင်း မိတ်ဆွေတွေရှိရင် တကယ်ကို တန်ဖိုးထားရပါတယ်
အရင် တရက်က ရေးဖူးတဲ့ အစာပြွန်ကင်ဆာဖြစ်နေတဲ့ အန်ကယ် ဒီနေ့
ဆုံးသွားပါပြီ
သူငယ်ချင်း အဖေ ဆိုပေမယ့် ကိုယ့် အဖေ လိုပါပဲ
မြန်မာနိုင်ငံကနေ လာပြီး အဝေးကြီး ဒီမှာ တစ်ယောက်တည်း ဖြစ်နေတာမို့
ခိုင့်ကို သနားတယ် ထင်ပါတယ်
အကူအညီလိုရင် အချိန်မရွေး ကူညီတယ်
ခိုင့် ကို အောင်မြင်စေချင်တယ်
မိတ်ဆွေကောင်းတွေရှားတဲ့ကြားမှာ တစ်ယောက် လျော့သွားပြန်ပါပြီ
ဒီမနက်ပဲ ဆုံးသွားပါတယ်
မခံစားရပဲ ဆုံးသွားတာမို့ ကျေနပ်စရာပါလို့ ဖြေသာပေမယ့်
အပြီး ခွဲသွားပြီ ဆိုတော့လည်း သားသမီးတွေ ချစ်ရသူတွေက ဝမ်းနည်းကြရပါတယ်

အိမ်နီးချင်း အဘွားကတော့ ဟိုနားနာ ဒီနားနာက လွှဲရင် လပိုင်း ရက်ပိုင်း နဲ့တော့ ထွက်သွားမှာ မဟုတ်ပါဘူးလေဆိုတဲ့ အတွေးလေးကို ဆုတ်ကိုင်ထားရတယ်

ကိုယ်ဝန်သည် အမကတော့ ဝိုင်း ဆုတောင်းပေးနေရတာပါပဲ

အသုဘ သတင်း ၂ ခု ထပ်ကြားဖို့ရှိတဲ့ စိတ် အနေအထားနဲ့ လူက နေ နေရတာဆိုတော့ တက်ကြွ ပျော်ရွှင်နေတာမျိူးတော့ မဟုတ်ဘူးပေါ့လေနော်

အလုပ်ဆိုတာမျိူးကလည်း ပျော်သည် ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ လုပ်နေရတာမျိူးဆိုတော့ လုပ်ရတာပေါ့

လေ့လာမယ် သင်ယူမယ် ပြီးမြောက်အောင် လုပ်မယ်လို့ ကိုယ့်ဘာသာ ကတိပေးထားတာတွေ အတွက်လည်း ကတိမပျက်ချင်လို့ ဆက်ပြီး လုပ်နေရမှာပါပဲ

ကိုယ်ထိန်းချူပ်လို့ ရတဲ့ အရာတွေကိုပဲ အာရုံစိုက် လုပ်လေ့ရှိပြီး ကိုယ့်ထိန်းချူပ်မှု အောက်မှာ မရှိတဲ့ အရာတွေ အတွက် လက်ခံတတ်တာမို့ အဆင်ပြေပါတယ်လို့တော့ ပြောရမယ်

တွေ့ ဆုံ ကြုံ ကွဲ ဆိုတာ လူတိုင်း တွေ့ရ
မယ့် လောက ဓမ္မတာပဲလေနော်

စိတ်ထဲမှာ စွဲစွဲမြဲမြဲ အမှတ်တရဖြစ်နေတဲ့ နေရာ ၁၀ နေရာ - အပိုင်း (၂)Costa Rica, Curaçao, Colombia, Paraguay, Brazil, Argen...
09/06/2025

စိတ်ထဲမှာ စွဲစွဲမြဲမြဲ အမှတ်တရဖြစ်နေတဲ့ နေရာ ၁၀ နေရာ - အပိုင်း (၂)

Costa Rica, Curaçao, Colombia, Paraguay, Brazil, Argentina နဲ့ Bolivia နိုင်ငံက မြို့တွေ နေရာတွေပါ
ပုံလေးတွေ အောက်မှာ ရေးထားတာမို့ ပုံတစ်ခုချင်းစီ ထောက်ပြီး ဖတ်ကြည့်နော်

စိတ်ထဲမှာ စွဲစွဲမြဲမြဲ အမှတ်တရဖြစ်နေတဲ့ နေရာ ၁၀ နေရာ - အပိုင်း (၁)၁.Mexico Cityမက္ကစီကို နိုင်ငံရဲ့ မြို့တော် Mexico Cit...
08/06/2025

စိတ်ထဲမှာ စွဲစွဲမြဲမြဲ အမှတ်တရဖြစ်နေတဲ့ နေရာ ၁၀ နေရာ - အပိုင်း (၁)

