Myanmar Thadin Zone -TZ News

Myanmar Thadin Zone -TZ News သတင်းထူးများ သိရှိနိုင်ရန် တင်ဆက်မျှဝေပေးနေတာဖြစ်လို့ Follow & Like လုပ်ထားကြဦးနော်

"လမ်းဘေးက ပုံရိပ်တစ်ခုကြောင့် တကယ်ဒုက္ခရောက်သွားပြီလားဆိုပြီး ပရိသတ်တွေ စိုးရိမ်နေတဲ့ မင်းသားချော တိုင်ရွန်"​စမတ်ကျကျ ဖက...
03/07/2026

"လမ်းဘေးက ပုံရိပ်တစ်ခုကြောင့် တကယ်ဒုက္ခရောက်သွားပြီလားဆိုပြီး ပရိသတ်တွေ စိုးရိမ်နေတဲ့ မင်းသားချော တိုင်ရွန်"

​စမတ်ကျကျ ဖက်ရှင်တွေ၊ လန်းဆန်းတဲ့ အပြုံးတွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားထားတဲ့ ထိပ်တန်းမင်းသားချော တိုင်ရွန် တစ်ယောက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာတဲ့ သူ့ရဲ့ ဓာတ်ပုံတချို့ကြောင့် ပရိသတ်တွေ အားလုံး ဟာခနဲ ဖြစ်သွားခဲ့ရပါတယ်။

စက်ဘီးအစုတ်လေးတစ်စီးပေါ်မှာ လေပူဖောင်းတွေတင်ပြီး လမ်းဘေးမှာ ရုန်းကန်လှုပ်ရှားနေရတဲ့ သူ့ရဲ့ ပုံစံက "တိုင်ရွန်တစ်ယောက် တကယ်ပဲ စီးပွားပျက်ပြီး ဒုက္ခရောက်သွားပြီလား" ဆိုတဲ့ ထင်ကြေးပေးမှုတွေကို ရိုက်ခတ်စေခဲ့တာပါ။ အဝတ်အစားနွမ်းဖတ်ဖတ်၊ ညှိုးငယ်နေတဲ့ မျက်နှာပေးတွေနဲ့မို့ မြင်ရသူတိုင်း စိတ်မကောင်းဖြစ်ပြီး ဝေဖန်ဆွေးနွေးစရာတွေ ဖြစ်ခဲ့ရပါတယ်။

​ဒါပေမဲ့ အမှန်တရားကတော့ ကောလာဟလတွေနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ ဒါဟာ အပြင်လောကက တကယ့်ဒုက္ခမဟုတ်ဘဲ အနုပညာလောကကို ထပ်မံလှုပ်ခတ်ဦးမယ့် "ကံဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲက တိုင်ရွန်ရဲ့ အသွင်ကူးပြောင်းမှုအသစ် ဖြစ်နေပါတယ်။

ပရိသတ်တွေ ထင်ယောင်ထင်မှားဖြစ်သွားရလောက်အောင်ကို တကယ့်လမ်းဘေးက ပူဖောင်းသည်တစ်ယောက်ရဲ့ ဘဝထဲကို တိုင်ရွန်တစ်ယောက် စီးမျောဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

​ဇာတ်ကောင်တစ်ခုအပေါ်မှာ သွေး၊ သား၊ အသက်ဝိညာဉ် ထည့်ရုံတင်မကဘဲ ပြင်ပဝတ်စားဆင်ယင်မှုကအစ သဘာဝကျကျ ပီပီပြင်ပြင် ပုံဖော်ထားတာကြောင့် ပရိသတ်တွေကတော့ ချီးကျူးလို့မဆုံး ဖြစ်နေကြပါတယ်။

