As Y travel

As Y travel Travel & Educational consultant
PhD student & researcher in Tourism, Portugal 🇵🇹
Director of SYE Travel & Tour

ကိုယ်လျောက်ပေးတဲ့ သူတွေ ဗီဇာရရင် ကိုယ်ရသလိုပဲ ပျော်ရတယ် ☺️ မနှစ်ကရောက်တဲ့သူတွေလည်း အလုပ်ကိုင်အဆင်ပြေကြတယ်ဆိုလဲ စိတ်ချမ်း...
29/09/2026

ကိုယ်လျောက်ပေးတဲ့ သူတွေ ဗီဇာရရင် ကိုယ်ရသလိုပဲ ပျော်ရတယ် ☺️

မနှစ်ကရောက်တဲ့သူတွေလည်း အလုပ်ကိုင်အဆင်ပြေကြတယ်ဆိုလဲ စိတ်ချမ်းသာရတယ်။

Welcome to Portugal 🇵🇹

🇪🇸စပိန်နိုင်ငံရဲ့ ကစားကွင်း အတွေ့ကြုံ🎠Europe ရောက်ပြီးမှ ပထမဆုံး ကစားကွင်းရောက်ဖြစ်တာပဲ။ ကစားကွင်းက ထိုင်းက Dream world ...
28/09/2026

🇪🇸စပိန်နိုင်ငံရဲ့ ကစားကွင်း အတွေ့ကြုံ🎠

Europe ရောက်ပြီးမှ ပထမဆုံး ကစားကွင်းရောက်ဖြစ်တာပဲ။ ကစားကွင်းက ထိုင်းက Dream world နဲ့ Siam park ကို ပေါင်းထားတာနဲ့ အတော်ပုံစံတူတယ်။

စက်တွေကတော့ ဒီက ပိုကြီးပြီး ပိုကောင်းတယ်။
ရိုလာကိုစတာက အတော်ကြီးကို ကြီးတာ။ 🎢

ဝင်ကြေး: 25€ (ရေဆော့တဲ့ဖက်ပါရင် +16€)
ဖွင့်ချိန် : နေ့လည် ၁၂ နာရီကနေ - ည ၁၁ နာရီ ထိ ဖွင့်တယ်။
ဝင်ကြေး၊ ဖွင့်ချိန်နဲ့ နေ့ရက်က ရာသီအလိုက် ပြောင်းတယ်။

ခုချိန်က နွေကုန်ပီဆိုတော့ လူသိပ်မများတော့ဘူး။ တန်းသိပ်မစီရဘူး။ အေးဆေး ဆော့လ်ု့ရတယ်။ နွေဆိုရင်တော့ လူတအားများ..

အသက်လေး ရလာတော့ .. ငယ်ငယ်ကလို ကစားကွင်း ပိတ်ချိန်ထိ မနေနိုင်တော့ဘူး😁.. တစ်ပတ်လောက် ပတ်ဆော့ပြီး ခြေကုန် လက်ပန်းကျ လို့ show ပွဲတွေတောင် မကြည့်နိုင်တော့ပဲ ပြန်ရတယ်။ 🥴

ဆော့စရာရှိတာ၊ ကဲစရာရှိတာ.. ငယ်တုန်း ဆော့ထား၊ ကဲထား ကျပါ😅

28/09/2026

🇪🇸စပိန်ရဲ့ ကစားကွင်း 🎢
ရိုလာကိုစတာက ရှယ်ကြမ်းပဲ 😬

မနေ့က မြားသွားပစ် 🏹 လေးတောင် မနည်း.. တင်ရတယ် 😁
26/09/2026

မနေ့က မြားသွားပစ် 🏹
လေးတောင် မနည်း.. တင်ရတယ် 😁

ကိုယ်ထိုင်နေကျ ..ဆိုင်လေး။ရှုခင်းလေးနဲ့ vibes လေး ကြိုက်လို့..
23/09/2026

ကိုယ်ထိုင်နေကျ ..ဆိုင်လေး။
ရှုခင်းလေးနဲ့ vibes လေး ကြိုက်လို့..

🎶 Enjoy every moment of life, just breatheFeel the love, the joy you needEnjoy every moment of life, stay brightLittle t...
23/09/2026

🎶 Enjoy every moment of life, just breathe
Feel the love, the joy you need
Enjoy every moment of life, stay bright
Little things make it feel so right 🎵

🐉 နဂါးနှစ်ဖွား Virgo ♍️
22/09/2026

🐉 နဂါးနှစ်ဖွား Virgo ♍️

ပေါ်တူဂီနိုင်ငံ ရဲ့ စျေးနေ့ ..ကိုယ်တွေ နယ်ဖက်တွေမှာ စျေးနေ့ရှိသလို ဒီမှာလဲ စျေးနေ့ ရှိတယ်။ ဥပမာ.. လတစ်လရဲ့ ပထမဆုံး တနင်္...
13/09/2026

ပေါ်တူဂီနိုင်ငံ ရဲ့ စျေးနေ့ ..

