Thit Khat

Thit Khat Wander Together, Wonder Forever

ကိုယ်တွေ အခု ခဏငှါးနေတဲ့ Condo ကနေမြင်ရတဲ့ မြင်ကွင်းလေး 🌇 KL မှာ အဆင်ပြေတာက အခုလို Condo room ကောင်းကောင်းတွေ ရက်တိုငှါး...
08/10/2025

ကိုယ်တွေ အခု ခဏငှါးနေတဲ့ Condo ကနေမြင်ရတဲ့ မြင်ကွင်းလေး 🌇
KL မှာ အဆင်ပြေတာက အခုလို Condo room ကောင်းကောင်းတွေ ရက်တိုငှါးလို့ရတာပဲ
မနက်တိုင်း ရထားသံတွေ ငှက်သံတွေ ပုံမှန်ကြားနေရ 🚅🇲🇾

KLCC ကနေ ဘယ်ကိုထပ်သွားမယ်ထင်လဲဗျ 🇲🇾 🚆 TRAIN TO ??????
04/10/2025

KLCC ကနေ ဘယ်ကိုထပ်သွားမယ်ထင်လဲဗျ 🇲🇾
🚆 TRAIN TO ??????




ကိုယ်က Singapore ကို တပတ်လောက်ပဲအလည်အပတ်သွားဖို့ရှိမယ် ၊ ရောက်တုန်းလေး နေရာစုံအောင်ကို Public Transport နဲ့လျောက်သွားဖို...
30/09/2025

ကိုယ်က Singapore ကို တပတ်လောက်ပဲအလည်အပတ်သွားဖို့ရှိမယ် ၊ ရောက်တုန်းလေး နေရာစုံအောင်ကို Public Transport နဲ့လျောက်သွားဖို့လည်းစီစဉ်နေတယ်ဆို ဒီ Singapore Tourist Pass လေးက အထောက်အကူဖြစ်မှာပါ။

Singapore Tourist Pass(STP) ဆိုတာ MRT 🚇၊ LRT 🚈 နဲ့ Public Bus 🚌 တွေကို unlimited rides သုံးနိုင်တဲ့ Transport Card ပါ။
ကျွန်တော်တို့ မိသားစုခရီးအတွက် Singapore ကို အလည်သွားဖို့စီစဉ်ထဲက STP Cardလေးအကြောင်းကို YouTube vlog တခုကနေတွေ့ထားပြီးသဘောကျနေတော့ ကိုယ်လည်း Singapore ရောက်ရော ဒီ Card လေး Family အတွက် ၀ယ်ဖြစ်တယ်။ ကျွန်တော်တို့ကတော့ Singapore မှာ ၄ ညအိပ် ၅ ရက်ခရီးဆိုတော့ တကယ်လည်မယ့် ၃ရက်အတွက်ကို 3 Day Pass Card 💳 လေး၀ယ်ဖြစ်သွားတယ် ။
အဆင်ပြေသွားတာက ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးအတွက်ပဲ 3 Day Pass Card ဖိုး SGD 29 per person ဆိုတော့ 2 ကတ်စာ SGD 58ပဲပေးခဲ့ရပြီး သမီးလေးအတွက် ဘာ feeမှပေးစရာမလိုပဲ သူ့အတွက်ကလေးကတ်လေးပေးလိုက်တယ်ဗျ သမီး Passport and Ageတော့ပြောပေးရတယ် သမီးလေးက 5နှစ်ပြည့်ခါနီးဆိုတော့ ကြည့်ရတာ 5နှစ်အောက်တွေကို free Card ပေးတာထင်ပါတယ်။
ကျွန်တော် STP Broucher လေး ဓာတ်ပုံရိုက်ပေးပြီးတင်ပေးထားတယ် Package ဈေးနှုန်းတွေ ဘယ်မှာ၀ယ်လို့ရမလဲဆိုတာတွေပါပါတယ် အသေးစိတ်ကိုလည်း ပုံတပုံချင်းအောက်မှာ ရေးပြီး တင်ပေးထားပါတယ်ဗျ။
သိချင်တာ နားမလည်တာရှိရင် Comment မှာမေးလို့ရပါတယ် ကျွန်တော်သိသလောက်ဖြေပေးထားမယ်ဗျ။




