07/12/2025
တရုတ်နိုင်ငံရဲ့မြို့တော် ဘေကျင်းကိုရောက်တုန်းမှာ ဘေကျင်းမြို့ရဲ့ထင်ရှားတဲ့နေရာနှစ်ခုဖြစ်တဲ့ Tiananmen Square နဲ့ Forbidden City ကိုသွားလည်ဖို့ Beijing Subway စီးရတဲ့အတွေ့အကြုံလည်းရအောင် ရထားစီးပြီးသွားခဲ့ကြပါတယ်။ 🚈
ဆင်းရတဲ့ဘူတာရုံမှာ Tiananmen Square ကိုသွားဖို့ Exit D ကနေထွက်ရ မယ်ဆိုလို့ ထွက်ခဲ့ပေမဲ့ အပြင်ရောက်တော့ Tiananmen Square ဆိုင်းဘုတ်မတွေ့တာနဲ့ လှည့်ပတ်ကြည့်တော့ ကားလမ်းမကြီးရဲ့ဟိုဘက်မှာ လူတွေတန်းစီနေတာတွေ့တယ်။ ကားလမ်းမကြီးကအကျယ်ကြီးပဲ၊ ကူးတဲ့နေရာလည်းမတွေ့လို့မေးကြည့်တော့၊ ဘူတာရုံထဲမှာရှိတဲ့မြေအောက်လမ်းကနေ သွားရတယ်ဆိုတော့၊ မြေအောက်လမ်းကနေ ဟိုဘက်ကားလမ်းကိုသွား၊ လက်မှတ်ဂိတ်ကိုဖြတ်ပြီးအထဲရောက်တော့မှ Tiananmen Square ကဟိုဘက်ကားလမ်းမှာဖြစ်နေပြန်ရော။ 😁
အထဲမှာလည်းဟိုဘက်ဒီဘက်ကူးတဲ့မြေအောက်လမ်းရှိနေတော့ တစ်ခါ ဟိုဘက်ကိုပြန်သွား။ Tiananmen Square ကိုလည်လို့ပြီးတော့ Forbidden City ကိုသွားဖို့ နောက်ထပ်တစ်ခါ မြေအောက်လမ်းကပြန်ကူး။ ကားလမ်းကူးနေတာနဲ့တင် အချိန်တော်တော် ကုန်သွားခဲ့တယ်။ တရုတ်စကားမတတ်ရင် မေးမြန်းရတာလဲမလွယ်ကူတဲ့အတွက် ဒီနေရာတွေကိုသွားမယ်ဆိုရင် ကြိုတင်ပြီးကြည့်ထားလို့ရအောင် ဗီဒီယိုထဲမှာ မြေပုံကြမ်းလေးနဲ့ရှင်းပြပေးထားပါတယ်။ ဒီနေရာကိုသွားလည်ကြမယ့် သူတွေအတွက်၊ အထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
During our trip to Beijing, the capital of China, we wanted to visit two of the city’s most iconic landmarks—Tiananmen Square and the Forbidden City. To experience the local way of getting around, we decided to take the Beijing Subway. 🚈
We got off at the station and followed the signs that said to use Exit D for Tiananmen Square. But once we came outside, we couldn’t find any signs pointing to the square. After looking around, we noticed a long line of people on the other side of the main road. The road was huge, and there was no pedestrian crossing in sight. When we asked someone, they told us we had to go back into the station and use the underground passage to reach the other side. Only after passing through the ticket checkpoint inside did we realize Tiananmen Square was actually on the opposite side of the road. 😁
There was another underground passages inside, so we had to cross again to get to the correct side. After visiting Tiananmen Square, we had to use the underground passage once more to walk over to the Forbidden City. Ended up we crossed the road through subway 3 times and spent quite a time over there! And if you don’t speak Chinese, asking for directions can be a bit challenging.
To make it easier for anyone visiting these places, we’ve included a simple map in the video to help guide you. Enjoy the video and hope it helps with your trip planning!
🌏 Affiliate Travel Links လက်မှတ်ဝယ်ရန် လင့်ခ်များ🚗 Tiananmen Square & Forbidden City Tours: https://www.getyourguide.com/s/?q=tiananmen+square+and+forbidde...