Buddha.DailyWisdom

Buddha.DailyWisdom Buddha's Daily Wisdom For Happy Living.
စိတ်နှလုံးအေးချမ်းစေမယ့် ဗုဒ္ဓတရားတော်များ Buddha's Daily Wisdom For Happy Living.

06/08/2026

လူ့ရဲ့ စိတ်ကလေးကို ပြင်ရမယ်

https://www.tiktok.com/.daily
https://www.youtube.com/
https://www.facebook.com/Buddha.DailyWisdom

~ ပါချုပ်ဆရာတော်ကြီး၏ တရားတော်များထဲမှ ကောက်နုတ်တင်ဆက်ပေးခြင်းဖြစ်ပါသည် ~
တရားအသိများ တိုးပွါးစေရန်ရည်ရွယ်ပါသည်။ လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါ​စေ။

#တရားတော်များ #ပါချုပ်ဆရာတော်ကြီး #စိတ်ဓါတ်ခွန်းအားအသိပညာ #စစ်မှန်သောမေတ္တာ

05/08/2026

ဓမ္မ ဆိုတာ ဘာလဲ

https://www.tiktok.com/.daily
https://www.youtube.com/
https://www.facebook.com/Buddha.DailyWisdom

~ ပါချုပ်ဆရာတော်ကြီး၏ တရားတော်များထဲမှ ကောက်နုတ်တင်ဆက်ပေးခြင်းဖြစ်ပါသည် ~
တရားအသိများ တိုးပွါးစေရန်ရည်ရွယ်ပါသည်။ လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါ​စေ။

#တရားတော်များ #ပါချုပ်ဆရာတော်ကြီး #စိတ်ဓါတ်ခွန်းအားအသိပညာ #စစ်မှန်သောမေတ္တာ

04/08/2026

အရွယ်ကောင်းတုန်းမှာ ကြိုးစားပါ

https://www.tiktok.com/.daily
https://www.youtube.com/
https://www.facebook.com/Buddha.DailyWisdom

~ ပါချုပ်ဆရာတော်ကြီး၏ တရားတော်များထဲမှ ကောက်နုတ်တင်ဆက်ပေးခြင်းဖြစ်ပါသည် ~
တရားအသိများ တိုးပွါးစေရန်ရည်ရွယ်ပါသည်။ လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါ​စေ။

#တရားတော်များ #ပါချုပ်ဆရာတော်ကြီး #စိတ်ဓါတ်ခွန်းအားအသိပညာ #စစ်မှန်သောမေတ္တာ

 #ကိုယ်စောင့်နတ်စောင့်ရှောက်ပုံကိုယ်စောင့်နတ် ဟု လူသိများသော ဗုဒ္ဓဘာသာနှင့် မြန်မာ့ရိုးရာယုံကြည်မှုဆိုင်ရာ နတ်) စောင့်ရှ...
04/08/2026

#ကိုယ်စောင့်နတ်စောင့်ရှောက်ပုံ

ကိုယ်စောင့်နတ် ဟု လူသိများသော ဗုဒ္ဓဘာသာနှင့် မြန်မာ့ရိုးရာယုံကြည်မှုဆိုင်ရာ နတ်) စောင့်ရှောက်ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

စောင့်ရှောက်ပုံ နည်းလမ်းများ

စိတ်ကို လမ်းညွှန်ခြင်း။ ။ ဘေးအန္တရာယ်ရှိမည့် အလုပ်များကို လုပ်ရန် ပြင်ဆင်ချိန်တွင် စိတ်ထဲ၌ တစ်ခုခုကြောင့် တွန့်ဆုတ်သွားအောင် သို့မဟုတ် ထိတ်လန့်သွားအောင် သတိပေးတတ်သည်။
အိပ်မက်ဖြင့် သတိပေးခြင်း။ ။ အရေးကြီးသော အဖြစ်အပျက်များ သို့မဟုတ် နီးကပ်နေသော ဘေးအန္တရာယ်များကို အိပ်မက်မှတစ်ဆင့် ကြိုတင်အချက်ပြတတ်သည်။

ကံကြမ္မာကို ပံ့ပိုးခြင်း။ ။ ကိုယ်ကျင့်တရားကောင်းသူများ အခက်အခဲကြုံရချိန်တွင် မမျှော်လင့်ဘဲ အကူအညီရစေရန် သို့မဟုတ် လမ်းစပွင့်စေရန် ဖန်တီးပေးတတ်သည်။

ဘေးအန္တရာယ်မှ လွှဲဖယ်ပေးခြင်း။ ။ မတော်တဆမှုများ ဖြစ်လုနီးပါးအချိန်တွင် သီသီလေး လွတ်မြောက်သွားအောင် ကာကွယ်ပေးတတ်သည်။

