Chin State News

Chin State News Digital Creator

မင်းတပ်မြို့ပေါ်ရှိ ဌာနဆိုင်ရာ အဆောက်အဦ နှင့် တိုက်နယ် အမှတ်(၁၄) ကျေးရွာတရွာကို  ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ...
13/06/2026

မင်းတပ်မြို့ပေါ်ရှိ ဌာနဆိုင်ရာ အဆောက်အဦ နှင့် တိုက်နယ် အမှတ်(၁၄) ကျေးရွာတရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံဖြစ်ပွား

မင်းတပ်၊ ဇွန် - ၁၃

ယနေ့ ညနေပိုင်းတွင် မင်းတပ်မြို့ပေါ်ရှိ ဌာနဆိုင်ရာ အဆောက်အဦ တခုအား စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

သတင်းများအရ ညနေ ၆:၀၅ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စီးက မင်းတပ်မြို့ နေရာတခုကို ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယင်းနေ့တွင်ပင် တံတားဦးလေတပ်မှ ပထမဆုံးထွက်ခွာလာသည့် ဂျက်ဖိုက်တာတစ်စီးကလည်း မင်းတပ်တိုက်နယ် (၁၄) အတွင်းရှိ ရောင်လောင်း ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုနှင့် လူထိခိုက်မှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်များ ထပ်မံသိရှိရပါက ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်သည်။




ချင်း​ပြည်နယ်တောင်ပိုင်း စစ်မျက်နှာပြင် တိုက်ပွဲပိုမိုပြင်းထန်လာ၊ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ဖြစ်ပွားမင်းတပ်၊ ဇွန် -...
12/06/2026

ချင်း​ပြည်နယ်တောင်ပိုင်း စစ်မျက်နှာပြင် တိုက်ပွဲပိုမိုပြင်းထန်လာ၊ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ဖြစ်ပွား

မင်းတပ်၊ ဇွန် - ၁၂

ဇွန်လ ၁၂ ရက် နံနက်ပိုင်းတွင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်သို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်အသုံးပြု၍ ပေါင် ၅၀၀ ဗုံးများဖြင့် ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ယနေ့ နံနက် ၆ နာရီဝန်းကျင်ခန့်တွင် မကွေးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စီးက မင်းတပ်မြို့ပေါ်သို့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ပေါ်ရှိ လူနေအိမ်နှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု အခြေအနေနှင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကိုမူ အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

လတ်တလောတွင် မင်းတပ်မြို့နယ်အတွင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ နေ့စဉ်နီးပါး ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း ဂျက်ဖိုက်တာများ၊ Y-12 လေယာဉ်များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေသည့်အပြင် လက်နက်ကြီးပစ်ကူများကိုပါ ဆက်တိုက်အသုံးပြုနေကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၁ ရက်နေ့က ကျောက်ထုမြို့ရှိ စစ်တပ်အမြောက်တပ်အခြေစိုက်စခန်းသို့ Y-8 ထောက်ပို့လေယာဉ်တစ်စီး ဆင်းသက်ခဲ့ပြီး တိုက်ပွဲများအတွင်း ဒဏ်ရာရရှိထားသည့် တပ်ဖွဲ့ဝင် ၄၀ ကျော်ကို ပြန်လည်သယ်ဆောင်သွားသလို စစ်လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများကိုလည်း ထပ်မံဖြည့်တင်းခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မေလလယ်ပိုင်းမှစတင်ကာ ချင်းတောင်ပိုင်းဒေသများသို့ စစ်အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကောင်စီ၏ ထိုးစစ်များကို ခုခံဟန့်တားထားနိုင်ကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီသည် မင်းတပ်နှင့် ကန်ပက်လက်ဒေသများသို့ ထိုးစစ်ဆင်ရာတွင် စစ်အင်အားထောင်ချီ အသုံးပြုကာ တစ်မိုင်ကျော်အကွာအဝေးများအထိ ဖြန့်ကျက်ဝိုင်းပတ်သည့် နည်းလမ်းဖြင့် စစ်ဆင်ရေးများ ဆောင်ရွက်နေကြောင်း သိရသည်။

