30/03/2026
Harbin-China Normal University Night Market
ဘေကျင်းကနေ အမြန်ရထားစီးပြီး ဟာဘင်းကိုရောက်တော့ ဟိုတယ်မှာ check in ဝင်ပြီး တာနဲ့ ဟိုတယ်နဲ့သိပ်မဝေးတဲ့ Normal University Night Market ကိုသွားကြပါတယ်။ ဟာဘင်းမှာ ညနေ ၃-၄နာရီလောက်ဆို နေဝင်သွားပြီး အအေးပိုကဲလာပါတယ်။ အေးလွန်းလို့ ဗီဒီယိုရိုက်ဖို့သုံးနေတဲ့ Selfie Stick ရဲ့ Blue Tooth Remote ကအလုပ်မလုပ်တော့ပါဘူး။ ကင်မရာကိုကိုင်ထားရတဲ့ လက်ကလည်း လက်အိတ်ဝတ်ထားတာတောင်မှ အေးခဲတက်လာပါတယ်။ အဲဒါနဲ့ အကုန်လုံးအိတ်ထဲပြန်ထည့်သိမ်းပြီး လက်ကိုလည်း အနွေးထည် အင်္ကျီရဲ့အိတ်ကပ်ထဲကိုထည့်ထားရပါတယ်။ ဗီဒီယိုကိုလည်းအဆုံးအထိဆက်မရိုက်နိုင်တော့ပါဘူး။
စီးလာတဲ့ဖိနပ်တွေကလည်း ရိုးရိုး walking shoe တွေပဲဆိုတော့ အအေးဒဏ်ကိုကြာကြာမခံနိုင်ပါဘူး။ ခြေဖျားတွေအေးစက်ထုံကျင်လာလို့ Night Market ရဲ့အဝင်ဝမှာ တွေ့ခဲ့တဲ့ Winter Shoe တွေရောင်းတဲ့ဆိုင်ကို ပြေးပြီး ဖိနပ်သွားဝယ်စီးကြရပါတယ်။ ဖိနပ်ဝယ်ပြီးတော့ဆက်ပြီးမနေနိုင်ကြတော့ Taxi ခေါ်ပြီး ဟိုတယ်ကိုမြန်မြန်ပြန်ပြေးခဲ့ကြရတဲ့ ဟာဘင်းက အမှတ်တရ အတွေ့အကြုံ ကလေးပါ။
After arriving in Harbin by high-speed train from Beijing, we checked into our hotel and then headed to the Normal University Night Market, which was not far from our hotel.
In Harbin, the sun sets quite early around 3–4 PM, and it gets much colder after that. It was so cold that the Bluetooth remote of my selfie stick stopped working. Even though I was wearing gloves, my hands holding the camera started to freeze.
So, we had to put everything back into our bags and keep our hands inside our coat pockets to stay warm. In the end, we couldn’t continue filming the video.
The shoes we were wearing were just regular walking shoes, so they couldn’t handle the extreme cold for long. Our toes started to feel numb from the cold, so we quickly ran to a winter shoe shop we saw at the entrance of the night market and bought new shoes.
After buying the shoes, we still couldn’t stay outside for long, so we called a taxi and rushed back to the hotel. It was definitely a memorable experience in Harbin.
After arriving in Harbin by high-speed train from Beijing, we checked into our hotel and then headed to the Normal University Night Market, which was not far...