Chef Yin

Chef Yin A Burmese chef in the Netherlands | Restaurant consultant | 🇱🇺🇲🇲

17/09/2026

🧡 ကြိုက်လိုက်တာရှင် ကြိုက်လိုက်တာ 🧡

အလုပ်ကိစ နဲ့ ခရီးသွားရင် Breakfast ကို သေချာ စားဖြစ်တယ်။ တနေကုန် Kitchen. ထဲ ေရာက်သွားရင် ဘာမှ မစားဖြစ်တော့လို့။ 🙂
15/09/2026

အလုပ်ကိစ နဲ့ ခရီးသွားရင် Breakfast ကို သေချာ စားဖြစ်တယ်။

တနေကုန် Kitchen. ထဲ ေရာက်သွားရင် ဘာမှ မစားဖြစ်တော့လို့။ 🙂

မနက်ဖြန် ဆို trend က ကုန်ပြီ ဆိုတော့ ဟင်းချက်ရင်း အပြေးအလွှား လုပ်ထားကြည့်ရတာ။ အပြင်မှာလဲ အဲ့လောက်တော့ လှတယ်လို့ မှတ်ပေး...
11/09/2026

မနက်ဖြန် ဆို trend က ကုန်ပြီ ဆိုတော့ ဟင်းချက်ရင်း အပြေးအလွှား လုပ်ထားကြည့်ရတာ။

အပြင်မှာလဲ အဲ့လောက်တော့ လှတယ်လို့ မှတ်ပေးကြပါရှမ် 🙃
#ခါတော်မှီ
#၁၉၈၀

ထိုင်း ရောက်နေတဲ့ မြန်မာ မိတ်ဆွေတွေကို မေးချင်လို့..ထိုင်းက Jasmine ဆန်လို ဆန်မျိုးက Chef Yin တို် မြန်မာတွေ ထမင်းစားသလိ...
10/09/2026

ထိုင်း ရောက်နေတဲ့ မြန်မာ မိတ်ဆွေတွေကို မေးချင်လို့..

ထိုင်းက Jasmine ဆန်လို ဆန်မျိုးက Chef Yin တို် မြန်မာတွေ ထမင်းစားသလိုလေ.. ဇလုံကြီး ပန်းကန်ကြီးနဲ့ ချဥ်ရည်ဟင်းတွေ ဆီပြန်တွေ ငပိရည်တွေ အားရပါးရနယ်ဖတ်ပြီး စားလို့ အဆင်ပြေကြလားဟင်..

အဲ့လို စားဖြစ်ရင် တအားဖြူပြီး ဆိမ့်ပြီ အီသလားလို့ ...
မြန်မာဆန်တွေ တောင်ပြန် တို့ ဘာတို့က အဲ့လောက် အဆီမများဖူးလားလို့ 😶
တောင်ပြန် နဲ့ ချက်ရင် ထမင်းလေးလဲ ကော့ပြီး အဆီလဲ မများ လို့။ ကိုယ်ပဲ ငယ်ငယ်ထဲက တောင်ပြန်စားခဲ့လို့လားမသိဖူး။ ထိုင်းမှာရော မြန်မာဆန် တွေ ဝယ်လို့ရလားဟင်...
(ပုံထဲက ဆန်က ဆန်လုံးည်ုပါ။ နယ်သာလန်မှာ တော့ ဆန် မှန်သမျှ စျေးကြီးပါတယ်။ import မို့ ဘာဆန်စားစား နင့်နေအောင် ပေးရတာပါပဲ... ဂျပန်ဆန် ကိုရီးယားဆန် ဆူဏှီဆန်တွေကတော့ ပိုစျေးကြီးတာပေါ့လေ။
ဆီးချိုသမား ထမင်းအရမ်းကြိုက်လို စျေးကြီးလဲ ဆန်လုံးညို စားရတာ... အာလူးကတော့ ဘယ်လိုမှ မရှောင်နိုင်သေးဖူး အရမ်းကြိုက်လို့ )

ဘဲဥအာလူးချဥ်ရည်ဟင်း ချက်ပြီး ထမင်းစားရင် ဘဲဥ သုံးလုံး လောက် အားရပါးရနယ်ဖတ်စားနေလို့ ခုထိမချမ်းသာသေးတဲ့ Chef Yin 🙃

မြန်မာ့ ဆနွင်းမကင်း Sanwinmakin (Burmese semolina cake with coconut cream topped with pomegranate and figs)
04/09/2026

မြန်မာ့ ဆနွင်းမကင်း
Sanwinmakin (Burmese semolina cake with coconut cream topped with pomegranate and figs)

မန်ဒါလီဘဲငန်းဥ ရတုန်းလေး မုန့်ဟင်းခါး ချက်စားထားတာ။ ဘဲငန်းဥ တလုံးရဲ့ Size ကိုလဲ ကြည့်အုန်း 😃
03/09/2026

မန်ဒါလီဘဲငန်းဥ ရတုန်းလေး မုန့်ဟင်းခါး ချက်စားထားတာ။
ဘဲငန်းဥ တလုံးရဲ့ Size ကိုလဲ ကြည့်အုန်း 😃

27/08/2026

တော်ရုံကိစတွေ ဒီ ပေ့ချ်မှာ မပြောချင်ပေမယ့်..ဒါကြီးကတော့ လုံးဝမဖြစ်သင့်တာ။

ဘုန်းကြီးကျောင်း နဲ့ တအားနီးနေ ကပ်နေလို့ နှစ်ရာကျော် သက်တမ်းရင့် သစ်ပင်ကြီးကို ခုတ်ခိုင်းတာတဲ့...

အဲ့လောက် ဦးနှောက် level နဲ့ လူ... အဲ့လို လုပ်ခိုင်းတဲ့သူတွေ က လူထုခေါင်းဆောင်တွေ မဖြစ်သင့်ဖူး

27/08/2026

Chef တယောက် ဖြစ်ဖို့ ဘွဲ့ရမှ Culinary ကျောင်း ပြီးမှ မဟုတ်ပါ။ passion နဲ့ ကြိုးစားလေ့လာ ချင်စိတ်တွေ သာ Kitchen ထဲကို ယူလာပါ ။ နိုင်ငံ အရပ်ရပ်က Kitchen တွေထဲက ညီအစ်ကိုမောင်နှမ များက နှုတ်ဆက်ပါတယ်။
ငါ. . ဆိုတဲ့ မာန Ego တွေနဲ့
ရုပ်ရှင်တွေ Social media တွေမှာ glorfied လုပ်ထားတဲ့ reality နဲ့ မကိုက်တဲ့ expectation တွေကိုတော့ ထားခဲ့နိုင်ဖို့ လိုပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်ခန့်က Video လေးဖြစ်ပါတယ်။

Khant Hein Thu - Rangoon Tea House BKK
ShweSin HtetHtet Tun - Dubai
D Kar Bo - United states
Romeo Thu - Germany
Chefyin - The Netherlands

Adres

Amsterdam

Website

Meldingen

Wees de eerste die het weet en laat ons u een e-mail sturen wanneer Chef Yin nieuws en promoties plaatst. Uw e-mailadres wordt niet voor andere doeleinden gebruikt en u kunt zich op elk gewenst moment afmelden.

Snelkoppelingen

Uitgelicht

Delen

Categorie