၁.Mexico City
မက္ကစီကို နိုင်ငံရဲ့ မြို့တော် Mexico City က အကြီးကြီးမှ တကယ်ကို အကြီးကြီးပါ
တစ်နေရာ နဲ့ တစ်နေရာကို bus တွေ ရထားတွေ အပြင် Cable car နဲ့ ပါ သွားယူရတာ
Mariachi လို့ ခေါ်တဲ့ ဆင်တူရိုးရာ ဝတ်စုံတွေနဲ့ စားသောက်မှာ ထိုင်နေတဲ့ မိသားစု တစ်စုချင်းလိုက် အဖွဲ့ချင်းလိုက်ကို လိုက်ဖျော်ဖြေပေးတဲ့ band တွေရှိပါတယ်
ညနေဆို Mexico City ရဲ့ ရင်ပြင်တွေမှာ စားသောက်ဆိုင် အတန်းတွေမှာ Mariachi Band တွေနဲ့ မြူးကြွနေပါတယ်
(အများထင်နေကြသလို မက္ကစီကို နိုင်ငံက ဆင်းရဲထဲ နိုင်ငံထဲ မပါ ပါဘူး
ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာပါတယ်
မူးယစ်ဆေးဝါးကြောင့် နိုင်ငံက နာမည်ဆိုး ရှိပေမယ့် မြို့အများစုက လုံခြုံ အေးချမ်းပါတယ်)

၂.San Miguel de Allende
ဒီမြို့က Mexico နိုင်ငံကတောင်ပေါ်မြို့ပါ
အိမ်တွေက နံရံအမြင့်ကြီးတွေ ဆောက်ကြတယ်
စက္ကူပန်းပင်တွေ စိုက်ကြတယ်
အိမ်တွေ ဘုရားကျောင်းတွေ စျေး ဆေးရုံ အကုန်လုံးနီးပါး နီညိုရောင်တွေ သုတ်ကြတယ်

၃.Guanajuato
Mexico က မြို့ တစ်မြို့ပါပဲ
ရောင်စုံ အိမ်တွေ ရှိတဲ့မြို့
တက္ကသိုလ်တွေ စုံတဲ့ မြို့
Student City လို့ ပြောရမယ်

၄.San Pedro La Laguna
ဂွါတေမာလာ နိုင်ငံက မြို့ တစ်မြို့ပါ
ဆန်ပေထရို လို့ အတိုကောက် ခေါ်တဲ့မြို့ပါ
မေယာ ယဉ်ကျေးမှုအတိုင်း ဝတ်ဆင်နေထိုင်ကြပါတယ်
လုပ်အားပေး အနေနဲ့ ၃ ပတ်နေခဲ့တာဆိုတော့ မျက်လုံး မိတ်ပြီး အာရုံပြုလိုက်ရင် နေခဲ့တဲ့ အိမ် စျေးထဲက အဘွားတွေ အန်တီတွေ ကျောင်းက ဆရာ ဆရာမတွေ လုပ်အားပေး အုပ်စုထဲက လုပ်ဖေါ်ကိုင်ဖက်တွေ ကမ်းစပ်တွေ ရေလှိုင်းတွေ နံရံရေး ပန်းချီတွေနဲ့လမ်းကြားလေးတွေ စိတ်ထဲ အပြေးအလွှားအကုန်ပြန်ပေါ်လာပါတယ်
အရမ်းအေးချမ်းတဲ့ မြို့လေးပါ

၅.Antigua
ဂွါတေမာလာ နိုင်ငံက မြို့ တစ်မြို့ပါပဲ
မြို့က လေးထောင့် ကျကျ ကိုမှ လမ်းတွေက အရပ်လေးမျက်နှာ အဖြောင့်လိုက် ဖေါက်ထားတာမို့ မြို့လယ်ကနေ မြို့ အစွန်ထိ တန်းပြီး မြင်ရပါတယ်
ငလျင်ဒဏ်ကြောက်လို့ အဆောက်အဦးမှန်သမျှ အကုန် ၁ ထပ်တိုက်တွေ ကြီးပဲ
အရမ်းစည်ကားတဲ့ မြို့လို့ ပြောရမယ်

၆.Santa Ana
El Salvador အယ်ဆာဗါဒေါ နိုင်ငံရဲ့ ဒုတိယ မြို့တော်ပါ
၂၀၁၈ လောက်ထိ မြို့လယ်မှာ Gang အဖွဲ့တွေနဲ့ အုပ်စုလိုက် ပစ်ခတ်မှုတွေ ဖြစ်တဲ့ မြို့မှာ
၂၀၂၄ မှာတော့ တော်တော် တည်ငြိမ် အေးဆေး နေပါပြီ
Western Union တွေရဲ့ ရှေ့မှာ US ကနေ အလုပ် လုပ်ပြီး လှမ်းပို့တဲ့ ငွေကို ထုတ်ကြတဲ့ လူတန်းကြီးတွေ တွေ့ရတတ်ပြီး လမ်းထောင့်တိုင်းမှာ ရိုင်ဖယ် တစ်လက် ပစ်စတိုတစ်လက် ဗုံးသီး တစ်လုံးနဲ့ ရဲ တစ်ယောက် ကို တွေ့ရလေ့ရှိပါတယ်

၇.San Salvador
El Salvador နိုင်ငံရဲ့ မြို့တော်ပါ
တရုတ်ကနေ အကုန်အကျခံပြီး ဆောက်ပေးထားတဲ့ လွှတ်တော်တွေ စာကြည့်တိုက် အသစ်စက်စက်တွေကို တွေ့ရပါတယ်
US ရဲ့ အိမ်နောက်ဖေးလို့ သတ်မှတ်ကြတဲ့ အမေရိကန်အလယ်ပိုင်းထိ တရုတ်က ခြေကုပ်ယူထားတာပါ