လမ်းဘေးက ပူဖောင်းသည်ဦးလေးကြီးတစ်ယောက်ရဲ့ မျက်နှာပေးနဲ့ အမူအရာကို ကွက်တိကျအောင် သရုပ်ဆောင်နိုင်လွန်းလို့ "ဒီတစ်ခေါက်တော့ တိုင်ရွန်တစ်ယောက် အကယ်ဒမီ ရွှေစင်ရုပ်ထုကို သေချာပေါက် ဆွတ်ခူးနိုင်လိမ့်မယ်" လို့တောင် တညီတညွတ်တည်း မှတ်ချက်ပေး စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။

​ဘဝစုံ၊ သရုပ်ဆောင်ကွက်စုံကို ချပြနိုင်ဖို့အတွက် မိမိရဲ့ မင်းသားရုပ်ကိုခွာချပြီး အနုပညာကို အလေးထား ကြိုးစားခဲ့တဲ့ တိုင်ရွန်ရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို လေးစားစရာပါ။ အခုလို အစွမ်းကုန် အားထုတ်ထားတဲ့ သူ့ရဲ့ ဇာတ်ရုပ်အသစ်ကို ပရိသတ်တွေက ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အားပေးဖို့ အသင့်ဖြစ်နေကြပါပြီ။

ကဲ... ပရိသတ်ကြီးရော... မင်းသားချော တိုင်ရွန်တစ်ယောက် အခုလို မင်းသားရုပ်ဖျောက်ပြီး လမ်းဘေးက ပူဖောင်းသည် ဦးလေးကြီးအဖြစ် အသွင်ပြောင်း သရုပ်ဆောင်ထားတဲ့အပေါ် ဘယ်လိုမြင်မိလဲဆိုတာ အောက်က Comment မှာ ပြောပေးခဲ့ကြပါဦးနော်။

#တိုင်ရွန်

03/07/2026

"ရွှံ့ဗွက်ထဲ အထည်တွေထည့်ပြီး စျေးရောင်းတဲ့ Video ကြောင့် လူမှုကွန်ရက်မှာ ဝေဖန်ခံနေရတဲ့ ဆယ်လီတိုးအောင်"

#တိုးအောင်

ရွှံ့ဗွက်ထဲ အထည်တွေထည့်ပြီး စျေးရောင်းတဲ့ Video ကြောင့် လူမှုကွန်ရက်မှာ ဝေဖန်ခံနေရတဲ့ ဆယ်လီတိုးအောင်ဆယ်လီတိုးအောင်ကတော့ ...
02/07/2026

ရွှံ့ဗွက်ထဲ အထည်တွေထည့်ပြီး စျေးရောင်းတဲ့ Video ကြောင့် လူမှုကွန်ရက်မှာ ဝေဖန်ခံနေရတဲ့ ဆယ်လီတိုးအောင်

ဆယ်လီတိုးအောင်ကတော့ အောက်ခြေဘဝကနေ ကိုယ်ပိုင်အွန်လိုင်းအထည်လုပ်ငန်းကို စတင်တည်ထောင်ခဲ့ပြီး အခုဆိုရင် ဆိုင်ခွဲတွေ တိုးချဲ့ဖွင့်လှစ်နိုင်တဲ့အထိ အောင်မြင်လာတဲ့ လုပ်ငန်းရှင်တစ်ယောက်အဖြစ် လူသိများ နေသူ ဖြစ်ပါတယ်။

ဒီခေတ်မှာ အွန်လိုင်းစျေးရောင်းသူတွေအတွက် ပစ္စည်းကောင်းရုံနဲ့ မလုံလောက်တော့ဘဲ လူစိတ်ဝင်စားစေမယ့် Content တွေ၊ Live အရောင်းနည်းလမ်းအသစ်တွေကို ဖန်တီးပြီး ရောင်းချလာကြတာကိုလည်း အားလုံးမြင်တွေ့နေကြရပါတယ်။

ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ ဆယ်လီတိုးအောင်ရဲ့ Live Video တစ်ခုက လူမှုကွန်ရက်ပေါ်မှာ အတော်လေး လူပြောများသွားခဲ့ပါတယ်။ Video ထဲမှာတော့ ရောင်းချမယ့် အထည်တွေကို လမ်းဘေးက ရွှံ့ဗွက်ထဲ ထည့်ပြသခဲ့တာကြောင့် ကြည့်ရှုသူအများအပြားရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီ Video ပျံ့နှံ့လာပြီးနောက် လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ အမြင်နှစ်မျိုး ကွဲပြားနေပါတယ်။ တချို့ကတော့ "စျေးပေါတဲ့ပစ္စည်းဖြစ်ရင်တောင် ရောင်းတဲ့ကုန်ပစ္စည်းကို ဒီလိုမပြသင့်ဘူး" လို့ ဝေဖန်နေကြသလို၊ တချို့ကတော့ "ပစ္စည်းရဲ့ အကြမ်းခံမှုကို ပြချင်တာဖြစ်နိုင်တယ်" ဒါမှမဟုတ် "လူစိတ်ဝင်စားအောင် ဖန်တီးထားတဲ့ Marketing Content တစ်ခုသာ ဖြစ်နိုင်တယ်" လို့ သုံးသပ်နေကြပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ကုန်ပစ္စည်းကို ဘယ်လိုတင်ဆက်ပြသလဲဆိုတာဟာလည်း Brand Image အပေါ် သက်ရောက်မှုရှိတယ်လို့ ပြောဆိုသူတွေလည်း ရှိနေပါတယ်။ ရောင်းချတဲ့ပစ္စည်းကို တန်ဖိုးထားပြီး ပြသသင့်တယ်လို့ ယူဆသူတွေအများအပြားကလည်း သူတို့ရဲ့ အမြင်တွေကို လူမှုကွန်ရက်ပေါ်မှာ မျှဝေနေကြပါတယ်။

ပရိသတ်ကြီးကတော့ အခုလို ရွှံ့ဗွက်ထဲ အထည်ထည့်ပြီး စျေးရောင်းတဲ့ လုပ်ရပ်ကို လူစိတ်ဝင်စားအောင် ဖန်တီးထားတဲ့ Marketing Idea တစ်ခုလို့ မြင်လား၊ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ မသင့်တော်တဲ့ တင်ဆက်ပုံလို့ပဲ မြင်လားဆိုတာ Comment မှာ မျှဝေပေးခဲ့ပါဦးနော်။




02/07/2026

မွေးနေ့ရက်မြတ်မှာ... ကိုယ်ပိုင်ချွေးနှဲစာ ဝင်ငွေလေးတွေနဲ့ အမေ့ကို စိန်ရွှေရတနာတွေ ဆင်ယင်ပေးခဲ့တဲ့ ပရဟိတမင်းသားကြီး ကိုထွန်းမင်း

#ကိုထွန်းမင်း
#ပရဟိတမင်းသားကြီး

မွေးနေ့ရက်မြတ်မှာ... ကိုယ်ပိုင်ချွေးနှဲစာ ဝင်ငွေလေးတွေနဲ့ အမေ့ကို စိန်ရွှေရတနာတွေ ဆင်ယင်ပေးခဲ့တဲ့ ပရဟိတမင်းသားကြီး ကိုထွ...
02/07/2026

မွေးနေ့ရက်မြတ်မှာ... ကိုယ်ပိုင်ချွေးနှဲစာ ဝင်ငွေလေးတွေနဲ့ အမေ့ကို စိန်ရွှေရတနာတွေ ဆင်ယင်ပေးခဲ့တဲ့ ပရဟိတမင်းသားကြီး ကိုထွန်းမင်း"