အခြားတစ်ဖက်တွင်လည်း ချင်းတောင်ပိုင်းဒေသများရှိ ပြည်သူများသည် စစ်ကောင်စီ၏ ဖြတ်လေးဖြတ်မူဝါဒများကြောင့် အခက်အခဲများ ပိုမိုကြုံတွေ့နေရပြီး ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ထောင်နှင့်ချီသော စစ်ဘေးရှောင်ပြည်သူများမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

📸 ဓာတ်ပုံ - HKL Mindat

မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၊ သတင်းမှားများကို သတိပြုရန် CPU တိုက်တွန်းဇွန်လ ၄ ရက်၊ ၂၀၂၆ချင်းပြည်...
04/06/2026

မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၊ သတင်းမှားများကို သတိပြုရန် CPU တိုက်တွန်း

ဇွန်လ ၄ ရက်၊ ၂၀၂၆

ချင်းပြည်သူ့အစည်းအရုံး (CPU) ၏ယနေ့ ညပိုင်း သတင်းထုတ်ပြန်ချက်အရ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့တွင် အင်အား ၂,၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင် ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်များနှင့် ချင်းပြည်သူ့တပ်မတော် (CPA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအကြား မေလလယ်ပိုင်းမှစတင်ကာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

CPU ၏ ပြောကြားချက်အရ လက်ရှိအချိန်တွင် CPA နှင့် မဟာမိတ်တပ်ဖွဲ့များက စစ်ကော်မရှင်၏ ထိုးစစ်များကို အောင်မြင်စွာ ခုခံဟန့်တားထားနိုင်ကြောင်း၊ စစ်မြေပြင်အခြေအနေ မကောင်းသည့် စစ်ကော်မရှင်တပ်များဘက်မှ တိုက်လေယာဉ်များနှင့် Y-12 လေယာဉ်များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်နေကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် တိုက်ပွဲနှင့်ပတ်သက်သည့် သတင်းမှားများ၊ ကောလာဟလသတင်းများနှင့် အတည်မပြုနိုင်သည့် သတင်းအချက်အလက်များသည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေကြောင်း၊ ယင်းကဲ့သို့သော သတင်းများသည် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေနိုင်သည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ တရားဝင်ထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်နားဆင်ကြရန် CPU က တိုက်တွန်းထားသည်။

CPU နှင့် CPA တို့က မိမိတို့၏ ပြည်သူများ၊ အသက်အိုးအိမ်စည်းစိမ်များနှင့် ဘိုးဘွားပိုင် နယ်မြေဒေသများကို အစွမ်းကုန် ကာကွယ်သွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုထားပြီး၊ လက်ရှိ ထိုးစစ်ဆင် ဝင်ရောက်လာသည့် တပ်များအား ခုခံတွန်းလှန်ရာတွင် ပြည်သူများအနေဖြင့် မိမိတို့ တတ်နိုင်သည့်ကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင် အားပေးကူညီကြရန်လည်း နှိုးဆော်ထားသည်။

ယောဒေသအတွင်း  တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ပွားနေပြီး နှစ်ဖက်အထိအခိုက်များရှိဟု ယောတပ်တော် (YA) ထုတ်ပြန်မေလ ၃၁ ရက်၊ ၂၀၂၆ယ...
31/05/2026

ယောဒေသအတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ပွားနေပြီး နှစ်ဖက်အထိအခိုက်များရှိဟု ယောတပ်တော် (YA) ထုတ်ပြန်