ကိုယ်စောင့်နတ် ပိုမိုစောင့်ရှောက်လာစေရန် ပြုလုပ်ရမည့်အချက်များ
သီလစောင့်ထိန်းခြင်း။ ။ ကိုယ်ကျင့်သီလ ကောင်းမွန်သူများကို နတ်များက ပိုမိုချစ်ခင် စောင့်ရှောက်ကြသည်။

မေတ္တာပွားများခြင်း။ ။ နေ့စဉ် မေတ္တာသုတ်ရွတ်ဖတ်ပြီး ဝေနေယျသတ္တဝါများနှင့် နတ်များကို မေတ္တာဝေမျှရမည်။
အမျှပေးဝေခြင်း။ ။ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးတိုင်း ကိုယ်စောင့်နတ်ကို အမျှပေးဝေရမည်။
သန့်ရှင်းမှုကို ဂရုစိုက်ခြင်း။ ။ နေအိမ်နှင့် မိမိကိုယ်ခန္ဓာကို သန့်ရှင်းအောင် ထားခြင်းသည် ကောင်းသောနတ်များ ပျော်မွေ့ရာ ဖြစ်သည်။

🙏🙏🙏
#ကိုယ်စောင့်နတ်စောင့်ရှောက်ခြင်း

“ကိုယ့်ဘဝ ကိုယ်ပြင်”“အတ္တာနဉ္စိ ပိယံ ဇညာ၊ ရက္ခေယျ နံ သုရက္ခိတံ။တိဏ္ဏ မညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတော။”လောကလူတွေဟာ လူတိုင...
04/08/2026

“ကိုယ့်ဘဝ ကိုယ်ပြင်”

“အတ္တာနဉ္စိ ပိယံ ဇညာ၊ ရက္ခေယျ နံ သုရက္ခိတံ။

တိဏ္ဏ မညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတော။”

လောကလူတွေဟာ လူတိုင်းလူတိုင်း
ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ကြတယ်၊ ကိုယ့်ကို ကိုယ် တန်ဖိုးထားကြတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားကြတယ်။

မြတ်စွာဘုရားကလည်း “အတ္တသမံ ပေမံ နတ္ထိ” မိမိကိုယ်နဲ့ အလားတူ ချစ်ခင်တဲ့ပုဂ္ဂိုလ်ဆိုတာ လောကမှာ မရှိဘူးတဲ့။ ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးပဲလို့ ဟောထားတဲ့ သုတ္တန်တွေ ရှိတယ်ပေါ့။ ဒါက လူ့သဘာဝကိုဟောတာ။

ကိုယ့်ကိုယ်ကိုယ်လည်း ဆန်းစစ်ကြည့်ရင် လောကမှာ ချစ်ခင်စရာပုဂ္ဂိုလ်တွေ မြောက်များစွာရှိသော်လည်း ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ဆုံးဆိုတာ အင်မတန်သေချာတယ်ပေါ့။ အဲဒီတော့ “ကိုယ့်ကိုယ်ကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းသည် ကိုယ့်ကိုယ်ကိုယ်ပြင်ဖို့ဆိုတာ အင်မတန်အရေးကြီးတယ်”။

မြတ်စွာဘုရားကသတိပေးတယ် “အတ္တာနဉ္စိ ပိယံ ဇညာ– ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ထိုက်တဲ့ပုဂ္ဂိုလ်လို့ ယူဆမယ်၊ သိမြင်မယ်ဆိုရင်၊ ရက္ခေယျ နံ သုရက္ခိတံ- ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ပါ၊ ပြုပြင်ပေးပါ”တဲ့။ ကိုယ့်ကိုယ်ကိုယ် မပြုပြင်ရင် ချစ်ရာ မရောက်ဘဲနဲ့ နှစ်ရာရောက်တယ်လို့ ဆိုလိုတာပေါ့။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ချစ်ခင်တယ်လို့ သိတဲ့ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းသည် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်ရမယ်၊ ပြုပြင်ရမယ်တဲ့။

“တိတ္ထံ မညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတော”

လူ့ရဲ့ဘဝမှာ အရွယ်သုံးမျိုးရှိတယ်။ သက်တမ်း(၁ဝဝ)ရှိတဲ့ လူသားတွေမှာ အရွယ်ကို သုံးပုံပုံလိုက်တဲ့အခါ ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ပေါ့။ ပထမအရွယ်ဆိုတာ ပထမ ၃၃-နှစ်၊ ဒုတိယ ၃၃-နှစ်က ဒုတိယအရွယ်၊ တတိယ ၃၃-နှစ်က တတိယအရွယ်လို့ ဒီလိုအရွယ်သုံးပါး ပိုင်းခြားပြီးကြည့်လို့ရတယ်။ လူတွေသည် အရွယ်အလိုက် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ကြရတယ်။ ကိုယ့်ဘဝ ကြီးပွားတိုးတက်အောင် လုပ်ကြရတယ်။