ပရဟိတမင်းသားကြီး ကိုထွန်းမင်းရဲ့ မွေးနေ့လေးဟာ အမှတ်တရအရှိဆုံးနဲ့ "မွေးရက်မွေးနေ့အကုန်တိုက်တဲ့ နေ့ထူးနေ့မြတ်" ပါဆိုပီး ပြောလာခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနေ့မှာ ကိုထွန်းမင်းက သူ့ကို လူလားမြောက်အောင် မွေးကျွေးခဲ့တဲ့ အမေကို ရင်ထဲကနေ ကျေးဇူးတင်စကား ဆိုထားပါတယ်။

သူ့ အမေသာ ဝမ်းနဲ့လွယ်ပြီး မွေးမပေးခဲ့ရင် ဒီနေ့ မြန်မာပြည်က ဝေဒနာရှင်တွေကို ကူညီခွင့်ရမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ လက်ရှိမှာလည်း မြန်မာပြည်အနှံ့က ပညာရေးအခက်အခဲရှိတဲ့ Grade 12 ကျောင်းသား၊ ကျောင်းသူတွေကို ကိုယ်တိုင်လိုက်လံ ထောက်ပံ့ကူညီနေတဲ့ ပရဟိတလုပ်ငန်းတွေကို ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုပျော်စရာမွေးနေ့မှာ ရင်ထဲကနေ တမ်းတမိတာကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီးပါပဲ။ "အဖေသာ အခုအချိန်မှာ ရှိနေဦးမယ်ဆိုရင် သားကိုကြည့်ပြီး ဘယ်လောက်ဂုဏ်ယူနေမလဲ" ဆိုတဲ့ အတွေးနဲ့ အဖေ့ကို အနားမှာ ရှိစေချင်လွန်းလို့ ရင်ထဲမှာ မချိတင်ကဲ ခံစားနေရပါတယ်ဆိုပီး ပြောလာခဲ့တာပါ။

ဒီနှစ်မွေးနေ့မှာ အလှူအတန်းကြီးကြီးမားမား မလုပ်ဖြစ်ပေမယ့် Facebook, TikTok နဲ့ YouTube Monetization ကနေ ရရှိတဲ့ ကိုယ်ပိုင်ဝင်ငွေလေးတွေနဲ့ အမေလိုချင်နေတဲ့ ဆွဲကြိုး၊ နားကပ်နဲ့ လက်စွပ်တွေကို ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။

ကိုထွန်းမင်းက လူတွေမြင်တဲ့ အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ အဖေ့ကို ပြန်ပြီး "ငါ့သား တော်လိုက်တာ" လို့ ခေါင်းပွတ်အားပေးပေးမယ့် အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရတဲ့ နာကျင်မှု ရှိနေဆဲဖြစ်ကြောင်း ဖွင့်ဟခဲ့ပြီး၊ အခုချိန်မှာ ကျန်ရှိတဲ့ အမေကိုပဲ တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိဘတွေ အသက်ရှင်နေသေးချိန်မှာ အနားမှာရှိပေး၊ ဂရုစိုက်ပေး၊ ချစ်ပေးကြဖို့နဲ့ အချိန်နောက်ကျပြီးမှ သူ့လို နောင်တမရကြစေချင်ကြောင်းလည်း သားသမီးတိုင်းကို တိုက်တွန်းခဲ့ပါတယ်။

မိဘကို လုပ်ကျွေးပြုစုပြီး အများအကျိုးကိုပါ သယ်ပိုးနေတဲ့ ပရဟိတမင်းသားကြီး ကိုထွန်းမင်း တစ်ယောက် ဒီထက်မက အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။

#ပရဟိတ #ကိုထွန်းမင်း

#သတင်းဇုန်

02/07/2026

သိန်းသောင်းချီတန် ဇိမ်ခံကားသစ်ကြီးနဲ့အတူ အနုပညာလောကမှာ ထိပ်တန်းပိုင်ဆိုင်မှုတွေကို တစ်နှစ်အတွင်း သိမ်းပိုက်လိုက်တဲ့ ဟဲဗီးဖြိုး