၈.Leon
Nicaragua နိုင်ငံရဲ့ မြို့တော် အဟောင်းပါ
ရှေးဟောင်းအဆောက်အဦးတွေနဲ့ တော်တော်လှပါတယ်
တော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တွေကို မြို့လယ်က လမ်းတွေမှာ ရုပ်ပုံ နာမည် အကြောင်းအရာနဲ့ တကွ မှတ်တမ်း တင်ထားပါတယ်
စိတ်မကောင်းစရာက အာဏာရှင်ကို မကြိုက်လို့ တော်လှန်ခဲ့ကြပြီး ပြန်လည်တည်ငြိမ်လာပြီး အဆင်ပြေခါမှ ၂၀၂၄ မှာ ရှိနေတဲ့ တော်လှန် အစိုးရရဲ့ ၃ ဆက်မြှောက်အစိုးရဟာ သံသရာ တပတ်လည် အာဏာရှင် ဖြစ်နေပြန်တာပါ

၉.Ometepe island
Nicaragua နိုင်ငံက ကျွန်း တစ်ကျွန်းပါ
မီးတောင်တွေ ကမ်းခြေတွေနဲ့ အရမ်းလှတဲ့ ကျွန်းပါ

၁၀.Granada
Nicaragua နိုင်ငံကပါပဲ
ပုဂံမြို့ဟောင်း နဲ့ ဆင်တဲ့ မြို့ပါ

မိုးရွာပေမယ့် ရှိတဲ့ Tent လေး ထိုးပြီး မြန်မာနိုင်ငံအတွက် ရန်ပုံငွေ ရှာကြသည်ပေါ့နောက်ပိုင်း လူများလာတော့ Tent တောင် မဆံ့...
08/06/2025

မိုးရွာပေမယ့် ရှိတဲ့ Tent လေး ထိုးပြီး မြန်မာနိုင်ငံအတွက် ရန်ပုံငွေ ရှာကြသည်ပေါ့

နောက်ပိုင်း လူများလာတော့ Tent တောင် မဆံ့တော့ဘူး 😊

07/06/2025

Video အရေအတွက် ၄ သောင်းပဲရရ ၄ သိန်းပဲ ရရ ဂင်းနစ်စံချိန် ဝင်ဝင် မဝင်ဝင် ထောင်ချထားတဲ့သူက မလွတ်ပေးဘူးလို့ တင်းခံလို့ ရတဲ့ အခြေအနေဆို အမေစု အချူပ်အနှောင်ကနေ မလွတ်နိုင်ပါဘူး Advocacy အရ အထောက်အကူ ဖြစ်ကောင်း ဖြစ်မှာပေါ့နော်
ဒီ ကမ်ပိန်းမှာ ပါမှာလားဆို ပါ ပါမယ် ဘာလို့လဲဆိုတော့ အမေစုကို လေးစားလို့ပါ
ဒီ အမျိူးသမီးကြီးက တိုင်းပြည်အပေါ်မှာ ပြည်သူ အပေါ်မှာ စေတနာ တကယ်ရှိတဲ့သူပါ
ဒီလို အမျိူးသမီးကြီး အတွက်မှ မွေးနေ့ဆု မတောင်းပေးရင် ဘယ်သူ့ အတွက် တောင်းပေးရမလဲနော်
မွေးနေ့ ဆုတောင်းပေမယ့်သူတွေက video ဘယ်လို ပို့ရမလဲ မသိရင် အောက်က စာလေး သေချာ ဖတ်ကြည့်နော်

အရင်က ဘယ်နယ်ပယ်မှာ မဆို specialist တစ်ခုခု ကို ရွေးချယ် ပြီးသွားရင် အရမ်းကို အဆင်ပြေသွားပြီလို့ ပြောလို့ရပါတယ်အခုလည်း မပ...
07/06/2025

အရင်က ဘယ်နယ်ပယ်မှာ မဆို specialist တစ်ခုခု ကို ရွေးချယ် ပြီးသွားရင် အရမ်းကို အဆင်ပြေသွားပြီလို့ ပြောလို့ရပါတယ်
အခုလည်း မပြေဘူး မဟုတ်ပါဘူး ပြေပါတယ်
ဒါပေမယ့် လူတွေရဲ့ လုပ်နိုင်စွမ်းဟာ beyond the limit ပါ
ကိုယ့် ကိုယ်ကို push လုပ်ပြီး အသစ် အသစ်တွေ သင်ယူနေသေး သရွေ့ skill အသစ်တွေ ထပ်ထပ်ပြီး တိုးတက်လာနေမှာပါ

အောက်က ပုံထဲကလို General အနေနဲ့ကျွမ်းကျင်ပြီး specialist တစ်ယောက်လည်း ဖြစ်တဲ့ T-shaped skills ကနေ Comb-shaped skills တွေဆီကို လူတွေက ရွေ့နေကြပါတယ်
Broad knowledge များများရှိတဲ့ T ပုံစံ specialist က Broad knowledge နည်းတဲ့ I ပုံစံ specialist ထက် သာမှာကတော့ အသေအချာပါပဲ