မေလ ၃၁ ရက်၊ ၂၀၂၆

ယောဒေသ ပုံတောင်နတ်ထိပ်နှင့် အနီးဝန်းကျင်ဒေသများတွင် စစ်ကောင်စီတပ်များနှင့် မဟာမိတ်တပ်ပေါင်းစုများကြား ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မေလ ၁၃ ရက်မှစတင်ကာ ယနေ့အချိန်ထိ တိုက်ပွဲအကြိမ် ၁၀၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ယောတပ်တော် (YA) က ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ စစ်ကောင်စီဘက်မှ အင်အားထောင်ချီဖြင့် ပုံတောင်နတ်ထိပ်ဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်လာရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယောတပ်တော်နှင့် မဟာမိတ်တပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် အသက်ပေးလှူခဲ့ရသည့် တော်လှန်ရေးရဲဘော်များ ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အခြားတစ်ဖက်တွင် စစ်ကောင်စီဘက်မှ သေဆုံးသူ ၈၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်များက အရပ်သားပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများ ခိုးယူခြင်းနှင့် စစ်ဘေးရှောင်စခန်းများအား လေကြောင်းမှ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ယောတပ်တော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယောတပ်တော် (YA) က တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးအစီအမံများ ကြိုတင်ပြင်ဆင်ထားကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

#ယောတပ်တော် #ယောဒေသ #တိုက်ပွဲသတင်း #ပုံတောင်နတ်ထိပ်

မင်းတပ်မြို့နယ်၊ ထင်ချောင်းကျေးရွာအတွင်း နေအိမ်များ မီးရှို့ခံနေရ                         မေ - ၃၀ထင်ချောင်းကျေးရွာအတွင်း...
30/05/2026

မင်းတပ်မြို့နယ်၊ ထင်ချောင်းကျေးရွာအတွင်း နေအိမ်များ မီးရှို့ခံနေရ
မေ - ၃၀

ထင်ချောင်းကျေးရွာအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် ကျေးရွာဘုန်းကြီးကျောင်းဝိုင်း
အတွင်းရှိ ဆွမ်းစားဆောင်တစ်ခုကိုလည်း မီးရှို့နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

လက်ရှိတွင် အဆိုပါတပ်ဖွဲ့များသည် ရွာအတွင်း၊ စေတီကုန်းအနီး၊ ကြက်ဥတင်သွားသည့် လမ်းဆုံ၊ တံတားအနီးနှင့် စံရွာဘက်သို့ သွားသည့် လမ်းဆုံများတွင် နေရာယူထားကြောင်း ဒေသခံများက ပြောသည်။

ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုကြရန်နှင့် အခြေအနေများကို ဆက်လက်စောင့်ကြည့်ကြရန် လိုအပ်နေကြောင်း သိရသည်။

ပင်တဂွန်၏ UFO အစီရင်ခံစာ ဟာ“ကမ္ဘာပြင်ပ နည်းပညာလား၊ လျှို့ဝှက်စစ်ရေးစမ်းသပ်မှုလား”အမေရိကန် ကာကွယ်ရေးဌာန Pentagon က မကြာသေ...
09/05/2026

ပင်တဂွန်၏ UFO အစီရင်ခံစာ ဟာ
“ကမ္ဘာပြင်ပ နည်းပညာလား၊ လျှို့ဝှက်စစ်ရေးစမ်းသပ်မှုလား”

အမေရိကန် ကာကွယ်ရေးဌာန Pentagon က မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ UFO (Unidentified Flying Object) သို့မဟုတ် UAP (Unidentified Anomalous Phenomena) အစီရင်ခံစာဟာ ကမ္ဘာတဝှမ်း စိတ်ဝင်စားမှု မြင့်တက်လာစေခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာအရ အမေရိကန် စစ်လေယာဉ်မောင်းများ၊ ရေတပ်အဖွဲ့ဝင်များနှင့် စောင့်ကြည့်ရေးစနစ်များက မှတ်တမ်းတင်ထားသော “မသိနိုင်သေးသော ပျံသန်းအရာဝတ္ထု” များကို ဆန်းစစ်လေ့လာထားကြောင်း သိရပါတယ်။

ပင်တဂွန် က “အပြင်ဂြိုဟ်သားများ ရှိကြောင်း သက်သေအထောက်အထား မတွေ့ရသေး” ဟု ပြောထားပေမယ့်၊ အချို့ UAP များ၏ လှုပ်ရှားပုံ၊ အမြန်နှုန်းနှင့် နည်းပညာပိုင်းကို ယနေ့ခေတ် သိပ္ပံနည်းပညာနဲ့ ရှင်းပြဖို့ ခက်ခဲနေဆဲဖြစ်ကြောင်းလည်း ဝန်ခံထားပါတယ်။

