Burmese Astrology

Burmese Astrology Exotic news and Crime news.

05/07/2026

ဘဝမှာ အမုန်းဒဏ်ကို
အပြုံးမပျက် ရင်ဆိုင်နိုင်ရင်
အရှုံးမရှိဘူး။
အမုန်းဒဏ်ကို မခံနိုင်လို့
အမုန်းဖက်ရင်တော့
အရှုံးဘက်ပဲ ဦးတည်နေမှာပေါ့။

အမုန်းဆိုတာ ဒေါသရဲ့ သဘောပဲ။
ဒေါသကတော့ ဖြစ်ရင်ပူတယ်။
ပြီးရင် သွေးဆူတယ်။
ကိုယ်ကမုန်းရင်လည်း ကိုယ်ကပူမှာပဲ။
သူကမုန်းရင်လည်း သူပူမှာပဲ။
ဘယ်သူမဆို စ,မုန်းတဲ့သူက စ,ပူမှာပဲ။
ပူပြီးရင်လည်း လောင်တာပဲ။

အချစ်ခံရလို့ ကျေနပ်တတ်တယ်ဆိုရင်
အမုန်းခံရရင်လည်း ခံနိုင်ရည် ရှိရမယ်။
မုန်းလို့ မပြုံးနိုင်ဘူးဆိုရင်
နှလုံးမသာမယာ ခံစားရတာလည်း
ကိုယ်ပဲ ဖြစ်မှာပဲ။

သူမုန်းတာ သူ့အကြောင်း၊
ကိုယ်မပြောင်းဖို့က ကိုယ့်တာဝန်၊
ဘယ်သူဘယ်သူကိုမှလည်း
အပြစ်တင်မနေနဲ့၊
မချစ်လို့မုန်းတယ်လို့သာ သဘောထား၊
ပြောင်းလဲတတ်တဲ့ သဘာဝလို့ လက်ခံ၊
အမြတ်မကျန်ရင်လည်း ရှိပါစေ၊
အရှုံးမပေါ်ဖို့သာ ကြိုးစားရမှာ မဟုတ်လား။

အမုန်းတရားဆိုတာ
သူက ကိုယ့်ကိုမုန်းရင်လည်း
ကိုယ်မကြိုက်သလို
ကိုယ်က သူ့ကို မုန်းရင်လည်း
သူကြိုက်မှာ မဟုတ်ဘူး။
ကြိုက်ခြင်း မကြိုက်ခြင်းထက်
မုန်းလို့ဖြစ်ရတဲ့ စိတ်ခံစားချက်က ပိုဆိုးတယ်။

ဒါပေမယ့်…
ပုထုဇဉ်သတ္တဝါတွေရဲ့စိတ်က
အချစ်ခံရတာကို လိုချင်သလောက်
အမုန်းခံရမှာတော့
အတော်ကြောက်ကြတယ်။
ကြောက်နေလို့မပြီးဘူး
ခံနိုင်ရည်ရှိဖို့က အရေးကြီးတယ်။

လူဘဝမှာ လူမုန်းခံရတာ မဆန်းဘူး။
ကံမုန်းမခံရဖို့ပဲ အရေးကြီးတယ်။
လူမုန်းခံရတာ တစ်ခဏ၊ တစ်ဘဝပဲ။
ကံမုန်းတာခံရရင်တော့ သံသရာနဲ့ချည်ပြီး
ဒုက္ခရောက်မှာ မဟုတ်လား။

ဒါကြောင့် ဘဝမှာ ဘာပဲလုပ်လုပ်
မုန်းချင်သူက မုန်းနေကြမှာဖြစ်တဲ့အတွက်
ဘယ်သူတွေ ဘယ်လောက်ပဲ မုန်းပါစေ
ကိုယ်ဘက်ကတော့ အပြုံးမပျက်
မေတ္တာဆက်နိုင်အောင် ကြိုးစားပါ။

သူမုန်းရင် သူပူမှာပဲ။
သူ့အပူ ကိုယ်မယူမိစေနဲ့။
လူမုန်းခံရတာ မကြောက်နဲ့၊
ကံအမုန်းမခံရဖို့ပဲ သတိပြုကာ
နေထိုင်ကြရမှာပဲလေ …။

🙏🙏🙏 မနာပဒါယီ အရှင်ဝိစိတ္တ 🙏🙏🙏
( ကိုရီးယားဆရာတော် )

30/05/2026

သဘာဝရဲ့ တိတ်ဆိတ်မှုက စိတ်ကို အနားပေးတယ်။

အသက်ကြီးလာလေလေ မျိုသိပ်ရတာတွေများလေလေပဲ။အသက်ကြီးလာလေလေ စွန့်လွှတ်ရတာတွေများလေလေပဲ။အသက်ကြီးလာလေလေ လူမသိ သူမသိ ငိုရလေလေပဲ။...
13/03/2026

အသက်ကြီးလာလေလေ မျိုသိပ်ရတာတွေများလေလေပဲ။

အသက်ကြီးလာလေလေ စွန့်လွှတ်ရတာတွေများလေလေပဲ။

အသက်ကြီးလာလေလေ လူမသိ သူမသိ ငိုရလေလေပဲ။
#စာပေ

ဟန်ဆောင်ကောင်းမှလူလေးစားတဲ့ခေတ်မှာ အမှန်ကို အမှန်အတိုင်းပြောတဲ့သူက လူမုန်းများလိမ့်မယ်။ #စာပေ
13/03/2026

ဟန်ဆောင်ကောင်းမှ
လူလေးစားတဲ့ခေတ်မှာ
အမှန်ကို အမှန်အတိုင်းပြောတဲ့သူက
လူမုန်းများလိမ့်မယ်။
#စာပေ

ကြုံတွေ့ဖူးတဲ့ ဆွေမျိုး နှစ်မျိုးရှိတယ်ငွေ ရှိရင် တစ်မျိုး ငွေမရှိရင် တစ်မျိုး   #စာပေ
17/01/2026

ကြုံတွေ့ဖူးတဲ့ ဆွေမျိုး နှစ်မျိုးရှိတယ်

ငွေ ရှိရင် တစ်မျိုး ငွေမရှိရင် တစ်မျိုး

#စာပေ

ယုံကြည်လို့ ရင်ဖွင့်မိလိုက်တဲ့ စကားတွေဟာ တစ်ခါတစ်လေ ကိုယ့်ကို ပြန်နှိမ့်ကွက်ဖို့ အားနည်းချက် ဖြစ်သွားတတ်တယ်..။   #စာပေ
17/01/2026

ယုံကြည်လို့ ရင်ဖွင့်မိလိုက်တဲ့ စကားတွေဟာ တစ်ခါတစ်လေ ကိုယ့်ကို ပြန်နှိမ့်ကွက်ဖို့ အားနည်းချက် ဖြစ်သွားတတ်တယ်..။

#စာပေ

တချို့ရေစက်ဆုံရခြင်းတွေက ပျော်ရွှင်ဖို့အတွက် မဟုတ်ဘူး ဝဋ်ကြွေးဆပ်ဖို့ သက်သက်ပဲ   #စာပေ
17/01/2026

တချို့ရေစက်ဆုံရခြင်းတွေက ပျော်ရွှင်ဖို့အတွက် မဟုတ်ဘူး ဝဋ်ကြွေးဆပ်ဖို့ သက်သက်ပဲ

#စာပေ

Address

Clementi Avenue 4
Clementi
120310

Alerts

Be the first to know and let us send you an email when Burmese Astrology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share