ဒါ့ကြောင့် “ကိုယ့်ကိုယ်ကိုယ်ချစ်ခင်တယ်လို့သိတဲ့ ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းသည် အရွယ်သုံးပါး တစ်ပါးပါးမှာ ကိုယ့်ကိုယ်ကိုယ်ပြုပြင်တဲ့အလုပ်ကို လုပ်ရမယ်။” လူ့ဘဝဆိုတာ ပထမအရွယ်ပြီးရင် ဒုတိယ အရွယ်ရောက်မယ်၊ ဒုတိယအရွယ်ပြီးရင် တတိယအရွယ်ရောက်မယ်၊ တတိယအရွယ်ရောက်ပြီးရင် ဘဝတစ်ခုက ကုန်ဆုံးမယ်။ ဒါက ယေဘုယျစကားအနေနဲ့ပြောတာ။

လူတိုင်းလူတိုင်း အရွယ်သုံးပါးလုံး ပြည့်စုံအောင်ရတာ မဟုတ်ဘူး။ ပထမအရွယ်မှာ သေချင်လည်းသေမယ်၊ ဒုတိယအရွယ် သေချင်လည်းသေမယ်၊ တတိယ အရွယ် သေချင်လည်းသေမယ်။ အဲဒီတော့ အရေးကြီးဆုံးက လူ့ဘဝရောက်လာလို့ အသိဉာဏ်ရှိလာပြီဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ့်ရဲ့ အကျင့်စရိုက်တွေကို ကိုယ့် ဘာသာကိုယ်သိအောင် ကြိုးစားရမယ်။

ဘာကို ပြင်မှာလဲ?

ကိုယ့်မှာ ဘယ်လိုအကျင့် စရိုက်တွေရှိသလဲ? ရာဂစရိုက် ရှိသလား၊ ဒေါသစရိုက် ရှိသလား၊ မောဟစရိုက် ရှိသလားဆိုတာတွေကို သိအောင် ကြိုးစားရမယ်။ ရာဂစရိုက်ဆိုသည်မှာ အကောင်းကြိုက်တာကို ဆိုလိုတာ။ လူတိုင်းလူတိုင်း ကောင်းတာ ကြိုက်ပေမယ့်လို့ သူများထက် လွန်လွန်ကဲကဲကြီး လောဘကြီး သလား၊ အရာရာမှာ တွယ်တာမှုတွေ များနေသလားဆိုတာ စဉ်းစားပြီး ရာဂစရိုက်တွေကို လျှော့ချပေးဖို့ လိုအပ်တယ်ပေါ့။ အဲဒီလို လျှော့ချပေးတာသည် ပြုပြင်ခြင်းပဲ။

ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်က ထစ်ခနဲဆို စိတ်တိုတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ အဲဒီ စိတ်တိုမှုဆိုတဲ့ ဒေါသတွေ မိမိသန္တာန်မှာရှိသလား၊ ကြီးထွားနေသလားဆိုတာ ကိုယ့် ကိုကိုယ် ဆန်းစစ်ရမယ်။ ဆန်းစစ်လို့ ရှိနေတယ်ဆို ရင်လည်းပဲ “ခု ဘဝမှာ ပြင်ရမယ်” တဲ့။ မပြင်ဘူးဆိုရင် ဘယ်ဘဝရောက်ရောက် ဒေါသစရိုက်ကြီးက မပျောက်ဘဲ ဖြစ်တတ်တယ်တဲ့။

နောက်တစ်ခါ မောဟစရိုက်ဆိုတာ အရာရာမှာ စဉ်းစားဆင်ခြင်မှုတွေ အားနည်းတယ်။ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို မသိဘူး။ မသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို လုပ်သင့်တယ်လို့ထင်တယ်၊ လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ထင်တယ်။ မောဟစရိုက်ရှိတဲ့ပုဂ္ဂိုလ်မှာ ပြောလိုက်ရင်လည်း အမှား၊ ကြံတွေးလိုက်ရင်လည်း အမှား၊ လုပ်လိုက်ရင်လည်းအမှားပဲ ဖြစ်တယ်တဲ့။

