The Flavors of Family- with Ei

The Flavors of Family- with Ei KoNge's beloved wife🤍
မိသားစုတွေအတူတူချက်စားဖြစ်တာလေးတွေကိုvideoအနေဖြင့်အမှတ်တရတင်ခြင်းသာဖြစ်ပါတယ်ရှင်🫶

12/10/2025

အုန်းနို့ပီလောပီနံပြင်😋 အီအီဆိမ့်ဆိမ့်နဲ့နတ်သုဒ္ဓါအရသာလို စားပြီးရင်းစားချင်နေတဲ့ ပီလောပီနံပေါင်းပေါ်အုန်းနို့အနှစ်တွေပြည့်နှက်နေတဲ့အရသာကတော့ ရှယ်ပဲဗျို့😋

(ပီလောပီနံကိုဂျစ်နဲ့ခြစ်တဲ့နေရာမှာ အတွင်းဘက်က အရိုးပါခြစ်မိလို့ ပီလောပီနံအရိုးအစလေးတွေပါသွားတာတော့ခွင့်လွှတ်နားလည်ပေးပါရှင် ကိုယ့်အိမ်စားမို့ ကျွန်မအတွက်အဆင်ပြေပေမဲ့ကြည့်ရှူ့သူတွေအဆင်မပြေမှာစိုးလို့ ကြိုပြီးပြောပြခြင်းဖြစ်ပါတယ်)
#အုန်းနို့ပီလောပီနံပြင်
#ပီလောပီနံပေါင်း
#အုန်းပြင်

09/10/2025

Warmly welcome To My Channel 🤍🫶

လွယ်ကူရိုးရှင်းပြီးတော့အရသာရှိတဲ့ ဟင်းလျာတွေ မုန့်တွေကို အိမ်မှာတင်ပဲ လုပ်စားလို့ရအောင် Ei ရဲ့ page မှာရော Channel မှာရော အမြဲမပြတ်ပုံမှန်တင်ဆက်ပေးနေပါတယ်ရှင်။

09/10/2025

အခုရက်ထဲနေပူလိုက်မိုးရွာလိုက်ဆိုတော့ လူကသိပ်မလန်း ဖျားချင်သလိုလို ဘာလိုလိုဆိုတော့ ပါးစပ်ထဲချဉ်ချဉ်စပ်စပ်စားချင်တာနဲ့ အာပူလျှာပူ ချဉ်ချဉ်စပ်စပ် ကြက်ဥဖောက်ချက်လေးချက်စားမယ်😋
ချဉ်ချဉ်စပ်စပ်လေးနဲ့ထမင်းမြိန်စေပြီး ချက်ရလည်းအရမ်းလွယ်ကူတော့ အဆင်ပြေနေရောပဲ😁 အဓိကက မပင်မပန်း ချက်ပြီး စားလို့ကောင်းဖို့ပဲလေနော်🫢
#ကြက်ဥဖောက်ချက်
#ချဉ်ချဉ်စပ်စပ်ကြက်ဥဖောက်ချက်

09/10/2025
06/10/2025

ဒီနေ့တော့အိမ်မှာ ငရုတ်သီးအကျက်မှုန့်ကုန်နေတာနဲ့ပဲ သန့်သန့်ရှင်းရှင်းနဲ့ငရုတ်သီးအကျက်မှုန့်လုပ်နည်းအပြင် ငရုတ်သီးအကြမ်းမှုန့်(ခွဲခြမ်းမှုန့်)လုပ်ဖြစ်တာလေး ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ရှင်
အိမ်ရှင်မတွေရော ကိုယ့်အိမ်မှာ သန့်ရှင်းတဲ့ ငရုတ်သီးအကျက်မှုန့်၊အစိမ်းမှုန့်၊ခွဲခြမ်းမှုန့် လုပ်နည်းလေးတွေရှိရင်လည်း မျှဝေပေးပါဦးရှင့်🫶
#ငရုတ်သီးအကျက်မှုန့်ပြုလုပ်နည်း
#ငရုတ်သီးမှုန့်
#ငရုတ်သီးခွဲခြမ်းမှုန့်ပြုလုပ်နည်း

03/10/2025

ဒီနေ့တော့ အလုပ်လည်းမရှုပ် မြန်မြန်ဆန်ဆန်လည်းစားလို့ရမဲ့ ထောပတ်ထမင်းနဲ့ဆိ တ်သားနှပ် ချက်စားပါမယ်ရှင်
ထောပတ်ထမင်းစားချင်နေတာကြာပြီ အလုပ်ရှုပ်ပြီး ချက်ရတာကြာမှာစိုးနေတာနဲ့ပဲမချက်စားဖြစ်ဘူး
အခုလိုလေးချက်စားတော့လည်း လွယ်ကူမြန်ဆန်သားပဲ😋🤤
#ထောပတ်ထမင်း
#ဆိတ်သားနှပ်