တချို့ မှတ်တမ်းများတွင်— • ရုတ်တရက် အမြန်နှုန်းပြောင်းနိုင်ခြင်း
• Radar မှာ ပေါ်ပြီး ခဏအတွင်း ပျောက်ကွယ်သွားခြင်း
• အသံမထွက်ဘဲ လှုပ်ရှားနိုင်ခြင်း
တို့ကို တွေ့ရကြောင်း ဆိုပါတယ်။
UFO များဟာ အမှန်တကယ် ကမ္ဘာပြင်ပ အသက်ရှိများရဲ့ ယာဉ်တွေလား၊ ဒါမှမဟုတ် နိုင်ငံကြီးများ၏ လျှို့ဝှက် စစ်ရေးနည်းပညာ စမ်းသပ်မှုတွေလားဆိုတာ ယနေ့ထိ အဖြေမထွက်သေးပါဘူး။

သို့ပေမယ့် Pentagon ရဲ့ တရားဝင် ထုတ်ပြန်ချက်တွေကြောင့် “UFO ဆိုတာ စိတ်ကူးယဉ်သက်သက် မဟုတ်တော့ဘူး” ဆိုတဲ့ အမြင်တွေ ပိုမိုများပြားလာနေပါတယ်။

👽


ကျောက်ထုဒေသတွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ထပ်မံဖြစ်ပွားမေလ ၇ ၊ ၂၀၂၆မကွေးတိုင်း ကျောက်ထုအနီးတစ်နေရာကိ...
07/05/2026

ကျောက်ထုဒေသတွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ထပ်မံဖြစ်ပွား

မေလ ၇ ၊ ၂၀၂၆

မကွေးတိုင်း ကျောက်ထုအနီးတစ်နေရာကို ယနေ့ မေလ ၇ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဉ်တစ်စီးက ၃ ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့နောက် ဒုတိယဂျက်ဖိုက်တာတစ်စီး ထပ်မံရောက်ရှိလာပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သလို ပွိုင့်ဖိုက်လက်နက်ဖြင့်လည်း ရမ်းသမ်းပစ်ခတ်သွားကြောင်း ကြားသိရသည်။

လက်ရှိချိန်အထိ ထိခိုက်ပျက်စီးမှုနှင့် လူထိခိုက်မှုအခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ကောင်စီ၏ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF-Zoland ရဲဘော် ၇ ဦး ကျဆုံးမေလ ၇ ၊ ၂၀၂၆တီးတိန်မြို့နယ် ဖူနွမ်ကျေးရွာတွင် စစ...
07/05/2026

ကောင်စီ၏ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF-Zoland ရဲဘော် ၇ ဦး ကျဆုံး

မေလ ၇ ၊ ၂၀၂၆

တီးတိန်မြို့နယ် ဖူနွမ်ကျေးရွာတွင် စစ်ကောင်စီတပ်၏ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF-Zoland ရဲဘော် ၇ ဦး ကျဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဒေသတွင်း စစ်ရေးတင်းမာနေသည့် ဖူနွမ်ကျေးရွာအား မေလ ၆ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က နှစ်ကြိမ်တိုင်တိုင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်တွင် ညနေ ၄ နာရီဝန်းကျင်ခန့်က ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ကာ ဒုတိယအကြိမ်ကို ညနေ ၆ နာရီခွဲဝန်းကျင်တွင် ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ ရဲဘော်များ ညနေစာချက်ပြုတ်နေစဉ်အတွင်း ချက်ပြုတ်နေသည့်နေရာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။

တိုက်ခိုက်မှုအတွင်း သေဆုံးသူများတွင် ထမင်းချက်ပြုတ်ပေးနေသည့် အရပ်သား ၃ ဦး ပါဝင်ခဲ့ပြီး PDF-Zoland ရဲဘော်အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၇ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဖူနွမ်ကျေးရွာသည် စစ်ကောင်စီတပ်က မေလ ၅ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသော ကနေဒီတောင် တောင်ခြေတွင် တည်ရှိသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။