မှားမှားယွင်းယွင်းတွေလုပ်မိပြီး မောဟတရားရဲ့ လွှမ်းမိုးမှုခံရပြီဆိုရင် အရာရာမှာ သိမြင်နိုင်စွမ်းမရှိဘဲ အမှန်တရားဘက်မရောက်ဘဲ မှားယွင်းတဲ့လုပ်ရပ်တွေ လုပ်ရင်းလုပ်ရင်းနဲ့ ဘဝမှာနစ်မွန်းသွားနိုင်တယ်။ ဒါ့ကြောင့်မို့ ဒီမကောင်းတဲ့ စရိုက်တွေကိုရှောင်ပြီး ကောင်းတဲ့စရိုက်တွေဆောင်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ရမယ်။

ဒီကနေ့ခေတ်မှာ မြန်မာလူမျိုးတွေ ဗုဒ္ဓဘာသာဝင်မိသားစုမှာ လူလာဖြစ်ကြတယ်။ အဲဒီလို လူလာဖြစ်တဲ့အခါ မိမိတို့ရဲ့ အကျင့်စရိုက်တွေကို မိမိတို့ကိုယ်တိုင် သိအောင်ကြိုးစားဖို့လိုအပ်တယ်။ အခုလို တရားပွဲတွေကျင်းပပြီး တရားနာရတယ်။ တရားနာရင် အသိဉာဏ်တွေရတယ်။ အသိဉာဏ်ရတဲ့ အခါ ကိုယ့်ရဲ့စရိုက်တွေကို ကိုယ့်ဘာသာကိုယ် အကဲခတ်နိုင်တယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒီစရိုက်တွေနဲ့ပတ်သက်ပြီး ကိုယ့် ဘာသာကိုယ် သိရှိ နားလည်ပြီဆိုရင် ထိုစရိုက်ကို ပျောက်ငြိမ်းစေတတ်တဲ့ ကမ္မဋ္ဌာန်းတွေလည်းပဲ အသီးသီးပေးထားတာတွေ ရှိတယ်ပေါ့။

“ရောဂါနဲ့ဆေး တည့်အောင်ပေး၊ ရောဂါရှိရင် ဆေးရှိတယ်” ဆိုတာလို စရိုက်ဆိုးတွေရှိရင် စရိုက်ဆိုးတွေကို ပျောက်ကင်းစေနိုင်တဲ့ ကျင့်စဉ်တွေ ရှိနေတာပဲပေါ့။ အဲဒီကျင့်စဉ်တွေကို နားလည်အောင်လုပ်ပြီး မိမိ သန္တာန်မှာ ဖြစ်တဲ့ စရိုက်ဆိုး တွေကို လျှော့ချပေးနိုင်ရမယ်။

အဲဒီလို မလျှော့ချနိုင်ဘူးဆိုရင် သံသရာလည်ရတဲ့ပုဂ္ဂိုလ်တွေသည် ဘဝမှာ အရုပ်ဆိုး အကျည်းတန် ဖြစ်သွားတတ်တယ်။ ဒါ့ကြောင့် ကိုယ့်ဘဝကိုယ်ပြင်ရမယ်။ သူများက ပြင်တယ်ဆိုတာ အကြံပေးရုံလောက်ပဲဒ ဆုံးမဩဝါဒပေးရုံလောက်ပဲ ဖြစ်တယ်။ အကြံပေးပေမယ့် မိမိကိုယ်တိုင်က မပြင်သေးသမျှ အကောင်း ဘယ်တော့မှမဖြစ်ဘူး။ မိမိကိုယ်တိုင်ပြင်မှ အကောင်းဖြစ်တယ်တဲ့။

- ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ




လူ့လောကမှာ ကြည့် …တစ်ယောက်နဲ့ တစ်ယောက် သိလာလို့ရှိရင်တစ်ယောက်နဲ့ တစ်ယောက် ခင်မင်လာတယ်။သိလာပြီး ခင်လာပြီး လက်တွဲပြီဆိုရင်...
04/08/2026

လူ့လောကမှာ ကြည့် …
တစ်ယောက်နဲ့ တစ်ယောက် သိလာလို့ရှိရင်
တစ်ယောက်နဲ့ တစ်ယောက် ခင်မင်လာတယ်။

သိလာပြီး ခင်လာပြီး လက်တွဲပြီဆိုရင် ပူပြီ
မသိခင်တုန်းက သူ့အတွက်ပူသလား ?
လုံးဝမပူဘူး ……
ဒါက လူနဲ့ပတ်သက်တာ… ။