#ဟဲဗီးဖြိုး

#သတင်းဇုန်

သိန်းသောင်းချီတန် ဇိမ်ခံကားသစ်ကြီးနဲ့အတူ အနုပညာလောကမှာ ထိပ်တန်းပိုင်ဆိုင်မှုတွေကို တစ်နှစ်အတွင်း သိမ်းပိုက်လိုက်တဲ့ ဟဲဗီ...
02/07/2026

သိန်းသောင်းချီတန် ဇိမ်ခံကားသစ်ကြီးနဲ့အတူ အနုပညာလောကမှာ ထိပ်တန်းပိုင်ဆိုင်မှုတွေကို တစ်နှစ်အတွင်း သိမ်းပိုက်လိုက်တဲ့ ဟဲဗီးဖြိုး

ပရိသတ်ကြီးရေ... အခုရက်ပိုင်း အနုပညာလောကရဲ့ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ အားလုံး စိတ်ဝင်စားပြီး အချီးကျူးဆုံး ဖြစ်နေတဲ့ သတင်းကတော့ မင်းသားချော ဟဲဗီးဖြိုးတစ်ယောက် သိန်းပေါင်းသောင်းချီတန်တဲ့ ဇိမ်ခံကားအသစ်ကြီးကို အပိုင်ဝယ်ယူလိုက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလေးကတင် သိန်းထောင်ချီတန်တဲ့ ကိုယ်ပိုင်ခြံကျယ်ကြီးတစ်ခုကို ဝယ်ယူပြီးစီးကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း၊ အချိန်တိုအတွင်းမှာပဲ ဒုတိယမြောက် ထပ်တိုးလိုက်တဲ့ အံ့ဩစရာ ပိုင်ဆိုင်မှုကြီးလည်း ဖြစ်ပါတယ်။

အသက်ငယ်ငယ်လေးနဲ့ အခုလို သိန်းထောင်ချီ၊ သောင်းချီတန်တဲ့ ခြံနဲ့ကားတွေကို ဇာတ်တိုက်ဆိုသလို ကိုယ်တိုင်ရှာဖွေ ဝယ်ယူနိုင်တာဟာ အလကားတော့ မဟုတ်ပါဘူး။

သူဟာ ကလေးဘဝကတည်းက ဝါရင့်ထိပ်တန်းမင်းသား၊ မင်းသမီးကြီးတွေရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ သားအဖြစ် အမြဲတမ်း ပါဝင်ပြီး အမူအရာပီပြင်စွာ သရုပ်ဆောင်ခဲ့လို့ ပရိသတ်အသည်းကျော် ဖြစ်ခဲ့ရတာပါ။

လက်ရှိအချိန် လူပျိုပေါက်မင်းသား ဖြစ်လာတဲ့အထိလည်း သရုပ်ဆောင်ပိုင်းက ပိုမိုရင့်ကျက်လာသလို၊ ထူးခြားတဲ့ အသံပါဝါကောင်းကောင်းကြောင့်လည်း နယ်ပွဲတွေအပြင် ဆိုင်ဖွင့်ပွဲတက်အခမ်းအနားတွေမှာပါ မအားရအောင် အလုပ်တွေ တရစပ် ကမ်းလှမ်းခံနေရတာ ဖြစ်ပါတယ်။

တစ်ချိန်က ကလေးသရုပ်ဆောင်လေးဘဝကနေ အခုလို ကိုယ်တိုင်ကြိုးစားအားထုတ်ပြီး ထိပ်တန်း Luxury ဘဝကို ရောက်ရှိလာတာဟာ မြင်ရသူတိုင်းအတွက် တကယ့်ကို ပီတိဖြစ်စရာ ဂုဏ်ယူစရာပဲ မဟုတ်လား။

အမိုက်စား ဇိမ်ခံကားအသစ်ကြီးနဲ့အတူ ရှေ့ဆက်ပြီး အနုပညာခရီးလမ်းမှာ ဒီထက်မက အောင်မြင်မှုအထွတ်အထိပ်ကို တက်လှမ်းနိုင်ပါစေဦးလို့ ဆုတောင်းပေးလိုက်ရပါတယ်။