Specialist ၂ ခုဆိုတာက ဥပမာ- ခိုင်တို့ dental field မှာဆို
Orthodontist ဖြစ်တဲ့ အပြင် Implantologist လည်း ဟုတ်တယ် ဆိုတာမျိူး periodontist လည်း ဟုတ်တယ် ဆိုတာမျိူး
Medical field မှာ ဆိုရင်လည်း ဒီဘက်နိုင်ငံတွေမှာ မဟာဘွဲ့ကို တစ်ဘွဲ့ အပြင် ၂ ဘွဲ့ ၃ ဘွဲ့ထိ ယူတာမျိူးတွေ ရှိလာပါတယ်
နှစ်ရှည် တက်ရတဲ့ ဘွဲ့တွေ ဖြစ်ပေမယ့် Theory ကို online ကနေပဲသင်လို့ရတာ အားတဲ့ အချိန် ကိုယ်လေ့လာချင်တဲ့ အချိန်မှာပဲ သင်လို့ရတာ လက်တွေ့ကိုပဲ လူကိုယ်တိုင် သွားတက်ရတာ ဆေးရုံဆင်းရတာ စတဲ့ flexibel ဖြစ်တဲ့ Result-oriented - ရလဒ်ကို ဦးစားပေးကြည့်တဲ့ တက္ကသိုလ် ပညာရေးပုံစံတွေဘက် ပြောင်းလဲလာတဲ့ အတွက် နှစ်ရှည်သင်ရတဲ့ ဘွဲ့တွေကို တစ်ဘွဲ့ကနေ ၂ ဘွဲ့ ယူနိုင်လာကြတာပါ
Specialist ၂ ခု ၃ ခုလို့ ပြောတဲ့နေရာမှာ ဘွဲ့တွေ ဂုဏ်တွေ အပြင် ပညာရပ်အနေနဲ့ တကယ် ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တာကိုပါအဓိက ပြောချင်တာပါ

၃၀ ပတ်ချာလည် အရွယ်တွေဟာ ယေဘုယျ အားဖြင့် လုပ်ငန်းခွင်ထဲ ရောက်ပြီး သက်ဆိုင်ရာ နယ်ပယ်မှာ အနည်းနဲ့ အများ အတွေ့အကြုံ ရှိနေပြီလို့ ပြောလို့ရပါတယ်

ဒီအချိန်မှာ တွေးရမှာက ဒီအလုပ်အကိုင် ဒီ အတွေ့အကြုံ ဒီဝင်ငွေနဲ့ နောက် အနှစ် ၃၀/၃၅ ဒီတိုင်းပဲ အခြေတကျ ဆက်သွားမလား
အသက် အရမ်းမကြီးသေးခင် နောက်ထပ် skills တွေ ထပ်ဖြည့်ချင်သေးလား

ဒီတိုင်း ဆက်သွားရင် အတွေ့အကြုံနဲ့ ကိုယ့်လုပ်ငန်း စီမံနိုင်မှုပေါ်မှာ မူတည်ပြီး ဝင်ငွေ တိုးလာနိုင်ပေမယ့် သိသိသာသာ တိုးလာတာမျိူးတော့ ဖြစ်မှာ မဟုတ်ပါဘူး

Skills အသစ်တွေ ထပ်ဖြည့်မယ် ဆိုရင်
ရေရှည်မှာ ဝင်ငွေက ဆတိုးနဲ့ တိုးနိုင်ပါတယ်
ဒါပေမယ့် (ကိုယ့်ရဲ့ အပျင်းကြီးမှုကို ခဏ ဖေးဖယ်ထားအုံး) သင်ယူဖို့ အချိန် နဲ့ ငွေက တော့ ထပ်ပြီး ရင်းရပါအုံးမယ်
ရေရှည်အတွက် ရင်းဖို့ တန် မတန်ဆိုတာ ကိုယ် အသိဆုံးပါ

ပြီးတော့ skills အသစ်တွေ ထပ်ဖြည့်တယ် ဆိုတာ ဝင်ငွေ တစ်ခုတည်း အတွက် မဟုတ်ပါဘူး ကိုယ့် စိတ်ကူးတွေ အိပ်မက်တွေ အတွက် ကိုယ့်ရဲ့ လုပ်ငန်းခွင် ပျော်ရွှင်မှု အတွက် ကြိုးစားသင့်တယ် ဆိုရင် ကြိုးစားရပါမယ်
ကိုယ့်ဘဝ ကိုယ်ကို ဘယ်လိုဖြစ်ချင်လဲ ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်
ဖြစ်နိုင်တာ မဖြစ်နိုင်က နောက်ထားပါ
တကယ်ဖြစ်ချင်ရင် အရင်ဆုံး နည်းလမ်းရှာရပါမယ်
Life offers no easy path. Let’s crush our limits and create our own!!!