ပစ္စည်းနဲ့ ပတ်သက်တာရော…
ကိုယ်မပိုင်တဲ့ ပစ္စည်းအတွက်
ဘယ်သူမှ မပူဘူး …။
အဲ့ဒီပစ္စည်းလေး ကိုယ့်ပစ္စည်း
ဖြစ်လာပြီဆိုတာနဲ့ တစ်ပြိုက်နက်
ပူတော့တာပဲ ……

တန်ဖိုးရှိတဲ့ပစ္စည်းတွေ
လောကမှာ အများကြီးရှိတယ်။
သို့သော် ကိုယ့်ဟာမဟုတ်ရင် မပူကြဘူး။

အေး… အကြောင်းညီညွတ်လို့
ကိုယ့်လက်ထဲ ရောက်လာပြီဆိုလို့ရှိရင်
အဲ့ဒါလေးအတွက် ပူပြီလေ …။
ပူတော့ ဘာလုပ်လဲ ?
သော့တွေခတ်…
မလုံမခြုံတွေဖြစ်လာတယ်… ။

အဲ့ဒါဟာ လောဘက သောကကို
မွေးဖွားပေးတယ်ဆိုတာ အလွန်ထင်ရှားတယ်။

တိုက်ခန်းတစ်ခု ပိုင်ထားတယ် …။
အဲ့ဒီပိုင်ထားတဲ့ တိုက်ခန်းတစ်ခုကြောင့်
စိတ်ပူလောင်မှုရှိတယ်။
ကားတစ်စီး ဝယ်ထားတယ် …။
အဲ့ဒီကား တစ်စုံတစ်ခုဖြစ်မှာ စိတ်ပူတယ်။

အေး… ကိုယ်စိတ်ပူတဲ့ အရာတစ်ခု
သူများလက်ထဲ ရောင်းလိုက်ပြီ…
ရောင်းလိုက်လို့ ငွေချေပြီးတာနဲ့ တစ်ပြိုင်နက်
အဲ့ဒါတွေ အကုန်ပျောက်။
သောက က ဘယ်ရောက်သွားလဲ ?
ငွေထုပ်ကြီးနောက် လိုက်သွားတယ်။
စွန့်လွှတ်လိုက်ပြီဆိုရင် မပူတော့ဘူးလေ။

မီးကို မလျှော့ပဲနဲ့…
ပူတာကိုတော့ လျှော့ချလို့မရဘူး …။
မီးကိုလျှော့မှ ပူတာကို လျှော့လို့ရမယ်
ဘာကြောင့်တုန်း… မီးကြောင့်ပူနေတာကိုး။

အဲ့ဒီလိုပဲ…
လူတွေရဲ့စိတ်သောက ဘယ်သူကနေ
မွေးဖွားပေးနေတာတုန်းဆိုရင်
ဟောဒီ တွယ်တာမှုတဏှာက။

ဒါကြောင့်မို့လို့ ပြောမယ်ဆိုရင်
Where there is attachment,
there is worry..
တွယ်တာမှုရှိတဲ့နေရာမှာ သောကဖြစ်တယ်။

ဒီတော့ ပူလောင်မှုတို့
အပူအပန် မရှိမှုတို့ဆိုတာဟာ
ဘာကြောင့် ဖြစ်နေတာတုန်းလို့
စဉ်းစားကြည့်လိုက်လို့ရှိရင်…
လောဘကြောင့် ဖြစ်နေတာ။

အားလုံးဟာ..
လူတွေက တလွဲထင်ပြီး လောဘရှိလို့ ကြီးပွားတယ်လို့ ထင်နေကြတယ် မဟုတ်ဘူး ……။
အသိဉာဏ်ရှိလို့ လုံ့လဝီရိယရှိလို့ ကြီးပွားတာ။

လောဘက သောကကိုပဲ မွေးဖွားပေးတယ်…
ဟုတ်မဟုတ် ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေါ့။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

မနက်ဖြန်ကို မစောင့်ပါနဲ့တစ်နေ့နေ့ လုပ်မယ်ဆိုပြီး- ကောင်းမှုကို ရွှေ့ထားတယ်။- တောင်းပန်ဖို့ကို ရွှေ့ထားတယ်။- မေတ္တာပေးဖို...
03/08/2026

မနက်ဖြန်ကို မစောင့်ပါနဲ့

တစ်နေ့နေ့ လုပ်မယ်ဆိုပြီး
- ကောင်းမှုကို ရွှေ့ထားတယ်။
- တောင်းပန်ဖို့ကို ရွှေ့ထားတယ်။
- မေတ္တာပေးဖို့ကို ရွှေ့ထားတယ်။
- ဓမ္မကျင့်ဖို့ကို ရွှေ့ထားတယ်။