ပရိသတ်ကြီးရေ... ဟဲဗီးဖြိုးရဲ့ အားကျစရာ ကြိုးစားမှုတွေနဲ့ ဒီကနေ့ ရရှိလာတဲ့ အောင်မြင်မှုတွေအတွက် ဝမ်းသာပီတိစကားလေးတွေကို Comment မှာ တစ်ယောက် တစ်ခွန်းလောက် ရေးသားပြီး ဂုဏ်ပြုပေးခဲ့ကြပါဦးနော်။

#ဟဲဗီးဖြိုး


01/07/2026

စံချိန်တင် အောင်ချက်ရဲ့နောက်ကွယ်မှာ... ပညာရေးအရည်အသွေး ကျဆင်းနေပီလား?"ဆိုပီး မေးခွန်းထုတ်ခံနေရ

#တက္ကသိုလ်ဝင်တန်းအောင်စာရင်း

စံချိန်တင် အောင်ချက်ရဲ့နောက်ကွယ်မှာ... ပညာရေးအရည်အသွေး ကျဆင်းနေပီလား?"ဆိုပီး မေးခွန်းထုတ်ခံနေရ"ပရိသတ်ကြီးရှင်...ဒီနှစ် တ...
01/07/2026

စံချိန်တင် အောင်ချက်ရဲ့နောက်ကွယ်မှာ... ပညာရေးအရည်အသွေး ကျဆင်းနေပီလား?"ဆိုပီး မေးခွန်းထုတ်ခံနေရ"

ပရိသတ်ကြီးရှင်...
ဒီနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထွက်ပေါ်လာပြီးနောက် အောင်ချက်ကောင်းတဲ့သတင်းတွေ၊ ဂုဏ်ထူးရှင်တွေကို ဂုဏ်ပြုတဲ့သတင်းတွေနဲ့အတူ ပညာရေးစနစ်အပေါ် စိုးရိမ်သံတွေလည်း တဖြည်းဖြည်း ပိုများလာနေပါတယ်။

စာမေးပွဲမှာ အမှတ်ကောင်းကောင်းရတာဟာ ကျောင်းသားတစ်ယောက်ရဲ့ ကြိုးစားမှုကို ပြသနိုင်ပါတယ်။ ဒါပေမယ့် အမှတ်ကောင်းရတာနဲ့ အခြေခံပညာတကယ်ကျွမ်းကျင်နေတယ်လို့ အမြဲတမ်း ဆိုနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ လူအများ စတင်မေးလာကြပါတယ်။

ဘာကြောင့်လဲဆိုတော့ ပညာရေးဆိုတာ အမှတ်ယူဖို့တစ်ခုတည်း မဟုတ်ဘဲ အနာဂတ်မှာ တာဝန်ကြီးတဲ့အလုပ်အကိုင်တွေကို ထမ်းဆောင်နိုင်မယ့် လူတော်လူကောင်းတွေ မွေးထုတ်ပေးရတဲ့ စနစ်တစ်ခု ဖြစ်လို့ပါ။

ဥပမာ... အခြေခံသိပ္ပံနဲ့ ဇီဝဗေဒကို နားလည်မှုမခိုင်တဲ့ ကျောင်းသားတစ်ယောက်ဟာ နောင်တစ်ချိန် ဆရာဝန်ဖြစ်သွားခဲ့ရင် လူနာတစ်ယောက်ရဲ့ အသက်နဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်မိနိုင်ပါတယ်။