29/09/2025

ဟိုရက်က မာလာရှမ်းကောအနှစ်တွေအများကြီးလုပ်ထားတော့ အိမ်ကမိသားစုတွေက မာလာရှမ်းကော စားချင်တယ်ဆိုတာနဲ့ မာလာရှမ်းကောလုပ်‌ကျွေးဖြစ်တယ်ပေါ့နော် လုပ်ရတာ လက်ဝင်အလုပ်ရှုပ်ပေမဲ့ စားလို့ကောင်းပြီး အားလုံးကကြိုက်ကြတာမို့ ပင်ပန်းရကျိုးနပ်တာပေါ့ရှင်

ပါဝင်ပစ္စည်းများသည် ကျွန်မတို့အိမ်မှာချက်တဲ့အချိုးအစားဖြစ်တာကြောင့် အများနှင့် အချိုးအစားမတူတာမျိုးရှိနိုင်ပါသည်🙏
ပါဝင်ပစ္စည်းများကို လိုတိုး ပိုလျှော့ မိမိစိတ်ကြိုက်ပြုလုပ်နိုင်ပါသည်🙏

For Mala Xiang Guo paste
မာလာရှမ်းကောအနှစ်
- - - - - - - - - - - - - - - -
onions(400g)
ကြက်သွန်နီ ၂၅ကျပ်သား
garlic (100g)
ကြက်သွန်ဖြူ ၇ကျပ်သား
ginger (40g)
ဂျင်း၂ကျပ်ခွဲသား
dried bell pepper (160g)
ငရုတ်ပွတောင့် ၁၀သား
dried red chilli (100g)
ငရုတ်ရှည်တောင့်အစပ်၇ကျပ်သား
cinnamon sticks (5)
သစ်ဂျပိုးခေါက် အနေတော် ၅ခု
bay leaves (10)
ကရဝေးရွက်၁၀ရွက်
star anise (5)
နာနတ်ပွင့် ၅ပွင့်
cloves(15)
လေးညှင်းပွင့်၁၅ပွင့်
cardamom (10)
ဖာလာစေ့၁၀စေ့
5spice powder
၅မျိုးစပ်အမှုန့် ၁ထုပ်(လိုအပ်တဲ့ပစ္စည်းအစုံရှိရင်မထည့်သုံးလည်းရ)
Oil (160g)
ဆီ၁၀သား
Cumin (3tbsp)
ဇီယာထမင်းစားဇွန်း၃ဇွန်း
bean paste (or) PeNgaPi
ပဲငါးပိ ထမင်းစားဇွန်း၄ဇွန်း(4tbsp)
sugar (2tbsp)
သကြား ထမင်းစားဇွန်း၂ဇွန်း
salt (2tbsp)
ဆားထမင်းစားဇွန်း၂ဇွန်း
Sesame seeds (5tbsp)
နှမ်းထမင်းစားဇွန်း၅ဇွန်း

For Mala Xiang Guo recipe
မာလာရှမ်းကောပြုလုပ်ရန်
- - - - - - - - - - - - - -
sliced chicken (800g)
ပါးပါးလှီးထားသောကြက်သား၅၀သား
prawns(800g)
ပုစွန်၅၀သား
seasoning powder (1tsp)
ဟင်းခတ်မှုန့် လက်ဖက်စားဇွန်း၁ဇွန်း
light soy sauce (2tbsp)
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း၂ဇွန်း
oyster sauce (2tbsp)
ခရုဆီ ထမင်းစားဇွန်း၂ဇွန်း
pink salt (0.5tsp)
ဆား လက်ဖက်စားဇွန်းတစ်ဝက်

(မာလာရှမ်းကောပြုလုပ်ရာတွင်ပါဝင်ပစ္စည်းများသည် မိမိစိတ်ကြိုက် အနည်း ၊အများ ထည့်နိုင်ပါသည်)
Noodles
ခေါက်ဆွဲ
oil(2tbsp)
ဆီ ထမင်းစားဇွန်း၂ဇွန်း
Mala noodles sticks
ခေါက်ဆွဲချောင်း
Water spinach
ကန်စွန်းရွက်
Chinese cabbage
မုန်ညှင်းဖြူ
Bok choy
မုန်ညှင်းစိမ်း
Cauliflower
ပန်းဂေါ်ဖီ
Corn
ပြောင်းဖူး
Carrot
မုန်လာဥနီ
Potatoe
အာလူး
Enoki mushroom
အပ်မှို
Chicken sausage and mushroom meat ball
ကြက်အူချောင်းနဲ့ကြက်မှိုလုံး
Peanut
မြေပဲ
Red chilli spices
ငရုတ်ရှည်တောင့်
Sesame
နှမ်းလှော်
Coriander leaves
နံနံပင်
Seasoning powder
ဟင်းခတ်မှုန့်
Light soy sauce
ပဲငံပြာရည်အကြည်