ပင်ပန်းတယ် ဆိုတာ ဘယ်လိုပင်ပန်းတာလဲ ဆိုတော့ ဘာမှ တွေးလို့ မရတော့တာမျိူးထိုင်ချလိုက်တဲ့ ကုလားထိုင်ပေါ်ကနေ မရွေ့ချင်တော့တာမ...
06/06/2025

ပင်ပန်းတယ် ဆိုတာ ဘယ်လိုပင်ပန်းတာလဲ ဆိုတော့
ဘာမှ တွေးလို့ မရတော့တာမျိူး
ထိုင်ချလိုက်တဲ့ ကုလားထိုင်ပေါ်ကနေ မရွေ့ချင်တော့တာမျိူး
သတင်းဆိုး သတင်းကောင်း ဘာသတင်းကမှ ကိုယ့်ကို လာပြီး touch မဖြစ်တာမျိူး
အဲ့လို ပင်ပန်းနေတဲ့အချိန် ဗိုက်ပါ ဆာနေရင် ပိုတောင် ဆိုးသေးတယ်

ဘယ်ရက် ဘယ်အချိန်လောက် တွေ့ကြမလဲ ဘာညာပို့ထားတဲ့ စာတွေဆိုလည်းစာမပြန်နိုင်ဘူး
ပင်ပန်းတဲ့အချိန်ဆို ဘာ date မှလည်း ကြိုပြီး စဉ်းစားလို့မရဘူး တွေ့ချင်စိတ်လည်း မရှိဘူး
ခေါင်းထဲကလည်း ဘာမှ ထွက်မလာဘူး 😅
မိဘနဲ့ သားသမီး ဆက်ဆံရေးမှာ ဖြစ်ဖြစ် သူငယ်ချင်း မိတ်ဆွေ ဆက်ဆံရေးမှာ ဖြစ်ဖြစ် ဘယ်လိုဆက်ဆံရေးမှာ ဖြစ်ဖြစ် ခိုင့်ကို လာပြီး ပူညံ ပူညံ လုပ်မယ့်သူမရှိပါဘူး
ခိုင့် မိဘတွေက အေးဆေး သမားတွေ
လုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်း မိတ်ဆွေဆေးခန်းပိုင်ရှင် တွေကလည်း အေးအေးဆေးဆေးပဲ
အဲ့ဒါတောင် တစ်နေကုန်လို့ အရမ်းတွေပင်ပန်းလာရင် ခိုင် က ပုံမှန်လို စိတ်မရှည်တော့ဘူးရယ် ညနေစာကတော့
လုံးဝကို ချက်မစားနိုင်တာ
အလုပ်က ပင်ပန်းပြီး အိမ်ပြန်လာတဲ့ အချိန် အိမ်က အမျိူးသမီးက ဖြစ်ဖြစ် အမျိူးသားက ဖြစ်ဖြစ် ကလေးတွေက ဖြစ်ဖြစ် မိဘက ဖြစ်ဖြစ် ပူညံပူညံ ပွစိပွစိ မလုပ်ကြပါနဲ့နော်
ကိုယ့် အမျိူးသမီးက ကိုယ့် အမျိူးသားက ကိုယ့် အဖေက အမေက ကိုယ့်သားလေး သမီးလေးက ပင်ပင်ပန်းပန်း အလုပ် လုပ်ပြီး ပြန်လာတာပါ
အလုပ်မှာ ဘာတွေ ခက်ခဲ ခဲ့တယ် ဆိုတာ ကိုယ့် အလုပ် မဟုတ်လို့ မသိနိုင်ပေမယ့် ၁၀၀% အကုန်အဆင်ပြေချောမွေ့ပြီး တစ်နေ့တာ ပြီးဆုံးခဲ့တာ ဟုတ်ချင်မှ ဟုတ်မှာပါ
အလုပ်လုပ်ပြီး ပင်ပန်းနေတဲ့သူလေးတွေကို ကြင်နာကြပါလို့ 😊
အားလုံးပဲ Happy weekend ပါ

အသိအမ တစ်ယောက်က သူ့မှာ အဆုတ်ကင်ဆာရှိတယ်လို့ သိတဲ့အချိန်မှာ ကိုယ်ဝန် ၂ လ ရှိနေပြီအမေ မရှိရင် ကလေးလေးကို ဘယ်သူသေချာ ပြုစုပ...
01/06/2025

အသိအမ တစ်ယောက်က သူ့မှာ အဆုတ်ကင်ဆာရှိတယ်လို့ သိတဲ့အချိန်မှာ ကိုယ်ဝန် ၂ လ ရှိနေပြီ
အမေ မရှိရင် ကလေးလေးကို ဘယ်သူသေချာ ပြုစုပျိူးထောင်မှာလဲ မျက်နှာများ ငယ်နေလိမ့်မလား စသဖြင့် တွေးပူပြီး အစပိုင်းက ဖျက်ချမယ်လို့ သူစိတ်ကူးတယ်
အမျိူးသားက ကိုယ်ပွါးလေးတော့ ထားခဲ့ပါဆိုပြီး ငိုယို တောင်းပန်တာရယ်
၂ လ နဲ့ အဆုံးသတ်သွားတာထက် လောကကြီးထဲ ရှင်သန်ခွင့်ကို မပိတ်ပင်တော့ပါဘူး ဆိုပြီး နောက်ပိုင်းကျ မွေးမယ် ဆုံးဖြတ်တယ်
အခုတော့ သမီးလေးကို မမွေး ပေးနိုင် ပဲသူရော ကလေးရော ဆုံးသွားမှာ တအားကြောက်နေတယ်
ကလေးမွေးမယ့် ရက် နီးလာလေလေ သူ သေရမှာ ကြောက်လာလေပဲ
သူ့ သမီးလေးနဲ့ သူ အကြာကြီး နေချင်သေးတယ်လို့ ပြောလေ့ရှိတယ်