အလားတူပဲ သင်္ချာ၊ ရူပဗေဒနဲ့ အင်ဂျင်နီယာအခြေခံကို သေချာမကျွမ်းကျင်တဲ့သူတွေက တံတား၊ အဆောက်အဦ၊ လမ်းမကြီးတွေကို ဒီဇိုင်းဆွဲ တည်ဆောက်ရတဲ့အခါ အမှားအသေးလေးတစ်ခုကတောင် လူအများရဲ့ အသက်အိုးအိမ်ကို ထိခိုက်စေနိုင်တဲ့ အကျိုးဆက်အထိ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ပြည်သူတွေ စိုးရိမ်နေကြတာက အောင်ချက်များတာကို မဟုတ်ပါဘူး။ အမှတ်ကောင်းတွေက ကျောင်းသားတွေရဲ့ တကယ့်အရည်အချင်းကို မှန်မှန်ကန်ကန် ထင်ဟပ်နေလား ဆိုတဲ့အချက်ကိုပဲ ဖြစ်ပါတယ်။

စာမေးပွဲတစ်ခုရဲ့ ရည်ရွယ်ချက်ဟာ ကျောင်းသားတွေကို အောင်အောင်လုပ်ပေးဖို့ မဟုတ်ဘဲ ဘယ်သူက ဘာကို တကယ်တတ်ကျွမ်းထားသလဲဆိုတာ တိုင်းတာပေးဖို့ ဖြစ်ပါတယ်။

အဲဒီတိုင်းတာမှုသာ အားနည်းလာရင် အမှတ်တွေက လှပနေပေမယ့် အရည်အချင်းတွေက တဖြည်းဖြည်း ကျဆင်းသွားနိုင်တယ်လို့ ဝေဖန်သူတွေက သုံးသပ်နေကြပါတယ်။

ပညာရေးစနစ်တစ်ခုရဲ့ အောင်မြင်မှုကို အောင်ချက်ရာခိုင်နှုန်းနဲ့ပဲ မတိုင်းတာသင့်တော့ဘဲ၊ ဘွဲ့ရပြီးတဲ့နောက် လူ့အဖွဲ့အစည်းအတွက် အရည်အချင်းရှိတဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ဆရာတွေ၊ ပညာရှင်တွေကို ဘယ်လောက်မွေးထုတ်ပေးနိုင်သလဲဆိုတဲ့ အချက်နဲ့ပါ တိုင်းတာသင့်တယ်လို့လည်း ထောက်ပြမှုတွေ ရှိနေပါတယ်။

အောင်ချက်စံချိန်တင်တာဟာ ဝမ်းသာစရာဖြစ်နိုင်ပေမယ့် အဲဒီနောက်ကွယ်မှာ ပညာရေးရဲ့ အရည်အသွေး၊ စစ်ဆေးအကဲဖြတ်တဲ့စနစ်နဲ့ အခြေခံပညာတည်ဆောက်ပုံကို အလေးအနက် ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီလို့ အမြင်အမျိုးမျိုး ထွက်ပေါ်လာနေပါတယ်။

ပရိသတ်ကြီးကရော... ပညာရေးစနစ်တစ်ခုမှာ အောင်ချက်များတာက ပိုအရေးကြီးလား၊ အရည်အသွေးရှိတဲ့ လူငယ်တွေ မွေးထုတ်ပေးနိုင်တာက ပိုအရေးကြီးလား... မိမိတို့ရဲ့အမြင်ကို မျှဝေပေးခဲ့ကြပါဦး။

#တက္ကသိုလ်ဝင်တန်းအောင်စာရင်း

30/06/2026

ကျူရှင်မတက်ဘဲ ခရေပန်းရောင်းပြီး ကျောင်းစရိတ်ရှာခဲ့ရာကနေ ရန်ကုန်တိုင်း Top 9 (သိပ္ပံတွဲ) ဖြစ်လာခဲ့တဲ့ တွံတေးက မောင်တိုးဝေယံ

#တိုးဝေယံ

Address

3 Soon Lee Street
East Region
627606

Telephone

+6589253148

Website

Alerts

Be the first to know and let us send you an email when Myanmar Thadin Zone -TZ News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share