ဒါပေမယ့်မနက်ဖြန်က သင့်ကို
စောင့်နေမယ်လို့ ဘယ်သူ အာမခံနိုင်မလဲ။

လူ့အသက်က ကြက်ဥခွံထက်တောင်
ကွဲလွယ်၊ သေလွယ်ပါတယ်။

ဒါကြောင့်
ကုသိုလ်ရှိရင် ယနေ့လုပ်ပါ။
မေတ္တာရှိရင် ယနေ့ပေးပါ။
ဓမ္မရှိရင် ယနေ့ကျင့်ပါ။

အချိန်က စောင့်မနေသလို၊
သေခြင်းကလည်း စောင့်မနေပါ။

ပါမောက္ခချုပ် ဆရာတော်ကြီး
ဒေါက်တာ နန္ဒမာလာဘိဝံသ

နေ့စဉ်တရားတော်များ ဂါထာတော်များနာယူရန်
🙏🙏🙏

03/08/2026

သူလည်း မရှိ ၊ ငါလည်း မရှိ ရုပ်နာမ်သာရှိ၏

https://www.tiktok.com/.daily
https://www.youtube.com/
https://www.facebook.com/Buddha.DailyWisdom

~ ပါချုပ်ဆရာတော်ကြီး၏ တရားတော်များထဲမှ ကောက်နုတ်တင်ဆက်ပေးခြင်းဖြစ်ပါသည် ~
တရားအသိများ တိုးပွါးစေရန်ရည်ရွယ်ပါသည်။ လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါ​စေ။

#တရားတော်များ #ပါချုပ်ဆရာတော်ကြီး #စိတ်ဓါတ်ခွန်းအားအသိပညာ #စစ်မှန်သောမေတ္တာ

မြတ်စွာဘုရားရဲ့အဆုံးအမ တရား တော်တွေဟာ လူရဲ့ စိတ်ကို ဗဟိုပြုပြီး ဆုံးမတာ ဖြစ်တယ်။လောက လူတိုင်းလူတိုင်းဟာ ဘုရားရဲ့အဆုံးအမ ...
02/08/2026

မြတ်စွာဘုရားရဲ့အဆုံးအမ တရား တော်တွေဟာ လူရဲ့ စိတ်ကို ဗဟိုပြုပြီး ဆုံးမတာ ဖြစ်တယ်။

လောက လူတိုင်းလူတိုင်းဟာ ဘုရားရဲ့အဆုံးအမ နဲ့ အညီ စောင့်ကြည့်ပြီး ပြုပြင်ပေးရမှာက စိတ်ပဲ ဖြစ်တယ်။

ကိုယ့်စိတ်လေးကို ကိုယ်ပြုပြင်ပေးလေ ကောင်း လေ ပဲ။

လောကလူတွေက စိတ်ရဲ့အလိုလိုက်နေကြတာ
၊ကိုယ့်အလိုကို စိတ်ကမလိုက်ဘူး။

စိတ်ထဲမှာဖြစ်ပေါ်ရာကို လူတွေက လိုက်လုပ်နေ ကြ ရတာ။အဲဒါကို ပြောင်းပြန် ပြန်သွားအောင် လုပ်ရမယ်။

စိတ်အတိုင်း မလိုက်ရဘူး၊တစ်ချို့က စိတ်သွား တိုင်း ကိုယ်ပါ,ပါရစေနဲ့ ဆိုပြီးတော့ စိတ်ကို
မြှောက်ပင့်ပေးတတ်တယ်။

စိတ်ဆိုတာ ဘယ်မှာ ပျော်မွေ့တက်တုန်းဆို ပါပသ္မိံ ရမတိ မနောမကောင်းတဲ့ အာရုံတွေပေါ်
မှာပျော်တယ်။

မကောင်းတဲ့အလုပ်၊မကောင်းတဲ့ အတွေးတွေမှာ
ပဲပျော်တာ။ဒါကြောင့်မို့ စိတ်ကို ဟန့်တားဖို့ တား ဆီးဖို့၊ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတဲ့ မြတ်စွာ ဘုရား ရဲ့ အဆုံးအမတွေဟာ အင်မတန်မှ များ တယ်။

စိတ္တံ ဒန္တ သုခါဝဟံ၊စိတ္တံ ဂုတ္တံ သုခါဝဟံ စိတ် ကလေးကို ထိန်းသိမ်းနိုင်ပြီ၊ထိန်းချုပ်နိုင်ပြီဆိုရင်
ချမ်းသာတွေ ရလာမယ်လို့ မြတ်စွာဘုရားက ဒီလို ဟောတာ။