မကွေးတိုင်းကိုဖြတ်သန်းသည့် ခရီးသည်များ ဖမ်းဆီးခံနေရ                      မေ - ၁ ၊ ၂၀၂၆မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့န...
01/05/2026

မကွေးတိုင်းကိုဖြတ်သန်းသည့် ခရီးသည်များ ဖမ်းဆီးခံနေရ
မေ - ၁ ၊ ၂၀၂၆
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ကို ဖြတ်သန်းသွားလာနေကြသည့် အဝေးပြေးခရီးသည်တင် မော်တော်ယာဉ်လိုင်းများပေါ်မှ ခရီးသည်များကို စစ်ဆေးရေးတင်းကြပ်စွာပြုလုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် ခရီးသွားပြည်သူများထံမှ သိရသည်။

လက်ရှိတွင် မကွေးတိုင်းအတွင်းရှိ ချောက်၊ ရေနံချောင်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ ပခုက္ကူ၊ မင်းဘူး၊ စလင်းနှင့် မကွေးမြို့နယ်တစ်ဝိုက် တွင် စစ်ကောင်စီတပ်နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့များက အဝေးပြေးကားများအား လမ်းတစ်လျှောက် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေပြီး၊မှတ်ပုံတင်စစ်ဆေးခြင်း၊ ဖုန်းအတွင်း အချက်အလက်စစ်ဆေးခြင်း၊ ခရီးသွားရည်ရွယ်ချက် မေးမြန်းခြင်းများပြုလုပ်ပြီးနောက် သံသယရှိသူများကို ခေါ်ယူဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ကားတစ်စီးလုံးကို တစ်ယောက်ချင်းဆင်းခိုင်းပြီး ဖုန်းတွေ၊ မှတ်ပုံတင်တွေ စစ်တယ်။ လူငယ်ပိုင်းတွေကို အထူးကြည့်တယ်။ တချို့ကို ကားဆက်မစီးခိုင်းဘဲ ခေါ်သွားတာတွေရှိတယ်” ဟု မကွေးလမ်းကြောင်းဖြတ်သန်းခဲ့သည့် ခရီးသည်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့်ဆက်နွယ်သည်ဟု သံသယရှိသူများ၊ စစ်မှုထမ်းရှောင်တိမ်းသူများနှင့် ၄/ ၊ ၈/ မှတ်ပုံတင် ကိုင်ဆောင်သည့် အမျိုးသားများကို အဓိကပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း ဆိုသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခေါ်ဆောင်ခံရသူအရေအတွက်အတိအကျကို မသိရှိရသေးသော်လည်း နေ့စဉ်လိုလို အဝေးပြေးကားများပေါ်မှ ခရီးသည်များကို ခေါ်ယူစစ်ဆေးခြင်းနှင့် ဖမ်းဆီးမှုများ ရှိနေကြောင်း ခရီးသွားလုပ်ငန်းနှင့် နီးစပ်သူများထံက သိရသည်။

#မကွေးလမ်းကြောင်း
#အဝေးပြေးကား
#ခရီးသည်ဖမ်းဆီးမှု


30/04/2026

အောင်ဆန်းစုကြည် ဟာ
"တရုတ်ရဲ့မိတ်ဆွေဟောင်း"
လို့ တရုတ်က ပြောလိုက်တာနဲ့
နေအိမ်အကျယ်ချုပ်ကို
ပြောင်းလဲသတ်မှတ်ရတဲ့အထိ
စစ်တပ်အပေါ် တရုတ်ရဲ့
သြဇာလွှမ်းမိုးမှုကို တွေ့နိုင်ပါတယ်။

Address

Singapore 428802
Mindat
112ECOASTRD

Telephone

+959258782982

Website

Alerts

Be the first to know and let us send you an email when Chin State News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chin State News:

Share