Hello Lamp Bear 🐻  🧳✈️📷🧑‍🧑‍🧒
25/09/2025

Hello Lamp Bear 🐻

🧳✈️📷🧑‍🧑‍🧒


Singapore is calling 🧳🇸🇬 🧳✈️📷🧑‍🧑‍🧒
25/09/2025

Singapore is calling 🧳🇸🇬

🧳✈️📷🧑‍🧑‍🧒

Reflections of beauty at Katara 📷         🧳✈️📷🧑‍🧑‍🧒
24/09/2025

Reflections of beauty at Katara 📷



🧳✈️📷🧑‍🧑‍🧒

မလေးရှား Evisa ကို Online ကနေ ကိုယ်ဘာသာကိုယ်လျောက်ဖို့ဘာတွေလိုမလဲ ???? အရင်ဦးဆုံး Visa လျောက်ဖို့အတွက်လိုအပ်တာလေးတွေကြို...
22/09/2025

မလေးရှား Evisa ကို Online ကနေ ကိုယ်ဘာသာကိုယ်လျောက်ဖို့ဘာတွေလိုမလဲ ????
အရင်ဦးဆုံး Visa လျောက်ဖို့အတွက်လိုအပ်တာလေးတွေကြိုပြင်ထားတာ ပိုကောင်းပါတယ် ။
အများကြီးတော့မလိုပါဘူးဗျ ဒီ Documents တွေက Agent ဆီကလျောက်လည်း ကိုယ်ကပေးရမှာပါ လျောက်ပေးတဲ့ Agent တွေပေါ်မူတည်ပြီး လိုအပ်ချက်အနည်းအများရှိမှာပါခင်ဗျာ
1. PASSPORT 🛂
Passport စာအုပ်ရှေ့မျက်နှာကို ဓာတ်ပုံရိုက်ထားရမယ် (ပုံကရွဲ့တာ စောင်းတာတွေမရ အကယ်၍ကိုယ့်မှာ PDFရှိရင် JPEG format ပြောင်းထားပေးရမယ် )
2. Licence Photo Soft Copy တပုံ ( Evisa လျောက်ရမယ့် Website မှာ ပုံကို ဘယ်Sizeတွေရိုက်ရမယ် မျက်မှန်တပ်ထားတာမျိုးမဖြစ်ရဘူးတို့ နောက်ခံကအဖြူရောင်ဖြစ်ရမယ်တို့ အစရှိသည်ဖြင့် အသေးစိတ်ရေးပေးထားပါတယ် )
3. Flight Ticket or Bus Ticket ✈️
ဓာတ်ပုံကိစ္စတွေပြီးရင်တော့ Malaysia ကို သွားမယ့် လေယာဉ်လက်မှတ် (အသွားအပြန်) / ကျွန်တော်တို့ကတော့ Singapore ကိုအလည်အပတ်ပြီးတာနဲ့ Malaysia ကို Bus နဲ့သွားမှာဆိုတော့ Singapore to Malaysia Bus Ticket နဲ့ Malaysia to Myanmar အပြန် လေယာဉ်လက်မှတ် အဲဒါလေးတွေကို PDF File တခုထဲမှာပဲ အားလုံးပါအောင်ထည့်ပေးရမယ့် သတိထားရမှာက File Size 2MB ထက်ကျော်လို့မရပါ ကျော်ရင် error code ပြပြီး ရှေ့ဆက်လို့မရပါ။
4. Hotel Booking 🏨
Malaysia ရောက်ရင် တည်းမယ့် Hotel Booking or Air BNB Documents တွေ ကိုလည်း အပေါ်မှာပြထားသလို PDF File တခုထဲထည့်ပေးထားရမယ် ထုံးစံအတိုင်း 2 MBပဲ ကျော်ရင်ညှိမယ်နော် ကိုယ့်လူတို့
5. Bank Statement 🏦
ပြီးရင် ကိုယ့်ရဲ့ Bank Statements (အနည်းဆုံး ၃လစာ) အဲဒါလည်း PDF File ပဲ ။
6. ID Card 🪪
အကယ်၍ကိုယ်က နိုင်ငံခြားမှာနေပြီး အလုပ်လုပ်နေတာဖြစ်ဖြစ် ဒါမှမဟုတ် ကျောင်းတက်နေတာဖြစ်ဖြစ် ကိုယ်ရောက်ရှိနေထိုင်တဲ့ နိုင်ငံရဲ့ ID Card Scan Copy လည်းလိုပါတယ် ( Eg. ကျွန်တော်ဆို ကာတာမှာလက်ရှိနေတော့ Qatar ID Card လေးကို Visa လျောက်တဲ့အချိန်ပြပေးရတယ် )
7. HR Recommendation Letter
ဒါကတော့ အလုပ်လုပ်တဲ့လူဆို ကိုယ်လုပ်တဲ့ Company HRဆီကနေ ဒီ Visa လျောက်ဖို့ ထောက်ခံစာတောင်းရတာမျိုးပါ ထွေထွေထူးထူးတော့မဟုတ်ပါဘူး ကိုယ့်လစာ၊ ရာထူး ဘယ်ခုနှစ်ကနေအလုပ်စ၀င်တယ် အစရှိသဖြင့်ပေါ့ (sample formal လိုချင်တဲ့သူများ Comment Boxမှာရေးပေးထားပါ ပို့ပေးပါမယ် )
8. Birth Certificate
အကယ်၍ ကိုယ်ကမိသားစုနဲ့သွားမယ် ကလေးလေးပါတယ်ဆိုရင်တော့ ကလေးမွေးစာရင်းလေးကို Notary ပြန် MOFA တုံးထုထားတာလေးပါလိုမယ် ကျွန်တော်တို့တုန်းကတော့ မိသားစုသန်းခေါင်စာရင်းပါ Notary ပြန်ပြီးသားရှိလို့ တခါထဲထည့်ပေးလိုက်ဖြစ်တယ်ခင်ဗျ။
9. Visa ကြေးပေးဖို့ အတွက် နိုင်ငံခြားငွေချေလို့ရတဲ့ Bank Card (Visa or MasterCard) JCB and MPU Card တွေတော့သေချာမသိဘူးဗျ ။