စိတ်ကို လွှတ်ထားရမယ်လို့ ဘယ်တော့မှ မဟော ဘူး။

အဲဒီတော့အရေးကြီးဆုံးက ကိုယ့်စိတ်ကလေးကို ကောင်းတဲ့အာရုံတွေနဲ့ တွဲဖက်နေအောင် လေ့ကျင့် ရမယ်။

ဒီလိုလေ့ကျင့်တာကိုကမ္မဋ္ဌာန်းအား ထုတ်တယ်လို့ ခေါ်တာ။မကောင်းတဲ့ အာရုံဘက်ကို သူက အမြဲ သွားနေတော့ မသွားရအောင် ထိန်းချုပ်တာ။

သုတ္တန်တော်တော် များများက စိတ်ကိုထိန်းချုပ်ဖို့ ဟောတာတွေချည်းပဲ။

လူ့သဘာဝကို လေ့လာတဲ့အခါမှာ လူရဲ့ ရုပ်ပိုင်း ဆိုင်ရာကို ဒီလောက်အဓိကထားတာ မဟုတ်ဘူး။

စိတ်ပိုင်းဆိုင်ရာ လေ့လာဖို့က အင်မတန်မှ အရေး ကြီး တယ်ပေါ့။

အဲဒီ စိတ်ပိုင်းဆိုင်ရာ လေ့လာဖို့အတွက် ကိုယ့်ရဲ့ စိတ်ကလေးကို ကိုယ်နိုင်အောင် ဆုံးမသွားနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ သူတော်ကောင်းဖြစ်သွား တာပဲ။

ဒီလိုဆိုလိုတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု
#ဆုံးမသြဝါဒတရားများ #မူရင်းရေးသားပူဇော်သူအားလေးစားလျှက် #ပြန်လည်မျှဝေကုသိုလ်ပြုပါသည် 🙏🙏🙏

ဆင်ခြင်တုံတရား (ပဋိသင်္ခါနဗလ)လောကမှာ ဆင်ခြင်မှုစွမ်းအားဖြင့် အကုသိုလ် တော်တော်များများကို ဖယ်ရှားနိုင်ပါတယ်။ မြတ်စွာဘုရာ...
02/08/2026

ဆင်ခြင်တုံတရား (ပဋိသင်္ခါနဗလ)

လောကမှာ ဆင်ခြင်မှုစွမ်းအားဖြင့် အကုသိုလ် တော်တော်များများကို ဖယ်ရှားနိုင်ပါတယ်။
မြတ်စွာဘုရားက “ပဋိသင်္ခါနဗလ” တဲ့၊ ဆင်ခြင်မှုစွမ်းအားကို အသုံးချပြီးတော့ မိမိရဲ့သန္တာန်မှာအကုသိုလ်တွေ မဖြစ်ရအောင်၊ အကုသိုလ်တွေ ဖယ်ရှားနိုင်အောင် ကြိုးစားအားထုတ်ရမယ်လို့
ဟောကြားထားပါတယ်။

အဲဒီတော့ ကိုယ့်ဘ၀ကို တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်တိုင်း၊ ကိုယ့်ကိုယ်ကို ဘ၀မှာ အဆင့်မြင့်သထက် မြင့်ချင်တဲ့ ပုဂ္ဂိုလ်တိုင်း ကြိုးစားကြရပါမယ်၊ လူတိုင်းလူတိုင်း ကိုယ့်ဘ၀ တန်ဖိုးထားကြတာပါပဲ၊ ဒီဘ၀ထက် နောက်ဘ၀ မြှင့်တင်သွားဖို့ စိတ်ရှိကြတာချည်းပါပဲ၊ ကောင်းသထက် ကောင်းတာရဖို့ စိတ်ဆန္ဒရှိကြတာ ချည်းပါပဲ၊ စိတ်ဆန္ဒရှိကြတာချင်း အတူတူပါပဲ၊ သို့သော် အကြောင်းတရားကို အမှန်မသသည့်အတွက်ကြောင့် မကြီးပွားကြတာ ဖြစ်ပါတယ်။

ကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းက ဘာလဲ သိဖို့လိုပါတယ်။ အဲဒီကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းတရားတွေကို မသိသည့်အတွက်ကြောင့် မှားမှားယွင်းယွင်းတွေလုပ်ပြီး"ကြီးပွားချင်လျက် ဆုတ်ယုတ်သွားရပါတယ်၊ မြင့်တက်ချင်လျက် နိမ့်ကျသွားကြပါတယ်”၊ “ကောင်းကျိုးချမ်းသာတွေ ရချင်လျက်နဲ့ ဆင်းရဲဒုက္ခနဲ့ တွေ့ကြုံသွားကြရပါတယ်”။