ခိုင့် အိမ်နီးချင်း အဖွားကတော့ ကလေးမရေ ဒီ တစ်နှစ်ပဲ နေမယ်ကွယ် ဒီတစ်ခါ တကယ်ကို သေချာနေပါပြီ ကောင်းကောင်းလည်း အသက်ရှင်ခဲ့ပြီမို့ အသက်ရှင်ရတာ ဒီလောက်နဲ့ ကျေနပ်နေပါပြီလို့ ပြောလေ့ရှိတယ်

သူငယ်ချင်း အဖေက အစာပြွန် ကင်ဆာနဲ့ Hospice ရောက်နေတယ်
Hospice က နောက်ဆုံးအဆင့် ရောဂါသည်တွေ
သေဖို့ လပိုင်းပဲ လိုတဲ့သူတွေကို ပြုစုစောင့်ရှောက်တဲ့ နေရာပါ
Hospice မှာ ၂၄ နာရီ စောင့်ရှောက်မှုပေးတယ် လူနာ စိတ်ဆန္ဒအတိုင်းပဲ အကုန် ဖြစ်စေရမယ်
လည်ပင်းမှာ ဆွဲထားတဲ့ ခလုပ်လေး နှိပ်လိုက်ရင် ပြုံးရွှင် နေတဲ့ တာဝန်ကျ ဆရာမ ရောက်လာတယ်
လူနာက ဆေးလိပ်သောက်ချင်လည်း သောက်ခွင့်ပေးတယ်
ဘီယာ သောက်ချင်ရင်လည်း ဘီယာကို ခွက်ထဲ သေချာ ငှဲ့ပေးတယ်
ဆေးထိုး ဆေးသောက် မလုပ်ချင်တော့ဘူး ဆိုရင်လည်း လုပ်မပေးတော့ဘူး
ဘဝရဲ့ နောက်ဆုံး အချိန်ကို အသက်သာဆုံး အပျော်ရွှင်ဆုံး ဖြစ်အောင်ထားပေးတယ်
ဘယ်လိုပဲ ပျော်ရွှင်အောင် ထားထား
၈၁ နှစ်ပဲရှိသေးတဲ့ အန်ကန်က တစ်ကြိမ်မှာ အီးတစ်နေလို့ သူနာပြုက လက်နဲ့ နှိုက်ထုတ်ပေးရကတည်းက Euthanasia လို့ ခေါ်တဲ့ ဆေးထိုးပြီး သတ်ပေးဖို့ကို အကြိမ်ကြိမ် တောင်းဆိုတယ်
အစာ မျိူချရတာလည်း အရမ်း ခက်ခဲတယ်ပေါ့
ဆေးထိုးပြီး ဆရာဝန်က သတ်ပေးတယ် ဆိုတာ လွယ်လွယ်နဲ့တော့ သတ် မပေးဘူးလေနော်
ဆရာဝန်တွေ အထူးကုတွေ စိတ်ရောဂါ အထူးကုတွေ ၆ ယောက် ၇ ယောက်လောက် အထပ်ထပ်အခါခါ စမ်းသပ် အင်တာဗျူး ပြီးမှ Euthanasia ကို လုပ် ပေး မပေး ဆုံးဖြတ်ကြတာလေနော်
အဲ့သည် process က ၃ လ ကနေ ၆ လ ထိ ကြာပါတယ်
သား သမီးတွေက အဖေ့ကိုလည်း အကြာကြီး နေရသလောက် နေစေချင်တယ်
တဖက်ကျလည်း သူ့ အဖေ ဆန္ဒအတိုင်း process ကို မြန်အောင် စာရွက်စာတမ်းတွေ ဆရာဝန် appointment တွေ ပြင်ဆင်ပေးရတယ်
ရူးချင်စရာကောင်းတဲ့ အခြေအနေကြီးပါ

ဪ သေရတာကလည်း ထင် သလောက် မလွယ်ပါလားပေါ့

Su***de လုပ်ဖို့ စဉ်းစားတဲ့ ညီမလေး တစ်ယောက် ပြောတာတောင် သွား သတိရတယ်
မြစ်ထဲ ခုန်ချမှာ စိတ်ကူးပေမယ့် မသေခင် ရေမွန်းပြီး ခံစားရမှာကို မတွေးချင်ဘူးတဲ့
ကြိုးဆွဲချမယ် ဆိုတော့လည်း မသေခင် အသက်ရှုကြပ်ပြီး အရမ်းခံစားရမှာကို ကြောက်တာနဲ့ မလုပ်ချင်ဘူးတဲ့
ဆေးသောက်တာကလည်း ဗိုက်ထဲမှာ အရမ်း ပူလောင်ပြီး နာရီနဲ့ ချီပြီးတောင် ခံစားရတာမို့ အဲ့ဒါကိုတော့ သူ မရွေးဘူး လို့ ပြောတယ်
အေးပါ ညီမလေးရယ် ကောင်းကောင်းပဲ ရှင်သန်ရအောင်လို့ ပြောဖြစ်တယ်