အခုပြောထားတဲ့စာရွက်စာတမ်းတွေပြည့်စုံပြီဆိုရင်တော့ Malaysia E-Visa လျောက်လို့ရတဲ့ Immigration Website မှာလျောက်လို့ရပါပြီ ။ စာရွက်စာတမ်းစုံ‌ အချက်အလက်မှန်တယ်ဆို 3 ရက်ကနေ 7ရက်အတွင်း Visa ရတယ် ကျွန်တော့်မိသားစုအတွက်လျောက်ပေးတုန်းကဆို ဒီနေ့လျောက်မနက်ဖြန်ရပါတယ် ဒါကတော့ တယောက်နဲ့တယောက်မတူနိုင်ပါဘူးခင်ဗျာ။ ကိုယ့်ဘက်ကတော့ သူတို့တောင်းတဲ့ Documents အစုံအလင်ပြင်ပေးထားတာအကောင်းဆုံးပါပဲ။
လျောက်ပုံလျောက်နည်း အသေးစိတ်ကိုတော့ Post ရေးတင်တာဖြစ်ဖြစ် Video နဲ့တင်ပေးတာဖြစ်ဖြစ်‌လုပ်ပေးပါမယ်ဗျ 😊

🧳✈️📷🧑‍🧑‍🧒


Lusail_Doha 🇶🇦 🧳✈️📷🧑‍🧑‍🧒
20/09/2025

Lusail_Doha 🇶🇦
🧳✈️📷🧑‍🧑‍🧒

ကျွန်တော်တို့ ဒီနှစ်ထဲ Family Trip အတွက်စဉ်းစားထားတာက Singapore and Malaysia နှစ်နိုင်ငံအတွဲရယ် Vietnam ရယ်ပါ ။ Review တ...
17/09/2025