ဘုရားပွင့်တဲ့အခါမှသာ အကြောင်းတရားတွေကို မှန်မှန်ကန်ကန်သိခွင့်ရပါတယ်။ တရားဓမ္မတွေကို နာလိုက်ရတဲ့အခါ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားပြီးတော့ သိလာပါတယ်၊ ဘယ်လို တွေးရမယ်၊ ဘယ်လို စဉ်းစားရမယ်၊ အကုသိုလ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ ဒီနည်းစနစ်တွေကို သိလာပါတယ်၊ ဒီနည်းစနစ်တွေအတိုင်း လိုက်နာ ကျင့်သုံးခြင်းဖြင့် ကိုယ့်ဘ၀မှာ တန်ဖိုးရှိတဲ့ဘ၀တစ်ခု ဖြစ်လာနိုင်ပါတယ်။

တရားဆိုတာ လက်တွေ့ကျင့်သုံးရမှာ ဖြစ်ပါတယ်။ လက်တွေ့ ကျင့်သုံးတယ်ဆိုတာ စိတ်မှာဖြစ်ပေါ်အောင် လုပ်ခြင်းဖြစ်ပါတယ်။ ဘာ၀နာလုပ်ငန်းတစ်ခုဟာ စိတ်အလုပ် ဖြစ်သည့်အတွက် ပိုပြီးတော့ လက်တွေ့ကျဖို့ လိုအပ်ပါတယ်။ ကိစ္စကြုံတိုင်း ကြုံတိုင်း နှလုံးသွင်းတတ်ရပါမယ်၊ နှလုံးသွင်းဆင်ခြင်မှု လိုအပ်ပါတယ်။

မြတ်စွာဘုရားက “ဘ၀အရေးနဲ့ ပတ်သက်ပြီး ထာ၀ရတွေး” ရပါမယ်လို့ ဟောကြားထားပါတယ်။ ကိုယ့်ဟာကိုယ် နေတဲ့အခါမှာ မကြာခဏ စဉ်းစားပေးရမယ့်အရာက “တို့ဘ၀ တို့ ရ,ထားတဲ့ ခန္ဓာဆိုတာ အိုခြင်းသဘော ရှိတယ်၊ နာခြင်း သဘောရှိတယ်၊ သေခြင်းသဘော ရှိတယ်၊ အိုခြင်း နာခြင်း သေခြင်းဆိုတာတွေကို မလွန်မြောက် သေးဘူး၊ ဘယ်တော့မှ ကျော်လွှားလို့ရမှာ မဟုတ်ဘူး” ဆိုတာ တွေးပေးရပါမယ်။

အဲဒီလို တွေးတောခြင်းဖြင့် သံယောဇဉ်တွေ လျှော့ချလာနိုင်ပါတယ်။ အချိန်ဖြုန်းတာတွေ လျှော့ချနိုင်ပါတယ်။ အချိန်ရဲ့တန်ဖိုးကို ပိုသိလာပါတယ်၊ “အိုခြင်း နာခြင်း သေခြင်းဆိုတာတွေ မရောက်ခင် ငါတစ်စုံတစ်ခု လုပ်ရမယ်၊ မလုပ်ရင်ငါ့ဘ၀မှာ ဘာမှ ရလိုက်မှာ မဟုတ်ဘူး” ဆိုတဲ့ သတိစွမ်းအားတွေ တက်လာပါတယ်၊ ပညာစွမ်းအားတွေ တက်လာပါတယ်၊ ဒီလိုဆင်ခြင်လိုက်လို့ စိတ်ပူပန်မှုတွေ လျော့ကျသွားပြီးတော့ သတိစွမ်းအား ဉာဏ်စွမ်းအားတွေ ရလာတာ
တွေဟာ အင်မတန်မှကြီးမားတဲ့ အကျိုးတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းဆင်ခြင်တုံတရားဟာ စိတ်အလုပ် သက်သက်ဖြစ်တာဖြစ်သောကြောင့် မိမိစိတ်ကလေးမှာ အကုသိုလ်တွေ မဖြစ်ရလေအောင်၊ အကုသိုလ်တွေနဲ့ ဆိုင်ရာတွေ မတွေးတောလေအောင် ကောင်းတဲ့အာရုံနဲ့ အစားထိုးတာ ဖြစ်တယ်လို့ သိရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ် မဖြစ်အောင် သတိဆောင်၍ ကျင့်ကြံကြိုးကုတ်
အားထုတ်နိုင်ကြပါစေသတည်း။ ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

Address

Central Region
84058

Alerts

Be the first to know and let us send you an email when Buddha.DailyWisdom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Buddha.DailyWisdom:

Shortcuts

Share