သေချင်တဲ့သူတွေကလည်း သေချင်တိုင်း သေမရ
ရှင်ချင်တဲ့ သူတွေကလည်း ရှင်ချင်တိုင်း ရှင်မရ
သေခြင်းတရားရဲ့ အစိုးမရခြင်းတွေပေါ့

ပုံ - Hospice က ပုံလေးတွေပါ

အီတလီ က ပညာရေးအကြောင်းရေးရင်းနဲ့ အီတလီ ကို သတိရသွားတာနဲ့ ပုံတွေ ပြန်ကြည့်ဖြစ်တယ်အီတလီက တော်တော်လှတယ် ပြည်နယ် နေရာ မတူတာန...
31/05/2025

အီတလီ က ပညာရေးအကြောင်းရေးရင်းနဲ့ အီတလီ ကို သတိရသွားတာနဲ့ ပုံတွေ ပြန်ကြည့်ဖြစ်တယ်

အီတလီက တော်တော်လှတယ်
ပြည်နယ် နေရာ မတူတာနဲ့ ရှုခင်း မြင်ကွင်းတွေပါ လုံးဝ ပြောင်းသွားတာမျိူး

အီတလီမှာ အစားအသောက်ကလည်း တော်တော် ကောင်းတယ်
ခိုင် ကြိုက်တာလည်း ပါမှာ ပေါ့နော် 😅

ရာသီဥတုလည်း ကောင်းတော့ တခြား ဥရောပ နိုင်ငံတွေထက် အီတလီကို ပိုပြီး သွားဖြစ်တယ်

အီတလီကို ကျောင်းသွားတက်မယ်ဆိုရင် အောက်က အဆင့်တွေ အတိုင်း သွားပါတယ်၁.တက်ချင်တဲ့ program ကို ရှာပါကိုယ်သွားချင်တဲ့ လမ်းကြေ...
31/05/2025

အီတလီကို ကျောင်းသွားတက်မယ်ဆိုရင် အောက်က အဆင့်တွေ အတိုင်း သွားပါတယ်

၁.တက်ချင်တဲ့ program ကို ရှာပါ
ကိုယ်သွားချင်တဲ့ လမ်းကြောင်းနဲ့ ကိုက်ညီတဲ့ program တွေကို ပေးတဲ့ ကျောင်း တွေကို အရင်ဆုံး list လုပ်ပါ ပြီးရင် ကျောင်း website တစ်ခုချင်းစီမှာ အသေးစိတ် လိုက်ဖတ်ပါ

၂.ဝင်ခွင့် လိုအပ်ချက်တွေကို အသေးစိတ်ဖတ်ပါ
အထက်တန်း ပြီးဆုံးကြောင်းကို သံရုံးကနေတဆင့် အသိအမှတ်ပြုကြောင်းယူရ မှာလား CIMEA website ကနေ တဆင့် တင်မှာလား
ကျောင်းလျှောက်ချိန် deadline စသဖြင့် အသေးစိတ် မှတ်ထားပြီး ကြိုတင်ပြင်ဆင်ပါ

၃.အီတလီလို သင်တဲ့ program ယူမှာဆိုရင် အီတလီ စကား ပြင်ဆင်ပါ
English taught program ယူမှာ ဆိုရင် IELTS လိုသေးလား language exemption ရလား website မှာ သေချာဖတ်ကြည့်ပါ

၄.အပေါ်မှာ ဘယ်မှာ ဘယ် program တက်ချင်တယ်လို့ လေ့လာပြီးပြီမို့ ကိုယ် သွားချင်တဲ့ ပြည်နယ်၊ မြို့က Higher education institution တစ်ခုကို ရွေးရပါမယ်
( Higher Education Institution တိုင်းက university မဟုတ်ပေမယ့် University တိုင်းကတော့ HEI ဖြစ်ပါတယ်)

၅.ကိုယ် ရွေးချယ်တဲ့ Institution ကနေ ဒီ qualifications တွေ ဒီ စာရွက် စာတမ်းတွေ လိုပါတယ်လို့ ပြောပါလိမ့်မယ်
တောင်းတဲ့ စာရွက် စာတမ်းတွေကို University portal ကနေ account ဖွင့်ပြီး တင်ရပါမယ်
Pre-enrolment လို့ ခေါ်ပါတယ်
ပြီးရင် visa လျှောက်ဖို့ “ Letter of eligibility for enrolment “ ဆိုပြီး ရပါမယ်
( လိုအပ်တဲ့ အရည်အချင်းတွေ စာရွက်စာတမ်းတွေ စုံရင်ပေါ့
အဲ့လို စုံဖို့အတွက် နံပါတ် ၂ ကို ၁ နှစ်/ ခွဲ အလို ကတည်းက ကြိုပြီး လေ့လာစုံစမ်းထားဖို့ လိုတာပါ)

၆.Letter of eligibility for enrolment ရရင် သံရုံးမှာ visa လျှောက်လို့ ရပါပြီ

၇.visa ရလို့ အီတလီ ကိုရောက်တဲ့ အခါ 8 working days အတွင်းမှာ a permit of stay လို့ ခေါ်တဲ့ နှစ်ရှည် နေထိုင်ခွင့် အတွက် local police department က immigration office desk နဲ့ appointment ယူပြီး card သွားထုတ်ရပါမယ်
အဲ့သည် card ကို ကိုင်ပြီး ဥရောပအတွင်း နိုင်ငံတွေကို ဗီဇာ မလိုဘဲ အစစ်အဆေး မရှိဘဲ သွားလို့ရမှာ ဖြစ်ပါတယ်