မာလာအနှစ်တွေအများကြီးချက်ထားတုန်း မာလာရှမ်းကော လုပ်စားဖြစ်တာလေး🤤😋 #မာလာရှမ်းကော
29/09/2025

မာလာအနှစ်တွေအများကြီးချက်ထားတုန်း မာလာရှမ်းကော လုပ်စားဖြစ်တာလေး🤤😋
#မာလာရှမ်းကော

26/09/2025

အိမ်မှာမာလာရှမ်းကောကြိုက်နှစ်သက်တဲ့သူရှိရင် မာလာရှမ်းကောအနှစ်လေးသာလုပ်ထား ဘာလေးနဲ့တွဲစားစား စားလို့ကောင်းနေရော
မာလာရှမ်းကော လုပ်စားမှာမို့ မာလာရှမ်းကောအနှစ်ပြုလုပ်ရင်း လုပ်နည်းလေးပြန်လည်မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများသည် ကျွန်မတို့အိမ်မှာချက်တဲ့အချိုးအစားဖြစ်တာကြောင့် အများနှင့် အချိုးအစားမတူတာမျိုးရှိနိုင်ပါသည်🙏
ပါဝင်ပစ္စည်းများကို လိုတိုး ပိုလျှော့ မိမိစိတ်ကြိုက်ပြုလုပ်နိုင်ပါသည်🙏

For Mala Xiang Guo paste
မာလာရှမ်းကောအနှစ်
- - - - - - - - - - - - - - - -
onions(400g)
ကြက်သွန်နီ ၂၅ကျပ်သား
garlic (100g)
ကြက်သွန်ဖြူ ၇ကျပ်သား
ginger (40g)
ဂျင်း၂ကျပ်ခွဲသား
dried bell pepper (160g)
ငရုတ်ပွတောင့် ၁၀သား
dried red chilli (100g)
ငရုတ်ရှည်တောင့်အစပ်၇ကျပ်သား
cinnamon sticks (5)
သစ်ဂျပိုးခေါက် အနေတော် ၅ခု
bay leaves (10)
ကရဝေးရွက်၁၀ရွက်
star anise (5)
နာနတ်ပွင့် ၅ပွင့်
cloves(15)
လေးညှင်းပွင့်၁၅ပွင့်
cardamom (10)
ဖာလာစေ့၁၀စေ့
5spice powder
၅မျိုးစပ်အမှုန့် ၁ထုပ်(လိုအပ်တဲ့ပစ္စည်းအစုံရှိရင်မထည့်သုံးလည်းရ)
Oil (160g)
ဆီ၁၀သား
Cumin (3tbsp)
ဇီယာထမင်းစားဇွန်း၃ဇွန်း
bean paste (or) PeNgaPi
ပဲငါးပိ ထမင်းစားဇွန်း၄ဇွန်း(4tbsp)
sugar (2tbsp)
သကြား ထမင်းစားဇွန်း၂ဇွန်း
salt (2tbsp)
ဆားထမင်းစားဇွန်း၂ဇွန်း
Sesame seeds (5tbsp)
နှမ်းထမင်းစားဇွန်း၅ဇွန်း

#မာလာရှမ်းကောအနှစ်ပြုလုပ်နည်း
#မာလာရှမ်းကော
#မာလာအနှစ်

22/09/2025

ဂဏန်းမဆလာချဉ်စပ်ချက်စားမယ်
ဂဏန်းကလတ်ဆတ်တော့လေ ဂဏန်းသားလေးကချိုပြီး အနှစ်အရသာက ချဉ်စပ်လေးဆိုတော့ စားလို့ကောင်းနေရောပဲ😋🤤
#ဂဏန်း
#ဂဏန်းမဆလာချဉ်စပ်
#ဂဏန်းချဉ်စပ်

လက်အိတ်အသုံးပြုတဲ့နေရာမှာ အသုပ်နယ်တာနဲ့ ငါးပိ၊ငံပြာရည်၊ မျှင်ငပိ တို့လိုအနံ့စွဲစေတဲ့အရာတွေကို ကိုင်တွယ်မှသာအသုံးပြုသင့်တ...
19/09/2025

လက်အိတ်အသုံးပြုတဲ့နေရာမှာ အသုပ်နယ်တာနဲ့ ငါးပိ၊ငံပြာရည်၊ မျှင်ငပိ တို့လိုအနံ့စွဲစေတဲ့အရာတွေကို ကိုင်တွယ်မှသာအသုံးပြုသင့်တယ်
ကိုယ့်လက်ကို သေချာသန့်စင်အောင်ဆေးကြောပြီး အစားအစာတွေကိုင်တွယ် တာကပိုပြီးအသင့်လျော်ဆုံးပါပဲ