ကိုယ်တွေ နယ်ဖက်တွေမှာ စျေးနေ့ရှိသလို ဒီမှာလဲ စျေးနေ့ ရှိတယ်။

ဥပမာ.. လတစ်လရဲ့ ပထမဆုံး တနင်္ဂနွေဆို ဘယ်စျေးမှာ ဘာတွေရောင်းတယ် ဆိုတာမျိုးပေါ့။

သူက ပွဲစျေးတွေလ်ု ကြေငြာထားတာမရှိဘူး။ ဒီက နယ်ခံတွေက သိတယ်။ ကြေငြာ မလို။

နှစ်ပေါင်းများစွာ ရိုးရာလိုပဲ။
ဒီတပတ် စနေနေ့ကတော့ ငရုတ်ဆီရောင်းတဲ့ပွဲတဲ့။

တောင်ပေါ်ဖက်မှာ နေတဲ့သူတွေက အဲ့စျေးနေ့ဆို စျေးထဲ လာပြီး ငရုတ်ဆီ (သူတို့ဒေသရဲ့ နာမည်ကြီး)
ရောင်းကြတယ်။ တခြားကုန်တွေလဲ ပါတာပေါ့။

သူ့ ငရုတ်ဆီက အထူးဆန်း။ ရှယ်စပ်တာ။ နောက်မှ သပ်သပ်ပြမယ်။
#ပေါ်တူဂီ

🎓ဥရောပရဲ့ ကျောင်းဖွင့်ရာသီ ရောက်ပါပြီ ………ဒီနေ့ ယွန်းတို့ university ရဲ့ “Fresher welcome day” ပါ။ International ကျောင်းသ...
10/09/2026

🎓ဥရောပရဲ့ ကျောင်းဖွင့်ရာသီ ရောက်ပါပြီ
………

ဒီနေ့ ယွန်းတို့ university ရဲ့ “Fresher welcome day” ပါ။

International ကျောင်းသားတွေပဲ တစ်စု လုပ်ပေးတဲ့နေ့ဆိုတော့ Bachelor ကနေ PhD ထိ မေဂျာစုံကျောင်းသား ၂၀၀ ကျော်လောက်တော့ လာကြတယ်။

အဲ့အထဲ ကိုယ်အပါမှ Asian က ၃ ယောက်လောက်ပဲ ရှိတယ်။ ကျန်တာက တခြား ဥရောပနိုင်ငံနဲ့ US က ကျောင်းသားတွေ များတယ်။

ဒီက ကျောင်းသားတွေ ကြည့်ရတာ အရမ်းအားရစရာကောင်းတယ်။
ဘာကို သတိထားမိလဲဆိုတော့…တစ်ဦးချင်းစီရဲ့ individual personality ကို မြင်ရတယ်။

ပြောချင်တာက “လောင်းရိပ် မိ မနေဘူး”။

တက်တူးထိုးထားတဲ့သူတွေလဲ ရှိတယ်။
ဘောင်းဘီတို စကတ်ပေါင်တိုလေးတွေကတော့ ထည့်ပြောမနေနဲ့တော့။

ဒါတွေက သူတို့ personality ကို ပျောက်မသွားစေဘူး။ မရိုင်းနေဘူး။
ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိတဲ့ ဟန်ပန်တွေ၊ တက်ကြွမှုတွေ၊ ဥာဏ်ရည်ထက်မြက်မှုတွေက အရမ်းကို ပေါ်လွင်တယ်။

ကိုယ်တွေဆီက ကျောင်းသားတွေဆို ပုံစံခွက်နဲ့ ရိုက်ထုတ်လိုက်တဲ့ အတိုင်းပဲ။
“ဒါ မလုပ်ရဘူး၊ ဟို မသွားရဘူး၊ ဒီလို မဝတ်ရဘူး” ဆိုတဲ့ … ဆို ဆုံးမမှုအောက်တွေမှာ ကိုယ်ပိုင်ဟန်တွေ၊ အတွေးခေါ်တွေကို ငယ်ငယ်ထဲက ပုံသွင်းခံရတယ်။

လမ်းမှား မရောက်စေဖို့ စေတနာနဲ့ တားမြစ်မှုတွေက.. လွန်ကဲတဲ့အခါ လူငယ်တွေကို “လောင်းရိပ်.. ကျစေတတ်တယ်” ။
စက်ဘီးစီးသင်သလိုပဲပေါ့… လွှတ်ပေးလိုက်ပါ။ အချိန်တန်တော့.. သူဖာသာ ဟန်ချက်ကို ထိန်းတတ်သွားပါလိမ့်မယ်။

iPhone 18pro က Europe မှာဆို 1499€ ကနေစတယ်။ ဒေါ်လာနဲ့ဆို 1745$ လောက် ကျတယ်။ ဖုန်းတစ်လုံးကို 500$ လောက် ပိုပေးရတယ်။ လျှပ်...
10/09/2026

iPhone 18pro က Europe မှာဆို 1499€ ကနေစတယ်။ ဒေါ်လာနဲ့ဆို 1745$ လောက် ကျတယ်။ ဖုန်းတစ်လုံးကို 500$ လောက် ပိုပေးရတယ်။

လျှပ်စစ်ပစ္စည်းတွေက ဥရောပမှာ စျေးကြီးတယ်။ Tax များတာရော၊ အိမ်သုံးပစ္စည်းတွေဆို သတ်မှတ်ချက်များတာရောနဲ့ ဒီရောက်ရင် စျေးကြီး ကုန်ရော။

Europe လာမယ်ဆို ဖုန်းတွေ ၊ ကွန်ပျူတာတွေ တခါတည်း ဝယ်လာခဲ့ကြပါ 😁

Address


Alerts

Be the first to know and let us send you an email when As Y travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to As Y travel:

  • Want your business to be the top-listed Media Company?

Share