၈.Enrolment ကို finalise လုပ်ဖို့က ကိုယ် အပ်ထားတဲ့ ကျောင်းရဲ့ instructions တွေကို လိုက်လုပ်ရုံပါပဲ

အဆင်ပြေ အောင်မြင်ကြပါစေ

Photo- crd

ဂျာမဏီကို တက္ကသိုလ် လာတက်မယ် ဆိုရင် ပထမဆုံး ၁)DAAD.de Study-in-Germany.de စတဲ့ website တွေမှာ တက်ချင်တဲ့ ကျောင်း ယူချင်တ...
23/05/2025

ဂျာမဏီကို တက္ကသိုလ် လာတက်မယ် ဆိုရင် ပထမဆုံး
၁)DAAD.de
Study-in-Germany.de စတဲ့ website တွေမှာ တက်ချင်တဲ့ ကျောင်း ယူချင်တဲ့ ဘာသာ ရှာကြည့်ပါ

၂)English လို သင်မှာလား ( သို့) German လို သင်မှာလား ရွေးပါ
Public uni တွေမှာ undergrads အတွက် English လို သင်တဲ့ program နည်းပါတယ်

၃)အထက်တန်း ပညာရေး အနေနဲ့ A-levels, IB Diploma စသဖြင့် ရှိရပါမယ်
၁၃ တန်း ပညာရေးပါ
သူတို့ လိုချင်တဲ့ အချက်တွေ အတန်းတွေ မကိုက်ညီရင် Studienkolleg အရင်တက်ခိုင်းပါတယ်

၄)university entrance qualification ပြည့်မီရင် တက္ကသိုလ် ဝင်ခွင့်ရသွားပါပြီ

၅)Language အနေ German လို သင်မှာဆို C1 lvl ရှိရမှာ ဖြစ်ပြီး Eng လိုဆို TOEFL or IELTS လိုပါမယ်

၆)Uni-Assist.de ကနေ ကျောင်းအကုန်လုံး နီးပါးကို လျှောက်လို့ရပါတယ် ကိုယ်ပိုင် portal ရှိတဲ့ ကျောင်းတွေလည်း ရှိပါတယ်
ကျောင်းက ၂ ကြိမ် ဖွင့်ပါတယ်
Winter semester အတွက်ဆို deadline က July လ ဝက်လောက်မှာ ဖြစ်တတ်ပါတယ်
Summer semester အတွက်ဆို deadline က January လဝက်လောက်မှာ ဖြစ်တတ်ပါတယ်

၇)Blocked account (Sperrkonto) ဖွင့်ရပါတယ်
၂၀၂၅ ပညာသင်နှစ် အတွက် €11,208 per year လို့ သတ်မှတ်ထားပါတယ်

၈)1.Acceptance letter from a German university
2.Proof of financial resources
3.Health insurance
4.Valid passport
5.Visa application form and fee
တွေနဲ့ ဗီဇာ လျှောက်ရပါမယ်
၅ ချက်လုံး ပြည့်စုံရင် visa ရပါပြီ

၉)နေစရာ အိမ်ကြိုရှာ ထားဖို့ လိုပါမယ် တချိူ့ တက္ကသိုလ်တွေက email ကနေ တဆင့် ကျောင်း campus မှာ ကျောင်းသားဆောင်မှာ နေစရာ ရှာဖို့ ညွှန်းကြားမှု ပေးတာတွေ ရှိပါတယ်
အိမ်လခ မြို့ပေါ်မူတည်ပြီး €300–€750 per month ရှိပါမယ်
၁၀)ဂျာမဏီရောက်ရင် local residents' office (Einwohnermeldeamt) မှာ ရောက်တဲ့ အကြောင်း သတင်းပို့ပြီး စာရင်းသွင်းရပါမယ်
ပြီး ရင် နှစ်ရှည် နေထိုင်ခွင့် ကို foreigners' office (Ausländerbehörde) ကနေ သွားထုတ်ရပါမယ်

လိုအပ်တဲ့ ပညာအရည်အချင်းနဲ့ ငွေရှိရင် ချောချောမောမော ရောက်တယ် ပြောရမယ်
ကျောင်းအပ်ရတာ ဗီဇာလျှောက်ရတာ စာရွက်စာတမ်းပြင်ရတာ စသဖြင့် နည်းနည်း အာရုံစိုက်ပြီး လုပ်ရတဲ့ ကိစ္စလေးတွေတော့ ရှိတာပေါ့လေနော်

အဆင်ပြေကြပါစေ

uni-assist e.V. begutachtet internationale Studienbewerbungen aus aller Welt. Der Verein hat Ăźber 180 staatlich anerkannte Mitgliedshochschulen in Deutschland. Erfahren Sie mehr.

Adres

Amsterdam

Website

Meldingen

Wees de eerste die het weet en laat ons u een e-mail sturen wanneer Kai nieuws en promoties plaatst. Uw e-mailadres wordt niet voor andere doeleinden gebruikt en u kunt zich op elk gewenst moment afmelden.

Delen