ကျွန်တော်တို့ မြန်မာ လူမျိုးများနဲ့ဟင်းချက်ရင်ဝတ်စေချင်တဲ့လက်အိတ် အကြောင်း

လက်အိတ်-စွပ်ပြီးဟင်းချက်မှသန့်ရှင်းတယ်လို့မြန်မာလူမျိုးအပြင် အခြားနိုင်ငံကလူအများစုကထင်ကြပါတယ်

လက်အိတ်-ဆိုတာက personal protection အတွက်ဝတ်ရတာပါ ဥပမာ လက်မှာ ထိရှဒဏ်ရာရှိနေလို့ ဟင်းချက်/အသား/ငါးကိုင်ရင် ဝတ်ရတယ် အကြောင်းက အသားငါး ဟင်းတွေကနေလူရဲ့အနာကို ပိုးမွားဝင်တာ infection ဖြစ်တာတွေမဖြစ်စေဖို့ဝတ်ရတာပါ

လက်အိတ်-ဝတ်ထားရင်လက်အိတ်မှာ ဆော့ လိုမျိုးတစ်ခုခုကပ်နေတယ်ဆိုရင်တောင် လက်ဗလာနဲ့လူလိုခံစားမသိနိုင်တဲ့အတွက် မျက်လုံးနဲ့မြင်မှဘဲလက်ဆေးဖြစ်မှာပါ လက်ဗလာနဲ့ဆို တစ်ခုခုပေနေတဲ့အခါစေးကပ်ကပ်ဖြစ်နေတာမျိုးဆို ချက်ချင်းလက်ဆေးဖြစ်မှာပါ

လက်အိတ်-ဝတ်ပြီးမီးဖိုချောင်မှာ ဓားကိုင် လှီးတဲ့အခါ ဘယ်လိုဘဲ fit ဖြစ်တဲ့လက်အိတ်ဘဲပြောပြော လက်ချောင်းထိပ်လက်အိတ်အစလေးတွေပိုနေတတ်ပါတယ် အဲ့လိုပိုတဲ့အစလေးတွေကိုဓားနဲ့လှီးမိပြီး အစားအစာထဲပါသွားတတ်ပါတယ်

လက်အိတ်-အရောင်တွေရှိတဲ့အထဲမှာမှ kitchen ထဲမှာဝတ်ရမယ်ဆိုရင်တောင် အပြာကိုဘဲဝတ်ရပါတယ် အခုနောက်ပိုင်းမှာ မြင်နေရတဲ့လက်အိတ်အမဲတွေမဝတ်သင့်ပါဘူး ဘာလို့ဆို အပေါ်ကပြောခဲ့သလို အစားအစာတွေထဲလှီးမိပြီးပါသွားရင်အပြာရောင်ဆိုတော့ထင်းပြီးမြင်နေရအောင်ပါ

လက်အိတ်-ဝတ်ပြီး kitchen ထဲမှာ အလုပ်လုပ်ခဲ့မယ်ဆိုရင် လက်အိတ်ကို tasksတစ်ခုနဲ့တစ်ခုပြောင်းတာနဲ့ လက်အိတ် အသစ်လဲရပါမယ် လက်အိတ်ဝတ်ပြီး လုပ်မယ့်အစား tasks တစ်ခုနဲ့တစ်ခုပြောင်းရင်လက်ဆေးတဲ့အကျင့်လုပ်တာက ပိုထိရောက်ပြီး logical ဖြစ်ပါတယ်

အဲ့တော့ လက်အိတ်ဝတ်ပြီးမချက်ဘူးလားမေးရင် ဟို video ထဲကကလေးနှစ်ယောက်ပြောလို လက်အိတ်လဲမဝတ်ဘူးမပြောနဲ့ ဒါကျွန်တော်တို့စားမှာခဗျားတို့စားမှာမဟုတ်ဘူးကိုယ့်ဟာကိုအိမ်မှာလုပ်စားမှလက်အိတ်ဝတ်ပြီးချက်ကြလို့ပြောခံရပါမယ် 😅

18/09/2025

ဟင်းချက်ရာမှာမပါမဖြစ် အသုံးပြုကြတဲ့ ငရုတ်သီးအစိမ်းမှုန့်၊ငရုတ်သီးအနှစ်ပြုလုပ်နည်းလေးပါရှင်
အိမ်မှာအသုံးပြုရင်းကုန်ခါနီးနေပြီဆိုတော့ အိမ်အတွက်လုပ်ရင်း မျှဝေပေးလိုက်ပါတယ်
#ငရုတ်သီးအစိမ်းမှုန့်
#ငရုတ်သီးအနှစ်

Address

Bush Road
Yangon
0632

Website

Alerts

Be the first to know and let us send you an email when The Flavors of Family- with Ei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share