ကျွန်တော်တို့ ဒီနှစ်ထဲ Family Trip အတွက်စဉ်းစားထားတာက Singapore and Malaysia နှစ်နိုင်ငံအတွဲရယ် Vietnam ရယ်ပါ ။ Review တွေအစုံဖတ် သွားရမယ့်နေရာတွေလိုက်ဖတ်နဲ့ နောက်ဆုံးရွေးဖြစ်သွားတာက SG and Malaysia ပါ Vietnam ကတော့ နောက်နှစ်ထဲ‌တော့ Planထားတာပဲဗျ ။
SGအတွက်ကတော့ Visa ကြိုပြီးလျောက်ဖို့မလိုပေမယ့် Malaysia ကတော့ Visa ကြိုလျောက်ဖို့လိုပါတယ် ။ အရင်ကတော့ လူကိုယ်တိုင်သက်ဆိုင်တဲ့သံရုံးမှာသွားလျောက်ရတယ်လို့ကြားဖူးပေမယ့် အခုနောက်ပိုင်းတော့ Online ကနေ အလွယ်တကူ Evisa လျောက်လို့ရပါတယ် ။

Documents စုံရင် Working Day,နှစ်ရက်ကနေ သုံးရက်အတွင်း Visaရတက်ပြီး Documents ပြန်တောင်းရတာမျိူးရှိရင်တော့ တပတ်လောက်ထိကြာတာမျိုးရှိနိုင်ပါတယ် ဘာလို့အဲဒါတွေသိလည်းဆိုတော့ ကြာချိန်နှစ်ခုလုံးနဲ့ပတ်သက်ပြီး အတွေ့အကြုံရထားလို့ပါ။ Visaလျောက်နည်း Post ကျရင်အသေးစိတ်ရေးပြပေးပါမယ်ဗျ။

EVISA ကိုလျောက်တဲ့အခါ Malaysia Immigration Website ကနေ တိုက်ရိုက်ကိုယ်တိုင်လျောက်လို့ရသလို Agent တွေကနေတဆင့်လျောက်ခိုငိးလည်းရပါတယ် Service ကြေးတော့ပေးရတာပေါ့။ ကျွန်တော်တို့ကတော့ အတွေ့အကြုံလည်းရအောင် လိုက်ဖတ်ကြည့်တော့လည်း အရမ်းမခက်ဘူးထင်လို့ ကိုယ့်ဟာကိုယ်ပဲလျောက်လိုက်တာပါ။
ကျွန်တော်တို့ Evisa လျောက်ဖို့ စပြီးလေ့လာတုန်းက Agent တွေကိုမေးမြန်းတာရှိသလို FB and YouTube တို့မှာလည်း Blogger တွေ Shareထားတဲ့အကြောင်းအရာလေးတွေကြည့်ပြီး လိုက်လုပ်ကြည့်ရတာပေါ့။ အချို့ Myanmar Vlog တွေမှာရှယ်ထားတာမျိုးက အဓိကစလုံးမှာနေသူတွေအလုပ်လုပ်နေသူတွေ Evisa လျောက်ရင်ဘယ်လိုလျောက်ရလည်းဆိုတာမျိုးပဲတွေ့ရတာများပြီး ကျွန်တော်တို့လို ခရီးသွားမယ့်သူတွေအတွက်တော့ details ဘယ်လိုလျောက်ရလဲဆိုတာမျိုးရေးထားတာသိပ်မတွေ့လို့ပါ ကျွန်တော်မတွေ့တာလည်းဖြစ်မှာပါ ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ ကိုယ်တိုင် Malaysia Evisa လျောက်တဲ့အတွေ့အကြုံ အသေးစိတ်ကို Knowledge Shareing အနေနဲ့ Post တခုသက်သက်တင်ပေးပါမယ်ခင်ဗျာ ။ အလုပ်တဖက်နဲ့ဆိုတော့ အားတဲ့အချိန်လေးရေးရေးပြီးတင်ပေးရလို့နောက်ကျသွားတာမျိူးဆို တောင်းပန်ပါတယ် ✈️🧳
🧳✈️📷🧑‍🧑‍🧒


Address

Doha

Website

Alerts

Be the first to know and let us send you an email when Thit Khat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share